.

Wednesday, May 15, 2013

အခုတော့

Unknown | 5:28 AM | Unknown | 5:28 AM |
Unknown | 5:28 AM | Best Blogger Tips
အာဏာရူးဆိုးတာ
အာဏာကိုအလွဲသုံးစားလုပ်
ကိုယ့်ဘ၀ကို ကိုယ်ဖြုတ်ခဲ့တာပဲ
သံသာယာဆိုတာအသထား
ဟေ့ကောင်ခင်ညွှန့်
မင်းအခုတော့ နားလည်သွားပြီလား။
သံဃာတော်တွေကို (၇)နာရီမထွက်အမိန့်ထုတ်
မလိုသူတွေကို သတ်မိန့်ဖြုတ်
ရဲရဲတောက်ကျောင်းသားတွေကိုထောင်ထဲသွား
ဟေ့ကောင် ခင်ညွှန့်
မင်းအခုတော့ ဖင်တွန့်သွားပြီးလား
သြော်
အဘရယ်....
"လူသားအားလုံးလူ့အခွင့်အရေးရှိတယ်"
အဲဒီ့အသိအဘအသက် (၇၄)နှစ်မှသိတာ
မစောလွန်းဘူးလား?
ဖြစ်နိုင်ရင် နိုင်ငံရေးအကျဉ်းသားတွေကို
ရှေ့မှာထားပြီးပြောလိုက်ပါလား။
သူတို့တွေအဘလက်ထက်တုန်းက
အဘပေးခဲ့တဲ့လူ့အခွင့်အရေး
အပြည့်ဝဆုံးရခဲ့တဲ့
သူတွေလေ။
သူတို့ခံစားခဲ့ရတာတွေ၊
သူတို့နာကျင်ခဲ့ရတာတွေအတွက်
အဘမှာ
တောင်းပန်ဖို့၊လက်ဆွဲနှူတ်ဆက်ဖို့
အစီအစဉ်လေးများရှိရင်.....
အဘကတော့မသိဘူး။
ကျွန်တော်တို့ကတော့
ကိုယ်တိုင်မခံစားရပေမယ့်
သူတို့စိတ်ဓာတ်၊သူတို့နှလုံးသားတွေ
ဘယ်လောက်အထိနာကျင်အောင်
ခံစားခဲ့ရမယ်ဆိုတာကျွန်တော်တို့
ကိုယ်ချင်းစာလို့ရပါတယ်။

No comments :

Post a Comment

Twitter Bird Gadget