.

Saturday, February 1, 2014

Window လောက်တော့သိအောင်လုပ်ထားမှ

Unknown | 11:02 AM | Unknown | 11:02 AM |
Unknown | 11:02 AM | Best Blogger Tips
ဘိုးဘိုးအောင်၃၇မင်းစတာတွေကို ယုံကြည်ကိုးကွယ်ခြင်းဟာသရဏဂုံမပျက်ပါ။
အဘယ့်ကြောင့်ဆိုသော် . . ယင်းဘိုးတော်မယ်တော် နတ်စသည်တို့အား သံသရာ
မှလွတ်မြောက်ရန်ကိုးကွယ်သောကြောင့်မဟုတ်လို့ပါပဲ။
အွန်လိုင်းပေါ်မှာ စာရေးရတာလည်း အခက်အခဲတွေကအများကြီးပဲ။
မြန်မာစကားကိုမြန်မာတိုင်းနားလည်အောင်ပြောဖို့ဆိုတာတောင် အချို့ Word
တွေက ခက်တယ်။ ဥပမာ . .
ယုံကြည်ကိုးကွယ်မှုပေါ့ . . ကဲ . . အခုပြောတဲ့ယုံကြည်ကိုးကွယ်မှုကို စာဖတ်
သူတို့ဘက်က ဘယ်လိုနားလည်ပေးမလဲ?
ရောဂါဝေဒနာခံစားနေရသော သူနာတစ်ယောက်သည် သူခံစားရသောဝေဒနာ
ကိုပျောက်ကင်းရန်ကုသနိုင်သော သမားတော်အား အားကိုးခြင်းသည်ဟာလည်း
“ယုံကြည်ကိုးကွယ်မှု’’ ပဲ။ မဟုတ်တမ်းတရားနဲ့ မတရားဥပဒေနဲ့ တရားစွဲဆိုခံ
နေရရှာသော အချုပ်သားတစ်ယောက်သည် မိမိရဲ့ရှေ့နေကို အမှုမှလွတ်ကင်း
ရန် အားကိုးခြင်းသည်လည်း “ယုံကြည်ကိုးကွယ်မှု’’ ပဲ။
ကဲ .. ဒီလို သမားတော်၊ ရှေ့နေ၊ တို့ကို ယုံကြည်ကိုးကွယ်လို့ သရဏဂုံပျက်သ
လားဆိုရင် မပျက်ပါဘူး။ ဘာလို့သရဏဂုံမပျက်သလဲဆိုရင် သမားတော်ကို
ဘုရားတစ်ဆူအဖြစ် ယုံကြည်ကိုးကွယ်သည့်မဟုတ်သလို ရှေ့နေကိုလည်းပဲ
ဘုရားတစ်ဆူဂူတစ်လုံးလိုသဘောထားကာ ယုံကြည်ကိုးကွယ်သည်မဟုတ်လို
ပါဘဲ။ ထိုနည်းတူစွာပင် လျှင် . . .
ယနေ့ခေတ်တွင် ခေတ်စားကျော်ကြားနေသော .. ဘိုးဘိုးအောင်၊ဘိုးမင်းခေါင
အိမ်တွင်းမင်းမဟာဂီရိအစရှိတဲ့ နတ်များကို ယုံကြည်ကိုးကွယ်ခြင်းကလည်း
ဘယ်လိုကြောင့် သရဏဂုံပျက်မှာလဲ။ဘိုးတော်အစရှိတဲ့ သူတို့အား ဘိုးကြီး
ဘွားကြီးမိကြီးဖကြီးများကဲ့သို့ ယုံကြည်ကိုးကွယ်ခြင်းကို ဘယ်သူကသရဏ
ဂုံပျက်သည်ဟု ပြောနေကြသနည်း။ ကျမ်းစုံဂန်းစုံအောင်မဖတ်ဘူးပဲ .. ပြော
ဆိုနေခြင်းသည် . . ဘ၀ခရီးအတွက် နှောက်နှေးကျန့်ကြာစေပါသည်။
ထို့ကြောင့် . . အခုပေးလိုက်တဲ့ ဒီ Link  လေးထဲက ကျမ်းစာအုပ်သုံးအုပ်ကို
Download ဆွဲပြီးဖတ်ကြပါ။ 

https://www.facebook.com/photo.php?fbid=455157784611087&set=a.153025728157629.30701.100003506093022&type=1#
ဖတ်ရှု့ပြီးပါရင် အလင်းရှင်ဆရာတော်ပြောသော
စကားရပ်များကိုပိုမိုသဘောပေါက်ကာ လောကီခရီးကို မပင်ပန်းပဲလျှောက်နိုင်
မည်ဖြစ်သလို လောကုတ္တရာခရီးကိုလည်း ထိုနည်းတူစွာပင်။
ဒါ့ကြောင့် ဦးဇင်းတင်ပေးတဲ့စာအုပ်သုံးအုပ်ကို ဖတ်ပြီးရင် ဒကာတော်များမေးတဲ့
မေးခွန်းကိုဖြေရတာ ပိုအဆင်ပြေပါတယ် မဖတ်ဘူးသေးဘူးဆိုရင်ဖြေရတာ လိပ့်ပတ်လည်ဖို့ခက်ပါတယ်။ လောကဥပမာနဲ့ပြောရရင် hotel နဲ့ guest-house
ကိုမှမသိရင် Five Star ဆင့်မီ hotel ကိုဘယ်လိုလုပ်ရှင်းပြလို့ရမလဲ?
တစ်ခါတုန်းကပေါ့ . .ရန်ကုန်မြို့က နာမည်ကြီးကွန်ပျူတာဆိုင်တစ်ဆိုင်မှာ

 ဖြစ်သွားတဲ့ problem လေးကို ဥပမာအနေနဲ့ပြောပြမယ် . .
ကွန်ပျူတာတွေမြန်မာပြည်မှစပေါ်ခါစက အရောင်းဆိုင်ကိုသွားပြီး ကွန်ပျူတာ
ဝယ် လို ချင်တဲ့ငွေရွှင်သူတစ်ယောက်က Window ကွန်ပျူတာတစ်လုံးပေးပါလို့
သွားဝယ်တယ် . . ရောင်းဆိုင်ကကောင်မလေးက . . ထိုဝယ်သူကို . .
“ ဦးက ကွန်ပျူလိုချင်တာဆိုရာမှာတာမယ် ’’
Dell လား၊ . . . acer လား၊ . . . Lenovo လား . . . IBM လားလို့ .
လို့ ထပ်မေးတယ် ။

အဲဒီအခါမှာ ၀ယ်သူက . . အရောင်းစာရေးမလေးကို . .
“ကလေးမ Window ကွန်ပျူတာကိုပဲလိုချင်တာပါ . .တဲ့။

ဒါနဲ့ကောင်မလေးကထပ်ပြီးရှင်းပြတယ် ..

“ ဦး ရေ ’’
“ Window ဆိုတာ Softwares ကိုပြောတာ
ကွန်ပျူတာကိုပြောတာမဟုတ်ဘူး။’’ ဦးရဲ့ .. ရှင်းပြတယ်တယ်။

အဲဒီအခါမှ ၀ယ်သူ ဦးလေးကြီးက . .
“အင်း . .အဲလိုလား? ’’
“ဒါဆိုငါတူ ကျောင်းပိတ်တဲ့နေ့မှပဲ ’’
လာဝယ်တော့မယ် ကလေးမရယ် .. ကျေးဇူးပါပဲ .. တဲ့။

ဒီဖြစ်ပုံက ရန်ကုန်မြို့မှာတကယ်ဖြစ်သွားတဲ့ဖြစ်ရပ်ပါ။ အရောင်းဆိုင်ကို ဦးဇင်း
ရောက်သွားတဲ့အချိန်မှာ ကိုယ်တိုင်ကြုံတွေ့ခဲ့တာပါ။
ဒါ့ကြောင့် . . . အလင်းရှင်ဆရာတော်ကိုမေးမြန်းလျှောက်ထားသူများ အခုလို 

ဥပမေယျနဲ့ရှင်းပြလိုက်လို့ .. သဘောပေါက်ကြမယ်လို့ထင်ပါတယ်
သိချင်တဲ့သူ ၀ယ်လိုတဲ့သူဟာ အရင်ဆုံး “ဘာလဲ’’ ဆိုတာကိုတောသိအောင်လုပ်
ရပါမယ်။ “ Window’’ ကိုတော့သိအောင်လုပ်ထားမှနော် . .
█ ░ အလင်းရှင် ░ █

No comments :

Post a Comment

Twitter Bird Gadget