.

Wednesday, February 6, 2013

ခေတ်သစ်ချစ်တီး ဦးမြင့်လှိုင်နဲ့ သူ့အပေါင်းအပါ ပါတီတစ်ခုလုံး မြန်မာ့တောင်သူလယ်သမားတွေရဲ့ မဲပြား ဒီဘဝအဖို့ မျှော်မနေကြနဲ့တော့။

Unknown | 9:05 PM | Unknown | 9:05 PM |
Unknown | 9:05 PM | Best Blogger Tips

ကြွေးပိပြီး ပင်ပန်းနေတဲ့ စပါးစိုက် တောင်သူတွေကို ထမင်းလျှော့စားခိုင်းတာလောက် စော်ကားလွန်းတာ မရှိတော့ဘူး။ တစိမ့်စိမ့်တွေး တရေးရေး အသည်းနာတယ်။ တခြားဝန်ကြီးမို့ နားမလည်လို့ မသိလို့ဆိုထားဦး၊ ခုတော့ တောင်သူလယ်သမားတွေနဲ့ တိုက်ရိုက်ပက်သက်ဆက်ဆံနေတဲ့ လယ်/ဆယ် ဝန်ကြီးပါးစပ်ကမှ ထွက်ရတယ်လို့ကွာ.... ခင်ဗျားပါးစပ် ချီးငုံထားဖို့ကောင်းတယ် ဦးမြင့်လှိုင်... ပြင်သစ်သမိုင်းမှာလဲ Marie Antoinette ဆိုတဲ့ မိဖုရားတစ်ပါးရှိခဲ့ဖူးတယ်။ ပြင်သစ်လယ်သမားတွေ ငတ်နေတာကို ဟာသလုပ်ပြီး စားစရာ ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပေါ့ လို့ပြောလိုက်မိတာ နောက်ဆုံး ပြင်သစ်တော်လှန်ရေးမှာ အသေဆိုးနဲ့ ခေါင်းဖြတ်သတ်ခံလိုက်ရပါရောလား။ ခင်ဗျားလဲ ပါးစပ်စည်းမစောင့်တာ ဒီဘဝတင် ဝဋ်လည်လိမ့်မယ်... စောင့်သာကြည့်.... 

 ခေတ်သစ်ချစ်တီး ဦးမြင့်လှိုင်နဲ့ သူ့အပေါင်းအပါ ပါတီတစ်ခုလုံး မြန်မာ့တောင်သူလယ်သမားတွေရဲ့ မဲပြား ဒီဘဝအဖို့ မျှော်မနေကြနဲ့တော့။ ခုထဲက ပြတ်သားသွားပြီ။

The Public Image Journal (လူထုပုံရိပ် ဂျာနယ်) (Vol-1 No-19 ) Friday- 1-2-2013

Sandar Myintm shared ခွန် ဒီးယမ်'s photo. မှကူးယူဖေါ်ပြသည် aungminkhoung.blogspot.com

No comments :

Post a Comment

Twitter Bird Gadget