.

Thursday, August 16, 2012

လအိပ်ယာဝင်တဲ့ည

Unknown | 4:22 AM | Unknown | 4:22 AM |
Unknown | 4:22 AM | Best Blogger Tips
ကျွန်တော် ဒီကဗျာလေးကို တင်ဖို့စိတ်ကူးရှိထားပေမယ့် စဉ်းစားစရာလေးတွေရှိနေသေးလို့ မတင်ဖြစ်ခဲ့ဘူး ကျွန်တော့ကဗျာတွေအားလုံးကို လုံချင်းထုတ်ဖို့အတွက် ကြံရွယ်ထားတဲ့ သက္ကရာဇ်ကလည်း တော်တော် တောင်ဟောင်းခဲ့ပြီ။ ဒါနဲ့ ဒီလိုနဲ့ မတင်ဖြစ်ခဲ့တာပါ။ ဒီနေ့တော့ ကော်ဖီဘားတစ်ခုမှာ ချစ်ကျွမ်းဝင်တဲ့ ညီလေး တစ်ယောက်က လိုချင်တယ်ဆိုတာနဲ့ သု့ကိုပေးရင်း အခုလိုတင်ဖြစ်သွားတာပါ။
အိပ် ယာ ၀ငတဲ့       
နာရီဖြစ်ခဲ့ဖူးပါတယ်
သံပတ်ရပ်သွားတဲ့ ညနေခင်းနဲ့
စက္ကန့်တန်တစ်ချောင်း။

ရာသီဖြစ်ခဲ့ဖူးပါတယ်
နွေဦးမှာ တွန်မိတဲ့
လေးသင့်တဲ့အတောင်တစ်ဘက်။

ဘ၀ဆိုတဲ့
ငါ့အင်္ကျီတစ်ထည်ကိုစကားလုံးအနီတွေနဲ့
ပစ်လိုက်ကြတာ
ပေါက်လို့ပြဲပေါ့။

အို . . . .
ခွေးတွေသံစုံတီးတဲ့ညမှာ
ငါကောင်းကင်ကြီးကို မေးကြည့်ဖူးပါတယ်
 လမင်းတောင်အိပ်ယာဝင်သွားပြီတဲ့။

By:အလင်းရှင် http://aungminkhoung.blogspot.com

No comments :

Post a Comment

Twitter Bird Gadget