.

Saturday, February 2, 2013

ဒါယကာကြီးဦးကျော်သူရဲ့ ခရိုနီဆိုသောစကားကိုဖြည့်စွပ်လိုက်ခြင်း

Unknown | 9:21 AM | Unknown | 9:21 AM |
Unknown | 9:21 AM | Best Blogger Tips
ဒီလိုတွေပြောနေရတာ၊မစ္ဆရိယစိတ်တွေကြောင့်မဟုတ်ဘူးနော်။ မြန်မာလူမျိုးတွေအတုယူမှားသွားမှာစိုးလို့ပါ။ ကောင်းတဲ့နေရာကိုအတုယူသင့်သော်လည်း အခုလို အာဏာရူးများကိုအဘခေါ်ခေါင်းငုတ်ပြီးအဓမ္မဖြစ်သောပြည်သူပိုင်ပစ္စ ည်းတွေကို မိမိတစ်ဦးတည်းရအောင် ဖားယားပြီးလုပ်ကိုင်စီးပွားဟာ သဒ္ဓါလာဘတွေမဟုတ်ဘူးဆိုတာကို လူငယ်တွေကိုသိစေချင်ပါတယ်။ ခရိုနီနဲ့အာဏာရူးများရဲ့ ခန္ဓာဟာ မီးခဲလိုပူလောင်လှပါတယ်။ အခိုးအလျှံတွေထွက်နေတဲ့ အဓမ္မလာဘ်လာဘတွေဟာ သံသရာမှာ ယမမင်းစစ်တဲ့အခါ မြန်မာပြည်ပလိပ်စစ်သသလို ဖုံးထား/ကွယ်ထား/လာဘ်ပေးထားလို့မရပါဘူး။ ဒါ့ကြောင့် ရှေးကသူ-တော်ကောင်းကြီးများဟာ (ဟဲ့. . . မိန်းမ နင်နော် ငါ့ကို သူများခြံစည်းရိုးကမသိ
ဘဲခူးလာတဲ့ ကင်းပွန်သီးကိုတော့ ချက်မကျွေးပါနဲ့ဟယ် . . .) ဒီလိုကိုအမှာအထားရှိကာ သန့်ရှင်းသောကိုယ့်ခြံထဲကမရှိရှိတာလေးတွေနဲ့သား ထမင်းတစ်ဝိုင်းကိုစီမံတက်ကြပါတယ်။ ကဲ . . . ဒီလိုသာ ဓမ္မလာဘဆိုရင် ဟိတ် . . .မလွဲဘူးခရိုနီတွေနဲ့ အာဏာရူးတွေဟာ ပြည်သူ့ကျွေးတွေကို သံသရာမှာဆပ်ကြရဦးမှာပဲ။

ခရိုနီတွေလူမှုရေးလုပ်လာကြပြန်ပြီ ဟု ဦးကျော်သူပြော
February 1, 2013Home, သတင်း ဌာနအသီးသီးရှိ အာဏာရှိ သူများနှင့်ပူးပေါင်းကာ ကိုယ်ကျိုး အတွက်ရှာကာ အများအကျိုးကို ပစ်ပယ်ထားတက်သော ခရိုနီများ သည် ကိုယ်ကျိုးအတွက်မျှော်မှန်း ၍ လူမှုရေးလောကနယ်ပယ်သို့ ၀င်ရောက်လာကြောင်း ဦးကျော်သူ ကပြောကြားသည်။
““ခရိုနီအုပ်စုထဲက လူတွေက ဒီကြားထဲမှာ နိုင်ငံရေးလောက ထဲကိုလည်းဝင်နေတယ်။ လူမှုရေး လောကထဲကိုလည်းဝင်နေတယ်။ ဘာလို့ဝင်တာလည်းလို့မေးရင် သူတို့အနေချောင်ဖို့ သူတို့ဒီထဲကို ၀င်ပြီလေ၊လူမှုရေးလုပ်တယ်ဆိုရင် ပြည်သူလူထုက အားကိုးတယ်။ ပြည်သူလူထုက အားကိုးတယ်ဆို ရင် အင်အားရှိတယ်လို့ထင်နေ တယ်။ လူမှုရေးလုပ်တယ်ဆိုတာ ကိုယ့်ရဲ့စိတ်ဓာတ်က လူမှုရေး အတွက်ဘယ်လောက်ရှိလည်း လူမှုရေးအတွက်ကိုယ့်ရဲ့စိတ်ဓာတ် ကဘယ်လောက်အာမခံချက်ရှိ လည်းဆိုတဲ့ ဒီစိတ်ဓာတ်နဲ့လုပ်ရ မှာငွေနဲ့ပေါက်ပြီး လူမှုရေးလောက ထဲကို ၀င်လို့မရဘူး။ဒါတွေက မှား နေပြီ နိုင်ငံရေးဆိုလည်း နိုင်ငံရေး ငွေနဲ့ပေါက်ပြီးဝင်တယ်။
သူတို့အဲလိုလုပ်နေတဲ့အပေါ် မှာတော့ ဘာမှမပြောချင်ဘူး။ သူ့သမိုင်းကိုသူရေးမယ်။ သေတဲ့ အခါကျတော့ သိမှာပဲ၊တစ်ချို့က ဗုဒ္ဓဘာသာဖြစ်ပြီးတော့ ဒီဘ၀မှာ ငါကောင်းကောင်းနေမယ်။ကောင်း ကောင်းစားသောက်ဖို့လည်းအရေး ကြီးတယ်။ သေသွားပြီဆိုရင် နောက်ဘ၀ နောက်တစ်ကောင် ဖြစ်မယ်။အဲဒီအတွေးအခေါ်တွေ ဒါတွေကြောင့် တစ်ကမ္ဘာလုံးဒုက္ခ ရောက်နေတာ။လှူတယ်ဆိုလည်း ပျက်ရမယ်။မလိုအပ်တာကို ကဗျည်းရေးထိုးချင်တယ်။မလိုအပ် တဲ့နေရာကိုလည်း ကိုယ်အကျိုး စီးပွားအတွက် သိန်းတစ်ထောင် လှူတယ်ဆိုရင် နောက်က သိန်း ၄၊၅၊၆ထောင်လောက်ရမယ့် မျှော် ကိုးချက်နဲ့လှူတယ်ဒါတွေက မှား နေပြီ။တကယ်မြန်မာနိုင်ငံမှာလို အပ်နေတဲ့နေရာတွေအများကြီး အဲဒီနေရာတွေကို လုပ်ပေးရမှာ”” ဟုပြောကြားခဲ့သည်။
နာရေးကူညီမှုအသင်းအား နေ့စဉ်၊လစဉ်၊နှစ်စဉ်လာလှူသည် ငွေကြေးများကိုလည်း ကျန်းမာ ရေး၊ပညာရေး၊သဘာဝဘေးနှင့် တခြားသောလိုအပ်သည့်နေရာ များသို့ ခြင့်ချိန်၍လှူဒါန်းနေ ကြောင်းသိရှိရသည်။  
 ဖြိုးအောင်
Credit to :The Hot News
Post By : အေးချမ်းမွန်  https://www.facebook.com/excellencemedia
 


No comments :

Post a Comment

Twitter Bird Gadget