.

Friday, February 8, 2013

လက်ရှိ ၀န်ကြီးအပြောင်းအလဲအပေါ် ဦးလှဆွေနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်

Unknown | 9:16 AM | Unknown | 9:16 AM |
Unknown | 9:16 AM | Best Blogger Tips

ဝန်ကြီးများ အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး မေးမြန်းချက်
ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော် သမ္မတကနေ ဆက်သွယ်ရေးနဲ့ သတင်း အချက်အလက် ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ် လက်ရှိ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို လည်းကောင်း၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ် ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့(ကစထမှူး) ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းကို လည်းကောင်း ခန့်အပ်တာဝန် ပေးအပ်ဖို့ သ၀ဏ်လွှာ ပေးပို့ ထားပါတယ်။

လက်ရှိနယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးကို မူလ စစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်ပေးဖို့လည်း သမ္မတရဲ့သ၀ဏ်လွှာမှာ ပါရှိပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးဟာ အရပ်ဘက်နဲ့ စစ်ဘက်မှာ ဆက်ဆံရေးပြေပြစ်သလို တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး၊ တပ်မတော်မှာ ဒု-ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာနိုင်မယ်လို့ အမျိုးသားလွှတ်တော်အမတ်ဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးလှဆွေက သုံးသပ် ပြောဆိုပါတယ်။ လက်ရှိ ၀န်ကြီးအပြောင်းအလဲအပေါ် ဦးလှဆွေနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။ သစ်ထူးလွင်မှကူးယူဖေါ်ပြပါသည်။
By:အလင်းရှင် http://aungminkhoung.blogspot.com
 

No comments :

Post a Comment

Twitter Bird Gadget