ဟိတ်ကောင် အာဏားရူးတွေ
ငါတို့ပြည်သူတွေကို
ဘာလို့ ထောင်သွင်းအကျဉ်းချခဲ့တာလဲ
ငါတို့ပြည်သူတွေကို
ဘာလို့ သတ်ဖြတ်ညှဉ်းဆဲခဲ့တာလဲ
တကယ်တော့
မင်းတို့ဟာ
ငါတို့ပြည်သူတွေပိုင်တဲ့
လယ်ယာမြေ၊ မြစ်ချောင်းအင်းအိုင် . .
တောတောင်သဘာဝ . . . တွေကို ကိုယ်ကျိုးရှာ ခိုးဝှက်စားသုံးခဲ့တာပဲမဟုတ်လား။
ဒါကို
ငါတို့ပြည်သူတွေနေတဲ့ မြန်မာနိုင်ငံလေးက သိတယ်။
ဒါကို
မင်းတို့ သွားရမယ့် အ၀ီဝိက သိတယ်။
No comments :
Post a Comment