.

Friday, July 12, 2013

အ၀ီစိစော် နံတယ်။

Unknown | 8:21 PM | Unknown | 8:21 PM |
Unknown | 8:21 PM | Best Blogger Tips

ရမ်းသမ်းမှန်းသမ်းပြီး ပိဋကတ်တွေကူးချမနေနဲ့။ ငါလိုရင်းကိုပြောပြမယ်။ ပြောပြမယ်ဆိုသော်လည်း ငါကိုယ်တိုင်အဲဒီဇာတ်ကြောင်းကို ဟိုးငယ်ငယ်စာသင်သားဘ၀လောက်ကဖတ်မှတ်ခဲ့ရတာမို့ တိတိပပတော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် ကျမ်းတော့ငါညွှန်းလိုက်မယ်။ သုတ္တန်ပိဋကတ်၊ဒီဃနိကာယ်၊ မဟာဝဂ်ပါဠိတော်မှာ ဗုဒ္ဓက သိင်္ဂါလဆိုတဲ့ လူငယ်လူချောလူ ချမ်းသာလေးတစ်ယောက်ကိုပြောခဲ့တာ။ အဲဒီခေတ်ကဆိုရင် သူနေ့တဲ့ ရာဇဂြိုဟ် ဆိုတာ ရေပူရေအေး၊မြန်မာဘီယာ၊ နှိုက်လပ် စာတာတွေ့မရှိပေမယ့် ပြည့်တန်ဆာတွေက အရမ်းချောတယ်။ ဒီနေ့ခေတ် BMW ပြိုင်ကားတွေမရှိပေ မယ့် ရွှေဘိုမြင်းလို အားကောင်းမောင်းသန်လှတပတ မြင်းလှည်းတွေကလည်း ရွှေတွေပြိုင်းပြိုင်းနဲ့ဟ။ အဲဒီကောင်လေးကိုလေ တို့ဗုဒ္ဓ လောကီစကားတွေပြောခဲ့တယ်ကွ။ ဒီနေ့ခေတ် ကျော်သူမယားဇီးကွက်တို့နဲ့တွေ့ရင် တို့ဗုဒ္ဓလည်း အဆဲခံအဆိုခံရမှာသေချာတယ်ဟေ့။ ဘာလို့လည်းဆိုတော့ ဗုဒ္ဓကမျိုးစောင့်တရားကိုဟောခဲ့တာကို။ ဗုဒ္ဓကအဲဒီကောင်လေးကို တည့်ဟောခဲ့တာကွ။ ဒီနေ့ခေတ်လိုတော့ လွှတ်တော်မတင်ဖြစ်ခဲ့တော့ ရာဇဥပဒေမှာ အတည်မပြုခဲ့ပေမယ့် ဓမ္မဥပဒေသမှာတော့် တကယ့်ကိုသံဃာယနာတင်ထားပြီးသားပါ။ ဒါကို ဒေါ်စုနဲ့ မွတ်လိုက်တွေက မသိကြတော့ ခက်ကုန်တော့တာပေါ့ကွာ။ ဒါ့ကြောင့် ဒေါ်စုအနီးအနားကလူတွေ အဲဒီကျမ်းစာအုပ်လေး ရှာပြီးပေးလိုက်ကြပါ ကွယ်။ နောက်မို့ဆို မင်းတို့ဒေါ်စုလည်းအပြစ်ကြီးသလို တို့များရဲ့ဗုဒ္ဓသာသနာတော်လည်း ညှိုးနွမ်းရပါလိမ့်မယ်။ ဒါ့ကြောင့် ဇီးကွက်မရေ . . ဗုဒ္ဓတောင် လောကီသမားတွေ အတွက် လောကီဓာတ်စာလေး တွေပေးကျွေးပြီး လောကုတ္တရာနယ်ကို ပို့ပေးရတာမို့ တို့များရဲ့ ဆရာတော်ထေရ်ရှင်မြတ်များကို တောကျီးကန်း သုတ်လို့ အော်တဲ့အအော်နေတဲ့ ဇီးကွက်တစ်ကောင်ရဲ့ အော်သံမျိုးနဲ့ သံဃာတော်တွေ ၀ိနည်းဝိနည်းလို့ မအော်ပါနဲ့ ဟယ်။ နင့်အစား ငါအ၀ီစိစော်နံ လှပါတယ်။

No comments :

Post a Comment

Twitter Bird Gadget