.

Monday, February 4, 2013

ရှကိကြောပျက်နေသူများ

Unknown | 7:50 PM | Unknown | 7:50 PM |
Unknown | 7:50 PM | Best Blogger Tips

by အလင်း ရှင် on Sunday, 28 October 2012 at 23:18 ·

သူတို့ကမရှက်တာလား? ပြည်သူတွေကပဲအရှက်မရှိတော့တာလား?
(အရပ်ကူပါလူဝိုင်းပါ) ဆိုတဲ့စကားလိုတော့ဖြစ်ကုန်ပြီ။
သမ္မတအကြံပေးကိုကိုကျော်က
(တိုင်းပြည်ရဲ့ အခြေအနေနဲ့ ပြည်သူရဲ့လိုလားချက်အပေါ် နိုင်ငံတော်သမ္မတက ဒုတိယအကြိမ်ရွေးကောက်ပွဲဝင်ဖို့ ပြန်လည်စဉ်းစားနိုင်တယ်) တဲ့။
ကဲ့ . . . ပြောသူမရှက် ကြားသူမရှက်လာပါပြီ။ ပြောချက်ကတော့ တောကြက်စုတ်အတိုင်းပဲ။
အခုနိုင်ငံတော်သမ္မတ ကြီးဆိုသူသိန်းစိန်ကို ဘယ်ပြည်သူလူထုကတင်မြောက်ခဲ့လို့လဲ။
ကိုယ့်ဖဲကိုယ်ကုလားဖန်ထိုး၊ကိုယ် တိုင်ချိုးတဲ့အပြင် ကိုယ်ကြိုက်တဲ့ဖဲယူကစားခဲ့တဲ့ ပွဲမှာအနိုင်ရခဲ့တဲ့
သိန်းစိန်က အရှက်မရှိပြောထွက် တဲ့စကား( ပြည်သူကို ဆဲလိုက်သလိုပါပဲ)
မြန်မာပြည်မှာ ဂျာနယ်တွေမဖတ်ချင်သေးဘူး။ ဆိုတာအဲလိုလိမ်ဆင်တွေကိုကြားမြင်နေရလို့ပါပဲ။
စစ် ဘောင်းဘီဝတ်မြဲဝတ်နေရင် ကမ္ဘာမှာအဆင်မသင့်တော့တာမို့ (ကဒါဖီ)အစရှိတဲ့ စစ်အာဏာရှင်တွေ လမ်းပေါ်ခွေးသေ၀တ်သေသေနေတာတွေကို တွေ့လို့ တိုက်ပုံချွတ်ကြတဲ့အာဏာရူးအဖွဲ့က သမိုင်း ကိုလိမ်ဖို့စကားလုံးအသစ်တွေနဲ့ပုံဖေါ်နေကြတယ်။
ပြောလိုက်မယ်။ မရဘူးကိုယ့်လူတို့ရေ။ ပြည်သူတွေက စာတက်သွားကြပါပြီ။ မင်းတို့စောက်ရှက်မရှိ ပေမယ့် ပြည်သူတွေက (ဟိရိသြတပ္ပ) ဆိုတဲ့ အရှက်တရားအကြောက်တရားရှိကြောင်းအသိပေးလိုက် တယ် ကိုကိုကျော်ရေ . . . .။

By:အလင်းရှင် http://aungminkhoung.blogspot.com

No comments :

Post a Comment

Twitter Bird Gadget