.

Friday, February 22, 2013

ရက်စက်ပါပေ့ ခရိုနီ

Unknown | 10:26 PM | Unknown | 10:26 PM |
Unknown | 10:26 PM | Best Blogger Tips
ဒေါ်လာဈေးလည်း ဒီလောက်မတက်ပါဘူးဗျာ ဘာဖြစ်လို့ ဓါတ်ဆီဒီဇယ်ဈေးတွေက တက်နေကြတာလဲ?
ပုဂ္ဂလိကဆိုင်တွေ ဖွင့်ကာစက အောက်တိန်းစစ်စစ်ကို ၃၃၀၀နဲ့ဝယ်ရတယ်။ခုဆို အရောအနှော အချိန်မပြည့်အောက်တိန်းကို ၄၀၀၀ကျော်ပေးဝယ်နေရတာ။ ခုကားအသစ်လေးတွေနဲ့ ယိုးဒယားကလစ်ဆိုင်ကယ်တွေ အများဆုံးပျက်တဲ့ ပြစ်ချက်က ဒီအောက်တိန်းဆီတွေ ဆီထုမညီ ဆီအရည်အသွေးမပြည့်မှီတာကြောင့်ပ
ါ။ ကျွန်တော့်အလိုရတော့ ဒီပြသနာတွေဟာ အလုပ်ပေါင်းစုံ လုပ်နေတဲ့ အမည်နာမအမျိုးမျိုးနဲ့ ဒီက ကုမ္မဏီတွေကြောင့်ပါ။ ကျွန်တော်တို့နိုင်ငံမှာ ဘာပဲဝယ်ဝယ် ဝယ်ယူသူတွေဟာ အနည်းဆုံး နိုင်ငံတကာဈေးနှုန်းနဲ့ ပေးဝယ်ရတယ် ရတဲ့ အရည်အသွေးကြတော့ အနိမ့်ဆုံးနဲ့ ဘာတာဝန်ယူမှုမှ မရှိကြတာကိုပဲ တွေ့နေရတယ်။ ဒီနိုင်ငံမှာ အမှန်အကန် ဘာလျှော့ဈေးမှ မရှိဘူး မကောင်းတာ ဒိတ်အောက်တာတွေကိုပဲ အထူးလျှော့ဈေးဆိုပြီး လုပ်နေကြတာ။ ဒါတွေဟာ ပြိုင်ဆိုင်မှုမရှိ ဈေးကွက်ကို လိုသလိုလုပ်နိုင်တဲ့လူတစုပဲ ကိုင်ထာလို့ ဒီလိုတန်ရာတန်ကြေး ပြန်မရတဲ့ အဖြစ်တွေရှိနေတာပါ။
ဖြစ်နိင်ရင် ဒီမှာရှိတဲ့ လုပ်ငန်းတွေကို နိုင်ငံခြား ကုမ္မဏီတွေဝင်လာမှ စားသုံးသူတွေရဲ့ အခွင့်အရေးဆိုတာ ရလာမှာပါ။နည်းပညာလည်း တိုးတတ်လာပါလိမ့်မယ် ။ ခုတော့ဗျာ အရင်းနှီးချင်းတူရင်တောင် အခွင့်အရေးခြင်းမတူဘူး နိုင်ငံက ဆင်းရဲတယ် အဲ့ဒီဆင်းရဲတဲ့တိုင်းပြည်မှာ ဘီဂိတ်လောက်နီးနီး ချမ်းသာတဲ့ လူတစုရှိတယ် ဘာထုတ်ကုန်မှကမ္ဘျာကျာ်အောင် မထုတ်နိုင်ပဲနဲ့ ဒီလောက်ချမ်းသာနေတာ သဘာဝမကျဘူးဆိုတာ လူတိုင်းမြင်နေပါပြီ။
ဒီမှာ…… ခင်ဗျားတို့ရဲ့ ဆွေစဉ်မျိုးဆက် ၁၀ဆက် စားမကုန်အောင်လည်း ချမ်းသာနေပါပြီ မှန်မှန်ကန်ကန် တန်ရာတန်ကြေးနဲ့ စားသုံးသူတွေရဲ့ အခွင့်အရေးဆိုတာ ပြည်သူတွေ မြင်ဘူးတယ်ဆိုတာရှိဖို့ လုပ်ပေးကြပါအုံးဗျာ …
မှန်မှန်ကန်ကန်နိုင်ငံခြားကုမ္မဏ
ီများ ကျွန်တော်တို့ နိုင်ငံမှာ အပြိုင်အဆိုင် လာရောက်လုပ်ကိုင်နေတာမြင်ရဖို့ အချိန်ဘယ်လောက်များ ကြာအုံးမလဲ မသိပေါင်ဗျာ…… Credit by - အဘ Thura Aye

No comments :

Post a Comment

Twitter Bird Gadget