Wednesday, May 22, 2013
ရဟန်းတစ်ပါးရဲ့သံသယ
Unknown
|
6:33 AM
|
ရင်ဘတ်ကြွေရာမြေ
Be the first to comment!
Unknown
|
6:33 AM
|
ရင်ဘတ်ကြွေရာမြေ
Be the first to comment!
Unknown | 6:33 AM |
ရင်ဘတ်ကြွေရာမြေ
Tuesday, May 21, 2013
အမေရိကန်တွေ . . . တကယ်သိလို့လား
Unknown
|
11:08 AM
|
ရင်ဘတ်ကြွေရာမြေ
Be the first to comment!
Unknown
|
11:08 AM
|
ရင်ဘတ်ကြွေရာမြေ
Be the first to comment!
Unknown | 11:08 AM |
ရင်ဘတ်ကြွေရာမြေ

San Dar Moe Thu
ဒီလိုကာတွန့်မျိုး . . . ပြည်သူတွေခံစားရတဲ့ ဒုက္ခ
မသိဘဲနဲ့ပြောနေကြ . . . ဝေဖန်နေကြ
မြန်မာစကားလည်း . . . မတက်။
မြန်မာပြည်မှာလည်း . . . . မနေဘူး။
မြန်မာအာဏာရူးတွေအကြောင်းလည်း . . . မသိဘဲ။
ဘာတဲ့ . . . ရှင်
မြန်မာပြည်ဟာ သူ့နေရာသူပြန်ရသွားပြီတဲ့။

သောက်ရမ်းမပြောနဲ့ . . . လာကြည့်လှည့်။
Unknown
|
10:59 AM
|
ရင်ဘတ်ကြွေရာမြေ
Be the first to comment!
Unknown
|
10:59 AM
|
ရင်ဘတ်ကြွေရာမြေ
Be the first to comment!
Unknown | 10:59 AM |
ရင်ဘတ်ကြွေရာမြေ
ကျမက
ရုပ်တော့မချောဘူး . . . သဘောတော့ကောင်းတယ်။
ပိုက်ဆံတော့မချမ်းသာဘူး . . . စေတနာတော့ကောင်းတယ်။
ပညာတော့မတက်ဘူး . . . . လူလိုသူလိုတော့နားလည်တယ်။
အမျိုးတွေထဲမှာတော့ စစ်အာဏာရူးတွေ လွှတ်တော်အမတ်တွေတော့မရှိဘူး . . . သတ္တိတော့ရှိတယ်။
သေနပ်တော့မရှိဘူး . . . လက်ဝါးကတော့ပြင်းတယ်။
ကဲပါလေ . . . .
မယုံရင် အိမ်လာကြည့်
မြန်မာပြည်ဆိုတော့
မီးအမြဲပျက်တယ် . . . . . ရကတော့မလဘူး ။
အဲ . . . အဲဒါကိုတောင်
အမေရိကန်မှာပြောနေကြတယ်
မြန်မာပြည်ဟာ သူ့နေရာသူပြန်ရသွားပြီ တဲ့။
အောက်မလေး . . . တော် . . .
အဲဒီပါးစပ်ပိုင်ရှင်တွေ
မြန်မာပြည်
နွေရာသီမှာ . . . .မီးပျက်တဲ့အကြောင်း
မိုးရာသီ . . . မြို့လည်ခေါင် လှေနဲ့သွားရတဲ့အကြောင်း
သိရအောင် လာကြည့်လှည့်လေ။

ခဏလေးပါ
Unknown
|
10:12 AM
|
ရင်ဘတ်ကြွေရာမြေ
Be the first to comment!
Unknown
|
10:12 AM
|
ရင်ဘတ်ကြွေရာမြေ
Be the first to comment!
Unknown | 10:12 AM |
ရင်ဘတ်ကြွေရာမြေ
မြန်မာဟာ . . .
အရင်ကတည်းကိုက ကမ္ဘာမှ တကယ်လှအောင်ဝေငှပြီးသားပါ။
အဲဒီနေရာလေးမှာ ပြည်သူပြည်သားတွေ . . .
ယဉ်ကျေးပြူငှာတဲ့ တရိစ္ဆာန်လေးတွေ . . .
ဒီလိုနေနေကြတာပါ။
ဒါကို
သဘာဝဓမ္မကျူး
သာရဲစစ်ဘီလူးတွေက လောဘဇောတက် ခရိုနီတို့တစ်ဘက်နဲ့
မြန်မာပြည်ကိုပါမက
ကမ္ဘာ့သက်တမ်းကိုပါတိုစေခဲ့တယ်။
ဒါကြောင့်မို့ပြောချင်ပါတယ်
စစ်အာဏာရူး လူ့ဘီလူးကြီးနေ၀င်းမှာတိုင်
စစ်တပ်ကိုလိုသလိုသုံး စစ်ဘီးလူးကြီးသန်းရွှေမှ
သူမြှောက်ဆိုမြှောက် . . သူထိုင်ဆိုထိုင် . . .
သူပိုင်ပိုင်ကြိုးကိုင်လို့ရတဲ့ သိန်းစိန်အထိ
အခြေချ မနေရဘူးသေးတဲ့ . . . . ကမ္ဘာအရပ်ရပ်ကသူတွေရေ
ဘာတဲ့
မြန်မာဟာ သူ့နေရာကို သူပြန်ရပြီ တဲ့။
ဟုတ်လား . . . တကယ်လား . . . ညာတီးဝါဖြီးလား
ဒါဆိုရင်
တို့မြန်မာပြည်ကို ခဏလောက်လာနေကြည့်ပါလား။
မြန်မာဟာ . . .
အရင်ကတည်းကိုက ကမ္ဘာမှ တကယ်လှအောင်ဝေငှပြီးသားပါ။
အဲဒီနေရာလေးမှာ ပြည်သူပြည်သားတွေ . . .
ယဉ်ကျေးပြူငှာတဲ့ တရိစ္ဆာန်လေးတွေ . . .
ဒီလိုနေနေကြတာပါ။
ဒါကို
သဘာဝဓမ္မကျူး
သာရဲစစ်ဘီလူးတွေက လောဘဇောတက် ခရိုနီတို့တစ်ဘက်နဲ့
မြန်မာပြည်ကိုပါမက
ကမ္ဘာ့သက်တမ်းကိုပါတိုစေခဲ့တယ်။
ဒါကြောင့်မို့ပြောချင်ပါတယ်
စစ်အာဏာရူး လူ့ဘီလူးကြီးနေ၀င်းမှာတိုင်
စစ်တပ်ကိုလိုသလိုသုံး စစ်ဘီးလူးကြီးသန်းရွှေမှ
သူမြှောက်ဆိုမြှောက် . . သူထိုင်ဆိုထိုင် . . .
သူပိုင်ပိုင်ကြိုးကိုင်လို့ရတဲ့
အခြေချ မနေရဘူးသေးတဲ့ . . . . ကမ္ဘာအရပ်ရပ်ကသူတွေရေ
ဘာတဲ့
မြန်မာဟာ သူ့နေရာကို သူပြန်ရပြီ တဲ့။
ဟုတ်လား . . . တကယ်လား . . . ညာတီးဝါဖြီးလား
ဒါဆိုရင်
တို့မြန်မာပြည်ကို ခဏလောက်လာနေကြည့်ပါလား။

Monday, May 20, 2013
ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေသေး
Unknown
|
10:53 AM
|
ရင်နဲ့ . . . ရင်းခဲ့ရသောဆောင်းပါး
Be the first to comment!
Unknown
|
10:53 AM
|
ရင်နဲ့ . . . ရင်းခဲ့ရသောဆောင်းပါး
Be the first to comment!
Unknown | 10:53 AM |
ရင်နဲ့ . . . ရင်းခဲ့ရသောဆောင်းပါး
ဒီငရဲခွေးတွေက
လွတ်နေတာမဟုတ်ဘူး ဖမ်းလို့ကိုမရသေးတာ ဒကာကြီးရဲ့။ ဘယ်လိုဖမ်းရမလဲ
တရုတ်ကသူ့စားကျက်ဖြစ်နေလေတော့ စားကျက်စောင့်ခွေးအဆင့်ရဲ့တဲ့ ငရဲခွေးတွေကို
အခြားနိုင်ငံကြီး တွေက ဖမ်းရတာ ခက်နေတယ်။ ဒါကိုမြန်မာပြည်သူအချို့ကနားပါး မလည်တော့
ယတြာကောင်းနေတယ်ဆိုပြီး သူတို့ပါ ယတြာနောက်လိုက်နေကြတယ်။ တကယ်ကတော့
သန်းရွှေတို့သိန်းစိန်တို့ဆိုတာ တရုတ်အစိုးရရဲ ကိုလိုနီခွေးဝဲစားလေးတွေပါ။
ဘာမှအထင်ကြီးစရာမရှိပါဘူး ။ ဒါကို ဦးဖင်းတို့ပြည်သူတွေသိစေချင်ပါ တယ်။ ဒီလိုအာဏာရူးတွေရဲ့ လက်ကနေအမြန်လွတ်အောင် ငရဲခွေးကိုအရင်မိအောင်ဖမ်းရမယ်ဆိုတာကိုသိဖို့ပါပဲ။
ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေသေးဟံသာဝတီ ဦးဝင်းတင်
မေ ၁၉ ၊ ၂၀၁၃
မိုးမခ
-----------------------------
ဒီရက်ပိုင်းအတွင်း မြန်မာ အင်ဒီပဲန်ဒင့်ဂျာနယ်မှာ ဆန်းဆန်းထူးထူး စာတစ်ပုဒ် ဖတ်လိုက်ရတယ်။ တိုတို ပြောရရင် ဒီလိုဗျာ။ ဂျာနယ်ထဲမှာ ဖတ်လိုက်ရတဲ့ စာက ဂျာနယ်တွေထဲ၊ သတင်းစာတွေထဲမှာ ဖတ်ရလေ့ မရှိတဲ့စာဗျ။ ရေးတဲ့သူက ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်း “ကျောင်းသားလှုပ်ရှားမှု”ဆိုတဲ့ ဧရာမကျမ်းကြီးကို ပြုစုခဲ့သူ။ သူ့နာမည်က ကိုအောင်ထွန်း။
ကိုအောင်ထွန်းကို စစ်အာဏာရှင် အစိုးရက တစ်ချိန်က ဖမ်းဆီးခဲ့တယ်။ ချုပ်နှောင်ခဲ့တယ်။ ပြီးတော့ ထုံးစံ အတိုင်းပေါ့။ ညှဉ်းပန်းခဲ့တယ်။ နှိပ်စက်ခဲ့တယ်။ အားလုံးပြီးတော့ ဆိုပါစို့ ။ ထုံးစံအတိုင်း သံတိုင်နောက်က ထောင်ငရဲခန်းထဲ သွင်းလိုက်တယ်။ ထုံးစံအတိုင်း ထောင်ထဲမှာ နှစ်ပရိစ္ဆေဒတွေ အကြာကြီး ပိတ်လိုက်တယ်။ထုံးစံအတိုင်း သူ့ကို လူ့ငရဲခန်းထဲပိတ်ထားခိုက် စစ်ထောက်လှမ်းရေး ယမမင်းတို့ လုပ်ကြံမှုတွေစိတ်ကြိုက်လုပ်ကြတယ
ဒီလို မတရား ချုပ်နှောင်မှုတွေ၊ ညှဉ်းပန်းမှုတွေ ၊ ငရဲခန်း သွင်းပိတ်မှုတွေ ထောင်တွင်း လုပ်ကြံမှုတွေ၊ လွတ်ချိန်သင့်လို့ လွတ်ခွင့်ကြုံလာရင်တောင် အကျဉ်းသားရဲ့လူ့သိက္ခာ၊ နိုင်ငံရေး သိက္ခာ၊ ယုံကြည်ချက် သိက္ခာကို ဖဲ့ခြွေချိုးဖျက်တဲ့ ခံဝန်ချက် အမျိုးမျိုးကို လက်မှတ်ထိုး ခိုင်းတာတွေ၊ အဲဒါတွေ အားလုံးအတွက် စစ်အာဏာရှင် ပါးကွက်သားတွေ ငါတို့ (နိုင်ငံရေး အကျဉ်းသားတွေ)ကို ဝန်ချတောင်းပန်ရမယ်။ ငါတို့ အဖွဲ့အစည်းတွေကို ဝန်ချ တောင်းပန်ရမယ်။ ငါတို့ ဘက်က ရပ်တည်ခဲ့တဲ့ ပြည်သူလူထုတွေကို ဝန်ချ တောင်းပန်ရမယ်တဲ့။
မြန်မာအင်ဒီပဲန်ဒင့် ဂျာနယ်မှာ လွှင့်လိုက်တဲ့ ကိုအောင်ထွန်းရဲ့အသံက ကြေညာချက်ပုံစံနဲ့ ထွက်လာတယ်။ သူ့အသံက စစ်အာဏာရှင်ဟောင်းကြီး ချုပ်နှစ်ချုပ်ကို နာမည်နှင့်တကွ လူကောင်ဆွဲထုတ် စွပ်စွဲတာ ဖြစ်တယ်။ သူ့အသံ က ပြည်သူလူထုကြီးတစ်ရပ်လုံးကို သိကြားစေ သက်သေညွှန်းတဲ့ ပုံစံမျိုးနဲ့ ဖွင့်ချတာ ဖြစ်တယ်။
အဲသလို နိုင်ငံရေး အကျဉ်းသားဟောင်း အကျော်ဇေယျတစ်ဦးရဲ့ အသံကို ကျွန်တော် ထွေထွေထူးထူး ပြောစရာမရှိပါဘူး။
ထပ်ဆင့် သဘောတူတယ်။
ထပ်ဆင့် ထောက်ခံတယ်။
ထပ်ဆင့် ဆန္ဒပေးတယ်။
ဒီလိုပဲ လိုရင်းကိုတိုတိုရှင်းရှင်း ပြောစရာရှိတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း ကိုအောင်ထွန်းလိုပဲ လူ့ငရဲကို ဖြတ်သန်း ခဲ့သူ။ ဒီတော့ နောက်ထပ် ထပ်ဆင့်ပြောစရာတွေ ရှိတယ်။ နည်းနည်းပြောပါရစေ။
အားနာလို့ နည်းနည်းပြောပါရစေ ခွင့်တောင်းတာ။ ပြောစရာတွေ ကတော့ အများကြီး။
၁၉၈၉ ဇူလိုင် ၃ ရက်မှာ ကျွန်တော်ထောင်ထဲ ရောက်တယ်။ အဲဒီနှစ် စက်တင်ဘာ ၃ဝ ရက်မှာ ထောင်ဒဏ်အပြစ် ပေးခံရတယ်။ ၃ လလောက် အကြား ကာလမှာ ကျွန်တော်ဟာ အချုပ်သား။ ပြစ်ဒဏ်ကျခံရတဲ့ ထောင်သား မဟုတ်သေးဘူး။ အပြစ် တစ်စုံ တစ်ရာ ရှိတယ်လို့ သတ်မှတ်ခြင်း ခံရတဲ့သူ မဟုတ်သေးဘူး။
ဒါပေမယ့် ကျွန်တော်ညှဉ်းပန်းမှုတွေ ခံရတယ်။ နှိပ်စက်မှုတွေ ခံရတယ်။ အများကြီး ခံရတယ်။ ကြိမ်ဖန်များစွာ ခံရတယ်။ ညမအိပ် နေ့မနား ရက်ပေါင်းများစွာ ခံရတယ်။ ညှဉ်းပန်းသမျှကို ဝမ်းဟင်းလင်းနဲ့ လည်စင်းခံရတယ်။
ဒါက အချုပ်သားဘဝ(အပြစ်မဲ့ ဘဝ)နဲ့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာ။
ထောင်သားဘဝ (အပြစ်ကျဘဝ) ရောက်တော့ကော။ မေးနေစရာ မလိုပါဘူး။ ပိုလို့သာ ဆိုးလာတော့တာပေါ့။ စစ်ထောက်လှမ်းရေးက ထောင်ထဲ မှာပဲ တပ်စွဲနေတာကိုး။ လာချင်ရင် အနီးလေး ဖြစ်နေတော့တာပေါ့။ အပြင်နိုင်ငံရေးက ချွတ်ချွတ်ပျက်ပျက် ဖြစ်နေတယ်။ ဒီတော့ ထောင်ထဲမှာ ကျွန်တော်တို့ ဖွတ်ဖွတ်ညက်ညက်ကြေနေကြရတော့တာပေ
၁၉၉၁ ကနေ ၁၉၉၈ အထိ သွား ဝတ်လစ်စားလစ် ပါးစပ်နဲ့ ထောင်ထမင်းကြမ်း ဟပ်နေခဲ့ရတယ်။ ၇ နှစ်အကြာ ၁၉၉၈ ရောက်မှ သွားတုတပ်ခွင့် ပေးတယ်။
ပိုဆိုးတာ နောက်တစ်ခု ရှိသေးတယ်။
၁၉၉ဝ ဇန်နဝါရီမှာ ကျွန်တော် အူကျရောဂါ ရတယ်။ အိပ်ရာထဲ ဗုန်းဗုန်း လဲတဲ့အဖြစ် ဆိုက်တယ်။ အာဏာပိုင်တွေက ဘာကုသမှုမှ မလုပ်ပေးဘူး။ ပြောမရ ဆိုမရဘဲ။ ၅ နှစ်တိတိ ကြာတယ်။ နောက်ဆုံး အူတွေခေါက် သေမလောက် ဖြစ်မှ ဆေးရုံပို့တယ်။
ရန်ကုန်ဆေးရုံကြီး ခွဲစိတ်ခန်းထဲကို တိုက်ရိုက်ပို့ရတယ်။ ခွဲစိတ်ရတယ်။ လူတော့ မသေဘူး။ မွေးရာပါ တစ်ရှဉ်းတော့ “နတ်သင်း” ဖြစ်ရတယ်။
အဆိုးတကာ့ ထိပ်ခေါင် လူ့ငရဲ မီးလောင်ခံရတဲ့ အဖြစ်က ဒီလို။
၂ဝဝ၅ ဇူလိုင် ၆ ရက် မနက်မှာ ကျွန်တော့်ကို လွှတ်ပေးမယ်လို့ လာပြောတယ်။ ထောင်မှူးက ခေါ်ထုတ်တယ်။ လွှတ်မယ့် အကျဉ်းသား ၁ဝဝ ကျော်နဲ့ ဆုံရတယ်။ လွှတ်ဝရမ်းရေးဖို့ ကျွန်တော်တို့ တစ်တွေကို ကိုယ်မှတ်စစ် တယ်။ ထောင်ကျ တုန်းက မှတ်တမ်းယူ ထားခဲ့တဲ့ ကိုယ်အင်္ဂါ အမှတ်အသားတွေနဲ့ ပြန်ညှိတယ်။ အားလုံးပြီးတော့ လွှတ်ဝရမ်း ပေးတယ်။ ညျွန်မှူးရုံး အစည်းအဝေးခန်းမထဲ သွင်းတယ်။ အကျဉ်းဦးစီးညွှန်ချုပ် ဗိုလ်မှူးကြီး ဇော်မင်းက ဩဝါဒ ပေးတယ်။
နောက်ဆုံးအတန်းမှာ ထိုင်နေ တဲ့ ကျွန်တော့်ကိုညွှန်ချုပ်က နာမည် ခေါ်တယ်။ ရှေ့ဆုံးတန်းကို ဖိတ် တယ်။ ရှေ့ဆုံးရဲ့ ရှေ့ မှာ အပြင်က တရားသူကြီးတွေ၊ ဥပဒေ အရာရှိ ကြီးတွေ၊ ရဲအရာရှိကြီးတွေ၊ ထောင် အရာရှိကြီး တွေ ထိုင်နေတယ်။ညွှန်ချုပ်က သူ့ဩဝါဒထဲမှာ ကျွန်တော့်နာမည်ကို တကြော်ကြော် ခေါ်-အော်-ဖော်တယ်။
“ဆရာကြီး ဦးဝင်းတင်လည်း ဒီနေ့လွတ်ပြီ။ ကျွန်တော်တို့က ဆရာကြီးစာတွေကို ဖတ်ပြီး ကြီးခဲ့တာ။ ဆရာကြီး ကျန်းမာ ချမ်းသာ လိုရာဆန္ဒ ပြည့်ပါစေ”
ညွှန်ချုပ် ဩဝါဒ ဆုံးတော့ အားလုံး ခန်းမထဲက ထွက်ကြတယ်။
ထောင်ဘူး(တံခါးမကြီးခန်းမ)ထဲကို
ကျွန်တော်တို့ လူသိုက်က ၁ဝ ယောက်။ ကျား ၈၊ မ ၂ ။ (ကျား ၈ ထဲမှာ ဒီချုပ်ခေါင်းဆောင် တစ်ယောက်ပါတယ်။ တောင်ငူမြို့က ဦးအောင်စိုးမြင့်။ ၁၉၉ဝ အထွေထွေရွေးကောက်ပွဲမှာ အရွေးခံခဲ့ရသူ။ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း အရွေးခံရသူ။ အခု နေပြည်တော်မှာ လွှတ်တော် တက်နေတယ်)။ ထမင်းစားပြီးရုံ ရှိသေး။ ထောက်လှမ်းရေး ၂ ယောက် ကျွန်တော့်ကို လာခေါ်တယ်။ အကျရုံးကို လိုက်သွားရ တယ်။ အကျရုံးမှာ တစ်အောင့်လောက် မကြာဘူး။ ခေါင်းစွပ်စွပ်ပြီး အပြင်ခေါ်ထုတ်ပြန်တယ်။ တစ်နေရာ ရောက်လို့ ခေါင်းစွပ် ချွတ်တော့။ လားလား ကျွန်တော်မနက်က ထွက်လာခဲ့တဲ့ ထောင်ခန်း။ မနက် ထွက်လာတုန်းက ရှိရှိသမျှ ဘုဉ္ဇာဟိ လုပ်ခဲ့လို့ အခန်းက ပြောင်တလင်းခါနေတယ်။ စားစရာ နတ္တိ၊ ခြုံစရာ ဝတ်စရာ ဘာမျှမရှိ။ ရေသောက်စရာ ခွက်မှ မကျန်။ မိုးသာ စုန်းစုန်းချုပ် သွားတယ်။ ဘယ်သူဘယ်ဝါမှ ကျွန်တော့်အခန်း ပေါ်မလာ။ ကျွန်တော့်ကို ဘာစကား တစ်ခွန်းမှ လာမပြော။
ဒီလိုနဲ့ နောက်ထပ်ထောင်ထဲ မှာ ၂နှစ်ကျော်အပိတ်ခံခဲ့ရပြန်တယ်။ ၂ဝဝ၈ စက်တင်ဘာ ၂၃ မှကျွန်တော် ထောင်က တကယ်လွတ်တယ်။
ထောင်သမိုင်းမှာ ကျွန်တော့်လို ရာဇဝင် ရိုင်းခဲ့တဲ့သူ မရှိခဲ့ဘူး။ ကျွန်တော် ကြားဖူးနားဝ ရှိသလောက် တစ်ယောက်မှ မရှိခဲ့ဘူး။ လူထုဦးလှလို ပုဂ္ဂိုလ် ထောင်ဒဏ် ပြန်ကျော့ခဲ့ရဖူးတယ်။ လွတ်ရက် ရောက်တော့ သူ့ကိုထောင်ဗူးဝရုံး ပို့တယ်။ လွှတ်ဝရမ်း ပေးတယ်။ နောက်ထပ် ပုဒ်မ ၁ဝ (ဃ) ကပ်တယ်။ ထောင်ထဲပြန်သွင်းတယ်။ ထောင်ပြန်ကျတယ်။
ကျွန်တော် အင်းစိန်ထောင်မှာ ရှိနေတုန်း ကွန်မြူနစ်ဗဟိုက ကိုသက်ခိုင်လည်း ထောင်ကျနေတယ်။ တစ်ရက်မှာ သူ့လွတ်နေ့ စေ့တယ်။ စစ်ထောက်လှမ်းရေးတွေ သူ့အခန်းရှေ့ ရောက်လာကြတယ်။ လွှတ်ဝရမ်း ဖတ်ပြတယ်။ ပြီးတော့ ပုဒ်မ ၁ဝ(ဃ)ကပ်တယ်။ သူလည်း တစ်ကျော့ပြန် ထောင်ကျတယ်။
ဒီကိစ္စတွေ ကျွန်တော် သိသားပဲ။ ကြားဖူးသားပဲ။ ဒါပေမယ့် ကျွန်တော့် အဖြစ်နဲ့ မတူကြဘူး။ ကျွန်တော်က လွတ်ပြီးသားလူ။ လွတ်တာမှ ကွင်းလုံးကျွတ် လွတ်ပြီးသားလူ။ ထောင်လုပ်ငန်း သဘောအရ အားလုံး၊ အကုန်လုံး၊ အူတွင်းချေးခါး မကျန် စစ်ပြီးဆေးပြီး မေးပြီး မြန်းပြီး ရာခိုင်နှုန်းပြည့် လွတ်ပြီးသားလူ။ နောက်ထပ် ဘာပုဒ်မမှ မကပ်။ နောက်ထပ် ဘာတရားမှ မစွဲ။ နောက်ထပ် ဘယ်ရုံးမှ မတင်။ ကျွန်တော့်ကို နောက်ထပ် ၂ နှစ်ကျော် ထောင်ထဲသွင်း ပိတ်ထားခဲ့တာဟာ ဘာသဘောလဲ။ ဘာအဓိပ္ပာယ်လဲ။ ဘယ်လို ဖြေရှင်းမလဲ။ ဘယ်လို ခုခံချေပမလဲ။
ဗြောင် မတရားချုပ်နှောင်တာ။ အရပ်စကားနဲ့ ပြောရရင် “ဘလိုင်း” မတရား ချုပ်နှောင်တာ။ ဥပဒေမဲ့ မတရား ချုပ်နှောင်တာ။ စစ်အာဏာရှင်တွေ မတရားလုပ်တာ။ စစ်အစိုးရက နိုင်ငံသားတစ်ဦး အပေါ် တရားမဲ့ပြုတာ။
ကိုင်း… ဥပဒေ ပညာရှင်တွေ ကျွန်တော့်အမှုကို ဘယ်လို အဆုံးအဖြတ် ပေးကြမလဲ။ စစ်အာဏာရှင် တွေကို ဘယ်လို ခုခံကာကွယ်ကြမလဲ။ ကျွန်တော့်ကို ဘယ်လို စောင့်ရှောက် ကြမလဲ။ တရားဥပဒေ စိုးမိုးရေး မရှိခဲ့လို့ ဒီလိုဖြစ်ခဲ့တာလို့ ပြောကြမှာလား။ စစ်အာဏာရှင် ခေတ်က တရား ဥပဒေမဲ့ခဲ့လို့ ဒီလိုဖြစ်တာလို့ ပြောကြမှာလား။
ဒီလို စစ်အာဏာရှင်တွေ၊ စစ်အာဏာရှင် အစိုးရတွေ၊ စစ်အာဏာရှင် ပါးကွက်သားတွေ၊ စစ်အာဏာရှင် လက်ပါးစေတွေ၊ စစ်အာဏာရှင် လက်ကိုင်တုတ်တွေ၊ စစ်အာဏာရှင် ကပ်ပါးတွေ၊ မတရား လုပ်ခဲ့ကြတာတွေ တရားမဲ့ ကျူးလွန်ခဲ့ကြတာတွေ၊ အားလုံးကို သင်ပုန်းချေ ပစ်လိုက်ရမှာလား။
သူတို့အားလုံးကို ဝန်ချ တောင်းပန် ခိုင်းကြမှာလား။
သူတို့အားလုံးကို ပြည်သူ့ခုံရုံးတင်၊ စစ်ဆေး အပြစ်ပေး ကြမှာလား။
သူတို့အားလုံးကို နိုင်ငံတကာ ခုံရုံးတင် စစ်ဆေး အပြစ်ပေး ကြမှာလား။
နိုင်ငံရေးအကျဉ်းသားတွေ အားလုံးအတွက် သူတို့အားလုံးဆီက နစ်နာကြေး၊ လျော်ကြေး၊ တောင်းပန်ကြေး၊ ကန်တော့ကြေး တောင်းကြမှာလား။
စစ်အာဏာရှင်တွေကို နိုင်ငံရေး အမွေဆက်ခံတဲ့ စစ်တစ်ပိုင်း အစိုးရတစ်ခုလုံးကို သမဝါယမအစိုးရအဖွဲ့ လုပ်ခိုင်းကြမှာလား။
လုပ်ချင်တာ လုပ်။ လုပ်သင့်တာ လုပ်။ လုပ်ဖို့လိုတာ လုပ်ကြပါ။
ကောင်းတာချည်းပါပဲ။ ကျွန်တော် ထောက်ခံ ပါတယ်။
အရေးတော်ပုံ တပ်သား တစ်ယောက်အနေနဲ့ သဘောထား ပြောပါလို့ မေးမလား။ နိုင်ငံရေး အကျဉ်းသား ဟောင်းတိုင်းက ဒီလို ပြောကြလိမ့်မယ် ထင်တယ်။
စစ်အာဏာရှင်တွေ တစ်မြုံလုံးကို
ကမ္ဘာမကျေဘူးဟေ့။ ဗမာမကျေဘူးဟေ့။ ငါမကျေဘူးဟေ့။
ကျွန်တော်တစ်ယောက်ထဲရဲ့ ထပ်ဆင့်သဘောထား ဘယ်လို လဲလို့ ထပ်ဆင့်မေးမလား။ ဒီလို ဖြေမိမယ် ထင်တယ်။
စစ်အာဏာရှင်တွေဟာ သမိုင်းကြွေး ဆပ်ကြရမယ့် တာဝန်တွေကလည်း ကင်းလွတ်ခွင့် ရနေကြတယ်။ တရားဥပဒေ ကြွေးဆပ်ကြရမယ့် တာဝန်တွေကလည်း ကင်းလွတ်ခွင့် ရနေကြတယ်။ ကွယ်လွန်သူ စာရေး ဆရာကြီး သတင်းစာ ဆရာကြီး အိုးဝေဦးညိုမြ စကားလုံးအတိုင်း “ငရဲခွေးကြီးလွတ်နေဆဲ” (Hell Hound at Large) လို့ ပြောရမှာပေါ့။
နောက်တစ်မျိုး ပြောရမယ်ဆိုရင် ဒီလို ပြောပြချင်တယ်။
“ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေသေးတယ်”။
ဟံသာဝတီ ဦးဝင်းတင်
မြန်မာ အင်ဒီပဲန်ဒင့်ဂျာနယ်။ ။ အောက်တိုဘာ ၁၃၊ ၂၀၁၂
ပည်သူတွေမစားရတဲ့ သံယံဇာတတွေ နျူကလိယစာပဲကျွေးပစ်လိုက်ချင်သည်။
Unknown
|
10:25 AM
|
ရင်နဲ့ရင်းခဲ့ရသော . . . သတင်းများ
Be the first to comment!
Unknown
|
10:25 AM
|
ရင်နဲ့ရင်းခဲ့ရသော . . . သတင်းများ
Be the first to comment!
Unknown | 10:25 AM |
ရင်နဲ့ရင်းခဲ့ရသော . . . သတင်းများ
ကိုသောင်း ပုလဲမြေ shared 想笑死我才甘愿!?'s video: 非洲豹的隐恻之心.
非洲豹的隐恻之心
非洲豹的隐恻之心
国家地理频道摄影小组,花了三年的时间,追踪这隻名叫Legadema的非洲豹,纪录牠从出生后三年来的珍贵画面。
在一次的猎杀中,牠轻而易举的扑杀了一隻母狒狒,当牠正准备将猎物移到树上享用时,突然发现母狒狒的脚上,竟然还有一隻小狒狒紧紧抓住母亲不放,当牠发现 这隻才刚出生的小狒狒时,似乎感到相当困惑与内疚,不仅没有伤害小狒狒,反而还守护着小狒狒,遇到不怀好意的鬣狗接近时,犹如极力保护子女的母亲般,龇牙 裂嘴予以吓阻并提高警戒。
夜深了,花豹叨起小狒狒到安全的地方,像妈妈般温柔地舔着小狒狒,最后相依在一起渡过寒夜。
或许是因为牠咬死了小狒狒的母亲,而对小狒狒的一丝歉疚,不管牠会保护小狒狒多久,这一幕是令人动容的,连凶勐的非洲豹都有恻隐之心,为何有些人却不能将心比心
更多视频分享 LIke 想笑死我才甘愿!?

Length: 4:38
အင်း . . တရိစ္ဆာန်တွေမှာတောင် ရှိတက်တဲ့စိတ်ကလေး နဲနဲလောက် မြန်မာနိုင်ငံခေါင်းဆောင်ဆက် ဆက်မှာ ပါခဲ့ရင် အခုအချိန်ဆိုရင် ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်လောက်ပြီပေါ့။ မြန်မာပြည်သူပြည်သား တွေဟာ သဘာဝတရားမြန်မာပြည်ကြီးကပေးတဲ့ သံယံဇာတတွေကို အကျိုးရှိရှိသုံးရင်း ကမ္ဘာ့ယဉ်ကျေးမှုသက်တမ်းကိုပါ ထိမ်းထားနိုင်တာပေါ့။ အခုတော့ အားလုံးနီးပါးပျက်သုန်းပုံရိပ်ေ တွနဲ့ ပြည်သူတွေဟာ မျက်ရည်တွေကြလို့ သောကတွေနဲ့ပေါ့။ အဖြေရှာပေးမယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ခမျာလည်း အဖြေမရ(၂၀၁၅)သေချာဖို့အတွက် မျက်ဖြူဆိုက်နေရပြီလားမသိ . . . ဦးဇင်းထင်ပါတယ် မြန်မာပြည်ကပြည်သူပြည်သားတွေက (ငရဲကလာသူပြာပူမကြောက်)ကိန်းဆို က်နေရပါပြီ။ မထူးတော့ပါဘူး။ မစားရတဲ့အမဲ သဲနဲ့ပတ်ပစ်တာပဲကောင်းမယ်ထင်တယ် ။ တောရိုင်းတရိစ္ဆာန်လောက်တောင်မှအ သိတရားမရှိတဲ့ဒီစစ်အာဏာရူးအရေခွံလဲသမားတွေကို တရိစ္ဆန်အကျင့်ပြန်ကျင့်မှတော်တော့မည်။ ပြည်သူတွေမစားရတဲ့ သံယံဇာတတွေ နျူကလိယစာပဲကျွေးပစ်လိုက်ချင်သည်။
National Geographic အသံလွှင့်ဌာနက အဖွဲ့တစ်ဖွဲ့ဟာ အချိန်သုံးနှစ်ပေးပြီး Legademaလို့ခေါ်တဲ့ အာဖရိကကျားသစ်နောက်လိုက်ပြီး ကျားသစ်ရဲ့နေထိုင်လှုပ်ရှားပုံတွေကို ရိုက်ကူးခဲ့တယ်။ အဲဒီလို လိုက်လံရိုက်ကူးရင်းက ၃နှစ်ကျော်အကြာမှာ ဒီအဖိုးတန်မြင်ကွင်းကို ရိုက်ကူးမိခဲ့ပါတယ်။
သားရိုင်းတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တဲ့ကျားသစ်ဟာ တစ်နေ့မှာ မျောက်မတစ်ကောင်ကို အလွယ်တကူဖမ်းမိခဲ့တယ်။ မျောက်သေကိုစားဖို့ သစ်ပင်ပေါ်ဆွဲတင်ချိန် မျောက်မရဲ့ခြေထောက်မှာ မျောက်ကလေးတစ်ကောင် ဖက်နေတာတွေ့လိုက်တယ်။ ရုတ်တရက်တွေ့လိုက်ရတဲ့ ဒီမျောက်ကလေးကြောင့် ကျားသစ်အားတုံ့အားနာဖြစ်သွားသလို ဘာလုပ်ဘာကိုင်ရမှန်းမသိ ဖြစ်သွားပုံရပါတယ်။
မျောက်ကလေးကို သူ မနာကျင်စေခဲ့သလို တောခွေးရန်ကလည်း ကာကွယ်ပေးခဲ့တယ်။
ညရောက်ချိန်မှာ ကျားသစ်ဟာ မျောက်ကလေးကို ဘေးကင်းလုံခြုံတဲ့နေရာမှာထားပြီး မိခင်သဖွယ် ဂရုစိုက်ခဲ့တယ်။ မျောက်မိခင်ကိုသတ်မိလို့ မျောက်ကလေးကို သူ အားနာမိတယ်ထင်ပါရဲ့... မျောက်ကလေးကို သူဘယ်အချိန်ထိ ထိန်းသိမ်းစောင့်ရှောက်နိုင်မှန်းမသိပေမယ့်
ဒီရိုက်ကွက်က ကြည့်သူရင်ကို နာကျင်ဆို့နင့်စေတာအမှန်ပဲ။ ရိုင်းစိုင်းကြမ်းကျုတ်တဲ့ အာဖရိကကျားသစ်မှာတောင် မိခင်စိတ်ဆိုတာ ရှိခဲ့တာပဲလေ..
အမေရိကန်ရောက် သမ္မတ ဦးသိန်းစိန်ကို ပြည်ပဒီမိုကရေစီအဖွဲ့တချို့ ဆန္ဒပြ
Unknown
|
10:14 AM
|
ရင်နဲ့ရင်းခဲ့ရသော . . . သတင်းများ
Be the first to comment!
Unknown
|
10:14 AM
|
ရင်နဲ့ရင်းခဲ့ရသော . . . သတင်းများ
Be the first to comment!
Unknown | 10:14 AM |
ရင်နဲ့ရင်းခဲ့ရသော . . . သတင်းများ
ဒီလိုပဲလေ
. . .ဒါ့ကြောင့် မြတ်ဗုဒ္ဓက ကံဟူသည်ကား နွားနောက်ကလိုက်ပါရမြဲဖြစ်သော
လှည်းဘီးကဲ့သို့ပင်တည်း . . . . လူတစ်ယောက်၏အရိပ်ကဲ့သို့ပင် . . . .
စသည်ဖြင့်စသည်ဖြင့်ဥပမာပေါင်းများစွာဖြင့် ပုံပြထား၏။ ထိုကြောင့် အကုသိုလ်တရားအလွန်ကြီးမားကြကုန် သော
မြန်မာပြည်ရှိဦးနေ၀င်းမှစက ယနေ့တိုင်အောင်ရှိကြမြဲ ရှိကြဆဲဖြစ်သော
သူတို့သည် မိမိတို့ပြုလုပ်အပ်သော အကုသိုလ်တရားတို့သည် အရဟတ္တမဂ်/ ဖိုလ်မရသေးရွေ့
လိုက်ပါရမြဲပင် . . . အမှန်ဆိုသော် ခန္ဓဇာတ်သိမ်းမီးငြိမ်းသွားမှသာလျှင်
သိမ်းစေတော့၏ . . . ဆုံးစေတော့၏ . . .။ ထို့ကြောင့် သင်တို့သည် . .
ငါတို့သည် ထိုအကုသိုလ်သမား ဒေ၀ဒတ်သွားများနှင့်အလားတူကုန်ြ ကသော
အာဏာရူးများအား ထိုသူတို့၏ ဂုဏ်ရှိုန်မြင့်မားမှုကိုတွေ့ရ၍
ဝမ်းမသာမိကြစေနှင့် ထိုသူတို့၏ ကုသိုလ်အကုသိုလ်ကို သာဓုဟူ၍ကိုက
လက်ခံဝေငှယူငင်မိသော် သံသာရာတွင် မိမိတို့အား ထိုအရိပ်တို့သည် ပေးတက်၏ ။
ကြပ်ကြပ်သတိထားမိကြပါစေ။
အမေရိကန်ရောက် သမ္မတ ဦးသိန်းစိန်ကို ပြည်ပဒီမိုကရေစီအဖွဲ့တချို့ ဆန္ဒပြRFA Burmese
သမ္မတ
ဦးသိန်းစိန်နဲ့ Voice Of America ( VOA ) မိသားစုတွေ တနင်္ဂနွေနေ့
ညနေပိုင်းက တွေ့ဆုံပွဲကျင်းပခဲ့ရာမှာ အမေရိကန်ပြည်ထောင်စုရောက်
ဒီမိုကရေစီအဖွဲ့အစည်းတချို့က ၀ါရှင်တန်ဒီစီ VOA ရုံးရှေ့မှာ
ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာပါဝင်သူ နိုင်ငံတကာ မြန်မာအမျိုးသားကွန်ဂရက်ဖေါင်ဒေးရှင်း
(IFBNC) အလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်သန်းက
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့အပြောင်းအလဲတွေ ပေါ်ပေါက်မလာသေးတဲ့အတွက်
ဦးသိန်းစိန်အစိုးရကို ဆန္ဒပြကြတာဖြစ်ကြောင်းပြောပါတယ်။
“သံဃာတွေကို မီးလောင်တိုက်သွင်းတယ်ဆိုတာပါမယ်၊
မဲလိမ်မဲခိုးတဲ့အစိုးရ အလိုမရှိ၊ အတုအယောင် ဒီမိုကရေစီ အလိုမရှိ၊
ခရိုနီစီးပွားရေးစနစ်ကို ဆန့်ကျင်ကြ၊ တရားမျှတမှုရှိတဲ့ စီးပွားရေးစနစ်ကို
တည်ဆောက်ကြ၊ စစ်တပ်ဦးစီးတဲ့ ၂ဝဝ၈ အခြေခံဥပဒေကို ဖျက်သိမ်းပစ်၊
စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး ဒို့အရေး၊ စစ်မှန်သော
ဒီမိုကရေစီတော်လှန်ရေး အောင်ရမည်၊ ကြွေးကြော်သံတွေက များကြီးတော့အများကြီး”
ဆန္ဒပြပွဲမှာ US Campaign for Burma အဖွဲ့၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အစ္စလာမ်အဖွဲ့တွေ လာရောက်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာပါဝင်သူ နိုင်ငံတကာ မြန်မာအမျိုးသားကွန်ဂရက်ဖေါင်ဒေ
“သံဃာတွေကို မီးလောင်တိုက်သွင်းတယ်ဆိုတာပါမယ
ဆန္ဒပြပွဲမှာ US Campaign for Burma အဖွဲ့၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အစ္စလာမ်အဖွဲ့တွေ လာရောက်ခဲ့ကြပါတယ်။
ပြည်သူ့အကျိုးလိုလားလို့အမှိုက်ကောက်မယ့် ဦးကျော်သူကိုအမှိုက်မကောက်ရအမိန့်ထုတ်ပြန်
Unknown
|
8:40 AM
|
ရင်နဲ့ရင်းခဲ့ရသော . . . သတင်းများ
Be the first to comment!
Unknown
|
8:40 AM
|
ရင်နဲ့ရင်းခဲ့ရသော . . . သတင်းများ
Be the first to comment!
Unknown | 8:40 AM |
ရင်နဲ့ရင်းခဲ့ရသော . . . သတင်းများ

ဦးဇင်းတို့ မြန်မာနိုင်ငံရဲ့အဖြစ်ဟာ အလွန်မတန်ရှက်စရာပါ။ ပိုပြီးရှက်ဖို့ကောင်းနေတာကတော့ စစ်အစိုးရတဖြစ်လည်း နတ်ရေကန်ကျတိုက်ပုံပြောင်းအစိုးရတို့ပါပဲ။ ဘာဖြစ်လို့ ဒီလူတွေဟာ သောက်ရှက်မရှိဘူးလို့ပြောရတာလည်းဆိုတော့ ̏ငါ့စကားနွားရ˝ပြောတာမဟုတ်ပါဘူး။ နာရေးကူညီမှုအသင်းဦးကျော်သူက ကမ္ဘာကြီးကိုသန့်ရှင်းစေချင်လို့ တနည်းအားဖြင့်မြန်မာနိုင်ငံအ၀ှမ်းလုံးကို သန့်ရှင်းရေးအတွက်ပညာပေးကုသိုလ်ဖြစ်အမှိုက်ကောက်တာကို ̏မကောက်ရဘူး˝တဲ့။ သူတို့ဘဲ အမှိုက်ကောက်တာရှက်စရာမဟုတ်ပါအစရှိတဲ့ သီချင်းကိုမြို့တော်မှာဖွင့်ဖွင့်နေတာ နားတောင်ငြီးပါရဲ့။ ဟော့ . . . . အခုဦးကျော်သူတို့က ပြည်သူ့စံပြအနေနဲ့ဂုဏ်ယူချင်လို့မဟုတ်ဘဲ တကယ်ကိုမွန်မြတ်တဲ့စိတ်ထားနဲ့အမှိုက်ကောက်ပါမယ်လည်းဆိုရော မကောက်ရဘူးတဲ့ . . . ဗျာ။ လူသားဆိုတာ သူ့ဓလေ့စရိုက်ဘ၀အခြေအနေအရ မာနဆိုတာပါလာတာပဲ။ ဒါကိုစာမှာ ပဋိသန္ဓေစိတ်လို့ဆိုပါတယ်။ အဲဒီပဋိသန္ဓေစိတ်မှာ မထားသင့်တဲ့မာနမျိုးစေ့လေးက ကပ်နေတယ်။ ဒါကို လူသားတစ်ယောက်အနေနဲ့ မြို့လည်ခေါင်အမှိုက်ပစ်မိတာဟာ အကုသိုလ်စိတ်ဆိုတာကိုသိရမယ် သူနဲ့ဆန့်ကျင်ဘက်အမှိုက်ကောက်စွန့်ပစ်ခြင်းဆိုတာ ကုသိုလ်စိတ်လို့သိရမယ်။ ဒီလိုကွဲပြားခြားနားစွာသိရှိထားကြတဲ့ ကုသိုလ်ရှင်ဦးကျော်သူတို့က မြို့တော်သူမြို့တော်သားတွေအညစ်အကြေးကင်စင်ပါစေ . . . . ငါတို့လည်း ဒီကုသိုလ်ကြောင့် ဘ၀သံသာရာ အဆက်ဆက် ကိလေသာတည်းဟူသော အညစ်အကြေးတို့ ကိုလွယ်လင့်တကူ သမ္မာဒိဋ္ဌိအမြင်ဉာဏ်နဲ့ရှင်းထုတ်နိုင်ပါစေ . . . ။ အဲလို ကုသိုလ်စိတ်နဲ့ အမှိုက်ကောက်တာ ။ ဒါကိုမကောက်ရဘူးတဲ့ . . . ဘယ်ကောင်လည်းကွာ။ ဒီအမိန့်ထုတ်တဲ့ကောင်ဟာ ဘ၀သံသာရာမှာ ကိလေသာအညစ်အကြေးထူပြောမဲ့ကောင်ပဲ။
ဘယ်လောက်တောင်သိန်းစိန်အစိုးရတို့ပြောင်ပြောင်တင်းတင်းမိုက်တွင်းဆင်းသလဲဆိုရင်
အရက်နဲ့ဘီယာချက်စက်ရုံတွေကိုတော့ မတားဘူး ဆောက်လုပ်ခွင့်ပေးတယ်တဲ့ . . .
ကဲ . . . မြန်မာပြည်ကပြည်သူလူထုကြီးရေ ခင်ဗျားတို့ရဲ့ သန်းရွှေလက်ကိုင်တုတ်
ရုပ်သေးအစိုးရက
Good Government ဆိုသော
သူတော်ကောင်းများရဲ့ပီယ၀ါစာစကားကို သူတို့ပါးစပ်ကပြောထွက်တယ် ဆိုတာ
ပြည်သူကို စာမတက်ပေမတက်လူ့ငနွားများအဖြစ်
အထင်သေးတဲ့အခြေအနေမျိုးကိုရောက်နေပါတယ်။ ဒါတွေပြည်သူတွေသိစေချင်လို့
ဦးဇင်းတို့အတွေးကိုချပြတာပါ။ 
ဒီလိုအရက်ချက်စက်ရုံဘီယာချက်စက်ရုံဆိုတာ
တကယ်တော့ပြည်သူကို အမြန်သေအောင်သတ်တဲ့ လူသတ်စက်ရုံတွေပါ။
ဒကာကြီးဦးကျော်သူတို့ အမှိုက်ကောက်တယ်ဆိုတာ
ပြည်သူကိုအမှန်တကယ်သန့်ရှင်းစေချင်တဲ့ စေတနာမူလပါ။ ဒါကိုတားတယ်ဆိုတော့
တားတဲ့အစိုးရဟာ သူတော်ကောင်းအစိုးရဖြစ်နိုင်ပါ့မလား . . . .
ဓမြအစိုးရပဲဖြစ်မှာပေါ့။ ပြည်သူကမြို့တော်သန့်ရှင်းရေးအ
တွက်အမှိုက်ကောက်ပေးမယ်လို့ပြောတာကို တားပြန်တော့ရော ဒီအစိုးရဟာ
သူတော်ကောင်းအစိုးရဖြစ် နိုင်ပါမလား . .. မြန်မာနိုင်ငံဟာ အဲလိုကို
ပြောင်းပြန်ကြီးဖြစ်နေတယ်။ စက်တင်ဘာမှာဘုန်းတော်ကြီးများ
ပရိတ်ရွတ်ပြန်တော့လည်း ၀ိနည်းအကြောင်းပြ သေနပ်နဲ့ပစ်တယ်။
လမ်းပေါ်ထွက်ပရိတ်ရွတ်တာဟာ ဘုရားရှင်ငုတ်တုတ်ထင်ရှားရှိကတည်းက ဝေသာလီမှာ
အရှင်အာနန္ဒာခေါင်းဆောင်ပြီးရွတ်လာခဲ့တာပါ။ ဒီတော့က မြန်မာပြည်ဟာ
ကောင်းတာလုပ်မယ့်လူအတွက် ငရဲပြည်ပဲ။ ထောင်ထဲထည့်မယ်။သတ်ပစ်မယ်။
မကောင်းတာလုပ်နေတဲ့သူတွေအတွက်တော့ အို . . .
အခုကြည့်လေ
ပြည်သူလူထုတွေ အသဲကင်ဆာစတဲ့သေဘေးသင့်မယ့် ဘီယာချက်စက်ရုံတည်
ဆောက်ခွင့်ရတယ်။ မြို့တော်သန့်ရှင့်ဖို့ အမှိုက်ကောက်မယ့်သူတွေကို
ပိတ်ပင်တယ်။ တော်သေးတာပေါ့ ကိုကျော်သူတို့ကို ထောင်ထဲဆွဲမထည့်တာပဲ
ကျေးဇူးတင်ရမလိုဖြစ်နေတယ်။
ကဲ . . . .
မြန်မာပြည်က ရုပ်သေးအစိုးရဟာ . . . . ဓားပြအစိုးရ။
မြန်မာပြည်ရဲ့ဥပဒေဟာ . . . . အဓမ္မသမားတွေကောင်းစားရေး။
ကဲ . . . ဦးကျော်သူရေ . . . အမှိုက်မှမကောက်ရမရှင်းရရင်လည်း ̏ဖွ˝ဗျာ။ ဦးဇင်းတို့ပါ ၀ိုင်း̏ဖွ˝မယ်။
Thursday, May 16, 2013
မည်းနေတဲ့ တံတောင် ဆစ်ကြောင့် စိတ် မညစ်နဲ့
Unknown
|
9:15 PM
|
ဓါတုနိယာမ
Be the first to comment!
Unknown
|
9:15 PM
|
ဓါတုနိယာမ
Be the first to comment!
Unknown | 9:15 PM |
ဓါတုနိယာမ
Mim Min shared Myawady News's photo.
ကိုရီးယား ကားတွေ ခေတ်စား လာတာနဲ့ အမျှ ကိုရီးယား ဖက်ရှင် တွေ ကိုရီးယား အလှကုန် တွေ ခေတ်စားလာပြီး ယောကျာ်းလေးတွေ ရော မိန်းကလေးပါ ကိုရီးယားစ တိုင်လ်လေးတွေပြင်ဆင်လာကြပါ တယ်။ ဒီလိုပြင်ဆင်လာကြရာမှာ မျက်နှာလေးကို မိတ်ကပ်ဖွေးနေ အောင်လိမ်းပြီး ဖက်ရှင်ကျအောင် ဝတ်လိုက်ရင် Perfect ဖြစ်သွားပြီ လို့ တော်တော်များများက ထင်နေ ကြတယ်။ ခန္ဓာကိုယ်အသားအရေ ကို ဂရုစိုက်ဖို့မေ့နေကြတယ်။ လူ တော်တော်များများက တံတောင် ဆစ်နဲ့ ဒူးခေါင်းမှာ မည်းညစ်ပြီး အသားအရောင်မညီမညာဖြစ်နေ ကြပါတယ်။ အထူးသဖြင့် စကတ် တိုဝတ်တဲ့မိန်းကလေးတွေနဲ့ ဘောင်းဘီတိုဝတ်တဲ့ယောကျာ်း လေးတွေအတွက်တော့ ပြဿနာ တစ်ရပ်ပဲပေါ့။မျက်နှာမှာ မိတ် ကပ်ဖွေးနေအောင်လိမ်း၊ ဖက်ရှင် ကျအောင်ဝတ်ထားပေမယ့် တံ တောင်ဆစ်နဲ့ ဒူးခေါင်းကမည်းညစ် နေတော့ ကြည့်လို့ကောင်းပါ့မ လား။
တံတောင်ဆစ်၊ ဒူးခေါင်းမည်း ရခြင်းအကြောင်းရင်း
အကြောင်းရင်းကတော့ တံ တောင်ဆစ်နဲ့ဒူးခေါင်းကို အလွန်အ ကျွံအသုံးပြုလို့ဖြစ်ပါတယ်။ စားပွဲခုံ မှာ တံတောင်ဆစ်နဲ့ အကြာကြီး ထောက်ထားတာတို့၊ ဒူးအကြာကြီး ထောက်တာတို့ အဲဒီလို ကိုယ်ရုတ် တရက်သတိမထားမိလိုက်တဲ့အ ကြောင်းလေးတွေကြောင့်ပေါ့။
ဒီတံတောင်ဆစ်၊ ဒူးခေါင်းက အမည်းကွက်တွေပျောက်ကင်းပြီး လှပတဲ့အသားအရေကိုရရှိစေဖို့ အ ခုပြောပြမယ့် ငွေအကုန်အကျသက် သာပြီး တစ်နေ့တစ်ကြိမ်ပုံမှန်သာ လုပ်ပေးသွားဖို့လိုအပ်မယ့်နည်း လမ်းလေးတွေကို စမ်းသပ်ကြည့်ပါ လား။
ကုသမှု(၁)
သံပရာရည်၊ ဆားနဲ့ သကြား ညိုတို့ကိုရောစပ်ပြီး မည်းညစ်နေ တဲ့ တံတောင်နဲ့ဒူးခေါင်းမှာ ငြင်ငြင် သာသာလေးပွတ်ပေးပါ။ သံပရာ ရည်ဟာ သဘာဝချေးချွတ်နိုင်စွမ်း ရှိတဲ့အတွက် အသားအရေကိုကြည် လင်စေပြီး အသားညိုနဲ့ဆားက တော့ အစိုဓာတ်ကိုပြန်လည်ဖြည့် တင်းပေးပါတယ်။ ဆားကလည်း အံဩစရာကောင်းလောက်အောင် အသားအရေကိုသန့်ရှင်းစေတဲ့သ ဘာဝချေးချွတ်ပစ္စည်းဖြစ်ပါတယ်။ သကြားညိုက အရေပြားဆဲလ်အ သေတွေကို ဖယ်ရှားပေးပြီး အသား အရေကိုတောက်ပစေတဲ့အပြင် ခန္ဓာကိုယ်သွေးလည်ပတ်ခြင်းကို လည်းလှုံ့ဆော်ပေးပါတယ်။ သ ကြားရည်က မျက်လုံးတစ်ဝိုက်မှာ ဖြစ်ပေါ်တတ်တဲ့ အရေးအကြောင်း တွေကို လျော့နည်းစေပါတယ်။ ဒီ အဆင့်တွေပြီးသွားတဲ့နောက် အုန်း ဆီအနည်းငယ်ကို တံတောင်နဲ့ဒူး ခေါင်းမှာပွတ်လိမ်းပေးပါ။ အုန်းဆီ က အရေပြားမှာကုန်ခမ်းသွားတဲ့ ဗီ တာမင်တွေကို ပြန်လည်ဖြည့်တင်း ပေးပြီး အရေပြားဆဲလ်တွေကို လှုံ့ ဆော်ပေးပါတယ်။ တစ်ပတ်ကိုနှစ် ကြိမ်လောက် ပုံမှန်လုပ်ပေးနိုင်ပါ တယ်။
ကုသမှု(၂)
အာလူးဖျော်ရည်က သဘာဝ အတိုင်း အမည်းစက်၊ အမည်းကွက် တွေကို သက်သာပျောက်ကင်းစေ နိုင်စွမ်းရှိပါတယ်။ ဈေးနှုန်းသက် သာပြီး နေရာတိုင်းမှာ အလွယ်တ ကူရရှိနိုင်တဲ့ပစ္စည်းဖြစ်ပါတယ်။
ကုသမှု(၃)
အလှဆီ (Glycerine) စားပွဲ တင်ဇွန်းတစ်ဝက်၊ နွားနို့နှစ်ဇွန်း၊ န နွင်းမှုန့်စားပွဲတင်ဇွန်းတစ်ဇွန
" အချိုး.."
Unknown
|
8:39 PM
|
ထိုသူတို့ကဗျာ
Be the first to comment!
Unknown
|
8:39 PM
|
ထိုသူတို့ကဗျာ
Be the first to comment!
Unknown | 8:39 PM |
ထိုသူတို့ကဗျာ
လားဗီးဂတ်စ်ဆိုတဲ့ လောင်းကစားမြို့မှာ ဒေါ်လာတစ်သန်း ရှုံးသွားတဲ့ အချိန်
ငါ့နိုင်ငံရဲ့ သစ်တောပြန်းတီးမှု့နဲ့
တိုက်ရိုက်သက်ဆိုင်တယ်။
စားလိုက်တဲ့ မြေထဲပင်လယ် ငါးဥတွေကြား
ထောက်ခနဲ စိန်ပွင့်ပါလာတဲ့ အချိန်
ငါ့နိုင်ငံရဲ့ သယံဇာတပြုန်းတီးမှု့ နဲ့ တိုက်ရိုက်သက်ဆိုင်တယ်။
ဒစကိုမီးတွေကြား ခန္တာငါးပါးကို
ငွေကြေးနဲ့ လဲလှယ်နေတဲ့အချိန်
ငါ့နိုင်ငံရဲ့ လူသားအရင်းအမြစ် ဆုံးရှုံးမှု့နဲ့
တိုက်ရိုက်သက်ဆိုင်တယ်။
၂၅မှတ်တန် ဆန်ကိုမစားဖူးဆိုတဲ့
သိုးဆောင်းနိုင်ငံက အိမ်မွေးတိရစ္ဆာန်လေးတွေ ငြင်းဆန်နေချိန်
ငါ့နိုင်ငံရဲ့ လယ်မဲ့၊ယာမဲ့ လယ်သမားနဲ့တိုက်ရိုက်သက်ဆိုင်တယ်။
ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားကို
အိမ်ဖြူတော်မှာ ခေါင်းငုံ့ပြီး ပြောနေတဲ့အချိန်
ငါ့နိုင်ငံရဲ့ လူအခွင့်အရေး ဆုံးရှုံးမှု့နဲ့ တိုက်ရိုက်သက်ဆိုင်တယ်။
------------------------------ ------------------------------ -----------
Mya Mya Win shared ဆရာ ဆယ်'s status.
လားဗီးဂတ်စ်ဆိုတဲ့ လောင်းကစားမြို့မှာ ဒေါ်လာတစ်သန်း ရှုံးသွားတဲ့ အချိန်
ငါ့နိုင်ငံရဲ့ သစ်တောပြန်းတီးမှု့နဲ့
တိုက်ရိုက်သက်ဆိုင်တယ်။
စားလိုက်တဲ့ မြေထဲပင်လယ် ငါးဥတွေကြား
ထောက်ခနဲ စိန်ပွင့်ပါလာတဲ့ အချိန်
ငါ့နိုင်ငံရဲ့ သယံဇာတပြုန်းတီးမှု့ နဲ့ တိုက်ရိုက်သက်ဆိုင်တယ်။
ဒစကိုမီးတွေကြား ခန္တာငါးပါးကို
ငွေကြေးနဲ့ လဲလှယ်နေတဲ့အချိန်
ငါ့နိုင်ငံရဲ့ လူသားအရင်းအမြစ် ဆုံးရှုံးမှု့နဲ့
တိုက်ရိုက်သက်ဆိုင်တယ်။
၂၅မှတ်တန် ဆန်ကိုမစားဖူးဆိုတဲ့
သိုးဆောင်းနိုင်ငံက အိမ်မွေးတိရစ္ဆာန်လေးတွေ ငြင်းဆန်နေချိန်
ငါ့နိုင်ငံရဲ့ လယ်မဲ့၊ယာမဲ့ လယ်သမားနဲ့တိုက်ရိုက်သက်ဆိုင်တယ
ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားကို
အိမ်ဖြူတော်မှာ ခေါင်းငုံ့ပြီး ပြောနေတဲ့အချိန်
ငါ့နိုင်ငံရဲ့ လူအခွင့်အရေး ဆုံးရှုံးမှု့နဲ့ တိုက်ရိုက်သက်ဆိုင်တယ်။
------------------------------
Mya Mya Win shared ဆရာ ဆယ်'s status.
မြန်မာပြည်မှရဟန်းတော်များ ဆင်ခြင်ဖွယ်ရာ
Unknown
|
6:15 AM
|
ရင်နဲ့ . . . ရင်းခဲ့ရသောဆောင်းပါး
Be the first to comment!
Unknown
|
6:15 AM
|
ရင်နဲ့ . . . ရင်းခဲ့ရသောဆောင်းပါး
Be the first to comment!
Unknown | 6:15 AM |
ရင်နဲ့ . . . ရင်းခဲ့ရသောဆောင်းပါး
ယခုနာရီအနည်းငယ်အတွင်းမှာ
မြန်မာနိုင်ငံ မြို့တော်ရန်ကုန်ကနေပြီး ဦးဇင်းနေထိုင်ရာ အိန္ဒိယကို သတင်းဓာတ်ပုံတစ်ပုံပေးပို့လာပါတယ်။
အကြောင်းအရာကတော့ . . . .ရန်ကုန်မြို့ရှိ ဗုဒ္ဓဘာသာ မြန်မာဘုန်းတော်ကြီးအချို့ဟာ (၉၆၉)
လုပ်ရပ်ကို နားမလည် နိုင်ကြသေးဘဲ မွတ်ဆလင်ဆိုင်များမှာ ဈေးဝယ်နေကြပါတယ် . .တဲ့။ ဒါကို
သတင်းဓာတ်ပုံရိုက်ပြီး သက်သေခံအဖြစ်ပေးပို့လာပါတယ်။
ဓာတ်ပုံအပြင်
(၉၆၉)လူငယ်အဖွဲ့က ဒီလိုရဟန်းသံဃာတော်များကို အရှင်ဘုရားတို့နေနဲ့ ရဟန်း-ရဟန်းခြင်း
ပြောဆိုဆုံးမသင့်ကြောင်းကိုလည်း အကျယ်တ၀ံ့ရေးသားတင်ပြလာပါတယ်။ ဦးဇင်းအ နေနဲ့ မြန်မာပြည်က
(၉၆၉)လူငယ်အဖွဲ့ကိုပြောပါရစေ . . . ဦးဇင်းတို့ရဟန်းခြင်းသာလျှင်
ဆုံးမသင့် ဆုံးမထိုက်တာမဟုတ်ပါဘူး . . . လူပုဂ္ဂိုလ်များအနေနဲ့လည်း ဦးဇင်းတို့ရဟန်းသံဃာများအမြင်မတော်
မှုရှိရင် တွေ့ရင် ပြောဆိုလျှောက်ထားနိုင်ပါတယ်။
ဘုရားလက်ထက်တော်အခါက
စိတ္တသူကြွယ်ကဲ့သို့သော လူသူတော်ကောင်းများဟာ ဒီကနေ့ဗုဒ္ဓဘာ သာနိုင်ငံများအပြင် ကမ္ဘာအရပ်ရပ်မှာ
သူ့နည်းသူ့ဟန်နဲ့ရှိနေကြမှာပါ။ စိတ္တသူကြွယ်ဟာ ရဟန်းသံဃာ တော်များကို အပြုသဘောဆောင်ကုသိုလ်စိတ်နဲ့ပြောဆိုလျှောက်ထားခဲ့သလို
မြန်မာနိုင်ငံနဲ့ကမ္ဘာအ ရပ်ရပ်က (၉၆၉) သာသနာပြုအဖွဲ့မှ ပြောဆိုလျှောက်ထားခြင်းဖြင့်
ကုသိုလ်ယူနိုင်ပါတယ်။
အချို့ရဟန်းတော်များဟာ
အတိက်ကုသိုလ်စိတ်နဲ့ ရဟန်းဖြစ်လာသော်လည်း ပစ္စပ္ပန်သတိစိတ်များ နဲပါးမှုရှိတက်ပါတယ်။ ဒါကို
ဗုဒ္ဓဘာသာသူတော်စဉ်လူပုဂ္ဂိုလ်များအနေနဲ့ လက်အုပ်ချီမိုးပြီးရိုသေစွာ လျှောက်ထားနိုင်ပါတယ်။
ကဲ . . .
မြန်မာနိုင်ငံအ၀ှမ်းလုံးမှာ
နေထိုင်သီတင်းသုံးတော်မူကြကုန်သော . . . .ဆရာတော်သံဃာတော်အ
ရှင်မြတ်တို့ဘုရား . . . . တပည့်တော် (၉၆၉)လူငယ်များကိုယ်စား ကျေးဇူးရှင်မင်းကွန်းဆရာတော်ဘု
ရားကြီးရဲ့ကိုယ်စား . . . လျှောက်ထားတောင်းပန်ပါရစေ . . .
ဈေးဝယ်ထွက်လျှင်
မွတ်ဆင်ဆိုင်များကို အထူးသတိထားပါ။ သူတို့က ဆိုင်မှာ အရောင်းဝန်ထမ်းများ ကို မြန်မာမချောချောလေးတွေထားပြီး မြန်မာဆိုင်အဖြစ်
ဖန်တည်းပုံဖေါ်ထားပါတယ်။ သို့ပါသော ကြောင့် အရှင်မြတ်တို့အနေဖြင့် မည်သည့်ကုန်ပစ္စည်းကိုမဆို
မြန်မာဆိုင်များမှာသာဝယ်ယူသုံးစွဲသင့် ပါတယ်။ အထူးသဖြင့် ဈေးဆိုင်များမှာ ယုတ်စွအဆုံး
မြန်မာပြည်ဖွားတရုတ်ဆိုင်များမှာတောင် ဘုရား ကျောင်းတော်စင်လေးတွေရှိတက်ပါတယ်။ ဒါကိုသတိထားပြီး
ဝယ်ယူကြပါရန် . . . အမျိုးဘာသာကို ကာကွယ်စောက်ရှောက်ပေးပါရန် ဘုရားတပည့်တော် ရိုသေလေးစားစွာလျှောက်ထားအပ်ပါတယ်
ဘုရား။
အရှင်ကောဝိဒ
ခေတ္တ။
နာလန္ဒ
Wednesday, May 15, 2013
ဘင်္ဂါလီနှင့် သန်း ၂၀ ၏ မနက်ဖြန်
Unknown
|
11:11 PM
|
သူတို့ရင်တွင်းစကား
Be the first to comment!
Unknown
|
11:11 PM
|
သူတို့ရင်တွင်းစကား
Be the first to comment!
Unknown | 11:11 PM |
သူတို့ရင်တွင်းစကား

KO Maung Maung shared Black Angle's photo.
သန္တာဝင်း
ကမ္ဘာပြားပြီ ဆိုတဲ့ စာအုပ်ကို ဖတ်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းကတော့ မြန်မာပြည်မပါလို့ တွေးခဲ့တာ ရှိပေမယ့် နှေးလွန်းလို့။ အခုတော့ ကမ္ဘာတကယ်ပြားသွားပြီ။ တစ်နေ့ တစ်နေ့ ဂျပန်က သူငယ်ချင်း၊ အမေရိကားက သူငယ်ချင်း၊ မန္တလေးက သူငယ်ချင်းတွေနဲ့ ပြောနေ ဆိုနေ လိုက်တာ၊ လူချင်းလည်း မသိ။
နေရာဌာန အကွာအဝေး ဆိုတာကို အင်တာနက်ကြီးက ချုံ့ချ ပစ်လိုက်တာ ဘေးချင်းကပ်ပဲ ရှိနေ သလိုလို။
ဟိုးတုန်းက သတင်းတွေဆိုတာ တီဗီမှာ လာသွားတာ ပြန်လိုချင်လို့ မရတော့။ လေထဲ ပျောက်သွားပြီ။ သတင်းစာတွေဆိုရင်တော့ တစ်ထပ်ကြီးစုထား။ တောင်ပုံရာပုံ။ နှစ်ချို့တော့မှ အဟောင်းဆိုင်မှာ ရောင်းစား။ အခုတော့ ဂူးဂဲထဲမှာ တစ်ချက် ခေါက်လိုက်တာနဲ့ ဘယ်နှနှစ်စာ လိုချင်သလဲ၊ အကုန်ရ။
အချိန်ဆိုတာကို ချုံ့ချပစ် လိုက်တဲ့ အင်တာနက်။ သူ့ကျေးဇူးကြောင့်ပဲ သတင်းအဟောင်းတွေကို ဆက်စပ် ဖတ်ကြည့်လိုက်တော့ ဇာတ်လမ်း တစ်ပုဒ်စာ ထွက်ပါရော လား။ တကယ်ပဲ ကမ္ဘာကြီးဆိုတာ ရွာကြီးပဲကိုး။ ဂေဟစနစ်နဲ့ ပတ်ဝန်းကျင် ဆိုတာ ဒိုမီနို သီအိုရီလို တစ်ဆက် တစ်စပ်တည်း ရှိနေ တာကလား။
ကမ္ဘာကြီး ပူနွေးလာတယ်လို့ ပြောကြတာ ကြားတော့ကြားဖူး နေတာပဲ။ အမေရိကန် ဒုတိယသမ္မတဟောင်း အယ်လ်ဂိုး ရိုက်ပြထား တဲ့ An Inconvenient Truth သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု မှတ်တမ်းခွေကို ကြည့်ရတော့မှပဲ နည်းနည်း တီးမိ ခေါက်မိတာ။ ကမ္ဘာမြေ အပူချိန် ဒီဂရီဟာ ၀ ဒသမ ၆ စင်တီဂရိတ်နှုန်းနဲ့ တက်နေ ပါသတဲ့။ အလွယ် စဉ်းစားနိုင်တာကတော့ အပူချိန် များလာတော့ ရေအပြန့် ကျယ်လာတယ်။ မြောက်ဝင်ရိုးစွန်းက ရေခဲတွေ အရည် ပျော်လာတယ်။
ရေထုထည် များတော့ ပင်လယ်ရေ မျက်နှာပြင်က ၁၀-၂၀ စင်တီမီတာနှုန်းနဲ့ မြင့်တက် နေပါတယ်တဲ့။ ပင်လယ်ရေ မျက်နှာပြင် မြင့်လာတော့ ကုန်းမြေ ကျဉ်းသွားတာပေါ့။ တချို့ကျွန်းနိုင်ငံ သေးသေးလေးတွေဆို ၁၀ နှစ်ကနေ နှစ် ၅၀ အတွင်း ရေအောက် ရောက်သွားမယ်ဆိုပဲ။ လူဦးရေ သုံးသိန်းကျော်သာ ရှိတဲ့ မော်လဒိုက် ကျွန်းနိုင်ငံဆိုရင် ဆောက်တည်ရာ မရ ဖြစ်နေတာ ကြာပြီ။ ဘယ်ပြေး ရမှန်းလဲ မသိ။ ကြောက်စရာကြီးနော်။
ကမ္ဘာကြီး ဘာကြောင့် ပူနွေးလာသလဲ ဆိုတော့ ကာဗွန် ဓာတ်ငွေ့ ထုတ်လုပ်မှုတွေ များလို့တဲ့။ ကာဗွန်ဓာတ်ငွေ့ ဘယ်ကထွက် လဲဆိုတော့ စက်ရုံတွေ၊ ကားတွေကတဲ့။ နောက်ဆုံး စာရင်းချတော့ လူလုပ်တဲ့ ဘေးအန္တရာယ် ပါတဲ့။ ဘယ်လူတွေလဲဆိုတော့ စက်ရုံတွေ၊ ကားတွေများတာ ဘယ်သူရှိလဲ။ ကမ္ဘာ့ထိပ်သီး ကာဗွန်ထုတ်လုပ်မှု အများဆုံး သုံးနိုင်ငံ - အမေရိကန်၊ တရုတ်၊ အိန္ဒိယတဲ့။ တခြားသော ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများလည်း ပါတာပေါ့။
ဒီပြဿနာကို ဖြေရှင်းဖို့ ကျိုတို ပရိုတိုကောဆိုတဲ့ စာချုပ် ကြီး ပေါ်လာပါရော။ စည်းကမ်းတွေ သတ်မှတ်၊ ကာဗွန်တွေ လျှော့ထုတ် ကြမယ်ပေါ့။ နိုင်ငံစုံ အစည်းအဝေးကြီးလုပ်ကြတယ်။ သဘောတူညီမှုတွေ ညှိနှိုင်းကြတယ်။ အစကတော့ ဟုတ်သလိုလိုပဲ။ နောက်တော့ မဟုတ်ဘူးဖြစ်ပြန်ရော။ ဘာလို့လဲဆိုတော့ အများဆုံး ထုတ်တဲ့ သုံးနိုင်ငံက လက်မှတ် မထိုးလို့။ နင်လျှော့ရင် ငါလည်း လျှော့မယ်နဲ့ အပြန်အလှန် လက်ညှိုးထိုးနေတာနဲ့ပဲ အဖြေမထွက်ဘူး တဲ့။ ကောင်းရော။
အားတက်စရာလေး ပြောလိုက်ဦးမယ်။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံ က ကာဗွန် ထုတ်လုပ်တဲ့ စာရင်းထဲမှာ နံပါတ် ၉၁။ လူတစ်ယောက်ချင်း ထုတ်တဲ့နှုန်းနဲ့သာ ပြန်တွက်ရင် နံပါတ် ၁၈၅။ တစ်ကမ္ဘာလုံး ထုတ်လုပ် မှုရဲ့ ၀ ဒသမ ၀၄ ရာခိုင်နှုန်းပဲ ရှိသတဲ့။ ကြွားချင်ရင် ကမ္ဘာပတ်ကြွားပေ တော့။ တို့များက သန့်သန့်ရှင်းရှင်း သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု နည်းအောင် နေတဲ့ တိုင်းပြည်လို့။ လူသားတစ်မျိုးလုံးနဲ့ တောရိုင်း တိရစ္ဆာန်များကို တစ်ထောင့် တစ်နေရာကနေ စောင့်ရှောက်ပေးနေ တဲ့အကြောင်း ကမ္ဘာ့ဆူပါ ပါဝါ သုံး နိုင်ငံသားတွေ ရှေ့မှာ ခေါင်း ကို မော့ပြီးပြောလို့ ရတယ်။
အဲဒီလို ပင်လယ်ရေ မျက်နှာပြင် မြင့်တက် လာရင် ရေအောက် ရောက်သွား မယ် လို့ စာရင်းပြုစု ခံရတဲ့ နိုင်ငံ ရှစ်နိုင်ငံ ရှိပါတယ်။
(၁) မော်လဒိုက် ကျွန်းစုများ၊ (၂) ဘင်္ဂလားဒေ့ရှ်၊ (၃) ဖိလစ်ပိုင်၊
(၄) အီဂျစ်၊ (၅) တူဗာလု၊ (၆) ပေါ်ပူဝါ နယူးဂီနီ၊ (၇) ဘာဘေးဒိုး၊ (၈) ကီရိဘာတီတို့ ပါတယ်။
ဒီအထဲကမှ ကျွန်မတို့ အိမ်နီးချင်းကြီးရဲ့ဒုက္ခကို ပြက်ရယ် မပြုချင်ပေမယ့် သူ့ပြဿနာ ဖြေရှင်းပုံ ဖြေရှင်းနည်းလေး တွေကိုတော့ အနီးကပ်နေရသူ ပီပီ သိထားဖို့ လိုပါတယ်။
ပင်လယ်ရေ တက်လာမှုကြောင့် တစ်ကမ္ဘာလုံး လူပေါင်း သန်း ၂၀၀၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သန်း ၂၀ ဟာ ၂၀၅၀ မတိုင်ခင်မှာ ရွှေ့ပြောင်း နေထိုင်ရပါလိမ့်မယ်တဲ့။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးက ဒီလိုမျိုး လူလုပ်တဲ့ ဘေးအန္တရာယ်ကို ခံစား ရတာမို့ အနောက် အုပ်စုထံက ဒေါ်လာ လေးဘီလီယံ လိုချင်ပါသတဲ့။ အတိုးနဲ့ချေးတာ မဟုတ်ဘူးတဲ့။ ဒီအတိုင်း အလွတ်ပေးရမှာတဲ့။ တောင်းပုံလေးက သင်းတယ်နော်။
ဒါ့အပြင် ဒီလို ဒုက္ခရောက်တဲ့ လူတွေကို လက်ခံဖို့ ဗြိတိန် နိုင်ငံက ဗီဇာတံခါးကို ဖွင့်ပေးသင့် သတဲ့။ ဥရောပနဲ့ အမေရိကန် ကလည်း ဒီသန်းနဲ့ ချီတဲ့ ဘင်္ဂါလီတွေကို တာဝန် ယူသင့် တာတဲ့။ သိပ်ရယ်ရတာပဲ။ ဒါတွေက ၂၀၀၉ ခုနှစ် ကတည်းက တောင်းဆိုနေ ခဲ့တာ။ ရသွားလား မရသွားလားတော့ မသိ။
ဒီလောက်ဆိုရင် ၂၀၁၂ ရခိုင် အရေးအခင်း ပြဿနာ ထဲကို ဘာလို့များ တစ်ကမ္ဘာလုံးက စိတ်ဝင်စား၊ အာရုံစိုက်၊ ကရုဏာ တွေသက်ပြီး စုတ်တသပ်သပ်နဲ့ တက်တက်ကြွကြွကြီး ဝင်ရောက် ကူညီ ချင်နေသလဲ ဆိုတာကို ဆက်စပ်လို့ ရလောက်ပါပြီ။
OIC ရယ်၊ BBC , VOA, RFA, Irrawaddy, DVB
တို့အပြင် လက်သည် တရားခံတွေ ထဲမှာ ရေကြီးတာလည်း ပါသကိုး။
သူ့လူသန်း ၂၀ ကို နဂိုကမှ ဘယ်ပို့ရမှန်း မသိရတဲ့ အထဲနော်။ တရုတ်ကြီးလိုပဲ တစ်အိမ်ထောင် ကလေးတစ်ယောက် အမိန့် ထုတ်လိုက်ပြီးရော။
နောက်ခံအကြောင်းတွေ အများကြီး ရှိနေတဲ့ ရခိုင်၊ ဘင်္ဂါလီ အရေးကို လူမျိုးစု နှစ်စု မကျေမနပ် သတ်ဖြတ်ကြခြင်းလို့ လွယ်လွယ် ကလေး လက်ခံဖို့ မသင့်ပါဘူး။ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲ ရေးလို့ အကျယ်ကြီး အော်နေပေမယ့်လည်း အနောက်ဘက် စည်းရိုး ပေါက်သွားတာကတော့ ငြင်းလို့မရတော့ပါ။ လက်နက်ကို လက်နက် ချင်းတိုက်တာ ထင်သာမြင်သာ ရှိလှပေမယ့်လည်း လူကိုလူချင်း
ဖိသတ်နိုင်တဲ့ အနေအထားမျိုးမှာ ကျည်ဆန်ကလည်း အသုံးဝင်လိမ့် မယ် မဟုတ်ပါဘူး။
လတ်တလော သတင်းကောင်းကတော့ အာဆီယံ အဖွဲ့ကရော၊ ဧည့်သည်တော်ကြီး အိုဘားမားကပါ နိုင်ငံသားဖြစ်ခွင့် ဆိုတာကို ဝင်ရောက် စွက်ဖက်လို့ မရပါဘူးလို့ ပြောသွားပါတယ်။ နားလည် သလောက်ကတော့ ဘင်္ဂါလီတွေကို လူ လူချင်း ကူညီမှုတော့ ပြုရမယ်။ နိုင်ငံသားပေးတာ မပေးတာကတော့ မြန်မာတွေသာ ဆုံးဖြတ်နိုင် တယ်လို့ ဆိုပါတယ်။ နိုင်ငံသား ဥပဒေကို ပြင်ပါလို့ သူတို့မှာ ပြောခွင့် မရှိပါဘူးတဲ့။
အချုပ် ဆိုရရင်တော့ ရခိုင်အရေးဟာ မြန်မာ တစ်မျိုးသားလုံး အရေးမို့ သွေးအေးနေလို့ မဖြစ်တော့ပါကြောင်း။

.jpg)