.

Monday, February 4, 2013

လွဲ

Unknown | 7:33 PM | Unknown | 7:33 PM |
Unknown | 7:33 PM | Best Blogger Tips

by အလင်း ရှင် on Friday, 19 October 2012 at 23:13 ·
ကျွန်တော့်ဘ၀ဟာ
အင်တာနက်ဆိုင်သို့ရောက်ဖြစ်တိုင်း
နေ့စဉ်သတင်းထူးဖြစ်စဉ်များကိုသာ ဆွဲချနေရတာမို့ facebook ကိုဖွင့်ချင်သော်လည်း မဖွင့်နိုင်ရဲခဲ့။
Norton AutiVirus update တစ်ဖိုင်ရဖို့ အင်တာနက်လိုင်းကို (ဥုံ ခံသြောင်းခံ) ရတဲ့အပြင်
ရံခါ အလာအရှင်မြတ်နဲ့ ခရစ်တော်တို့ကိုပါ တိုင်တည်တမ်းတရပြန်ပါတယ်။
အာဏာရူး သန်းရွှေကတိုင် အာဏာရူးတစ်ဖြစ်လဲအင်္ကျီပြောင်းဝတ်သူ သိန်းစိန်တိုင်အခု
(၁၅-၁၀-၂၀၁၂)၈း၃၆pm မြန်မာ ပြည်မှာဘာတွေပြောင်းလဲသွားတယ်ဆိုတာ အထူးမသိရသလို
အင်တာနက်လိုင်းတွေကလည်း အထူးနှေးကွေး နေတာတွေကအစအားလုံးဟာ  အရင်အတိုင်းပါပဲ။
KMD ကွန်ပျူတာပိုင်ရှင်အဖြစ်မှ ယခုအခါ ဆက်သွယ်ရေး ဒုဝန်ကြီးဖြစ်သွားသူကလည်း ရွှေမန်းတင်မောင်အတိုင်းပါပဲ။
စောက်ပြောကြီးတဲ့ အဲဒီကောင်ကိုလဲ ပြည်သူလူထုကြီးရဲ့ကိုယ်စား ကျွန်တော်အလိုမရှိကြောင်း ရင်ဖွင့်ပါရစေ။
အခုအထိ   ငါးထောင်လောက်တန်တဲ့ တယ်လီဖုန်းကို ကျွန်တော်တို့မကိုင်ရသေးဘူး။
ဒါ့ကြောင့်ကျွန်တော်ဟာ အင်တာနက်ကို တစ်ပတ်နှစ်ကြိမ်လောက်ကြည့်ဖြစ် သော်လည်း facebook နဲ့တော့ လွဲမြဲလွဲနေတုန်းပါပဲ။
အင်း . . . . .
ဒီလိုသာ . . . .  ။
facebook နဲ့လဲ လွဲ . . . .
အောင်ဘာလေထီဆုကြီးနဲ့လဲ အခုအချိန်အထိလွဲ . . . .
ပြည်သူ့ဆန္ဒအမှန်တွေဖေါ်ထုတ်ဖို့ စစ်မှန်တဲ့ဒီမိုကရေစီနဲ့လဲလွဲ . . . .
ကျွန်တော် မြတ်နိုးတွယ်တာရပါသော ချစ်သောငယ်နဲ့လဲဘ၀သက်ဆုံးတိုင်လွဲခဲ့ရမှတော့ . . . .

By:အလင်းရှင် http://aungminkhoung.blogspot.com

No comments :

Post a Comment

Twitter Bird Gadget