.

Tuesday, January 14, 2014

ဘုန်းကြီးအမှု ဖေ့ဘွတ်ပတ်

Unknown | 12:12 PM | Unknown | 12:12 PM |
Unknown | 12:12 PM | Best Blogger Tips
အရပ်သုံးစကားလေးတစ်ခွန်းရှိတယ်ကွဲ့ “ ဘုန်းကြီးအမှုရွာပတ်’’
အခုတော့ရွာထဲတင်မကတော့ဘူး ဖေ့ဘွတ်ပေါ်မှာပါ ပြဿနာ
တွေကတက်ကုန်ကြပြီ။ မိမိတည်းဟူသော ရဟန်းတစ်ပါးကြောင့်
ဒါယက တိုးကြီး၊ ဒါယက မုတ်ဆိတ်တို့ကို ဘာမသိညာမသိကောင်
တွေက ၀င်ဆဲကြ ပြောကြဆိုကြ အခြင်းခြင်း ဆဲဆိုမှုတွေဖြစ်ကုန်
ကြပြီ။ ဒေါသတာရားတွေပါလာရင် မောဟတရားကလည်းအလိုလို
ကပ်ပါလာတက်တာကြောင့် .. ဓမ္မဓိဋ္ဌာန်ကြသော ဒကာတိုးကြီးတို့
ရဲ့ အမှန်တရားတင်ပြမှုဟာ အလွန်စိတ်ပြက်စရာကောင်းသောအ
ခြေအနေတစ်ရပ်သို့ရောက်လာသဖြင့် . . . ကာယကံရှင်ဖြစ်သော
မိမိဘုန်းကြီးတစ်ပါးရဲ့အမှုဟာ ဖေ့ဘွတ်တွင်ပတ်နေသည်ကိုတွေ့
ရသည်။ထို့ကြောင့် မိမိကိစ္စကို မိမိကိုယ်တိုင်ပင်ဝင်ရောက်ဖြေရှင်း
မှသာ ဒီပြဿနာမီးဟာငြိမ်းအေးစေတော့မည်ဖြစ်သော့ကြောင့်အ
ခုလို ဖေ့ဘွတ်တွင်စာများရေးသားနေကြသော သံဃာတော်များသိ
ရှိစေရန် တင်ပြအပ်ပါသည်။
မိမိမှ မိမိကိစ္စကို မျက်ကွယ်ပြုနေပါက သံဃာကိုထိ၍မချိအောင်နာ
တက်သော ဒါယကာ တိုးကြီးတို့ကပဲ ဒေါသရှေ့ထား၍ အမှားလုပ်
နေသလိုလို ထင်ယောင်ထင်မှားဖြစ်လျှင် ဓမ္မသမား တိုးကြီးတို့ကို
အမှန်တရားသမားများမှ အမှားသမားအဖြစ်သို့ မသိသူများကထင်
ကြမည်ဆိုလျှင် ကုသိုလ်သမားများသည် အကျိုးထိခိုက်ဖွယ်ရာဖြစ်
သည်။ မိမိအနေနှင့်အခုတော့ တိုးကြီးတို့လုပ်တာမှန်ကြောင်း . .
ပါဠိတော်အတိုင်းကိုယ်တိုင်အသိပေးလိုက်တယ်။ ဒါ့ကြောင့် တိုး
ကြီးတို့ကို ၀ိုင်းအပြစ်ပြောကြတဲ့ ကောင်တွေ မင်းတို့ကိုယ်မင်းတို့
သိတယ် ငါနာမည်မပြောတော့ဘူး အထူးအားဖြင့် ငါ ကွန်မန်မှာ
တွေ့တာ Kaung Ka Lay ဆိုတာတော့မှတ်မိတယ်။ နောက်
Thu Ri Ya ကိုဖတ်ရတယ်။ အေးကွာမင်းတို့တွေ အတွေးအေ
ခေါ်အယူအဆခြင်းမတူမျှရင် အလိုက်သိစွာနဲ့ ဦးသုဓမ္မကို
ဘလော့သွားပါ။ ဦးသုဓမ္မဘကက်ဘလော့ကတော့ မကောင်း
ပါဘူး။
ထို့ကြောင့် အခု ဦးသုဓမ္မ(ဗုဒ္ဓ၀ါဒီ)ကိုယ်တိုင် သံဃာကိုစော်ကား
သည့် ဓာတ်ပုံပါကို တင်ပြပါသည်။ ထိုသို့တင်ပြခြင်းသည် အောက်
ဖေါ်ပါ ၀ိနည်းတရားတော်အရဖြစ်ကြောင်း . . သိစေအပ်သည်။
☛☛မှတ်ချက်။ ။ အကျယ်သိလိုမူ . . . .
အင်္ဂုတ္တရနိကာယအဋ္ဌကနိပါတပဠိတော်။ (၇) ပတ္တနိကုဇ္ဇနသုတ္တ၊
နှာ ။၁၅၀ ။တွင်ကြည့်ပါ။
☛ ☛ ☚☚
“ဥပါသကော၊ ဥပသကာသည်။ ဘိက္ခူနံ၊ ရန်းတို့၏။ အနတ္တာယ၊
အကျိုးမဲ့စီးပွားပျက်ပြားစေခြင်းငှာ (၀ါ) စာရေးခြင်း၊တရားဟော
ခြင်းစတည့်သမဏကိစ္စတို့အား ပျက်ပြားစေခြင်းငှာ။ ပရိသက္ကတိ၊
ကြိုးစားအားထုတ်၏။ သံဃဿ၊သံဃာတော်၏။ အ၀ဏ္ဏံ၊ အကျိုး
မဲ့ကို (၀ါ) အနှောက်အယှက်ပေးခြင်းကို။ဘာသတိ၊ပြောဆို၏။
တံ၊ ထိုဥပကာကို ။ နိက္ကုဇ္ဇေယျ၊မဆက်ဆံအပ်၊ စွန့်ပစ်အပ်၊သပိတ်
မှောက်ခြင်းကိုပြုအပ်၏။ လိုဆိုပါတယ်။
အဲဒီမှာထပ်ပြီးမြတ်စွာဘုရားရှင်က အခုလိုမိန့်ကြားသေးတယ် . .
ရဟန်းတို့ . .ဤသပိတ်မှောက်ရမည်၊ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်
ရှိသောရဟန်းသည် သံဃာကို သိစေရမည်။’’ လို့ဆိုပါတယ်။
ဒါ့ကြောင့် ဦးသုဓမ္မ(ဗုဒ္ဓ၀ါဒီ)မှနေ၍ ဖေ့ဘွတ်တွင်ရှိသော သံဃာ
တော်တို့အား အောက်ဖေါ်ပြပါ သူသည်။ သကျပုတ္တဖြစ်သော
တပည့်တော်ရဲ့ ၈ုဏ်ကျေးဇူးမဲ့ကို ပြောဆိုပါသည်ဟု အသိပေး
လျှောက်ထားအပ်ပါသည်ဘုရား။ ။
█ ░ ဦးသုဓမ္မ(ဗုဒ္ဓ၀ါဒီ) ░ █
 
Photo: ဘုန်းကြီးအမှု ဖေ့ဘွတ်ပတ်
☀ ☀ ☀ ☀ ☀ ☀ ☀ 

No comments :

Post a Comment

Twitter Bird Gadget