.

Sunday, November 17, 2013

ဖုန်းတွေကိုဘုံးနေတာ ဘယ်သူလဲ

Unknown | 11:59 PM | Be the first to comment! Unknown | 11:59 PM | Be the first to comment!
Unknown | 11:59 PM | Best Blogger Tips


                                                    ရေးသားသူ- အောင်သူရ၊ ဆွေမွန်
ဦးသိန်းစိန်အနေဖြင့် သမ္မတရာထူးစတင်လက်ခံသည့် အချိန်မှစ၍ မကြာခဏပြောလေ့ရှိသည့် စကားတစ်ခွန်းရှိသည်။ “အစိုးရအဖွဲ့သစ်ရဲ့ အရေးကြီးဆုံး လုပ်ငန်းစဉ်ကတော့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နဲ့ သန့်ရှင်းသောအစိုးရ ပေါ်ပေါက်လာအောင် ၀ိုင်းဝန်းကြိုးပမ်းလုပ်ဆောင် ဖို့ပဲဖြစ်ပါတယ်”ဟူ၍ဖြစ်သည်။ အစိုးရအဖွဲ့ သက်တမ်းသုံးနှစ်နီးပါးရှိလာချိန် ပြန်လည်သုံးသပ်ကြည့်လျှင် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသောအစိုးရဆိုသည်မှာ လက်တွေ့နှင့် များစွာကွာဟလျက်ရှိသည်။ အထူးသဖြင့် လာဘ်ပေးလာဘ်ယူမှုများမှာ အုပ်ချုပ်ရေးအဖွဲ့အစည်းများတွင်ပုံစံမျိုးစုံဖြင့်ရှိနေသေးသည်။ များစွာသော မသမာမှုများထဲမှ ထင်ရှားသောလုပ်ရပ်တစ်ခုမှာ တန်ဖိုးနည်းဖုန်းကတ် ချထားပေးမှုတွင် မသမာမှုများရှိနေခြင်း ဖြစ်သည်။ အစိုးရအဖွဲ့မှ ၁၅၀၀ ကျပ်ဖြင့် ရောင်းချပေးသော တန်ဖိုးနည်းဖုန်းကတ်များ ရရှိရေးအတွက် ပြည်သူများအနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင် အလုအယက်မဲနှိုက်နေရချိန်၌ အဆိုပါဖုန်းကတ်များကို ပြင်ပဆိုင်များတွင် နာမည်ပေါက်နှင့်ပင် အလွယ်တကူဝယ်ယူနိုင်ပါသည်။ “နာမည်ပေါက် GSM တစ်ကတ်ကို တစ်သိန်းသုံးသောင်းပဲရှိတယ်”ဟု ကျောက်တံတားမြို့နယ် အခြေစိုက် ဖုန်းခွံ(Handset)နှင့် အပိုပစ္စည်းရောင်းသောဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဖုန်းရောင်းချသူများအနေဖြင့် အဆိုပါဖုန်းကတ်များကို အစိုးရ၀န်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေးမှူးများနှင့် နီးစပ်သူများထံမှ ၀ယ်ယူရသည်ဟု ဖုန်းရောင်းသူများက ထုတ်ဖော်ပြောကြား သည်။ ယခင် ၁၅ သိန်း၊ ငါးသိန်းခွဲစသဖြင့် ဈေးကြီးပေး၍ ၀ယ်ယူခဲ့ရသော ဖုန်းဆင်းမ်ကတ်များကို အစိုးရသစ်လက်ထက်တွင် ယခုနှစ်ဧပြီလမှစ၍ ၁၅၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ မဲနှိုက်ဝယ်ယူခဲ့ကြရသည်။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC Tel အမှတ်တံဆိပ်ပါ ဆင်းမ်ကတ်များကို ဧပြီလမှစ၍ တစ်လလျှင် အကတ်ရေသုံးသိန်းခွဲခန့်ဖြင့် သုံးလရောင်းချပေးခဲ့ပြီးနောက် သြဂုတ်လမှစ၍ ကတ်တစ်သောင်းထပ်တိုးကာ တစ်လလျှင် ကတ်သုံးသိန်းခြောက်သောင်းနှုန်းဖြင့် ရောင်းချပေးခဲ့သည်။ ထို့ကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အောက်တိုဘာလအထိ ဆင်းမ်ကတ်စုစုပေါင်း ၂ ဒသမ ၄ သန်းကျော် ရှိနေပြီဖြစ်သည်။ ထိုသို့ရောင်းချပေးရာ၌ မြို့နယ်အတွင်းရှိ လူဦးရေကိုကြည့်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးက ဖုန်းကတ်ခွဲတမ်းများ ပြန်လည်ချထားပေးခဲ့သည်။ ထိုမှတစ်ဆင့် မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အတွင်း လျှောက်ထားသည့် ဖုန်းအရေအတွက်ကိုကြည့်၍ ရရှိသောခွဲတမ်းကို ရပ်ကွက်ကျေးရွာများသို့ ပြန်ချထားပေးခဲ့သည်။ “တစ်ကြိမ်ကနေ ငါးကြိမ်အထိ အိမ်မှာရှိတဲ့လူတိုင်း လျှောက်လို့ရတယ်။ ခြောက်ကြိမ်ကစပြီး အဆောက်အအုံနဲ့ပြန်ချပေးတယ်။ တိုက်ခန်းတစ်ခန်းတစ်ယောက်၊ အိမ်တစ်လုံးကို တစ်ယောက်ပဲလျှောက်လို့ရတဲ့စနစ် ပြန်ကျင့်သုံးတယ်”ဟု ကမာရွတ်မြို့နယ် ၁၀ ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ၎င်းကျင့်သုံးသောစနစ်ကို ပြောသည်။ ထိုကဲ့သို့ မြို့နယ်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ခွဲတမ်းချပေးသည့်နေရာတွင် အချို့သောရပ်ကွက်အုပ်ချုပ်ရေးမှူးများမှာ ရရှိသည့်ခွဲတမ်းကို အများပြည်သူသို့ အပြည့်အ၀မပေးဘဲ ပြင်ပဈေးကွက်သို့ ရောင်းချခြင်းများရှိသည်။ အထူးသဖြင့် ထိုကဲ့သို့လုပ်ရပ်မျိုးကို ဆင်ခြေဖုံးရပ်ကွက်များနှင့် ကျေးရွာများတွင် အများဆုံးပြုလုပ်ကြ၍ မြို့ပေါ်ရပ်ကွက်များတွင် ပြုလုပ်သူနည်းကြောင်း ဖုန်းပွဲစားများကဆိုသည်။ “မြို့ပေါ်မှာတော့ ပါးပါးပဲလုပ်ရဲကြတယ်။ တစ်ကြိမ်ကို ငါးလုံး၊ ၁၀ လုံးလောက်ပဲ လုပ်ရဲတယ်။ မြို့ပေါ်ကျတာ ကိုယ့်ရပ်ကွက်အတွက် ဘယ်နှလုံးရလဲသိနိုင်တဲ့အတွက် သိပ်မလုပ်ရဲကျဘူး။ နယ်ကျတော့ ပေးသလောက်ပဲယူကြတာ”ဟု ပုသိမ်မြို့ခံ ဖုန်းရောင်းချသူတစ်ဦးကပြောသည်။ ထင်ရှားသောဖြစ်ရပ်များအဖြစ် ပခုက္ကူမြို့ ၁၀ ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခွဲတမ်းရရှိသော ဖုန်းကတ်များထဲမှ ဖုန်းကတ်ငါးကတ် ပြင်ပသို့ရောင်းစားသဖြင့် ထိုရပ်ကွက်နေ ပြည်သူများက အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူး ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုထားသည်။ အလားတူ ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ဖုန်းခွဲတမ်းများ ထဲမှအချို့ ပြင်ပသို့ရောင်းချခြင်းကို ဒေသခံများသိရှိသဖြင့် တိုင်ကြားရာမှ ထိုရပ်ကွက်အုပ်ချုပ်ရေးမှူး ထွက်ပြေးသွားသည့်ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်။ ထို့အပြင် အလွဲသုံးစားလုပ်၍ တိုင်ကြားခံရကာ အလုပ်ပြုတ်သွားသော အုပ်ချုပ်ရေးမှူးများလည်းရှိသည်။ အလားတူ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းစာဂျာနယ်များသို့ ထုတ်ပြန်ပေးသည့် မှုခင်းများတွင် ဖုန်းကတ်မဲနှိုက်ပေးရာ၌ မကျေနပ်သဖြင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများနှင့် အုပ်ချုပ်ရေးမှူးများကြား အပြန်အလှန်တိုင်ကြားသည့်မှုခင်းများစွာ တွေ့ရသည်။ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ရောင်းချနေကြသော ဖုန်းဆင်းမ်ကတ်အများစုမှာ အခြားသော ပြည်နယ်နှင့်တိုင်းများအတွက် ခွဲတမ်းချပေးသော ဖုန်းဆင်းမ်ကတ်များ ဖြစ်သည်ဟု ဖုန်းပွဲစားများကဆိုသည်။ “ရန်ကုန်မှာရောင်းတဲ့ ကတ်ပျက်ကတ်ပျောက်တွေကို ကျွန်တော့်ဆီမှာလာပြင်တယ်ဆိုတော့ သေချာတယ်လေ။ ဧရာဝတီတိုင်းကဖုန်းတွေ ရန်ကုန်ဆိုင်တွေကို ရောင်းစားကြတာ”ဟု ပုသိမ်မြို့တွင် ဖွင့်လှစ်ထားသော ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။ ပြင်ပသို့ရောင်းချသော ဆင်းမ်ကတ်များထဲတွင် နံပါတ်စဉ်စီးရီးလိုက် ရောင်းချမှုများရှိပြီး နာမည်ပေါက်လိုချင်သူများအတွက် စီးရီးလိုက်ရောင်းချသော ဆင်းမ်ကတ်များဖြင့် ပြုလုပ်ပေးကြသည်။ “နာမည်ပေါက်ဆိုပေမယ့် လိပ်စာတော့ထည့်လို့မရဘူး။ နာမည်မှတ်ပုံတင်နံပါတ်နဲ့ ဓာတ်ပုံပဲ အမည်ပေါက်လုပ်ပေးတာ”ဟု ကမာရွတ်မြို့နယ်အခြေစိုက် ဖုန်းဆင်းကတ်ရောင်းချသူတစ်ဦးကပြောသည်။ အချို့ဒေသများတွင် မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ထိုမြို့နယ်အတွင်းရှိ အခြားသောဌာနမှ အကြီးအကဲများ၊ အသင်းအဖွဲ့များ၊ ရဲတပ်ဖွဲ့များနှင့် ဘုန်းတော်ကြီးတို့ကို ဂါဝရပြုသည်ဆိုကာ ပေးသည်များလည်းရှိသည်။ ထိုသူများကလည်း တစ်ဆင့်ပြန်လည်ရောင်းချမှုများရှိသည်။ ထို့ကြောင့် လက်ရှိဖုန်းကတ်ချထားပေးသည့်စနစ်မှာ တိုင်းနှင့်ပြည်နယ်များအား ချထားပေးသည့် စာရင်းကိုသာသိရပြီး ခရိုင်မှမြို့နယ်၊ မြို့နယ်မှရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ ချထားပေးသော ဆင်းမ်ကတ်အရေအတွက်ကို အလွယ်တကူမထုတ်ပြန်သဖြင့် လုပ်ပိုင်ခွင့်ရှိသူများက ပြင်ပသို့ရောင်း ချခြင်းများ ပြုလုပ်လာခြင်းဖြစ်သည်။ ဖုန်းကတ်များကို မြို့နယ်နှင့်ရပ်ကွက်များသို့ မဲနှိုက်ရွေးချယ်ရာတွင် အိမ်ထောင်စုစာရင်းတစ်ခု တည်း၌ပင် ဖုန်းရရှိသူအများအပြားရှိပြီး မရရှိသေးသည့် အိမ်ထောင်စုများစွာရှိနေသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ အရာရှိတစ်ဦးက အကြံပြုပြောကြားသည်။ ဖုန်းဆင်းမ်ကတ်များကို ရပ်ကွက်များသို့ ခွဲတမ်းချပေးရာတွင် သက်ဆိုင်ရာဌာနက လူအများရှေ့တွင် သတ်မှတ်ခြင်း၊ ရပ်ကွက်နှင့် ကျေးရွာများ၏ ခွဲတမ်းများ လာရောက်ထုတ်ယူရာတွင် ရပ်ကွက်အုပ် ချုပ်ရေးမှူးများသာမက ဖုန်းကော်မတီဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများရှေ့တွင်ချပြပြီး ၀ငှပေးခြင်းဖြင့် မသမာမှုများကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သာကေတမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းကဆိုသည်။ “အဓိကကတော့ ပွင့်လင်းမြင်သာမှုပါပဲ”ဟု ဦးစန်းမင်းက အကြံပြုပြောကြားသည်။ “ကိုယ့်မြို့နယ်ထဲမှာ လာတိုင်တဲ့သူရှိရင် ကိုယ့်ဘာသာကိုယ်ပဲ ဖြေရှင်းလိုက်တယ်။ အထက်တွေကို အဲဒီတိုင်စာတွေ ထပ်မပို့တော့တာများတယ်။ အဆင်ပြေသွားအောင် နားလည်သွားအောင် ဖြေရှ င်းပေးလိုက်တယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦးက ကန့်ကွက်မှုရှိလာပါက ဖြေရှင်းသောပုံစံကို ပာသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က “မကျေနပ်ရင် တိုင်တာတွေတော့ရှိတယ်။ အဲဒီလိုတိုင်ရင် စစ်ဆေးတဲ့ တိုင်းဒေသကြီးမှာ ခုံအဖွဲ့တွေလည်းရှိတယ်။ စစ်ဆေးလို့မှန်ရင် အရေးယူဆောင်ရွက်ပေးတယ်။ မမှန်ရင်တော့ အရေးမယူဘူး”ဟု ပြောသည်။ လက်ရှိရောင်းချပေးထားသည့် ခုနစ်လတာကာလအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့များသို့ ရောက်ရှိလာသည့်တိုင်စာမှာ အနည်းငယ်သာရှိဟုဆိုသည်။ ထို့အပြင် ပြည်သူများ၏ မကျေနပ်မှုများကို ကိုင်တွယ်ဖြေရှင်းပေးနေသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည်အဖွဲ့သို့လည်း ယခင်က တိုင်စာရရှိသော်လည်း နောက်ပိုင်းတွင် တိုင်ကြားမှုအလွန်နည်းပါးလာကြောင်း ဗဟုအဖွဲ့မှ ဦးတင်မောင်သန်းကပြောသည်။ “ဘာလို့နည်းသွားတာလဲတော့ သေသေချာချာမသိဘူး။ အခုနောက်ပိုင်း တိုင်ရမယ်မှန်းမသိတာလား ဘာလားတော့ မပြောတတ်ဘူး။ တီဗီတွေမှာလည်း တိုင်ကြားနိုင်တယ်ဆိုတာတွေက သိပ်မကြေညာတော့ဘူး”ဟု ၎င်းကပြောသည်။ မြို့ပေါင်း ၃၆၀ ကျော်၊ ကျေးရွာပေါင်း ခြောက်သောင်းကျော်ရှိသော မြန်မာနိုင်ငံတွင် အစိုးရကချပေးသော ဖုန်းကတ်ကို မသာမာမှု၊ အလွဲသုံးမှုများတွင် အုပ်ချုပ်ရေးမှူးတိုင်းမ ဟုတ်သော်လည်းအုပ်ချုပ်ရေးမှူးအချို့၊ အစိုးရ၀န်ထမ်းအချို့ ပါဝင်ကြောင်းကို အထက်ပါဖြစ်စဉ်များက သက်သေပြနေသည်။ ထို့ကြောင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရအဖွဲ့ဖြစ်ရန်ဆိုသော ရည်မှန်းချက်ရောက်ရန်တော့ လိုအပ်ချက်များလွန်းသေးသည်။ ။
7Day News Journal
Thit Htoo Lwin - Feature
 ☀အလင်းရှင်☀

လက်ပံတောင်းရဲ့ နိုဝင် ၁၄ ရက် ပြည်သူတို့ရဲ့ ဒုက္ခမီးစက်

Unknown | 10:46 PM | Be the first to comment! Unknown | 10:46 PM | Be the first to comment!
Unknown | 10:46 PM | Best Blogger Tips
မုံရွာမြို့နယ် လက်ပံတောင်းဒေသရှိ မိုးကြိုပြင်တောင်ရွာတွင် လုံခြုံရေးရဲများနှင့် ဒေသများ နိုဝင်ဘာလ ၁၄ရက် ညက ပဋိပက္ခဖြစ်ပွားပြီးနောက် ဒေသခံ ၁၅၀ ကျော်ကို လက်ပံတောင်း ကြေးနီစီမံကိန်း လုံခြုံရေးတာ ၀န်ကျရဲများက ထိုနေ့ ည ၁၁ နာရီကပင် ဆားလင်းကြီးမြို့မရဲစခန်း၌ အမှုဖွင့်ထားသည်ဟု မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး တင်ထွဏ်းက မဇ္ဈိမကို ပြောသည် ။
အခုမြင်တွေ့ရသောသတင်းဓာတ်ပုံမှာ . . . ဒေသခံများနှင့် ရဲများ နိုဝင်ဘာလ ၁၄ရက်ညက ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ဒေသခံခုနှစ်ဦး ထဲမှ ငါးဦးသည် ဝင်ဘာလ၁၅ရက် ည ၇နာရီခန့်က မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာ သည်ကို တွေ့ရစဉ်။(ဓာတ်ပုံ- အောင်ကိုဦး၊မဇ္ဈိမ) ဒဏ်ရာရရှိသူများသည် ရင်အုံ၊ လက် မောင်းနှင့် ခြေထောက်တို့တွင် သေနတ်မှနခြင်းကြောင့် ဒဏ်ရာများ ရရှိထား သည်။ မုံရွာမြို့နယ် လက်ပံတောင်းဒေသရှိ မိုးကြိုပြင်တောင်ရွာတွင် လုံခြုံရေးရဲများနှင့် ဒေသများ နိုဝင်ဘာလ ၁၄ရက် ညက ပဋိပက္ခဖြစ်ပွားပြီးနောက် ဒေသခံ ၁၅၀ ကျော်ကို လက်ပံတောင်း ကြေးနီစီမံကိန်း လုံခြုံရေးတာ ၀န်ကျရဲများက ထိုနေ့ ည၁၁ နာရီကပင် ဆားလင်းကြီးမြို့မရဲစခန်း၌ အမှုဖွင့်ထားသည်ဟု မုံရွာခရိုင်ရဲ တပ်ဖွဲ့မှူး ဒုရဲမှူးကြီး တင်ထွဏ်းက မဇ္ဈိမကို ပြောခဲ့သည်။ ထိုသို့ဖြင့် လက်နက် ကိုင်ခွင့်နှင့် ငြိမ်းချမ်းစွာ မိမိမြေယာကို ပြန်လည်ရရှိရန် ကြိုးစားနေကြသောဘ၀ ခံဆင်းရဲသားတောင်သူယာသများသည် အစိုးရတို့ရဲက ရုပ်ပြကွက်အမျိုးမျိုးဖြင့် အမှုဖွင့်တရားစွဲခံရခြင်း ၊ သေနပ်ပစ်ဗုံးဖေါက်ခံရခြင်း စသည့်အတိဒုက္ခအမျိုးမျိုး ကိုခံနေရရှာပါသည်။ အခုကဲ့သို့ လူမဆန်စွာလုပ်ရပ်ကို မုံရွှာခရိုင် ရဲတပ်ဖွဲ့မှူး ဒု- ရဲမှူးကြီး တင်ထွဏ်းမှ .. . “တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေအပြင်းအ ထန် နာကျင်ဒဏ်ရာရစေအောင် ဥပဒေမဲ့ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်ပိုင် ရဲကားတ ချို့ကို ပျက်စီးစေအောင်ပြုလုပ်ကြတဲ့အတွက် ဥပဒေနဲ့အညီ အခုလို အမှုဖွင့် လိုက် တာဖြစ်ပါတယ်” လို့ပြောခဲ့သလို တဆက်တည်းမှာပင် ယင်းရဲမှူးမှ လက်ပံတောင်းတောင် လုံခြုံရေးရဲများနှင့် မိုးကြိုးပြင်ရွာသုံးရွာမှ ဒေသခံများသည် မုံရွာ - ပုသိမ် အဝေးပြေးကားလမ်းမကြီးအနီး မိုးကြိုးပြင်တောင်ရွာမှာ နိုဝင်ဘာ လ ၁၄ရက် ည၈နာရီခန့်က ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးရဲတပ်ဖွဲ့ဝင်ကိုးဦးနှင့် ဒေသခံ ခုနှစ်ဦးဒဏ်ရာရရှိခဲ့သည်။ထိုနေ့ညက လုံခြုံရေးရဲဝန်ထမ်းများနှင့် ဒေသခံတောင် သူများအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ရာတွင် ရဲအရာရှိ နှစ်ဦး၊ အခြားအဆင့် ရဲဝန် ထမ်း ၇ဦး စုစုပေါင်းကိုးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ရဲကားနှစ်စီး၏ ရှေ့ပိုင်းလေ ကာမှန်များနှင့် အချက်မီးခွက်များပျက်စီးခဲ့သည်ဟုပြောခဲ့သလို။ ယင်းသို့ ဖြစ်ပွား ဖြစ်ပွားခြင်း ကြောင့် ထိုနေ့ည၌ပင် ရဲအုပ်ကျော်မင်းနိုင်က တရားလိုပြုလုပ်ကာ ဆား လင်းကြီးမြို့မ ရဲစခန်းမှ (ပ) ၂၈၀/၂၀၁၃ ပြစ်မှုပုဒ်မ ၁၄၃/ ၃၃၃/ ၃၄အရ ရွာသူရွာသား ၁၅၀ ဦးခန့်အား အမှုဖွင့်ခဲ့ခြင်းဖြစ်သည် ဆားလင်းကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောဆိုခဲ့သည်ဟုသိရသည်။ ယခုလိုပြည်သူတို့ဒုက္ခရောက်နေရှာသော လက်ပံတောင်းတောင်ကိစ္စကို လွန်ခဲ့ သောလများစွာကတည်းက သမ္မတဦးသိန်းစိန်မှ ဒေါ်အောင်ဆန်းစုကြည်အား စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ရာ ထူးကို လွှတ်တော်တွင်ပေးအပ်ကာတာ ၀န်ယူဖြေရှင်းခိုင်းခဲ့သော်လည်း ယခုအချိန်အထိ ပြည်သူသည် အမျိုးမျိုးအနှိပ် စက်ခံနေရရှာသည်။ လက်နက်မရှိသောပြည်သူအား လက်နက်ရှိသော ရဲအစိုး ရတို့မှ ယင်းတို့အား ပြည်သူမှ တိုက်ခိုက်သောကြောင့် ပြည်သူကို အမှု့ဖွင့်ရပါ သည် ဆိုသော စကားသည် ယုတ္တိကင်းမဲ့လှသည်။ ထပ်စဉ်းစားဦးလော့ လက် ပံတောင်းတောင်ပြည်သူသည် ခေတ်အဆက်ဆက် သူပုန်သကန်များမဟုတ် ကြ ဘိုးစဉ်ဘောင်ဆက် ထိုလယ်ယာမြေများတွင် ရာသီအားလျှော်စွာ ထွန်ယက် စိုက်ပျိုးခြင်းဖြင့် မိမိတို့ရဲ့ဘ၀ကို ရပ်တည်လာခဲ့ကြသော တောင်သူယာလုပ်ဓား မခုတ်သမားများပင်ဖြစ်သည်။ ထိုတောင်သူကြီးများက ယခုအခါ ပြည်သူရဲ့ကို ခုံခံကာကွယ်တိုက်ခိုက်သည်ဆိုသော သတင်းသည် မှန်သသည်ဟုဆိုစေဦးတော့ လက်နက်မရှိသောပြည်သူမှ လူသတ်လက်နပ်အပြည့်အစုံရှိသောအစိုရရဲတို့ကို တိုက်ခိုက်ကြပါသည် ဆိုသောစကားသတင်းသည် ရယ်ဖွယ်ရာကောင်းလှသည်။ ယခုကဲ့သို့ လက်ပံတောင်းတောင်ဒေသတွင် ပြည်သူတို့အတိဒုက္ခရောက်နေ သည်ကို ဥက္ကဌလုပ်ကာ တာဝန်ယူဖြေရှင်းခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော် တွင် ဘာတွေလုပ်နေသည်ထက် ယင်းရဲ့ပီပြင်မှုမရှိခဲ့သောလုပ်ရပ်ကို အလင်းရှင် ရှုတ်ချမိပါသည်။ သူသည် တစ်ချိန်က လူထုခေါင်းဆောင်ဆိုသောနာ မည်ကို ခံယူကာ လွှတ်တော်ထဲသို့ရောက်လာခဲ့သည်။ ထို့သို့လွှတ်တော်ထဲတွင် အတိဒုက္ခရောက်နေသောတောင်သူဦးကြီးများအား ဘာ့ကြောင့်အကာအကွယ်မ ပေးခဲ့သလဲဆိုတာ အလွန်ပင်စိတ်ဝင်စားစရာကောင်းသော အလင်းရှင်ရဲ့အတွေး နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်ပင်ဖြစ်သည်။ ဒီကနေ့လွှတ်တော်ကိုသုံးသပ် ကြည့်သော် ဟိုယခင်က သေနပ်ကိုခါးကြားထိုးထားသော စစ်ဗိုလ်ချုပ်ကြီးများပင် ဖြစ်သည်။ ဗိုလ်သန်းရွှေသည်သူအာဏာတည်မြဲရေးအတွက် တရုတ်ကို အားကိုးခဲ့ရသည်။ ထိုတရုတ်ကြီးသည်ကမ္ဘာပေါ်တွင် အင်အားအကြိးဆုံးနိုင်ငံဖြစ်သည့်အလျောက် ကမ္ဘာ့လုံခြုံရေးကောင်စီတွင်ဗိုလ်သန်းရွှေတို့ရဲ့ ပြည်သူအပေါ်လူသားခြင်းမစာ နာရက်စက်သတ်ဖြတ်မှုများကို ဘီဒိုအာဏာဖြင့် ကန့်ကွက်ပေးခဲ့သည့်အတွက် ယနေ့ (၁၈.၁၁.၂၀၁၃)ရက်နေ့အထိတိုင်အောင် မြန်မာနိုင်ငံတွင် သမ္မတဦးသိန်း စိန်ကိုကြိုးကိုင် ထိမ်းကြောင်းနိုင်ခဲ့သည်။ ဒီလိုနည်းစနစ်ကို ဗိုလ်သန်းရွှေသည် ဗိုလ်နေ၀င်းထံမှရယူခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုတိုင်အောင်ပင် ပြည်သူသည် အစိုးရရဲ့ နည်းမျိုးစုံဖြင့် နှိပ်စက် ခြင်းကိုခံနေရသည်ဟု အလင်းရှင် ခံစားတင်ပြမိပါသည်။ ☀ အလင်းရှင် ☀

ဓမ္မကထိကငိုခြင်း

Unknown | 9:03 PM | Be the first to comment! Unknown | 9:03 PM | Be the first to comment!
Unknown | 9:03 PM | Best Blogger Tips
ကဲ .. ဒီနေ့တော့ ဟိုတစ်ခေတ်ဟိုတစ်ခါက အလွန်အင်မတန်နာမည်ကြီးခဲ့တဲ့
သာယာဝတီဆရာတော် ဦးဉေယျရဲ့ . . တရားပွဲ ငိုခြင်းလေးကို အလင်းရှင်ငိုပြမယ်။
ကဲ .. မျက်ရည်မကြမိစေနဲ့နော် .. . အကယ်၍ Note book သုံးတဲ့သူ့များ keyboard

ပေါ်ကို မျက်နှာမတင်ထားပါနဲ့။လို့ မှာပါရစေ . . .
ကဲ . . . စငိုပြီ . .
(ဘေးဖြစ်တာ ၊ လေးသစ္စာ၊ မမြင်ကန်းသောကြောင့်၊ ပင်ပန်းသူလူတစ်ချို့မှာ၊
ပူလို့မဆုံး။ သနားလေသနော် . . တရားတွေအရေဖျှော်လို့၊ တစ်ခွန်းခေါ်၊ ဇွန်း
ကော်လို့ တိုက်ချင်လှ၊ မလိမ္မာသူနာမိုက်ကယ်တို့၊ သံသရာဒီတစ်ဝိုက်မှာ၊
မျှောလိုက်ကြဦးတော့ .. လေသတည်း . . ။)
အလင်းရှင်

အားလုံးကို နှုတ်ဆက်ပါတယ်။

Unknown | 8:04 AM | Be the first to comment! Unknown | 8:04 AM | Be the first to comment!
Unknown | 8:04 AM | Best Blogger Tips
♥ ♥ ♥ ♥ ♥ ♥ ♥
အလင်းရှင်ဟာ ရဟန်းတစ်ပါးပါ။ အခုဘာလို့ပြောရသလည်းဆိုရင်
ဖေ့ဘွတ်ပေါ်ကကိုယ့်ရဲ့ မိတ်ဆွေများကို နောက်ဆုံးနှုတ်ဆက်ရမှာမို့ပါပဲ။
စက်တင်ဘာနောက်ပိုင်းမှာ အလင်းရှင် ရဟန်းဘ၀မှာ ဘာပြစ်မှုမှမ
လုပ်လိုက်ရဘဲ ထောင်သုံးနှစ်ချခြင်းကို ခံခဲ့ရတယ်။ ယင်းသို
့ထောင်မကျမီ အနုပညာဂျာနယ်များအခြားဂျာနယ်တို့တွင်
ကဗျာနှင့်ဆောင်းပါ။ သမိုင်းဆိုင်ရာထေရုပ္ပတ္တိများကိုရေးခဲ့
ပါသည်။ အွန်လိုင်းတွင် wordpress .comမှာ စာရေးခဲ့တယ်။
blog မှာမရေးလည်းဆိုတော့ အဲဒီအချိန်က စစ်အာဏာရှင်များ
က နာမည်ကြီးသော Google ရဲ့ blog ဆိုဒ်တွေကို ပိတ်လေ့ရှိတဲ့
အချိန်မို့ပါ။ အာဏာရှင်ကို ဆန့်ကျင့်တဲ့ ကဗျာစာအုပ်ဖြစ်တဲ့
(သံလမ်းပေါ်ကဥသြငိုသံတွေ) ရေးသားပြီး စာအုပ်မျက်နှာဖုံးများ
နဲ့ ကိုယ့်သံဃာထုအတွင်း ပြသဖြန့်ဝေခဲ့ပါတယ်။ ယင်းနောက်မကြာ
ခင် အဖမ်းခံထောင်ကျခဲ့ရတယ်။
ထောင်မှထွက်ပြီးနောက် ဆရာတော်အရှင်သူမြတ်ထံမှာခိုကပ်နေထိုင်းရင်း
အခုလို စာများဆက်လက်ရေးသာခဲ့ပါတယ။်။ ရဟန်းဘ၀ကိုမြတ်နိုးလို့
အခုလို တွယ်ကပ်နေထိုင်ရင်း အာဏာရှင်ကိုဆန့်ကျင်ခဲ့သလို အောင်ဆန်ုး
စုကြည်ရဲ့ မူမမှန်လုပ်ရပ်ကို တိုက်ခိုက်ခဲ့တယ်။
အခုဒီနေ့မှာ ကိုယ့်လုပ်ကို ပြန်သုံးသပ်ကြည့်တယ်။ နေ့စဉ်စာရေးနေရ
သော်လည်း လူမဆန်သူများရဲ့ အတိုက်အခိုက်ကိုသာခံနေရတာဖြစ်တယ်။
ငွေကုန်သံပြာ ဒီအလုပ်ကို စွန့်လွှတ်လိုက်ပါပြီ။
ဖ့ဘွတ်ပေါ်မှာ စာရေးခြင်းရဲ့ အကျိုးရလာဒ်ကတော့ လူမဆန်တဲ့
comment တွေပါပဲ။ ဒါတွေကို ကောင်းမွန်စွာ ရွံမုန်းသွားပါပြီ . .
တကယ်တော့ ဖေ့ဘွတ်ဟာ ကောင်းကျိုးရလဒ်ထက် ဆိုးကျိုးရလဒ်များ
ကိုသာတွန်းပို့နေသလိုဖြစ်တယ်။ ကိုယ့်ဘက်ကဘယ်လောက်ပဲစေတနာ
သံနဲ့ရေးရေး လူတက်လူတွင်ကျယ်များရဲ့ ခေါ် မျိုးချစ်များရဲ့ မိုက်ရိုင်းမှု
စုတ်ပြတ်သတ်နေတဲ့ စိန်ခေါ်မှု အောက်တန်းကျမှုများကိုသာ တွေ့မြင်ရ
ပြီး မင်္ဂလာဆိုတဲ့ နှုတ်ဆက်စကားသည် နှုတ်ဆိတ်နေတက်တယ်။
ဒါ့ကြောင့် ဖေ့ဘွတ်ကို စိတ်ကုန်သွားတာမဟုတ်ပါဘူး။ သူယုတ်တွေကို
စိတ်ကုန်တာပါ။ အသေနာ စ ဗာလနံ သူယုတ်တွေကိုမမြင်မကြားရခြင်း
သည်။ မင်္ဂလံ။ မင်္ဂလာမည်၏ ဆိုသောစကားအတိုင်း ကိုယ့်blogs လေးမှာ
ကိုယ်ပျှော်မွေ့ရင်း ဘ၀ကို ကုသိုလ်ဆက်ပါ့မယ်။
အကယ်၍ မိတ်ဆွေများဟာ အလင်းရှင်ရဲ့ စာကိုဖတ်လို့ပါက
http://aungminkhoung.blogspot.com/ မှာသာဝင်ရောက်ဖတ်ရှု့ကြပါ။
ရန်ရင်နာစွာနဲ့ ဆုတ်ခွာလိုက်ပါတယ်။ နေ့စဉ် စာရေးနေဦးမှာပါ။
သို့သော် ဖေ့ဘွတ်ကိုတော့ လုံးဝမသုံးတော့ပါ။ ထို့ကြောင့် သူငယ်ချင်းများ
သံယော်ဇဉ်မပြတ်ပါကာ အလင်းရှင်ရဲ့ဘလော့ကိုလာလည်ကြပါ။
ဖေ့ဘွတ်ပေါ်မတက်မသုံးပေမယ့် အလင်းရှင်ရဲ့ သာသာနာကိုချစ်သောစိတ်
နဲ့ အမျိုးသားရေအတွက် ကိုယ့်ခံစားချက်များကို သွန်ချနေဦးမှာပါ။
အခုအလင်းရှင်ရဲ့ ကွန်ပျူတာနာရီမှာ 17-11-2013 (10)နာရီခန့်ပါပဲ။
အားလုံး လိုရာဆန္ဒများပြည့်ဝကြပါစေ . .
☀အလင်းရှင် ☀

သံဃာတော်သို့ ... တမ်းခြင်း

Unknown | 8:02 AM | Be the first to comment! Unknown | 8:02 AM | Be the first to comment!
Unknown | 8:02 AM | Best Blogger Tips
သံဃာတော်အပေါင်း အရှင်ကောင်းတို့ဘုရား . ..
ဘုရားတပည့်တော်မှာ အလှူရှင်မျက်နှာကို ကမ္မ၀ါစာဖတ်ပြီး အွန်လိုင်းပေါ်မှာ
စာရေးတာပါဘုရား။ သိပ်တက်လို့ သိပ်သိလို့ ရေးတာမဟုတ်ပါဘူးဘုရား။
သို့သော်လည်း ။ မ
ယားထိတော့ ဓားကြည့်ဆိုသလို သံဃာထိတော့ လာမညှိ
နဲ့ဆိုတဲ့ စိတ်ထားနဲ့ နေ့စဉ် လူသေလျှင်သေပါစေတော့ ငါကိုးကွယ်ရာသံဃာများ
တော့အသေမခံနိုင်ဘူးစိတ်ထားနဲ့ စာများရေးရပါသော်လည်း . . commet
သမားများသည် ဘုရားဖွဲ့စည်းပေးခဲ့သော သံဃရတနာအဖွဲ့အစည်းနှင့်
အာဏာရှင်ဖွဲ့ပေးခဲ့သော( မဟနရတနာကို ) မကွဲပြားဘဲ တပည့်တော်ကို
တိုက်ခိုက်နေကြပါသည်ဘုရား။
သို့ဖြစ်ပါသောကြောင့် ဦးနေ၀င်းဖွဲ့စည်းခဲ့သော မဟန တို့ရဲ့ အဟုတ်တရုတ်
လုပ်သာသာနာကိုမျက်ကွယ်ပြုမှုများကိုေ၇းသားတင်ပြကြပါရန် . .
ဘုရားတပည့်တော် ခြေတော်ဦးခိုက်ကာ လျှောက်ထားအပ်ပါသည်
သံဃာတော်အရှင်သူမြတ်တို့ဘုရား . . ..

အလင်းရှင်
— with Kula Rakkhita and 19 others.
Photo: သံဃာတော်သို့  ... တမ်းခြင်း
♥   ♥   ♥  ♥   ♥   ♥  ♥   ♥   ♥
သံဃာတော်အပေါင်း အရှင်ကောင်းတို့ဘုရား  . ..
ဘုရားတပည့်တော်မှာ အလှူရှင်မျက်နှာကို ကမ္မ၀ါစာဖတ်ပြီး အွန်လိုင်းပေါ်မှာ
စာရေးတာပါဘုရား။ သိပ်တက်လို့ သိပ်သိလို့ ရေးတာမဟုတ်ပါဘူးဘုရား။
သို့သော်လည်း ။ မယားထိတော့ ဓားကြည့်ဆိုသလို သံဃာထိတော့ လာမညှိ
နဲ့ဆိုတဲ့ စိတ်ထားနဲ့ နေ့စဉ် လူသေလျှင်သေပါစေတော့ ငါကိုးကွယ်ရာသံဃာများ
တော့အသေမခံနိုင်ဘူးစိတ်ထားနဲ့ စာများရေးရပါသော်လည်း . .  commet
သမားများသည် ဘုရားဖွဲ့စည်းပေးခဲ့သော သံဃရတနာအဖွဲ့အစည်းနှင့် 
အာဏာရှင်ဖွဲ့ပေးခဲ့သော( မဟနရတနာကို  ) မကွဲပြားဘဲ တပည့်တော်ကို
တိုက်ခိုက်နေကြပါသည်ဘုရား။ 
သို့ဖြစ်ပါသောကြောင့် ဦးနေ၀င်းဖွဲ့စည်းခဲ့သော မဟန တို့ရဲ့ အဟုတ်တရုတ်
လုပ်သာသာနာကိုမျက်ကွယ်ပြုမှုများကိုေ၇းသားတင်ပြကြပါရန် . .
ဘုရားတပည့်တော် ခြေတော်ဦးခိုက်ကာ လျှောက်ထားအပ်ပါသည် 
သံဃာတော်အရှင်သူမြတ်တို့ဘုရား . . .. 
☀ အလင်းရှင် ☀

Twitter Bird Gadget