.

Wednesday, May 15, 2013

ခြေထောက်စိုပြေလှပအောင် လုပ်နည်း

Unknown | 10:22 PM | Unknown | 10:22 PM |
Unknown | 10:22 PM | Best Blogger Tips
Nyein Nyein Aye Aung and Zin Yaw Minn shared ရေးမိရေးရာလေးများ's photo.

နေပူထဲ သွားတာများလို့ပဲဖြစ်ဖြစ်..၊ လမ်းလျှောက်များလို့ပဲဖြစ်ဖြစ်.
.. ခြေဖ၀ါးတွေမာလာရင်..၊ ခြေဖမိုးတွေမှာ နေလောင်လို့ အသားအရောင်မညီဘဲဖြစ်လာရင်...ဒီနည်းလေးကို စမ်းကြည့်ပါ။ ဆိုင်ကိုသွားပြီး Foot Massage လုပ်စရာ မလိုဘဲ ကိုယ့်ဘာသာကိုယ် အိမ်မှာ လုပ်နိုင်တဲ့အတွက် အချိန်ကုန်၊ ငွေကုန်သက်သာပြီး လွယ်ကူ အဆင်ပြေ နှစ်ခြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။
လိုအပ်သော ပစ္စည်းများ -

၁။ ပလတ်စတစ် ဇလုံကြီး တစ်လုံး

၂။ ဆား - ထမင်းစားဇွန်း ၃ ဇွန်း

၃။ နို့မှုန့် - ထမင်းစားဇွန်း ၃ ဇွန်း

ပြုလုပ်ပုံ -

၁။ ခြေထောက်ကို ဦးစွာ သန့်စင်အောင် ဆေးကြောပါ။

၂။ ပလတ်စတစ် ဇလုံထဲကို ခြေထောက်စိမ်မလောက် ရေနွေးစပ်ထည့်ပါ။ ကြက်သီးနွေးအဆင့်ဆို အဆင်ပြေနိုင်ပါတယ်။ ကိုယ်ခံနိုင်သလောက်အပူကို ချိန်ဆကြည့်ပါ။ သတိ! ရေနွေးပူလောင်ရင် တာဝန်မယူပါ။

၃။ ဆား ၃ ဇွန်း၊ နို့မှုန့် ၃ ဇွန်း ကို ရေနွေးထဲ ထည့်ပြီး သမအောင်မွှေပါ။

၎။ ပြီးရင် ထိုဇလုံထဲမှာ ခြေနှစ်ချောင်းကို အသာအယာစိမ်ပြီး လက်နှင့် ပွတ်သတ်နှိပ်နယ်ပေးပါ။

၅။ ၁၅ မိနစ်လောက်အကြာ ဇိမ်ခံပြီးရင် ခြေထောက်ကို ခြောက်သွေ့အောင် သုတ်ပြီး ၁၀ မိနစ်လောက် ခဏထားပါ။ ပြီးရင် ရေနဲ့ ဆေးချလို့ ရပါပြီ။ ချက်ချင်းဆေးချင်ရင်တော့ ရေနွေးနဲ့ ဆေးနိုင်ပါတယ်။ ရေအေးနဲ့ ဆေးရင် အပူ အအေး မမျှမှာ စိုးလို့ပါ။

ပြီးသွားရင်တော့ ဖြူစင် ကြည်လင်နေတဲ့ ကိုယ့်ခြေထောက်ကိုယ် သဘောကျနေမယ်လို့ ထင်ပါတယ်။

ဒီနည်းလမ်းလေးကို မျှဝေပေးခဲ့တဲ့ မတင်မိုးလွင်ကို ကျေးဇူးပါ။

EainDray

No comments :

Post a Comment

Twitter Bird Gadget