.

Sunday, February 3, 2013

ယုံကြည်မှုကိုညွှန်းဆိုသော ပါဠိမြန်မာပြန်ကောက်နှုတ်ချက်

Unknown | 9:37 AM | Unknown | 9:37 AM |
Unknown | 9:37 AM | Best Blogger Tips

“ရဟန်းတို့ သင်တို့သည် ငါဘုရားကို ကြည်ညိုလေးစားသဖြင့် 
ငါ၏တရားကို လက်ခံယုံကြည်ခြင်း သည် မသင့်။ သင်တို့သည် 
ကိုယ်တိုင်ဉာဏ်ဖြင့်ထိုးထွင်းသိမြင်သော တရားကိုကိုသာလျှင် 
ယုံကြည်ကြသည် မဟုတ်လော။”
(မဇ္ဈိမနိကာယ်၊ မဟာတဏှာသင်္ခယ)

“တဆင့်စကားကိုမှီသော တဆင့်ကြားကိုယုံကြည်သောအားဖြင့် 
ကျင့်သောဆရာအား ကောင်းစွာ ကြားခြင်းသည်ဖြစ်၏ 
မကောင်းသဖြင့်ကြားခြင်းသည်လည်းဖြစ်၏ ကြားသည်မှတပါးသော
အခြင်း အရာအားဖြင့်လည်းဖြစ်၏”
(မဇ္ဈိမနိကာယ်၊ သန္ဒကသုတ်)

“ရဟန်းတို့ ဤတရားတို့ကို ယုံကြည်ခြင်း နှစ်သက်ခြင်း 
တစ်ဆင့်ကြားခြင်း ကြံစည်ခြင်းဖြင့် သိအပ် သည်မဟုတ် 
ပညာဖြင့်တွေ့မြင်၍ သိအပ်ကုန်သည်သာဖြစ်၏”
(သဠာယတနသံယုတ်၊ပရိယာယသုတ်)

“ရဟန်းတို့ သူတစ်ပါးတို့က ငါ၏အပြစ်ကိုဖြစ်စေ တရား၏
အပြစ်ကိုဖြစ်စေ ပြောကြားကြသောကြောင့် သင့်တို့ အမျက်ထွက်
မည်ဖြစ်လျှင် သင်တို့အား အန္တရာယ်ဖြစ်၏ သင်တို့သည် 
သူတစ်ပါးတို့၏စကား ကောင်း စကားဆိုးကို သိနိုင်ကြမည်မဟုတ်”
(၀ိပါဠိ၊ စူဠ၀ဂ်၊ ခုဒ္ဒကခန္ဓက)
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)




No comments :

Post a Comment

Twitter Bird Gadget