.

Friday, August 17, 2012

လန်ဒန်ဘုန်းကြီးဦးဥတ္တရသို့ မေတ္တာကထာ

Unknown | 9:36 PM | Unknown | 9:36 PM |
Unknown | 9:36 PM | Best Blogger Tips

အင်္ဂလန်က လန်ဒန်သင်္ကြန် ဘုန်းကြီးဦးဥတ္တတို့ သူတော်ကောင်းစိတ်ထားရန်၊ အများအကျိုးကြည့်ရန်အတွက်
မြန်မာပြည်မှမေတ္တာကထာ
Facebook မှာ အခုလိုအချိန်အကုန်ခံငွေကုန်ခံပြီးစာရေးနေတယ်ဆိုတာ လက်အားလက်ယားလို့မဟုတ် ပါဘူး၊ အာဏာရှင်သန်းရွှေရဲ့တပည့်စစ်ဘောင်းဘီချွတ်တွေရဲ့ မတရားလုပ်ရပ်တွေကို ပြည်သူတွေကို သိစေချင်တဲ့ အပြင် ဒီအဓမ္မမိစ္ဆာတွေကို ပံ့ပိုးပေးနေတဲ့ (၁)မဟနခေါ်ဘုန်းကြီးပရိတ်သတ်၊ (၂)သူတို့နဲ့ အတူပု လင်းတူဘူးစို့ ခရိုနီစီး ပွားရေးသမားတွေ(၃)ဗဟုသုတချို့ငဲ့နေတဲ့သူတွေအတွက်ပါ။ အထူးသဖြ င့်တော့ ပြန်ကြားရေးကျော်ဆန်းက မီဒီယာကိုမီဒီယာနဲ့တိုက်ရမယ်လို့ သတင်းစာရှင်းလင်းပွဲတစ်ခု မှာ ပြောခဲ့သလို ကျွန်တော်တို့ရဲ့ မီဒီယာစာမျက် နှာမှာ အယောင်ဆောင်တွေရဲ့ လက်ရာတွေရောက်နေ လို့ ခွဲခြားသိရှိနိုင်ရန် အခုလိုအပင်ပန်းခံရတာပါ။ သင်္ကြန် မှာ လန်ဒန်ဘုန်းကြီးဦးဥတ္တရက သိန်းစိန်ကို ငြိမ်းချမ်းရေးဆုပေးလိုက်တယ်တဲ့ ။ ဒီသတင်းဟာ အမှန်အဟုတ် ပဲဆိုတာတော့ ခိုင်မာနေပြီလေ၊ ဒါဆိုရင် ဒီဘုန်းကြီးဟာ အပ်ဘုန်းကြီးပေါ့ဗျာ။ ဒါကိုကျွန်တော်တို့လို ထောင်ပြန် သမားတွေကသိ တယ်လေ၊ လူနည်းစုလောက်သာသိတဲ့ကိစ္စတွေကို ကျွန်တော်တို့က အခုလိုအပင်ပန်းခံမရေး ရင် ဒီမြန်မာနိုင်ငံကြီးရဲ့ အနာဂါတ်ဟာ ရင်လေးစရာပေါ့ဗျာ ။
ကဲ . . . . လန်ဒန်သင်္ကြန်က ဘုန်းကြီးဦးဥတ္တရရေ . . .
မြန်မာပြည်က ပြည်သူလူထုတွေတောင်းဆိုနေတဲ့ ငြိမ်းချမ်းရေးတစ်စိတ်တစ်ဒေသကိုကြည့်လိုက်ပါဦး ။ ကြည်ပြီးရင် အရှင်ဘုရားရဲ့ တကာထိန်ပြောင်သိန်းစိန်ကို အကျဉ်းသားတွေအမြန်လွှတ်ပေးဖို့ ကချင်ပြည် နယ်မှာ စစ်ပွဲတွေရပ်ဖို့ပြောလိုက်ပါဦးခင်ဗျာ။

No comments :

Post a Comment

Twitter Bird Gadget