.

Saturday, January 26, 2013

Facebook ဆိုတာ ရေဆေးပြီးသုံးရတာမျိုးပါ။

Unknown | 2:37 AM | Unknown | 2:37 AM |
Unknown | 2:37 AM | Best Blogger Tips


ကချင်ပြည်နယ်မှာစစ်ပွဲဖြစ်နေတာ ကချင်ပြည်သူတွေသေတာ အောတိုက်ပဲတဲ့။ ဒါကိုEU အဖွဲ့ ကနေပြီးတော့လဲ စိုးရိမ်နေတယ်တဲ့။ ဆက်သွယ်ရေးဝန်ကြီးဦးသိန်းထွန်း လာဘ်စားတာပေါ်သွားပြီတဲ့။ ငါးထောင်တန်တယ်လီဖုန်းကတော့ ပြည်သူတွေအတွက် ဝေးပါသေးတယ်တဲ့။ လွှတ်တော်ထဲမှာလဲ ဒီအကြောင်းကိုဆွေးနွေးနေတယ်တဲ့။ သမ္မတကလည်း ငြိမ်းချမ်းရေးဆွေးနွေးမယ်တဲ့။ အောင်ဆန်း စုကြည်ကလည်း ကချင်စစ်ပွဲကိုပစ်ထား တယ်၊လက်ပံတောင်းတောင်ကိစ္စကိုလဲ နှာစေးနေတယ်တဲ့။ ကျန်းမာရေးအတွက်ဆေးနည်းတဲ့။ ချစ်သူ ကပြန်မချစ်တာရယ် ချစ်ပြီးသားတွေကသစ္စာမဲ့တာရယ် ဓာတ်ပုံတွေကလည်း တင်ထားလိုက်ကြတာ အချိန်တွေအားတာကို . .. တဲ့။
စသည်ဖြင့်စသည်ဖြင့် . . . facebook မှာစုံနေတာပဲ ဟင်းဝိုင်းစုံတဲ့ထမင်းဝိုင်းတောင် facebook လောက်စုံလင်မှာမဟုတ်ဘူး။ တရုတ်ပြေးမင်းခေါ်နရပတေ့က ဟင်းပွဲတစ်ရာ စားတယ်တဲ့ ပြင်းတာ ပေါ့ သူ့လောက်ကတော့ facebook က ပြင်းတောင်ပြင်းသေးတယ် ဆိုတဲ့ကိုရင်သိန်းတန်ကြီးသီချင်း တောင်ဆိုပြလိုက်ဦးမယ်။
ဒီတော့က ဒါမြန်မာပြည်ထဲက facebook ကွက်ကွက်ကွင်းကွင်းလေးကိုပဲပြောတာနော် . . ကမ္ဘာမှာ ဆို ဘယ်လောက်တောင်များ ပြောလိုက်ကြမလဲ။ တကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ ဦးဇင်း တို့လဲ ဒါ့ကြောင့်မို့ facebook ကိုသုံးဖြစ်တာပါ။ ဆွမ်းဆန်ထဲ ကြက်ချေးရောဆိုသလို ဘာဘာညာညာ ကတော့ ပါတက်တာပေါ့လေ။ ဆွမ်းဆန်မကောင်းလို့ ဆွမ်းမချက်ရရင် ဆွမ်းတော်ဘယ်လိုကပ်မလဲ? ဒီလိုပဲပေါ့ ရောနေတဲ့အညစ်အကြေးတွေကို ရွေးထုတ်ပြီး နေလှမ်း၊ရေဆေးပြီးချက်လိုက်ရင် ဆွမ်းတစ် ပွဲအတွက်တော့ အဆင်ပြေသွားတာပဲလေ။
အဲဒီတော့က facebook ထဲရောနေတဲ့ ကြက်ချေးတွေကို ရေဆေးပြီးသုံးနေရတဲ့ဘ၀ကလဲမသက်သာ လှဘူးနော်။ ပိုစ့်တစ်ခုမှာတွေ့တယ်။ ကုလားမလေးက သူပုံတွေနဲ့ကုလားမင်းသားမင်းသမီးပုံတွေကို တင်ထားတာများလွန်းတော့ သတင်းကြည့်ချင်တဲ့ကောင်လေးက ဒေါသထွက်ပြီး Unfriend လုပ်လိုက် တဲ့အကြောင်းကိုလဲ တွေ့ရတယ်။ ဦးဇင်းပြုံးမိပါတယ်။ ဒီဒကာလေးလဲ Facebook ကိုရေဆေးတက် သွားပြီလို့။
ကဲ . . . ညီငယ်ညီမငယ်တို့လဲ Facebook ကိုရေဆေးသုံးတက်အောင်လုပ်နော် ဒါမှ ဘ၀ကူးလေး ကောင်းမှာ။

No comments :

Post a Comment

Twitter Bird Gadget