.

Sunday, December 15, 2013

Dama is Thinking or Alishin

Unknown | 8:51 AM | Unknown | 8:51 AM |
Unknown | 8:51 AM | Best Blogger Tips
ဗုဒ္ဓ၀ါဒဆိုသည်မှာ . .
သူများကို အကျိုးရှာ မုန်းတီးနေရာတမျိုးမဟုတ်
မိမိကိုယ်ကိုယ် အကြောင်းရှာ မုန်းတီးရတာမျိုးရယ်ပါ။
ဒါကိုမသိတော့ နေ့စဉ်လူတွေဟာ ကိုယ်နဲ့အဆင်မပြေတဲ့သူမျးကို မုန်းတီးနေဖြစ်
ကြတယ်။ မုန်းတယ်ဆိုတဲ့ တရားကိုယ်ဟာ ဒေါသပါ။ ဒေါသတရားရင်ထဲမှာ ကိန်း
ထားရင် ထိုလူသားအတွက် အပါယ်ဒုက္ခဂတိကိုလားရောက်စေတယ်။အပါယ်မျိုး
စေ့ကို စိုက်ပျိုးလိုက်တာနဲ့တူပါတယ်။ ချစ်တယ်ဆိုပြန်ရင်လည်း မကောင်းပြန် ချစ်
ခြင်းရဲ့တရားကိုယ်ဟာ လောဘတရားပါ။ လောဘတရားသည် ရင်ထဲကိန်းနေမယ်
ဆိုပြန်ရင်လည်း ထိုသူဟာ အပါယ်ဒုက္ခဂတိအကျိုးကိုပေးစေတာပါပဲ။ဒါ့ကြောင့်
ဆရာတော်ကြီးတွေက ဒေါသနဲ့သေ ငရဲပြည် မသွေရောက်တက်သည်။ လောဘနဲ့
သေ ပြိတ္တာပြည် မသွေရောက်တက်သည်။ လို့ စပ်ဆိုဆုံးမတော်မူခဲ့ကြပါတယ်။
ဒါ့ကြောင့် ဒီနေ့နံနက်ခင်းမှာ အလင်းရှင်ဖြတ်သန်းလာခဲ့ရသောဘ၀လောကဓံနဲ့
ဗုဒ္ဓစာပေများကို mix လုပ်ပြီးတော့မှ ရလာတဲ့ အတွေးလေးဓမ္မလေးကို တို့မိတ်
ဆွေများအား အလှူပေးပါတယ်။ အားလုံး ချစ်ခြင်းနဲ့ မုန်းတီးခြင်းကျိုးနှစ်ပါးကို
ကောင်းမွန်စွာသိရှိနိုင်ကြပြီး ဘ၀နာရီများစွာကို လိမ်မာပါးနပ်စွာဖြင့်အလင်းရှင်
လို့ပဲ ငြိမ်းချမ်းစွာကျော်ဖြတ်နိုင်ကြပါစေ . . .
ကျော်ဖြတ်နိုင်ရန်လည်း . . .
ဒီဆောင်းပါးတိုလေးကို ဓမ္မလက်ဆောင်အဖြစ်ပေးလှူမိတာပါ။
█ ░ အလင်းရှင် ░ █
 
Photo: Dama is Thinking or Alishin
❝ ❞ ❝ ❞  ❝ ❞  ❝ ❞  ❝ ❝ ❞ ❝ ❞  ❝ ❞  ❝ ❞  ❝ 

No comments :

Post a Comment

Twitter Bird Gadget