.

Sunday, October 26, 2014

ယဉ်ကျေးမှုကိုတို့ကို ၀ါးမျိုခြင်း

Unknown | 4:06 AM | Be the first to comment! Unknown | 4:06 AM | Be the first to comment!
Unknown | 4:06 AM | Best Blogger Tips

“အမြင်မတော် ဆင်တော်နှင့်ခလောက်” ဆိုသောစကားပုံကဲ့သို့
ရန်ကုန်မြို့တော်တွင် အချို့သောမာတုဂါမများရဲ့ ၀တ်စားဆင်
ယင်မှုတွေဟာ မုဒိန်းမှုကို လက်ရပ်ခေါ်သလိုဖြစ်နေတယ်။
လောကသည် အ၀ိဇ္ဇာတိမ်သလာတို့ ဖုံးနေသောကြောင့် သိမှုထက်
မသိမှုကအားသာနေသည်။ သိသူထက် မသိသူကပိုများသည်။
ထို့ကြောင့် တဏှာရာဂတို့ထကြွသောင်းကျန်းနေသော လောက
ကြီးထဲတွင် တဏှာရာဂကို အားပေးသောအပြုအမူများသည်
မတင့်တယ်ပေ။ ကလပ်ထဲတွင်တော့တစ်မျိုးပေါ့။
Photo: ယဉ်ကျေးမှုကိုတို့ကို ၀ါးမျိုခြင်း

♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥
“အမြင်မတော် ဆင်တော်နှင့်ခလောက်” ဆိုသောစကားပုံကဲ့သို့
ရန်ကုန်မြို့တော်တွင် အချို့သောမာတုဂါမများရဲ့ ၀တ်စားဆင်
ယင်မှုတွေဟာ မုဒိန်းမှုကို လက်ရပ်ခေါ်သလိုဖြစ်နေတယ်။
လောကသည် အ၀ိဇ္ဇာတိမ်သလာတို့ ဖုံးနေသောကြောင့် သိမှုထက်
မသိမှုကအားသာနေသည်။ သိသူထက် မသိသူကပိုများသည်။ 
ထို့ကြောင့် တဏှာရာဂတို့ထကြွသောင်းကျန်းနေသော လောက
ကြီးထဲတွင် တဏှာရာဂကို အားပေးသောအပြုအမူများသည်
မတင့်တယ်ပေ။ ကလပ်ထဲတွင်တော့တစ်မျိုးပေါ့။
“ဒူးနေရာဒူးတော်နေရာတော်” ဆိုသလို ပေတစ်ရာလမ်းနှင့်ဘက်စ်
ကားပေါ်မှာတော့ အဆင်မပြေဘူးဟုထင်သည်။ မိမိကြောင့် တစ်ပါး
သောသူတို့ရဲ့ နှလုံးသားတွင် ရာဂအညစ်အကျေးများစွန်းပေတက်
သော် ထိုသူအတွက် အပြစ်များပေသည်။ မျက်စေ့ဟူသည် ကြည့်
တက်သည်။ ကြည့်သောမျက်စေ့တွင် အရောင်အ၀ါသာရှိသော်
လည်း သညာအားဖြင့် ယောနိသောမနသိကာရဖြစ်ရန် သမာဓိတ
ရားလိုအပ်သည်။ ဘစ်ကားပေါ်ရှိ လူအမျိုးမျိုးတို့တွင် ထိုလောက်
သမာဓိရှိရန်မလွယ်ကူ။ နိစ္စဓူဝ လောကဓံအစားစားကြားထဲတွင်
ဖျက်သန်းနေရသောကြောင့် “ပေါ်ပေါ်လှော်လှော်” “အဟိုက် 
အရှိုက်” “အကွဲ အပြဲ” များသည် ဖြစ်ပျက်ဟုမှတ်ရန်ခဲယဉ်းလှသည်။
မခဲယဉ်းသည်ဆိုစေဦးတော့ ၀တ်ဆင်သောအမျိုးသမီးသည် ဆင်
ခြင်သင့်ပါသည်။
တလက်စတည်းပြောရလျှင် ၊ အဖိုးတန်လက်ဝတ်လက်စားများသည်
လည်းပါသည်။ စစ်ခွေးတို့ရဲ့ ဗိုလ်ကျစိုးမိုးမှုကြောင့် ပြည်သူအများစု
ဟာ အလုပ်လက်မဲ့နှင့်စီးပွားရေးမပြည်လည်ကြပါဘူး။ အဲဒီအခါ
“အူမတောင့်မှ သီလစောင့်နိုင်မယ်” ဆိုသောစကားလို ကိုယ့်ဝမ်းစာ
ရေးအတွက် ခိုးရပါတော့မည် ၊ နှိုက်ရပါတော့မည်၊ ထို့ကြောင့် အဖိုး
တန်လက်ဝတ်လက်စားများသည်လည်း လူသူထူထပ်သောနေရာ
အတွက် အဆင်မပြေပါ။
ကဲ  . .သို့ပါ၍  . . မြန်မာ့ယဉ်ကျေးမှုကို မြန်မာမတွေကထိမ်းပါမှ
သဘာဝကျမည်။ ထို့ကြောင့် မြန်မာ့အမျိုးသမီးများအား မိမိတို့
နေထိုင်သွားလာမည့် နေရာနှင့်ဆီလျှော်သောအ၀တ်အစားများကို
ဝတ်ဆင်ကြပါဟု အသိပေးနှိုးဆော်အပ်ပါသည်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

mpt ၀ဋ်ကျွေးကုန်ပြီ

Unknown | 4:03 AM | Be the first to comment! Unknown | 4:03 AM | Be the first to comment!
Unknown | 4:03 AM | Best Blogger Tips

ဒီလိုဝဋ်ကျွေးတွေကနေ့ ဒီနေ့နံက်(၁၀)နာရီခန့်မှာ
အလင်းရှင်တို့ ကျွတ်လွတ်ခဲ့ပါသည်။
အားလုံးသော ဓမ္မမာမကများလည်း ကျွတ်လွတ်တော်မူကြပါစေကုန်သော်
https://www.facebook.com/aung.khoung/photos/a.345003238985166.1073741825.345003208985169/380298488788974/?type=1&relevant_count=1
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
Photo: ဒီလိုဝဋ်ကျွေးတွေကနေ့ ဒီနေ့နံက်(၁၀)နာရီခန့်မှာ
အလင်းရှင်တို့ ကျွတ်လွတ်ခဲ့ပါသည်။
အားလုံးသော ဓမ္မမာမကများလည်း ကျွတ်လွတ်တော်မူကြပါစေကုန်သော်
https://www.facebook.com/aung.khoung/photos/a.345003238985166.1073741825.345003208985169/380298488788974/?type=1&relevant_count=1
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

Twitter Bird Gadget