.

Friday, August 17, 2012

အမှား ထံသို့ အမှန်

Unknown | 2:00 AM | Unknown | 2:00 AM |
Unknown | 2:00 AM | Best Blogger Tips
     အမှားထံသို့ အမှန် ဆိုတော့ အမှန်ဆိုသူက အမှားဆိုသူထံသို့ပေးစာပဲဖြစ်ပါတယ်။ ဒါဆို အမှန်ဆို သူက အမှန်ဆိုတာကဘာလဲ? ဘယ်သူလဲ? အမှန်တင်ပြသူဆိုတာက ဘယ်သူလဲ? အဘယ်သို့သော အမှန်များကို တင်ပြတာလဲ? စတဲ့မေးခွန်းတွေဟာ တစ်သီတစ်သန်းနဲ့။ နားလည်ပါဗျာ။ ဒီလိုနေရာမှာ စာရေးရတယ်ဆိုကတည်း က စာပေလွတ်လပ်မှုမရှိ ထောင်သွင်းအကျဉ်းချနေတဲ့ တိရစ္ဆာန်သာသာသာရှိတဲ့ကျော်ဆန်း ရဲ့ မြန် မာစာနယ်ဇင်း နယ် ပယ်မှာ ရေးလို့မရကတည်းက AUNG MIN KHOUNG ဆိုသူရဲ့ real name ကိုလည်း ပြောဝံ့ပါ့မလားခင်ဗျာ။
ဒီတော့က အမှားဆိုသူတွေဟာ ဘယ်သူဘယ်ဝါဖြစ်ပါတယ်လို့ ဖေါ်ကောင်မလုပ်တော့သလို အမှန် တင်ပြတဲ့ ကျွန်တော်ရဲ့ AUNG MIN KHOUNG ဆိုတဲ့  nickname လေးပဲမှတ်ထားလိုက်ပေါ့ဗျာ။
မြန်မာပြည်မှာက အားလုံးဟာ ပြောင်းပြန်တွေခြည်းပဲဗျ။ အိုဟောင်းဆွေးမြေ့နေတဲ့အရာတွေဟာ တန် ဘိုးဖြစ်သွားတယ်။ အိုဟောင်းဆိုတဲ့နေရာမှာ antique ပစ္စည်းတွေကိုမဆိုလိုဘူးနော်။ လူစီးလို့မရတဲ့ကားအို ကြီးတွေက သိန်းရာကျော်တန်သွားတယ်။ အဲလိုပဲဗျ။ မြန်မာနိုင်ငံမှာရှိတဲ့ တရားဟောဓမ္မကထိကနဲ့ တရားပြကမ္မ ဋ္ဌာနာစရိယတို့ဟာ ပြောင်းပြန်တွေချည်းပဲဗျ။ ရန်ကုန်မြို့ ရပ်ကွက်တိုင်း လမ်းတိုင်းလမ်းတိုင်းမှာ တရားပွဲတွေဆိုတာ ကြာနီကန်ဆရာ တော်ကြီးပြောပြောရင် ဗွက်ပေါက်လို့ပေါ့၊ ဟောတဲ့ ဆရာတော်များမှာလဲ ဘွဲ့တံဆိပ်တွေရဲ့ရှေ့ မှာ ဒေါက်တာဆိုတာ တွေကလဲပွလို့ပေါ့ဝမ်းသာပါဗျာ။ ပီတိသောမနဿများလည်း ကျွန်တော့ရင်ဘတ်ထဲ မှာ အောတိုက်ပါပဲ။ ဒါပေမယ့် လည်း ကျွန်တော်မြင်တာကတော့ ပြောင်းပြန်တွေများဖြစ်နေသလား? ဘာဖြစ်လို့ လည်းဆိုတော့ မြန်မာပြည်သူ တွေခမျာ မ-ဆ-လ ခေါ် နေ၀င်းအစိုးရလက်ထက်ကတည်းက ဒုက္ခသစ္စာကိုသိမြင်ခံ စားနေရတာပါ အဲဒီကတည်းက အခုထိပ်ပြောင်ဘောင်းဘီချွတ်တိုက်ပုံဝတ်ခေါင်းပေါင်းစတစ်ထောင်ထောင်လုပ်နေ တဲ့ သိန်းစိန်တို့တိုင်အောင် ပါပဲ။
နည်းအမျိုးမျိုးနဲ့ပြည်သူပိုင်ပစ္စည်းတွေကိုဝေစားမျှစားလုပ်ခဲ့ကြတဲ့အပြင် ဒါတွေကိုသိတဲ့ ကျွန်တော် တို့လိုလူတွေက လူထုပညာပေးရေးကဏ္ဍတွေလုပ်တယ်၊ လုပ်တော့သူတို့က ပုဒ်မအမျိုးမျိုးတပ် ပြီးထောင်ချ တယ်။ထောင်ချတော့လည်း သူတော်ကောင်းစိတ်ကြီးမားကြတဲ့ ကျွန်တော်တို့လိုလူတွေက အခုလိုပြည်သူတွေသိရှိ နားလည် အောင်ဆက်လက်အားထုတ်ကြတယ်။ အဲဒီတော့ သူတို့ကလည်း ကျွန်တော်တို့လိုအလင်းရောင်လက်တွေ ကို ဆက် လက်ချိုးဖဲ့ဖို့အတွက် ထောင်ချပြန်လေတယ်။
ဒါ့ကြောင့် ကျွန်တော်တို့ ပြည်သူတွေခမျာ ဒင်းတို့နှိပ်စက်ခံရပါများလာတော့ ဒုက္ခသစ္စာအပေါ်နား လည်လွန်းလို့  အရာအား လုံးဟာ ဖြစ်ပြီးရင်ပျက်စမြဲဆိုတာ ကိုလည်းသိပါပေ့။ ဒါ့ကြောင့်ပဲ ခပ်ပါးပါးသံသရာ ဆိုပြီး
မိုးလင်းတာနဲ့
ဆန္ဒကိုမျက်နှာသစ်ပြီး
လောကဓံကို မျက်နှာလုပ်ဖို့အတွက်
အရောင်မျိုးစုံကို ခေါင်းငုံ့ရင်း
ပြုံးပြခဲ့ရတယ်။
နေ၀င်ချိန်မှာ
ပဲ့ရွဲ့ဆန္ဒကို တို့ပတ်ရိုက်ပြီး
နောက်ကျနေတဲ့ အိမ်ပြန်ခြေလှမ်းနဲ့
မနက်ဖန်ဆိုတဲ့အာရုံသစ်အတွက်
ခဏခဏသက်ပြင်းရာတွေ။      ။ လို့ အော်မိတယ်ဗျာ။        

No comments :

Post a Comment

Twitter Bird Gadget