.

Tuesday, February 26, 2013

တည်သည့် မြေ ၊ ရပ် သည့် ခြေ ။

Unknown | 9:20 PM | Unknown | 9:20 PM |
Unknown | 9:20 PM | Best Blogger Tips
တည်သည့် မြေ ၊ ရပ် သည့် ခြေ ။
--------------------------------------
စစ် ဖိနပ်ကို
ချစ်မြတ်နိုးရင်
တိုင်းပြည် အတွက်
မားမား မတ်မတ်
ရပ်တည်ပေးပါ။

အဂတိတရား နွယ်ပြီး
တစ်လေသံထဲ လိုက်
တစ်ထေရာထဲ ခြေရာနင်း
စစ်တလင်း ခင်း
ပြည်သူ့ ရင်ကို နင်း
ပြည်သူ့ ဆန္ဒကို မျက်ကွယ်ပြု
အမှန် မဆိုဝံ့ တဲ့ ဘဝ မှာ
သူရဲကောင်း နာမည်တပ်ရင်
ကျီးအာသီးတွေ လှနေသလိုပေါ့။

တိုင်းပြည်ကို
တကယ် ချစ်မချစ်
အသံတောင် မဟပဲ
အမိန့်တွေကြားမှာ
ပြေးလွား တိုက်ပွဲဝင်
အိမ်ကိုလည်း မမြင်ရ
ကြင်သူလည်း မခင်ရ
သွေးသားလည်း မထွေးရ
သေသာသွားသည်
လူမသိရ ..
အညတရ တပ်သား တွေကို
ပွန်းရုပ်ကလေးတွေ လို
ကျ ကုန်တိုင်း
အသစ်ဝယ်နေတော့မှာလား ။
---------------------------
ကိုဝိုင်ဝိုင်ကေ
၂၆-၂-၁၃ 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

စစ် ဖိနပ်ကို
ချစ်မြတ်နိုးရင်
တိုင်းပြည် အတွက်
မားမား မတ်မတ်
ရပ်တည်ပေးပါ။

အဂတိတရား နွယ်ပြီး
တစ်လေသံထဲ လိုက်
တစ်ထေရာထဲ ခြေရာနင်း
စစ်တလင်း ခင်း
ပြည်သူ့ ရင်ကို နင်း
ပြည်သူ့ ဆန္ဒကို မျက်ကွယ်ပြု
အမှန် မဆိုဝံ့ တဲ့ ဘဝ မှာ
သူရဲကောင်း နာမည်တပ်ရင်
ကျီးအာသီးတွေ လှနေသလိုပေါ့။

တိုင်းပြည်ကို
တကယ် ချစ်မချစ်
အသံတောင် မဟပဲ
အမိန့်တွေကြားမှာ
ပြေးလွား တိုက်ပွဲဝင်
အိမ်ကိုလည်း မမြင်ရ
ကြင်သူလည်း မခင်ရ
သွေးသားလည်း မထွေးရ
သေသာသွားသည်
လူမသိရ ..
အညတရ တပ်သား တွေကို
ပွန်းရုပ်ကလေးတွေ လို
ကျ ကုန်တိုင်း
အသစ်ဝယ်နေတော့မှာလား ။
---------------------------
ကိုဝိုင်ဝိုင်ကေ
၂၆-၂-၁၃
ကိုသောင်း ပုလဲမြေ

No comments :

Post a Comment

Twitter Bird Gadget