.

Saturday, September 14, 2013

လူ့သား နှင့် နိဗ္ဗာန်

Unknown | 11:09 AM | Unknown | 11:09 AM |
Unknown | 11:09 AM | Best Blogger Tips
ဓမ္မဆိုတာမျိုးဟာ ဘုရားရှင်ဟောတဲ့ ပိဋကတ်သုံးပုံကိုသာ
တစ်သီးပုဂ္ဂလ သတ်မှတ်ခေါ်ယူတာမျိုးမဟုတ်ပါ။ မြင်မြင်
သမျှ ကြားကြားသမျှ အာရုံတွေကို ကိုယ့်ဘက်က ခံယူကျင့်
သုံးမှုသာလျှင်ပဓာနပါ။ ဘုရားရှင်သတ်တော်ထင်ရှားရှိစဉ်က
တည်းကလည်းဆွမ်းခံကြွ တဲ့ ရဟန်းတော်တစ်ပါးဟာ လူစည်း
ကားရာဈေးအနီးကမိန်းမပျိုတစ်ယောက်ကနေတဲ့ အလှကို
ကြည့်နေရင်း ထိုရဟန်း တော်ဟာ မိန်းမ ပျိုရဲ့သွယ်ပျောင်းကော့
ညွှန်အလိုက်သင့်လို သလို ကွေးကိုင်းညွတ်ယိုင်းမှုတွေကိုကြည့်မိ
တဲ့အခါ ၀ါယောဓာတ်တို့ရဲ့ တွန်းကန်မှုကို အာရုံပြုမိတယ် . .
အဲဒီမှာတင်ပဲ ထိုအရှင်မြတ်ဟာ အာသ၀တရားတွေကင်းချုပ်လို့
ရဟန္တာမထေရ်မြတ်ဖြစ်သွားတယ်။
ဒါ့ကြောင့် လူဟာ အမြင်ကိုအမြင်မှန်အဖြစ်ရှု့မြင်တက်ဖို့ အကြားကို
အကြားမှန်အဖြစ် နားထောင်တက်ဖို့သာလိုတာပါ။ အာရုံတိုင်းဟာ
ကိုယ်အသုံးချတက်မယ်ဆိုရင် ၀ါနဆိုတဲ့နိဗ္ဗာန် ခရီးကို တိုက်ရိုက်
ညွှန်ပြနေတာမျိုးပါ။အခုဖေါ်ပြပါ THE ISAND ရုပ်ရှင်ဇာတ်လမ်းလေး
ကိုကြည့် ကြည့်ပါ။ ကြည့်သူရဲ့ ခံယူမှုဓာတ်ခံပေါ်မှာမူတည်ပြီး . .
ဝါနဆို တဲ့နိဗ္ဗာကိုသော်လည်းကောင်း . .သတ္တ၀ါတို့ရဲ့ ဖြစ်ခြင်းပျက်
ခြင်းသဘောတရားတို့အပြင် ဒီထက်မကတဲ့ သင်္ခါရလောကကို မြင်တွေ့
ရမှာဖြစ်ပါတယ်။
ဒါ့အပြင် လူတွေတောင့်တနေတဲ့ နိဗ္ဗာန်ဆိုတာ တကယ်ရှိသ
လား . . အဲဒီနိဗ္ဗာန်ကို ဘုရားသခင်ဆိုသူတွေက တကယ်ပဲယုံ ကြည်သူကို
ဆွဲခေါ်သွားတာလား . .
အို . .စသည်ဖြင့် ဓမ္မ ဓာတ်ခံရင့်သန်သူအတွက်တော့ . .တကယ့် နိဗ္ဗာန်ပါပဲ။
နောက်ဆုံးအနေနဲ့ ချုံ့ပြောချင်တာကတော့ . ..
အလင်းရှင်ရဲ့ပိုစ့် တွေ သရုပ်ဖေါ်ပုံတွေကို အမြင်အမျိုးမျိုးနဲ့မြင်တဲ့ကြတဲ့သူများ
အတွက် အမြင်မှန်သမ္မာဒိဋ္ဌိအပိုင်းအစလေးတွေရစေချင်လို့ပါ မဲမဲမြင်တာနဲ့
 ငါ့ယောက်ခမထန်းတောတော့ မလုပ်ကြပါနဲ့ . .အပေါ်တစ်စလောက်ဖေါ်ပြတာနဲ့ 
ရဟန်းယုတ်ရယ်လိုမြင် တက်သူများ . . ထိုသူများအားလုံး . မဂ္ဂင်တရားအစားစားကို 
ခွဲခြားစိတ်ဖြာနား လည်နိုင်တဲ့တစ်နေ့ ခေါင်းညိတ်မိမှာကတော့ အလင်းရှင် ဟာ တကယ့် သစ္စာဝါဒီသမားပါလားဆိုတာကိုတော့ အသေအချာပါပဲ . .ဗျာ။
အလင်းရှင်
Photo

Photo

1Like · ·

No comments :

Post a Comment

Twitter Bird Gadget