Sunday, November 17, 2013
လက်ပံတောင်းရဲ့ နိုဝင် ၁၄ ရက် ပြည်သူတို့ရဲ့ ဒုက္ခမီးစက်
Unknown
|
10:46 PM
|
ရင်နဲ့ . . . ရင်းခဲ့ရသောဆောင်းပါး
Unknown
|
10:46 PM
|
ရင်နဲ့ . . . ရင်းခဲ့ရသောဆောင်းပါး
Unknown | 10:46 PM |
ရင်နဲ့ . . . ရင်းခဲ့ရသောဆောင်းပါး
မုံရွာမြို့နယ် လက်ပံတောင်းဒေသရှိ မိုးကြိုပြင်တောင်ရွာတွင် လုံခြုံရေးရဲများနှင့်
ဒေသများ နိုဝင်ဘာလ ၁၄ရက် ညက ပဋိပက္ခဖြစ်ပွားပြီးနောက် ဒေသခံ ၁၅၀
ကျော်ကို လက်ပံတောင်း ကြေးနီစီမံကိန်း လုံခြုံရေးတာ ၀န်ကျရဲများက ထိုနေ့
ည ၁၁ နာရီကပင် ဆားလင်းကြီးမြို့မရဲစခန်း၌ အမှုဖွင့်ထားသည်ဟု မုံရွာခရိုင်
ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး တင်ထွဏ်းက မဇ္ဈိမကို ပြောသည် ။
အခုမြင်တွေ့ရသောသတင်းဓာတ်ပုံမှာ . . . ဒေသခံများနှင့် ရဲများ နိုဝင်ဘာလ
၁၄ရက်ညက ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ဒေသခံခုနှစ်ဦး ထဲမှ ငါးဦးသည်
ဝင်ဘာလ၁၅ရက် ည ၇နာရီခန့်က မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာ
သည်ကို တွေ့ရစဉ်။(ဓာတ်ပုံ- အောင်ကိုဦး၊မဇ္ဈိမ) ဒဏ်ရာရရှိသူများသည် ရင်အုံ၊
လက် မောင်းနှင့် ခြေထောက်တို့တွင် သေနတ်မှနခြင်းကြောင့် ဒဏ်ရာများ ရရှိထား
သည်။
မုံရွာမြို့နယ် လက်ပံတောင်းဒေသရှိ မိုးကြိုပြင်တောင်ရွာတွင် လုံခြုံရေးရဲများနှင့်
ဒေသများ နိုဝင်ဘာလ ၁၄ရက် ညက ပဋိပက္ခဖြစ်ပွားပြီးနောက် ဒေသခံ ၁၅၀
ကျော်ကို လက်ပံတောင်း ကြေးနီစီမံကိန်း လုံခြုံရေးတာ ၀န်ကျရဲများက ထိုနေ့
ည၁၁ နာရီကပင် ဆားလင်းကြီးမြို့မရဲစခန်း၌ အမှုဖွင့်ထားသည်ဟု မုံရွာခရိုင်ရဲ
တပ်ဖွဲ့မှူး ဒုရဲမှူးကြီး တင်ထွဏ်းက မဇ္ဈိမကို ပြောခဲ့သည်။ ထိုသို့ဖြင့် လက်နက်
ကိုင်ခွင့်နှင့် ငြိမ်းချမ်းစွာ မိမိမြေယာကို ပြန်လည်ရရှိရန် ကြိုးစားနေကြသောဘဝ
ခံဆင်းရဲသားတောင်သူယာသများသည် အစိုးရတို့ရဲက ရုပ်ပြကွက်အမျိုးမျိုးဖြင့်
အမှုဖွင့်တရားစွဲခံရခြင်း ၊ သေနပ်ပစ်ဗုံးဖေါက်ခံရခြင်း စသည့်အတိဒုက္ခအမျိုးမျိုး
ကိုခံနေရရှာပါသည်။ အခုကဲ့သို့ လူမဆန်စွာလုပ်ရပ်ကို မုံရွှာခရိုင် ရဲတပ်ဖွဲ့မှူး ဒု-
ရဲမှူးကြီး တင်ထွဏ်းမှ .. . “တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေအပြင်းအ
ထန် နာကျင်ဒဏ်ရာရစေအောင် ဥပဒေမဲ့ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်ပိုင် ရဲကားတ
ချို့ကို ပျက်စီးစေအောင်ပြုလုပ်ကြတဲ့အတွက် ဥပဒေနဲ့အညီ အခုလို အမှုဖွင့်
လိုက် တာဖြစ်ပါတယ်” လို့ပြောခဲ့သလို တဆက်တည်းမှာပင် ယင်းရဲမှူးမှ
လက်ပံတောင်းတောင် လုံခြုံရေးရဲများနှင့် မိုးကြိုးပြင်ရွာသုံးရွာမှ ဒေသခံများသည်
မုံရွာ - ပုသိမ် အဝေးပြေးကားလမ်းမကြီးအနီး မိုးကြိုးပြင်တောင်ရွာမှာ နိုဝင်ဘာ
လ ၁၄ရက် ည၈နာရီခန့်က ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးရဲတပ်ဖွဲ့ဝင်ကိုးဦးနှင့် ဒေသခံ
ခုနှစ်ဦးဒဏ်ရာရရှိခဲ့သည်။ထိုနေ့ညက လုံခြုံရေးရဲဝန်ထမ်းများနှင့် ဒေသခံတောင်
သူများအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ရာတွင် ရဲအရာရှိ နှစ်ဦး၊ အခြားအဆင့် ရဲဝန်
ထမ်း ၇ဦး စုစုပေါင်းကိုးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ရဲကားနှစ်စီး၏ ရှေ့ပိုင်းလေ
ကာမှန်များနှင့် အချက်မီးခွက်များပျက်စီးခဲ့သည်ဟုပြောခဲ့သလို။ ယင်းသို့ ဖြစ်ပွား
ဖြစ်ပွားခြင်း ကြောင့် ထိုနေ့ည၌ပင် ရဲအုပ်ကျော်မင်းနိုင်က တရားလိုပြုလုပ်ကာ
ဆား လင်းကြီးမြို့မ ရဲစခန်းမှ (ပ) ၂၈၀/၂၀၁၃ ပြစ်မှုပုဒ်မ ၁၄၃/ ၃၃၃/ ၃၄အရ
ရွာသူရွာသား ၁၅၀ ဦးခန့်အား အမှုဖွင့်ခဲ့ခြင်းဖြစ်သည် ဆားလင်းကြီးရဲစခန်းမှ
ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောဆိုခဲ့သည်ဟုသိရသည်။
ယခုလိုပြည်သူတို့ဒုက္ခရောက်နေရှာသော လက်ပံတောင်းတောင်ကိစ္စကို လွန်ခဲ့
သောလများစွာကတည်းက သမ္မတဦးသိန်းစိန်မှ ဒေါ်အောင်ဆန်းစုကြည်အား
စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ရာ ထူးကို လွှတ်တော်တွင်ပေးအပ်ကာတာ
ဝန်ယူဖြေရှင်းခိုင်းခဲ့သော်လည်း ယခုအချိန်အထိ ပြည်သူသည် အမျိုးမျိုးအနှိပ်
စက်ခံနေရရှာသည်။ လက်နက်မရှိသောပြည်သူအား လက်နက်ရှိသော ရဲအစိုး
ရတို့မှ ယင်းတို့အား ပြည်သူမှ တိုက်ခိုက်သောကြောင့် ပြည်သူကို အမှု့ဖွင့်ရပါ
သည် ဆိုသော စကားသည် ယုတ္တိကင်းမဲ့လှသည်။ ထပ်စဉ်းစားဦးလော့ လက်
ပံတောင်းတောင်ပြည်သူသည် ခေတ်အဆက်ဆက် သူပုန်သကန်များမဟုတ်
ကြ ဘိုးစဉ်ဘောင်ဆက် ထိုလယ်ယာမြေများတွင် ရာသီအားလျှော်စွာ ထွန်ယက်
စိုက်ပျိုးခြင်းဖြင့် မိမိတို့ရဲ့ဘ၀ကို ရပ်တည်လာခဲ့ကြသော တောင်သူယာလုပ်ဓား
မခုတ်သမားများပင်ဖြစ်သည်။ ထိုတောင်သူကြီးများက ယခုအခါ ပြည်သူရဲ့ကို
ခုံခံကာကွယ်တိုက်ခိုက်သည်ဆိုသော သတင်းသည် မှန်သသည်ဟုဆိုစေဦးတော့
လက်နက်မရှိသောပြည်သူမှ လူသတ်လက်နပ်အပြည့်အစုံရှိသောအစိုရရဲတို့ကို
တိုက်ခိုက်ကြပါသည် ဆိုသောစကားသတင်းသည် ရယ်ဖွယ်ရာကောင်းလှသည်။
ယခုကဲ့သို့ လက်ပံတောင်းတောင်ဒေသတွင် ပြည်သူတို့အတိဒုက္ခရောက်နေ
သည်ကို ဥက္ကဌလုပ်ကာ တာဝန်ယူဖြေရှင်းခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည်
လွှတ်တော် တွင် ဘာတွေလုပ်နေသည်ထက် ယင်းရဲ့ပီပြင်မှုမရှိခဲ့သောလုပ်ရပ်ကို
အလင်းရှင် ရှုတ်ချမိပါသည်။ သူသည် တစ်ချိန်က လူထုခေါင်းဆောင်ဆိုသောနာ
မည်ကို ခံယူကာ လွှတ်တော်ထဲသို့ရောက်လာခဲ့သည်။ ထို့သို့လွှတ်တော်ထဲတွင်
အတိဒုက္ခရောက်နေသောတောင်သူဦးကြီးများအား ဘာ့ကြောင့်အကာအကွယ်မ
ပေးခဲ့သလဲဆိုတာ အလွန်ပင်စိတ်ဝင်စားစရာကောင်းသော အလင်းရှင်ရဲ့အတွေး
နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်ပင်ဖြစ်သည်။ ဒီကနေ့လွှတ်တော်ကိုသုံးသပ်
ကြည့်သော် ဟိုယခင်က သေနပ်ကိုခါးကြားထိုးထားသော စစ်ဗိုလ်ချုပ်ကြီးများပင်
ဖြစ်သည်။
ဗိုလ်သန်းရွှေသည်သူအာဏာတည်မြဲရေးအတွက် တရုတ်ကို အားကိုးခဲ့ရသည်။
ထိုတရုတ်ကြီးသည်ကမ္ဘာပေါ်တွင် အင်အားအကြိးဆုံးနိုင်ငံဖြစ်သည့်အလျောက်
ကမ္ဘာ့လုံခြုံရေးကောင်စီတွင်ဗိုလ်သန်းရွှေတို့ရဲ့ ပြည်သူအပေါ်လူသားခြင်းမစာ
နာရက်စက်သတ်ဖြတ်မှုများကို ဘီဒိုအာဏာဖြင့် ကန့်ကွက်ပေးခဲ့သည့်အတွက်
ယနေ့ (၁၈.၁၁.၂၀၁၃)ရက်နေ့အထိတိုင်အောင် မြန်မာနိုင်ငံတွင် သမ္မတဦးသိန်း
စိန်ကိုကြိုးကိုင် ထိမ်းကြောင်းနိုင်ခဲ့သည်။ ဒီလိုနည်းစနစ်ကို ဗိုလ်သန်းရွှေသည်
ဗိုလ်နေ၀င်းထံမှရယူခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ယခုတိုင်အောင်ပင် ပြည်သူသည် အစိုးရရဲ့ နည်းမျိုးစုံဖြင့် နှိပ်စက်
ခြင်းကိုခံနေရသည်ဟု အလင်းရှင် ခံစားတင်ပြမိပါသည်။
☀ အလင်းရှင် ☀

No comments :
Post a Comment