.

Sunday, December 29, 2013

တကောင်းအဘိရာဇာတို့ကပေးသော ဒဿနများ

Unknown | 10:19 PM | Unknown | 10:19 PM |
Unknown | 10:19 PM | Best Blogger Tips



❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞
စာတွေများများဖတ်ကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။
တို့လည်းတက်သလောက်တော့ရေးနေတာပါပဲ။ ငါနေ့စဉ်ေ၇းတင်နေတဲ့ ပိုစ့်တွေ
အောတိုက်ပါ။ဒီထက်တော့ပိုမရေးနိုင်တော့
ဘူး။ ကဲအခုတကောင်းအဘိရာဇာညီ
အစ်ကိုနှစ်ပါးကိုအခြေခံတဲ့အတွေးလေးတစ်ခု တွေးပြမယ်။မြန်မာစာကားပုံလေးတစ်
ခုကိုမင်းတို့ကြားဖူးမှာပါ။ (အခုရေတွင်းတူးလို့ အခုရေကြည်သောက်လို့မရဘူး)တဲ့။
ငါ အဲဒီစကားပုံကို သိပ့်မကြိုက့်ဘူးကွ။ဘာ့ကြောင့်လည်းဆိုတာကို ငါဝေဖန်သွားပြမယ်။
မြန်မာအစတကောင်းကဆိုပြီး တို့ငယ်ငယ်က စာသင်ခဲ့ဖူးတယ် မင်းတို့လည်းသင်ဖူးတယ်
အဲဒီမှာ ကံရာဇာကြီးနဲ့ကံရာဇာငယ်ရဲ့ အကြောင်းကိုတို့သင်ကြားခဲ့ရတယ်။ အဲဒီသင်ခန်းစာ
ဟာ ဒီကနေ့အထိ တို့တွေ အသုံးချနေရတုန်းပဲကွ။ သေသည့်အထိလည်းအသုံးချလို့ရတဲ့
Story လေးပဲ။ ဒီမင်းသားကြီးနှစ်ပါးရဲ့ ပြောင်မြောက်လှသော လုပ်ကွက်များကို တို့ဗုဒ္ဓဘာ
သာလူငယ်တွေ . . . ဒီကနေ့ မျိုးချစ်တွေ . . သိသင့်တယ်ကွ။ မေ့မသွားနဲ့ . .
ဘုရားတည်ရာမှာ ညတွင်းပြီးအောင်တည်နိုင်ဖို့ဆိုတာကို ကံရာဇာငယ်က မဖြစ်နိုင်ဘူး
ဆိုတာသိတယ် . . သိတဲ့အတွက် ဘုရားကို အုတ်အင်္ဂတေနဲ့ မတည်တော့ဘဲ နှီးနဲ့ယက်
ပြီးညတွင်းခြင်းပြီးအောင်တည်ပြနိုင်တယ်။
ကံရာဇာကြီးကတော့ . . မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်တယ် .. ညတွင်းခြင်းမပြီးပေမယ့်
ပြီးနိုင်သလောက်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အုတ်အင်္ဂတေနဲ့ဘုရားတည်တယ်။
ဒါ့ကြောင့်ကွာ . . ဒီ Story ကို မင်းတို့ ဆက်တွေး . . ဆက်ပြီးစဉ်းစား . . သုံးမကုန်နိုင်
တဲ့ ဒဿနာတွေက ဒီ Story ထဲမှာရှိတယ်ကွ။ ဒီတော့ ငါပြောချင်တာက အခုရေတွင်း
တူးပြီး အခုရေကြည်သောက်လို့မရနိုင်ဘူးဆိုတဲ့ ငြင်းပယ်ဝါကများအစား အခုရေတွင်းတူး
ပြီး အခုရေကြည်သောက်လို့ရအောင် ကမ္မ၀ါဒကို သုံးရမယ်။
ဦးသိန်းစိန်အစိုးရက အဲလိုမသုံးဘူးကွ။ မျှောလိုက်တဲ့ လမ်း .. အစုန်လမ်းကိုသုံးတယ်။
တို့သေတာတောင် မြန်မာပြည်သူတွေ ထမင်းမ၀နိုင်တဲ့ လမ်းကိုသုံးတယ် . . ။
တကယ်က အဆန်လမ်း ကမ္မ၀ါဒကိုသုံးရမှာ . . ။
ဒီလောက်ပါပဲ နောက်ကြုံရင်ဆက်ပြောမယ်။

█ ░ အလင်းရှင် ░ █

No comments :

Post a Comment

Twitter Bird Gadget