.

Monday, February 4, 2013

သူတို့လေးတွေသက်တည်ခွင့်ရသွားတာမို့ ကျွန်တော်စိတ်ချမ်းသာမိပါသည်။

Unknown | 7:40 PM | Unknown | 7:40 PM |
Unknown | 7:40 PM | Best Blogger Tips

by အလင်း ရှင် on Thursday, 25 October 2012 at 05:26 ·
အီးဒ်နေ့ အထိမ်းအမှတ် ပွဲတော်ကျင်းပမည်မဟုတ်တော့ဟု အစ္စလာမ် ဘာသာရေး အဖွဲ့က ကြေညာချက် ထုတ်ပြန်


Browse › Home › မြန်မာ့သတင်း » အီးဒ်နေ့ အထိမ်းအမှတ် ပွဲတော်ကျင်းပမည်မဟုတ်တော့ဟု အစ္စလာမ် ဘာသာရေး အဖွဲ့က ကြေညာချက် ထုတ်ပြန်
အောက်တိုဘာလ (၂၇) ရက်နေ့တွင် ကျရောက်သည့် အစ္စလာမ် ဘာသာဝင်တို့၏ အီးဒ်နေ့ အထိမ်းအမှတ် ပွဲတော် အား ကျင်းပတော့မည် မဟုတ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မြန်မာ နိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးက ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ ကြေညာချက်တွင် အချက်(၅)ချက်ပါဝင်ခဲ့ပြီး ယခုနှစ်တွင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ဒေသအချို့၌ အကြမ်းဖက်ခြင်း များ ဖြစ်ပွားနေဆဲဖြစ်ပြီး၊ အချို့တိုင်းဒေသကြီးများတွင် ကုရ်ဘာနီနှင့်ပတ်သတ်၍ ယခင်မရှိခဲ့သော စည်းကမ်း များဖြင့် ချုပ်ချယ်ခြင်းများ ပြုလုပ်ခြင်း ၊ ကရင်ပြည်နယ် ဘားအံမြို့ ၊ မွန်ပြည်နယ် ၊ မော်လမြိုင် ၊ မန္တလေးမြို့များနှင့် အခြားဒေသများတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့အချို့က အစ္စလာမ်ဘာသာနှင့် ဘာသာဝင်များအပေါ် ဥပဒေပါ အခွင့်အရေး လူ့အခွင့်အရေးကို ချိုးဖောက်ကာ ဆန့်ကျင်ရေးသား ခြိမ်းခြောက်လှုံ့ဆော်မှုများကို လက်ငင်းကြုံတွေ့ နေရသောကြောင့်ဟု၎င်းတို့၏ ထုတ်ပြန်ချက်တွင်  ဖေါ်ပြထားသည်။

 ``အဖွဲ့တွေက မလုပ်ဖို့ တားတယ်ဆိုရင် ကျွန်တော်တို့ လိုက်နာရမှာပါ ၊ ရခိုင်မှာ ဖြစ်ခဲ့တဲ့ အစ္စလာမ်တွေရဲ့ အဖြစ် အပျက်တွေ အတွက် စိတ်မကောင်းပါဘူး ၊ ကိုယ့်အတွက်ထက် အများအတွက်ကြည့်ရမယ် ´´ ဟု အဆိုပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် နေထိုင်သည့် အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။

 ယခုလို အဖြစ်အပျက်များကို မြန်မာနိုင်ငံလုံးဆိုင်ရာဘာသာရေးအဖွဲ့ကြီးမှ နိုင်ငံတော်အစိုးရသို့ အကြိမ်ကြိမ် မေတ္တာ ရပ်ခံ တင်ပြတောင်းဆိုခဲ့သော်လည်း ယခုတိုင် တစ်စုံတစ်ရာပြန်ကြားချက် မရှိ၍ ယခုနှစ်အီးဒ်နေ့ပွဲ တော်ကို လုံခြုံရေး ပြည့်ဝစွာပေးနိုင်မည် မဟုတ်ဟုယူဆ၍ မကျင်းပခြင်းဖြစ်ကြောင်း ဖေါ်ပြထားသည်။
ကျနော်အားရင် လယ်တီဆရာတော်ဘုရားကြီးရဲ့ နွားမေတ္တာလင်္ကာကို ရှာပြီးတော့ရေးတင်ပါဦးမည်။

By:အလင်းရှင် http://aungminkhoung.blogspot.com


No comments :

Post a Comment

Twitter Bird Gadget