.

Sunday, February 10, 2013

မောင်သွေးချွန်က ဒေါက်တာ သန်းထွန်း ရဲ့ အမှား တွေကို ထောက်ပြထားတယ်

Unknown | 3:47 AM | Unknown | 3:47 AM |
Unknown | 3:47 AM | Best Blogger Tips

မောင်သွေးချွန်က ဒေါက်တာ သန်းထွန်း ရဲ့ အမှား တွေကို ထောက်ပြထားတယ်ဆိုတဲ့ စာအုပ် အွန်လိုင်းရောက်လာလို့ “ဘုရား” တ မိပြီး အကြမ်းဖျင်း အမြန် ဖတ်ဖြစ်တယ်..။ သူထောက်ပြတဲ့ အများစု က ရီစရာ ဖြစ်နေသလို ပြန်ဖြေရှင်းတဲ့ အချက်တွေက ပိုပြီး ရီစရာကောင်းတယ်..။ ဒဏ္ဍာရီ၊ ပါးစပ်ရာဇဝင်၊ မင်းကို မြှောက်ရေးရတဲ့ ရာဇဝင် နဲ့ သမိုင်း ဆိုတဲ့ ပညာရပ်သဘော ကို ကွဲပြီး မမြင်နိုင်ခြင်းဆိုတဲ့ အဓိက အကြောင်းကြောင့် ဒီလို ဗုံမဟုတ်၊ ပတ်မဟုတ်စာတွေ ပေါ်လာတာပဲ လို့ ယူဆတယ်..။

ဒေါက်တာသန်းထွန်းက ပုဂံခေတ် ကျောက်စာ အထောက်အထားအရ လက်ဖက် မတွေ့ရဘူးလို့ သုံးသပ်တာမျိုးကို မောင်သွေးချွန်က အလောင်းစည်သူ ဇမ္ဗူ ဒိပ်ကျွန်း တိုင်းခန်းလှည့်လည်တော့ နတ်ဘီလူး (၄) ကောင်က လက်ဖက်စိုက်ဖို့ မျိုးစေ့ ပေးပုံ ရယ်..၊ ပုဂံခေတ် မတိုင်ခေတ် သရေခေတ္တရာ ကတည်းက ဒွတ္တပေါင်မင်းကြီးကို နတ်သား ခုနှစ်ပါးက လက်ဖက်စိုက်ဖို့ နတ်သစ်စေ့ ပေးတာရယ် .. နဲ့ ပြန်ချေဖျက်ထားတာကို ဖတ်ရတာ ဟာသ ရသ တော့ မြောက်ပါပေတယ်။

မောင်သွေးချွန် ရဲ့ ဟိုးအရင်တုန်းက (ဒေါက်တာသန်းထွန်း မဆုံးခင်က) ဒေါက်တာ သန်းထွန်း ရဲ့ စာတချို့ကို ဝေဖန်တာ နှစ်ပုဒ်/သုံးပုဒ် သတိထားမိဖူးတယ်..။ တခုက ဒေါက်တာ သန်းထွန်း မွေးနေ့ တခု မှာ သူ့ အကြောင်း သူများက ဝိုင်းရေးကြတာတွေရဲ့ အရေးအသား နဲ့ တင်ပြပုံတွေကို သူက ပြန်ဝေဖန်ထားတယ်..။ နောက်တခုကတော့ ဒေါက်တာသန်းထွန်း က အခြား ပညာရှင် တရောက်ရဲ့ ပညာရပ် ဆိုင်ရာ စာတမ်းတခု ကို ပညာရပ်သဘော ဝေဖန်တာကို သူက ပြန် ဝေဖန်တဲ့ စာဖြစ်တယ်..။ အဲ့စာက သရော်စာ စာရေးဆရာ အဘ ကိုကိုကြီး (နောင် အကြည်တော်) ရဲ့ သရော်စာ တပုဒ်လို “ဒေါ်နယ်စိန်အုံး ပြန်လည် သုံးသပ်သည့် အသည်းထဲက ဒဂုန်တာရာ ၏ ‘မေ’ “ အဆင့်ပဲ ရှိတယ်။

သမိုင်းပညာရှင်ဆိုတာ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ အထောက်အထောက်တခု၊ မြေထဲ သမိုင်း ကို အခြေခံပြီး အသစ်ရှာဖွေ တွေ့ရှိမှု နဲ့ ပညာရှင် ကောက်ချက် ချ မျိုး တွေလုပ်ရတယ်..။ ဒေါက်တာ သန်းထွန်း လုပ်ခဲ့တာ အများစု တကယ့် သုတေသန အလုပ်တွေက အဲ့လို မျိုးတွေပါ..။

ဗမာပြည် အနေအထားအရ သူ့စာတချို့က မင်းသမီး လင်ခဏ ခဏယူတဲ့ သတင်း နဲ့ ဓာတ်ပုံ အဓိကထား ဖော်ပြရတဲ့ ဂျာနယ်၊ စာစောင်၊ မဂ္ဂဇင်းတွေမှာ ဖော်ပြခဲ့ရတယ်။ ဒီတော့ မင်းသမီး ဗိုက်ကြီးတဲ့ သတင်း (သို့) ကလေးဖျက်ချရတဲ့ သတင်း အရေးလုပ် ဖော်ပြတဲ့ စာမျိုးအများစု ပါတဲ့ နေရာတွေမှာပဲ တွင်ကျယ်တဲ့ လူတွေရဲ့ မထိတထိ နဲ့ စော်ကားခြင်း၊ တတ်ယောက်ကား လုပ်ခြင်းကို ခံရတာ ထူးတော့ မထူးဆန်းဘူး။

ဒီလို ခေတ်သစ် တခုသွားမယ် ဆိုတဲ့ အချိန်ရောက်တဲ့ အထိ အမျိုးသားရေး သူငယ်နာမစင်တဲ့ သမိုင်းကို ဖက်တွယ်ချင်သူတွေ ကြီးစိုးနေတာ ဝမ်းနည်းစရာပါ။

ပိုဝမ်းနည်းစရာ ကောင်းတာက ကိုယ်တိုင်က အဆင့်မြင့်တန်းပြိုင်ပွဲတွေမှာ ဝင်မကန်ဖူးဘဲ နဲ့၊ ဝင်ကန်ဖို့ အရည်အချင်းမရှိဘဲနဲ့ တကယ် ကန်ခဲ့တဲ့ သူတွေကို အပြစ်တင်ချင်တာ..၊ ငါတို့က မရှုံးဖူးဘူး (ဝါ) အမှားမလုပ်ဖူးဘူးလို့ ဆိုချင်တာ ဖြစ်တယ်..။ ဘယ်ရှုံးဖူး..၊ ဘယ်မှားဖူး ပါ့မလဲ..။ တစ်ပွဲမှာမှ မကန်ဖူးကြတာကိုး။

ငြိမ်းချမ်းအေး
၂၂ ၊ စက်တင်ဘာ ၊ ၂၀၁၂

Zawmyo Aung shared Nyein Chan Aye's status update.
မှကူးယူဖေါ်ပြသည်
By:အလင်းရှင် http://aungminkhoung.blogspot.com

No comments :

Post a Comment

Twitter Bird Gadget