.

Saturday, October 25, 2014

ကိုပါကြီး (သို့) သူရဲ့ကောင်းတစ်ဦးသို့ ပေးစာ

Unknown | 11:48 PM | Be the first to comment! Unknown | 11:48 PM | Be the first to comment!
Unknown | 11:48 PM | Best Blogger Tips
Photo: ကိုပါကြီး (သို့) သူရဲ့ကောင်းတစ်ဦးသို့ ပေးစာ
☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ 
ကိုပါကြီးဟာ .. .
သေဆုံးသွားတာမဟုတ်ဘူး .. ကွ။
စစ်ခွေးတွေရဲ့ စစ်ဖိနပ်အောက်မှာအိပ်မောကျနေတဲ့
ရဟန်းရှင်လူပြည်သူတွေကို လှုပ်နှိုးပေးလိုက်တာ။

ကိုပါကြီးဟာ .. .
သေဆုံးသွားတာမဟုတ်ဘူး ...ကွ။
စစ်ခွေးတွေရဲ့ မိုက်မဲမှုတွေဆုံးမပဲ့ပြင်ပြီး သုဂတိမှာအနားယူသွားတာ။

သို့
ကိုပါကြီးရေ . .. .
2015 မှာ
ခင်ဗျားကို ကိုက်ခဲ့တဲ့ ၀ဲစားစစ်ခွေးတွေကို
ကျုပ်တို့ပြည်သူတွေ ချေးကျွေးပြီး
ခွေးကတက်မှာ ချည်ထားလိုက်ပါတော့မယ်။

ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

Oredoo လို ဂီသွားလိမ့်မယ်

Unknown | 11:33 PM | Be the first to comment! Unknown | 11:33 PM | Be the first to comment!
Unknown | 11:33 PM | Best Blogger Tips
Photo: Oredoo လို ဂီသွားလိမ့်မယ်
☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ 
Telenor ကိုအကြံပေးလိုက်မယ်  .. 
မြန်မာပြည်သူတွေဟာ ခပ်ညံ့ညံ့တွေ
(၁)
https://www.facebook.com/aung.khoung/photos/a.345003238985166.1073741825.345003208985169/380292882122868/?type=1&relevant_count=1
(၂)
https://www.facebook.com/aung.khoung/photos/a.345003238985166.1073741825.345003208985169/380294898789333/?type=1&relevant_count=1
မဟုတ်ဘူးဆိုတာမှတ်ပါ။
စစ်ခွေးတွေအမှောင်ဘယ်လောက်ချထားချထားမြန်မာပြည်သူ
တွေဟာ စစ်ခွေးရဲု့ယုတ်မာမှုကိုသိတယ်။ 
ဆိုလိုတာကတော့ ခင်ဗျားတို့အနေနဲ့ မြန်မာပြည်ရဲ့ဈေးကွက်ကို
ချုပ်ကိုင်ချင်တယ်ဆိုရင် တစ်ချက်တည်းလိုက်နာကြည့်ပါ။
အခြားမဟုတ်ပါဘူး  . . 
ရိုးသားမှု ပါပဲ။ 
ပြည်သူကို ခင်ဗျားတို့ဘက်က ရိုးသားမှုသာ ပေးလိုက်ပါ။
ပြည်သူဟာခင်ဗျားတို့ကို သူတို့ရဲ့ချွေးနဲစာတွေကို ခင်ဗျားတို့ကို
ပြန်ပေးမှာပါ။ 
မြန်မာပြည်သူအများစုဟာ လောဘဒေါသာအားနည်းပါးကြပါတယ်။
ဘာသာတရားရဲ့အဆုံးအမကြောင့်လို့တော့မပြောလိုပါဘူး။
ဟိုး  .. တိုရင်းသားတွေဘက်ကို သွားကြည့်ပါ။ အင်မတန်ရိုးသား
တာကိုတွေ့ရပါတယ်။
ဒါ့ကြောင့် ဆက်သွယ်ရေးလောကမှာ မြန်မာ့ပြည်ကို လက်ဝါးကြီး
အုပ်ချင်တယ်ဆိုရင် Telenor အတွက် ရိုးသားဖို့အခွင့်အရေးရှိပါတယ်။
oredoo ဟာ ကုလားစိတ်နဲ့ မြန်မာပြည်သူတွေကို ဂုတ်သွေးစုတ်ဖို့
အကွက်ဆင်ခဲ့ပါတယ်။ 
ဒိလိုလုပ်ရင် ရမယ်လို့ ထင်ထားတဲ့ oredoo အခုတော့ သူ့ရဲ့မိုက်ကျွေး
မိုက်ပြစ်ကို ပေးဆပ်နေရပါပြီ။  
ဒါ့ကြောင့် မြန်မာပြည်သူတွေဟာ အချင်တွေမဟုတ်ဘူး ။ သံပုရာသီး
တွေမဟုတ်ဘူး။ 
ဒါကို Telenor အနေနဲ့ သိထားဖို့လိုပါတယ်။ အဲလိုမှမဟုတ်ဘဲ
oredoo လို့ ကုလိမ်ကကျစ်ကြမယ်ဆိုရင်  ..  Telenor ရေ  .. 
ခင်ဗျားလည်း oredoo လို ဂိသွားလိမိ့မယ်။

Thank you Telenor

Unknown | 11:18 PM | Be the first to comment! Unknown | 11:18 PM | Be the first to comment!
Unknown | 11:18 PM | Best Blogger Tips

Photo: Thank you Telenor
✩ ♥  ✩ ♥  ✩ ♥  ✩ ♥  ✩ ♥  ✩ ♥   
ရန်ကုန်မှာ တယ်လီနော့တွေရောင်းနေပါပြီ။ 
၁၅၀၀ကျပ်ထက်ပိုမပေးရပါဘူး။ဒါဟာ တယ်လီနော့ရဲ့
ရိုးသားမှုကို ဖေါ်ပြတယ်လို့ထင်တယ်။
အခု တယ်လီနော့ နဲ့သုံးနေတာပါ။ ထင်ထားတာထက်
ပိုပြီး ၀န်ဆောင်မှုကောင်းတာကို တွေ့ရပါတယ်။
ဒါလက်ရှိအခြေနေကိုပြောတာနော်။ ဒီတိုင်းဆက်သွားမယ်ဆိုရင်
မြန်မာနိုင်ငံ မိုဘိုင်းဆက်သွယ်ရေးလောကမှာ တယ်လီနော့က
ခေါင်းဆောင်သွားလိမ့်မယ်လို့ မြင်တယ်

အောင်သင်း(သို့) အမှတ်ရများ

Unknown | 10:14 PM | Be the first to comment! Unknown | 10:14 PM | Be the first to comment!
Unknown | 10:14 PM | Best Blogger Tips
အဘသည် စာပေကိုချစ်သလို သူ့လိုစာပေကိုမြတ်နိုးတက်သော
မိမိအား သားရင်းတစ်ယောက်လိုချစ်သည်။ သူ့အိမ်သို့သွားလျှင်
ဘဟုသုတဘဏ်တိုက်ကြီးထဲရောက်နေရသလိုရှိ၏။ အမြဲတမ်း
မပြင်းမရိအောင်လည်း အရယ်အရွှမ်းများပြောတက်သည်။ သူ
ပြောသောအရယ်အရွှမ်းများသည် ညစ်တီးညစ်ပတ်မပါ ခန့်ညား
မှတ်သားဖွယ်ရာကောင်းသည်။ တစ်ခါကပေါ့ ။ မိမိသည် အိမ်
ရှေ့လှေကားဝသို့ ရောက်ရုံရှိသေးသည် . ။
Photo: အောင်သင်း(သို့) အမှတ်ရများ 
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  
အဘသည် စာပေကိုချစ်သလို သူ့လိုစာပေကိုမြတ်နိုးတက်သော
မိမိအား သားရင်းတစ်ယောက်လိုချစ်သည်။ သူ့အိမ်သို့သွားလျှင်
ဘဟုသုတဘဏ်တိုက်ကြီးထဲရောက်နေရသလိုရှိ၏။ အမြဲတမ်း
မပြင်းမရိအောင်လည်း အရယ်အရွှမ်းများပြောတက်သည်။ သူ
ပြောသောအရယ်အရွှမ်းများသည် ညစ်တီးညစ်ပတ်မပါ ခန့်ညား
မှတ်သားဖွယ်ရာကောင်းသည်။  တစ်ခါကပေါ့ ။ မိမိသည် အိမ်
ရှေ့လှေကားဝသို့ ရောက်ရုံရှိသေးသည် . ။

“ ဟော ” 
 “ဦးဇင်းတော့ရောက်လာပြန်ပြီ”
“အတော်ပဲဟေ့ ” “မေးစရာလေးရှိတာနဲ့အတော်ပဲ”

 “ဘာများတုန်းအဘရယ် ” 
“အဘဆီလာတာ ဦးဇင်းလွယ်အိပ်ထဲက ပေးဖို့မဟုတ်ဘူးနော်”
“အဘ နှလုံးအိပ်ထဲကနှိုက်ဖို့ . . .နော်”

“နှိုက်ပါဦးဇင်းရယ်  ..  နှိုက်ပါ ”
“အခုမေးတာကလည်း ဦးဇင်းလွယ်အိပ်ထဲကို ထည့်ပေးဖို့ပါပဲ”

“သြော် ” 
“ ဒါဆို ခပ်မြန်မြန်သာမေးတော့အဘရေ . . .”

“ဦးဇင်း ပရိတ်ကြီး ၁၁ သုတ်ဆိုတာအကုန်ရသလား”

“အောက်မလေး အဘရယ်”
“သဒ္ဒါသဂြိုဟ်တို့သာ မရလို့မေ့ရင်ရှိရမယ် ပရိတ်တော့ရပါ့အဘရေ”

“သြော်  . .သြော်  . .”
“ဒါလိုဆို အတော်ပဲမေးရတာပေါ့”
“အဲဒီပ၇ိတ်တွေနဲ့ သူရဲသဘတ်တွေကိုမောင်းထုတ်လို့ရတယ်ဆိုရင်”
“အာဏာရှင်စစ်ခွေးတွေကိုရော မောင်းထုတ်လို့ရတဲ့ ပရိတ်များမရှိဘူးလား”

ထိုအခါ အဘစကားဆုံးသည်နှင့် မိမိသည် တ၀ါးဝါးတဟားဟားနှင့်
ရယ်မိပါတော့သည် ၊ ထိုအခါ အဘသည်လည်း မိမိရယ်သလိုလိုက်
ရယ်ပါသေးသည် . . ။
သြော် . .  . ထိုတဒင်္ဂသည် မနေ့ကလိုနှယ်။ သို့သော် ကြာခဲ့
ပါပြီ၊ (၂၀၀၅)လောက်ကပါ။ ထိုသို့ အဘနှင့်ဆုံခဲ့ရသောအချိန်
ကာလများသည် မိမိအတွက်တော့ ရွှေတွင်းကြီးထဲမှာ ထိုင်နေရ
သလို  ..  ။
အခုတော့ဖြင့်   . . . .
နှလုံးသားလှသောအဘသည် သုဂတိဘုံဘ၀မှာရောက်ရှိနေပြီဆိုတာ
မြေကြီးလက်ခပ်မလွဲပါ  . .. တည်း။

ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက်၊
ရှမ်းလမ်း၊ စမ်းချောင်းမြို့နယ် ၊ရန်ကုန်

အမျိုးဘာသာသာသနာကိုချစ်မြတ်နိုးသူများအတွက် အပ္ပမာဒစကား။

Unknown | 10:12 PM | Be the first to comment! Unknown | 10:12 PM | Be the first to comment!
Unknown | 10:12 PM | Best Blogger Tips

(အလင်းရှင်)
►“ဆရာတော် တပည့်တော် ဒီကနေ့ (မဘသ)သတင်းတွေကို
ဆရာတော့ဓာတ်ပုံနှင့်တကွပူးတွဲပြီး ဆရာတော့ Facebook အကောင့်မှ
တင်ပေးလိုက်ပါ့မယ်ဘုရား”

(မဘသ၊ဆရာတော်)
► “ဟ ၊ မလုပ်နဲ့ မောင်ကောရ ၊”
“ ဒါက အစိုးရရဲ့ policy ကြီးကွတစ်နေ့ကြရင် ဘာဖြစ်မယ်ဆိုတာမသိရဘူး။”
“နောက်ပြီး ပြည်သူအများစုကလည်း ဒီကိစ္စဟာ”
“စစ်အစိုးရက ဘာသာရေးမှိုင်းသွင်းနေတယ်ဆိုတာ သိကြတယ်”
“ဒါ့ကြောင့် ငါ့ရဲ့Facebook အကောင့်မှာ တရားမှတစ်ပါး အခြားနိုင်ငံရေးတွေမတင်ပေးပါနဲ့ ”

အထက်ပါစကားရပ်တို့သည် အလင်းရှင်၏ဆရာတော်မှ မိန့်ကြားတော်မူသောစကားများ
ပင်တည်း။ ထို့ကြောင့် ပြည်သူများအလင်းမှန်သတင်းမှန်အမြင်မှန်ရနိုင်ကြပါစေရန်
ဝေငှလိုက်ပါသည်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
Photo: အမျိုးဘာသာသာသနာကိုချစ်မြတ်နိုးသူများအတွက်
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  အပ္ပမာဒစကား။
(အလင်းရှင်) 
►“ဆရာတော်  တပည့်တော် ဒီကနေ့ (မဘသ)သတင်းတွေကို
ဆရာတော့ဓာတ်ပုံနှင့်တကွပူးတွဲပြီး ဆရာတော့ Facebook အကောင့်မှ
တင်ပေးလိုက်ပါ့မယ်ဘုရား”

(မဘသ၊ဆရာတော်) 
► “ဟ ၊ မလုပ်နဲ့ မောင်ကောရ ၊”
 “ ဒါက အစိုးရရဲ့ policy ကြီးကွတစ်နေ့ကြရင် ဘာဖြစ်မယ်ဆိုတာမသိရဘူး။”
“နောက်ပြီး  ပြည်သူအများစုကလည်း ဒီကိစ္စဟာ”
“စစ်အစိုးရက ဘာသာရေးမှိုင်းသွင်းနေတယ်ဆိုတာ သိကြတယ်”
“ဒါ့ကြောင့် ငါ့ရဲ့Facebook အကောင့်မှာ တရားမှတစ်ပါး အခြားနိုင်ငံရေးတွေမတင်ပေးပါနဲ့ ”

အထက်ပါစကားရပ်တို့သည် အလင်းရှင်၏ဆရာတော်မှ မိန့်ကြားတော်မူသောစကားများ
ပင်တည်း။ ထို့ကြောင့် ပြည်သူများအလင်းမှန်သတင်းမှန်အမြင်မှန်ရနိုင်ကြပါစေရန်
ဝေငှလိုက်ပါသည်။ 
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

အောင်သင်း (သို့) လတစ်စင်းကွယ်ပခဲ့လေပြီ

Unknown | 10:11 PM | Be the first to comment! Unknown | 10:11 PM | Be the first to comment!
Unknown | 10:11 PM | Best Blogger Tips
စာရေး ဆရာ ဦးအောင်သင်း ဟာ ဒီကနေ့ အောက်တိုဘာလ
၂၅ ရက်နေနံနက် ၁ဝ နာရီ ကျော်က ရန်ကုန်မြို့ အာရှတော်ဝင် ဆေးရုံမှာ ကွယ်လွန်သွားပါတယ်။
အသက် ၈၈ နှစ်အရွယ် စာရေး ဆရာ ဦးအောင်သင်းဟာ ဒီကနေ့မနက် ကျန်းမာရေးဖောက်လာလိုဆေးရုံကို အရေးပေါ် ပို့ခဲ့ပေမယ့် ဆေး
ရုံရောက်ပြီး နာရီဝက်လောက်မှာပဲဆုံးပါး သွားခဲ့တာဖြစ်တယ်လို့ သားအငယ်ဆုံး ဖြစ်သူ ကိုအောင်မြိုင်သင်းက အတည်ပြု ပြောကြားပါတယ်။
အမှတ် ၄၆ ဓမ္မိက ဝတီ လမ်း စမ်းချောင်းမြို့နေအိမ်မှာ မိသားစု စုံညီစွာ
စည်းဝေးတိုင်ပင်ပြီးတဲ့ အခါ ဈာပန ကို ဘယ်လို လုပ်ကြမယ်ဆိုတာ
သိရမှာဖြစ်တယ်လို့လည်း သားဖြစ်သူ ကိုအောင်မြိုင်သင်းက ဆိုပါတယ်။
တသက်တာ စာပေဆုရှင်အဖြစ် သိပ္ပံမှူးတင်၊ ဆရာမ ဒေါ်ခင်ဆွေဦးတို့နဲ့
အတူဆရာဦးအောင်သင်းဟာ လက်ခံရယူခဲ့သူဖြစ်ပါတယ်။
စာပေလောကမှာ ထင်ရှားတဲ့ ခြေလှမ်းတွေနဲ့ သမိုင်းမှတ်တိုင်တွေကို
စိုက်ထူခဲ့သူတဦးဖြစ်ပြီး အထူးသဖြင့် လူငယ်များ အတွက် မျိုးဆက်သစ်တို့
တိုးတက်ရစ်ဖို့ ဆိုတဲ့ မှာကြားမှု၊ မြေတောင်မြှောက်ပေးမှုကတော့
အထင်ရှားဆုံးဖြစ်ပါတယ်။ ဦးအောင်သင်း ( ၁၉၂၇ - ၂၀၁၄)
Photo: အောင်သင်း (သို့) လတစ်စင်းကွယ်ပခဲ့လေပြီ
☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ ☀ 

သြော်  . . .. 
ဘ၀ခန္ဓာကို အဘဆရာတကယ်စွန့်ခဲ့ရှာလေပြီတကား  . . . .
ပြည်သူကို အလင်းပေးခဲ့တဲ့ အဘဆရာ  .. 
စစ်အာဏာရှင်စနစ်ကို ရွံမုန်းခဲ့လေသော အဘဆရာ  . .. 
ဆရာမှာခဲ့သော စကားလေးကို ဦးဇင်းအမြဲအမှတ်ရနေမှာပါအဘဆရာ  .. .
 
❝ ဦးဇင်း ၊ ❞  
❝စာရေးရင် ဘယ်တော့မှ အိုးကြီးထဲကရေကိုအိုးလေးထဲပြောင်းမထည့်နဲ့❞

❝အဲလို ရေးတာကို တပည့်တော် သိပ့်မုန်းတယ်❞
❝............. အဲဒီဦးဇင်းတို့လို ဘယ်တော့မှစာမရေးနဲ့ ❞

ကောင်းပါပြီဆရာ . . . ဆရာ့စကားကို ဦးဇင်းနားထောင်ခဲ့ပါတယ် 
ဆရာသြ၀ါဒပေးခဲ့သော စကားလေးဖြင့်သာ ဒီနေ့အထိ ဦးဇင်းကလောင်အမည်အမျိုး
မျိုးဖြင့် ပြည်သူကို အလင်းဝေငှခဲ့ပါတယ်။
ဦးဇင်းဝေငှခဲ့သော ဓမ္မဒါနကုသိုလ်ကို ဆရာအပြီးတိုင်ရယူနိုင်ပါစေဟု  .. . 
သာဓု  . ..  သာဓု  .. .  သာဓု  . .. 
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

လူထုကို ဦးသိန်းစိန် ပစ်ခတ်နှိမ်နင်းခဲ့သလား

Unknown | 10:01 PM | Be the first to comment! Unknown | 10:01 PM | Be the first to comment!
Unknown | 10:01 PM | Best Blogger Tips

လူထုကို ဦးသိန်းစိန် ပစ်ခတ်နှိမ်နင်းခဲ့သလား
သမ္မတဦးသိန်းစိန်ဟာ ၁၉၈၈ လူထုအရေး အခင်း ကြီးကို နှိမ်နင်း ဖြိုခွဲသူတွေထဲမှာ
အဓိက ပါဝင်သူ တယောက် ဖြစ်တယ်လို့ ဝီကီလိခ် က ထုတ်ဖော် လိုက်ပါတယ်။
အမေရိကန် သံရုံးသံတမန်တွေဆီကနေ ပေါက်ကြား လာတယ်ဆိုတဲ့ ၂၀၀၄ ခုနှစ်
တုန်းက ရက်စွဲနဲ့ ကြေးနန်း တစောင်ကို ကိုးကားပြီးဖော်ပြခဲ့တာဖြစ်ပါတယ်။
အဲဒီသံတမန် ကြေးနန်းမှာ ဖော်ပြချက်အရ ဗိုလ်မှူးသိန်းစိန်ဟာ အဲဒီတုန်းက
အရေးအခင်းကို အဓိကနှိမ်နင်းဖြိုခွင်းခဲ့တဲ့ ခြေမြန်တပ်မ ၅၅ ရဲ့ တပ်မှူး ဖြစ်ပြီး
လူထုလှုပ်ရှားမှုကို နှိမ်နင်းပြခြင်းအားဖြင့် နေရာရအောင် လုပ်ခဲ့တယ်လို့ဆိုပါတယ်။
ဝီကီလိခ်က အဲသလို ထုတ်ဖော်ခဲ့တဲ့ အတွက် သမ္မတဦးသိန်းစိန်အနေနဲ့ ၈၈
 အရေးအခင်းမှာ သူဘယ်လို ဆောင်ရွက်ခဲ့သလဲ ဆိုတာကို ထုတ်ဖော် ပြော ကြားဖို့ ဗြိတိန်နိုင်ငံအခြေစိုက်မြန်မာ့အရေးလှုပ်ရှားမှု အဖွဲ့ Burma Campaign UK သြဂုတ်လ
၎ ရက်န့စွဲ နဲ့ ကြေညာ ချက် ထုတ်ပြန် ဆော်သြလိုက်ပါတယ်။
Burma Campaign UK က အများပြည်သူတွေအနေနဲ့ ကိုယ့်သမ္မတ ဘာလုပ်ထား
တယ်ဆိုတာကို သိသင့်တယ်လို့ ဆိုပြီး အများပြည်သူအနေနဲ့ ဝီကီလိခ်ရဲ့ ပြောဆိုချက်
 မှန်မမှန် ဦးသိန်းစိန်ဆီကို စာရေးသား မေးမြန်းကြပါလို့ လည်း တိုက်တွန်းထားပါတယ်။
၈၈ အရေးအခင်း ၂၆ နှစ်ပြည့်နဲ့ တိုက်ဆိုင်ပြီး အခုလို တိုက်တွန်း တာလည်း ဖြစ်ပါတယ်။
ဝီကီလိခ်ဟာ အမေရိကန်အစိုးရရဲ့ ကြေးနန်းဆက်သွယ်မှုတွေ အပါအဝင် အစိုးရထိပ်တန်း လျှို့ဝှက်ချက်တွေကို လူအများသိအောင် ဖော်ထုတ်ခဲ့တဲ့ အတွက် ထင်ရှားလာတဲ့ အဖွဲ့
အစည်းဖြစ်ပါတယ်။

Twitter Bird Gadget