.

Thursday, March 28, 2013

က ဗျာ နှုတ် ခမ်း

Unknown | 5:01 AM | Unknown | 5:01 AM |
Unknown | 5:01 AM | Best Blogger Tips




က   ဗျာ  နှုတ်   ခမ်း     
ကောင်မလေးရယ်
ငါဟာ ဒုက္ခတွေကို ခါချလို့မရနိုင်တဲ့
ဝန်တင်ခံ လားတစ်ကောင်လို
ကိုယ်တိုင်အိမ်မက်တဲ့ညမှာတောင်
ငါ့ကိုယ်မှာ အစွယ်ရာတွေကအထပ်ထပ်။

အဲဒီကတည်းက
စိတ်ကူးယဉ်ဆန်ဆန်ကို
ငါ့ရင်ဘတ်ထဲက ဆွဲနှုတ်ပစ်လိုက်နိုင်ခဲ့တယ်။


ဒါပေမယ့်
ပန်းတစ်ပွင့်
ရေစစ်စစ်တစ်ပုလင်း
ကော်ဖီခါးခါးတစ်ခွက်
ကြိုးသံကို ထိန်းထားနိုင်တဲ့ ဂစ်တာတစ်လက်နဲ့
နင့်နှုတ်ခမ်းရာတွေအကြောင်းကို
ကဗျာဆက်ရေးချင်သေးတယ်။
                                                       မောင်ဇရာ

www.alinshin.com အရိုးမပါသော စာများကိုဖတ်ပါ။

No comments :

Post a Comment

Twitter Bird Gadget