Wednesday, January 28, 2015
မြန်မာပြည်၏ လွဲမှားနေသော ပညာရေးစနစ်ကို ဂျာမန်ပညာရှင်မှဝေဖန်ထောက်ပြ
Unknown
|
6:57 PM
|
ရင်နဲ့ရင်းခဲ့ရသော . . . သတင်းများ
Be the first to comment!
Unknown
|
6:57 PM
|
ရင်နဲ့ရင်းခဲ့ရသော . . . သတင်းများ
Be the first to comment!
Unknown | 6:57 PM |
ရင်နဲ့ရင်းခဲ့ရသော . . . သတင်းများ
အများမြင်ကွင်းပြန်ထွက်လာသော ဒေါ်ကြိုင်ကြိုင်ပြောသည့် ဦးသန်းရွှေ အကြောင်း
Unknown
|
6:44 PM
|
အာဏာရူးတို့အကြောင်း
Be the first to comment!
Unknown
|
6:44 PM
|
အာဏာရူးတို့အကြောင်း
Be the first to comment!
Unknown | 6:44 PM |
အာဏာရူးတို့အကြောင်း
ထဲတွင် သတိလစ်နေခြင်း တစ်ခုမဟုတ်တစ်ခုဖြစ်နိုင်သည်ဟု ထင်မြင်မိပါသည်။
အကယ်၍ ဦးသန်းရွှေအကောင်းပတိဖြစ်နေသော် ဒီပွဲကို တက်ရောက်နိုင်ပါသည်။
မတက်ရောက်ခဲ့ခြင်းသည်ကား ဦးသန်းရွှေ တစ်ခုခုဖြစ်နေလို့သာ . ..
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
ရန်ကုန်၊ ဇန်နဝါရီ ၂၇
(၁၉) ကြိမ်မြောက် ဗုဒ္ဓ သာသနာတော်လုံးဆိုင်ရာ ရွှေကျင် နိကာယ သံဃာ့အစည်းအဝေး ကြီးသို့ တက်ရောက်လာသော ရွှေကျင်သာသနာပိုင် မဟာဝိသုဒ္ဓါ ရုံကျောင်းတိုက် ဆရာတော်ကြီး နှင့် အခြားဆရာတော်ကြီးများကို အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ဇနီးဖြစ်သူ ဒေါ်ကြိုင် ကြိုင်နှင့် မိသားစုဝင်များက လာ ရောက်ဖူးမြော်ခဲ့သည်။ ထိုသို့ လာ ရောက်ဖူးမြော်စဉ် ဒေါ်ကြိုင်ကြိုင် က အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ ကျန်းမာရေး အခြေ အနေမှာ ကောင်းမွန်နေဆဲ ဖြစ် ကြောင်း သီတဂူ ဆရာတော်အား လျှောက်ထားခဲ့သည်ဟု သိရ သည်။
”နေကောင်းတယ် လို့တော့ ဒကာမကြီးက ပြောပါတယ်။ လူကြီး ရောဂါတွေတော့ ရှိမှာပေါ့။ အသက်တွေက ငယ်မှ မငယ်ကြ တော့တာကိုး။ အသေးစိတ်တော့ မမေး၊ မပြောဖြစ်ကြပါဘူး” ဟု သီတဂူဆရာတော် အရှင် ဥာဏိဿရက မိန့်သည်။
ဦးသန်းရွှေနှင့် နီးစပ်သူတစ် ဦးကလည်း ”သူက စိတ်ညစ်တတ်တဲ့သူ မဟုတ်သလို ကိုယ့်ကိုယ် ကိုယ် ကျန်းမာအောင်နေတတ်တဲ့ သူ”ဟု ပြောသည်။
မကြာသေးခင် ရက်များအ တွင်းကလည်း ဒေါ်ကြိုင်ကြိုင် မိသားစုနှင့် အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီးများ၏ ဇနီးများသည် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ အား လာရောက်ဖူးမြော်ခဲ့ကြသေး ကြောင်း သိရသည်။
မြန်မာနိုင်ငံကို ၁၉၉ဝမှ ၂ဝ၁ဝ အထိ အုပ်ချုပ်ခဲ့သော ယခင်တပ်မတော်အစိုးရ အကြီး အကဲ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေသည် ၂ဝ၁ဝ ရွေး ကောက်ပွဲအပြီး ပေါ်ပေါက်လာ သော ဦးသိန်းစိန် အစိုးရထံသို့ အာဏာ လွှဲပြောင်းပေးခဲ့ပြီးနောက်အများမြင်ကွင်းမှ ပျောက်ကွယ်နေ ခဲ့သည်။
သို့ရာတွင် ဦးသန်းရွှေသည် မြန်မာ့နိုင်ငံရေးတွင် အရေးပါ သော အခန်းကဏ္ဍတွင် ရှိနေဆဲ ဖြစ်သည်ဟု ယူဆရကြောင်း နိုင်ငံ ရေး လေ့လာသူ များက ဆိုထားကြ သည်။
မကြာသေးခင်က ဦးသန်းရွှေ ၏ ကျန်းမာရေး အခြေအနေ ဆိုးရွားလာပြီး လက်ရှိအစိုးရ အဖွဲ့အကြီးအကဲများကို နေပြည် တော်သို့ ခေါ်ယူတွေ့ ဆုံခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သော် လည်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ရန်ကုန်မြို့ရှိ စာနယ် ဇင်းကောင်စီရုံးခန်း၌ မီဒီယာ များ နှင့် တွေ့ဆုံရာတွင်မူ ငြင်းဆိုထားခဲ့ သည်။
”သူက သာမန်ပြည်သူ တစ် ယောက်လို နေနေတာကြောင့် သူ့ ကျန်းမာရေး အခြေအနေကို ကျွန် တော် မသိပါဘူး” ဟု ၄င်းက ပြော ခဲ့သည်။
http://www.popularmyanmar.com/


