.

Thursday, March 28, 2013

က ဗျာ နှုတ် ခမ်း

Unknown | 5:01 AM | Be the first to comment! Unknown | 5:01 AM | Be the first to comment!
Unknown | 5:01 AM | Best Blogger Tips




က   ဗျာ  နှုတ်   ခမ်း     
ကောင်မလေးရယ်
ငါဟာ ဒုက္ခတွေကို ခါချလို့မရနိုင်တဲ့
ဝန်တင်ခံ လားတစ်ကောင်လို
ကိုယ်တိုင်အိမ်မက်တဲ့ညမှာတောင်
ငါ့ကိုယ်မှာ အစွယ်ရာတွေကအထပ်ထပ်။

အဲဒီကတည်းက
စိတ်ကူးယဉ်ဆန်ဆန်ကို
ငါ့ရင်ဘတ်ထဲက ဆွဲနှုတ်ပစ်လိုက်နိုင်ခဲ့တယ်။


ဒါပေမယ့်
ပန်းတစ်ပွင့်
ရေစစ်စစ်တစ်ပုလင်း
ကော်ဖီခါးခါးတစ်ခွက်
ကြိုးသံကို ထိန်းထားနိုင်တဲ့ ဂစ်တာတစ်လက်နဲ့
နင့်နှုတ်ခမ်းရာတွေအကြောင်းကို
ကဗျာဆက်ရေးချင်သေးတယ်။
                                                       မောင်ဇရာ

www.alinshin.com အရိုးမပါသော စာများကိုဖတ်ပါ။

ခြေရာပျောက်

Unknown | 4:59 AM | Be the first to comment! Unknown | 4:59 AM | Be the first to comment!
Unknown | 4:59 AM | Best Blogger Tips



သနားစရာကောင်းတာက . .  မြန်မာပြည်
မြန်မာပြည်ထဲကမှ . . .  .
တိုင်းရင်းသားပြည်သူလူထု
တိုင်းရင်းသားပြည်သူလူထုထဲကမှ
ရခိုင်၊ကချင်၊
သဘာဝကိုပုံဆောင်ထားချင်တဲ့ လက်ပံတောင်းတောင်
စိမ်းစိုချင်တဲ့ ပုပ္ပါးတောင်
တကယ်သနားသင့်တာက . . . မြန်မာတိုင်းရင်းသူတိုင်းရင်းသားများ
ရက်စက်နေတာက . . . စစ်အာဏာရူးနဲ့ပူးပေါင်းခရိုနီ
တကယ်ရက်စက်တာက . . . စစ်အာဏာရူးရဲ့ခြံစောင့်စစ်ခွေးတွေ
တကယ်ခံရတာက . . .  ကျောင်းသားနဲ့ပြည်သူလူထု
တကယ်ကောင်းစားတာက . . . ခရိုနီနဲ့ ၀န်မင်းများ
ဒါ့ကြောင့်
မြန်မာပြည်လေးရေ . . .
ငါ . . .မင်းနဲ့ဝေးရာကိုသာ ထွက်သွားချင်တော့တယ်။
www.alinshin.com အရိုးမပါသော စာများကိုဖတ်ပါ။

Twitter Bird Gadget