.

Monday, May 20, 2013

အမေရိကန်ရောက် သမ္မတ ဦးသိန်းစိန်ကို ပြည်ပဒီမိုကရေစီအဖွဲ့တချို့ ဆန္ဒပြ

Unknown | 10:14 AM | Unknown | 10:14 AM |
Unknown | 10:14 AM | Best Blogger Tips
ဒီလိုပဲလေ . . .ဒါ့ကြောင့် မြတ်ဗုဒ္ဓက ကံဟူသည်ကား နွားနောက်ကလိုက်ပါရမြဲဖြစ်သော လှည်းဘီးကဲ့သို့ပင်တည်း . . . . လူတစ်ယောက်၏အရိပ်ကဲ့သို့ပင် . . . . စသည်ဖြင့်စသည်ဖြင့်ဥပမာပေါင်းများစွာဖြင့် ပုံပြထား၏။ ထိုကြောင့် အကုသိုလ်တရားအလွန်ကြီးမားကြကုန်သော မြန်မာပြည်ရှိဦးနေ၀င်းမှစက ယနေ့တိုင်အောင်ရှိကြမြဲ ရှိကြဆဲဖြစ်သော သူတို့သည် မိမိတို့ပြုလုပ်အပ်သော အကုသိုလ်တရားတို့သည် အရဟတ္တမဂ်/ဖိုလ်မရသေးရွေ့ လိုက်ပါရမြဲပင် . . . အမှန်ဆိုသော် ခန္ဓဇာတ်သိမ်းမီးငြိမ်းသွားမှသာလျှင် သိမ်းစေတော့၏ . . . ဆုံးစေတော့၏ . . .။ ထို့ကြောင့် သင်တို့သည် . . ငါတို့သည် ထိုအကုသိုလ်သမား ဒေ၀ဒတ်သွားများနှင့်အလားတူကုန်ကြသော အာဏာရူးများအား ထိုသူတို့၏ ဂုဏ်ရှိုန်မြင့်မားမှုကိုတွေ့ရ၍ ၀မ်းမသာမိကြစေနှင့် ထိုသူတို့၏ ကုသိုလ်အကုသိုလ်ကို သာဓုဟူ၍ကိုက လက်ခံဝေငှယူငင်မိသော် သံသာရာတွင် မိမိတို့အား ထိုအရိပ်တို့သည် ပေးတက်၏ ။ ကြပ်ကြပ်သတိထားမိကြပါစေ။
အမေရိကန်ရောက် သမ္မတ ဦးသိန်းစိန်ကို ပြည်ပဒီမိုကရေစီအဖွဲ့တချို့ ဆန္ဒပြ
RFA Burmese
-------------------------------------------------------------------------------
သမ္မတ ဦးသိန်းစိန်နဲ့ Voice Of America ( VOA ) မိသားစုတွေ တနင်္ဂနွေနေ့ ညနေပိုင်းက တွေ့ဆုံပွဲကျင်းပခဲ့ရာမှာ အမေရိကန်ပြည်ထောင်စုရောက် ဒီမိုကရေစီအဖွဲ့အစည်းတချို့က ၀ါရှင်တန်ဒီစီ VOA ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာပါဝင်သူ နိုင်ငံတကာ မြန်မာအမျိုးသားကွန်ဂရက်ဖေါင်ဒေးရှင်း (IFBNC) အလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်သန်းက မြန်မာနိုင်ငံမှာ စစ်မှန်တဲ့အပြောင်းအလဲတွေ ပေါ်ပေါက်မလာသေးတဲ့အတွက် ဦးသိန်းစိန်အစိုးရကို ဆန္ဒပြကြတာဖြစ်ကြောင်းပြောပါတယ်။

“သံဃာတွေကို မီးလောင်တိုက်သွင်းတယ်ဆိုတာပါမယ်၊ မဲလိမ်မဲခိုးတဲ့အစိုးရ အလိုမရှိ၊ အတုအယောင် ဒီမိုကရေစီ အလိုမရှိ၊ ခရိုနီစီးပွားရေးစနစ်ကို ဆန့်ကျင်ကြ၊ တရားမျှတမှုရှိတဲ့ စီးပွားရေးစနစ်ကို တည်ဆောက်ကြ၊ စစ်တပ်ဦးစီးတဲ့ ၂ဝဝ၈ အခြေခံဥပဒေကို ဖျက်သိမ်းပစ်၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး ဒို့အရေး၊ စစ်မှန်သော ဒီမိုကရေစီတော်လှန်ရေး အောင်ရမည်၊ ကြွေးကြော်သံတွေက များကြီးတော့အများကြီး”

ဆန္ဒပြပွဲမှာ US Campaign for Burma အဖွဲ့၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အစ္စလာမ်အဖွဲ့တွေ လာရောက်ခဲ့ကြပါတယ်။

No comments :

Post a Comment

Twitter Bird Gadget