.

Friday, September 26, 2014

သံဃာအယောင်ဆောင်ကုလားတယောက်အား သက်သေခံပစ္စည်းများ နှင့် အတူဖမ်းဆီး

Unknown | 11:50 AM | Be the first to comment! Unknown | 11:50 AM | Be the first to comment!
Unknown | 11:50 AM | Best Blogger Tips

၂၂. ၉. ၂၀၁၄ ရက်နေ့ နံနက် ၁၁ နာရီဝန်း ကျင်ခန့် တွင်ဖျာပုံမြို့ ၊ အမျိုး ဘာသာ သာ
သနာစောင့်ရှောက်ရေးအဖွဲ့ မ ဘ သ သံဃာတော်များ နှင့် ၀ံသာနုရက္ခိတအဖွဲ့ မှ ဘိုကလေး-ဖျာပုံကားပေါ်တွင် ကိုတင်လှ(ခေါ်)ဦးဇောတိက ဆို သူ သံဃာအယောင်ဆောင် ကုလားတယောက် အားသက်သေခံပစ္စည်းများ နှင့် အတူဖမ်းဆီးမိ၍ ဖျာပုံမြို့ ရဲစခန်းသို့ အကြောင်းကြားပို့ဆောင်ပေးခဲ့ပါသည် ။
ရဲစခန်း မှ တာဝန်ရှိပုဂ္ဂိုလ် များမှစစ်ဆေးမေးမြန်းပြီး ဥပဒေအရ အရေးယူသွားမည်။
၎င်းဧ။် ကျော တွင် အစ္စလာမ် မဟုတ်သူ များ ကို ဓားကိုင်ကာ ခေါင်း ဖြတ် နေ သော ဆေး မှင် ကြောင် များ လည်း ထိုး ထား သည်ကို တွေ့ ရ ပါ သည် ။
Posted By
မဟာမြိုင် ဝိသေဋ္ဌ
ကို မိုးသူအောင် ပို့  ပေးသည်။



http://www.shwemyanmarmediagroup.org/2014/09/blog-post_542.html

မိန်းမအစစ်နဲ့ တူသည့် မြန်မာ မိန်းမလျာတစ်ဦး နိုင်ငံတကာအလှမယ်ပြိုင်ပွဲ ၀င်ပြိုင်ခွင့်ရရှိ

Unknown | 11:45 AM | Be the first to comment! Unknown | 11:45 AM | Be the first to comment!
Unknown | 11:45 AM | Best Blogger Tips
နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာ မြန်မာ အမျိုးသမီးလေးတွေ အကြိမ်ရေ ခပ်စိပ်စိပ်
သွားပြိုင်လာကြတဲ့ခေတ်မှာ မြန်မာမိန်းမ လျာ တစ်ဦးကလည်း နိုင်ငံတကာအလှ
မယ်ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ကျင်းပပြုလုပ်မယ့် Miss International Queen 2014 နိုင်ငံတကာ
မိန်းမလျာအလှမယ်ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအနေနဲ့ ရွေးချယ်ခံထားရတဲ့ မိန်းမလျာအလှမယ်
ကတော့ မျိုးကိုကိုစန်း (ခေါ်) ချစ်လမင်းငယ်ပဲ ဖြစ်ပါတယ်။


နိုဝင်ဘာ ၇ ရက်နေ့မှာ နောက်ဆုံးပွဲစဉ် ကျင်းပမယ့် ဒီပြိုင်ပွဲကို နိုင်ငံတကာမှာရှိတဲ့ လိင်တူချစ်သူ
တွေအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်စေရေး ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံက
ဒီပြိုင်ပွဲကို မနှစ်ကမှ စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ မိန်းကလေးအလှမယ်ပြိုင်ပွဲတွေလို အလှအပအပြင် ပင်ကို အရည်အချင်း၊ ဗဟုသုတ
စတာတွေကိုပါ အမှတ်ပေးရွေးချယ်သွားမှာဖြစ်ပြီး သရဖူဆုအပြင် Title ဆုတွေကိုပါ ပေးသွားမှာ
ဖြစ်ပါတယ်။

သရဖူရရှိသူဟာ အမေရိကန်ဒေါ်လာ ၁၂,၅၀၀ ကို ဆုကြေးငွေအဖြစ် ရရှိမှာဖြစ်ပါတယ်။

"နိုင်ငံတကာမှာ သွားပြိုင်ကြတဲ့ မနန်းခင်ဇေယျာတို့ကို ကြည့်ပြီး အားကျလို့ Miss International
Queen Myanmar 2013 ကို ယှဉ်ပြိုင်ခဲ့တာပါ။ အဲဒီပွဲမှာ ဆုရခဲ့လို့ ထိုင်းမှာလုပ်မယ့်
Miss International Queen ကို ပြိုင်ခွင့်ရခဲ့တာပါ"လို့ အမည်ရင်း မျိုးကိုကိုစန်း ဖြစ်ပြီး
ချစ်လမင်းငယ် အဖြစ် အမျိုးသမီးနာမည်ပြောင်းလဲထားတဲ့ ပြိုင်ပွဲဝင်အလှမယ်က ဆိုပါတယ်။

Miss International Queen Myanmar 2013 ပြိုင်ပွဲကို Rainbow Organisation က
ကြီးမှူးကာ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့
အခက်အခဲတွေ အများကြီးရှိခဲ့တယ်လို့လည်း ချစ်လမင်းငယ်က ဆိုပါတယ်။

"မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်ရွေးဖို့ ပြိုင်မယ်ဆိုတော့ အိမ်ကို အသိမပေးရဲခဲ့ဘူး။ အိမ်က
မသိဘဲ လုပ်ခဲ့ရတာဆိုတော့ အ၀တ်အစား၊ ဖိနပ်ကအစ ကိုယ့်ဘာသာကိုယ် ပြင်ဆင်ခဲ့ရတယ်။
ကိုယ့်အတွက်ကလည်း ဒီပွဲက ပထမဆုံးပွဲဖြစ်လို့ အခက်အခဲတွေကတော့ အများကြီးပဲ။
သူငယ်ချင်းတွေ ကူညီလို့သာ ဒီဆုကိုရခဲ့တာပါ"လို့လည်း ပထမအဆင့် ပြည်တွင်းပြိုင်ပွဲမှာ
ဝင်ပြိုင်ဖြစ်ပုံကို ပြောပြပါတယ်။

မိန်းမလျာပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့အတွက် အဆိုးမြင်ဝေဖန်တဲ့သူတွေ ရှိပေမယ့်လည်း
အားပေးတဲ့ပရိသတ်တွေလည်း ရှိတယ်လို့လည်း ချစ်လမင်းငယ်က ဆိုပါတယ်။

"ညီမကိုတော့ မြင့်မြတ်တဲ့ယောက်ျားဘ၀ကို စွန့်လွှတ်တယ်ဆိုပြီး ဘာသာရေးအရ
အကောင်းမြင်ချင်မှ မြင်ပါလိမ့်မယ်။ ဒါပေမဲ့ ညီမအမြင်ကတော့ ကိုယ်နေထိုင်ရာ လူ့အသိုင်းအ၀ိုင်း
ကို ကောင်းကျိုးပြုမှ မြင့်မြတ်တယ်လို့ မြင်ပါတယ်။ မိန်းမ၊ ယောက်ျား၊ မိန်းမလျာလို့ ခွဲခြားမမြင်ဘဲ
ညီမတို့ ကြိုးစားနေတဲ့ လုပ်ရပ်လေးတွေကို ကြည့်ပေးမယ်ဆိုရင် ညီမက ကျေးဇူးတင်မှာပါ"လို့
ဆိုပါတယ်။

အသက် ၂၀ ရှိပြီး B-Tech (မြို့ပြ) ဘွဲ့ရရှိထားတဲ့ ချစ်လမင်းငယ်ရဲ့ ခန္ဓာကိုယ်အချိုးအစားကတော့
တင် ၃၅၊ ရင် ၃၃၊ ခါး ၂၃ နဲ့ အရပ်ကတော့ ငါးပေ၊ ခုနစ်လက်မခွဲရှိပြီး လိင်ခွဲစိတ်ပြုပြင်တာမျိုးတော့
မလုပ်ထားဘူးလို့ ပြောပြပါတယ်။

နိုင်ငံတကာအလှမယ်ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့အတွက် အလှအပပိုင်းအပြင်
အင်္ဂလိပ်စကားပြော အပိုင်းကိုပါ လေ့လာသင်ယူနေတယ်လို့လည်း ချစ်လမင်းငယ်က ဆိုပါတယ်။

"အရင်နှစ်က ၀င်ပြိုင်ခဲ့တဲ့ အစ်မ သန်ညာမောင်ကလည်း ကူညီပါတယ်။ ဗဟုသုတအမေးအဖြေ
အတွက် လေ့လာထားရမယ့် အပိုင်းတွေ၊ ပြီးတော့ နိုင်ငံတကာကလည်း မြန်မာနိုင်ငံကို
အရမ်းစိတ်ဝင်စားတဲ့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကအစ လေ့လာပြီး ပြင်ဆင်ထားဖို့
သူကပြောပါတယ်" မိသားစုက အစပိုင်းမှာ လုံးဝအားမပေးခဲ့ပေမယ့် အခုအချိန်မှာတော့
ပြိုင်ပွဲဝင်ဖို့အတွက် အိမ်က ခွင့်ပြုချက်ပေးလိုက်ပြီလို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ရမှာဖြစ်လို့ အနေအထိုင်၊ အပြောအဆိုကအစ
ဆင်ခြင်နေထိုင်ပြီး ဒီပြိုင်ပွဲကနေတစ်ဆင့် မြန်မာနိုင်ငံရဲ့ လိင်တူချစ်သူတွေအပေါ် ထားတဲ့အမြင်ကို
ပြောင်းလဲနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့လည်း မိန်းမလျာအလှမယ်က ဆိုပါတယ်။

"ညီမအိမ်က ခွင့်ပြုချက်လည်း ရသွားပါပြီ။ အရင်ကဆို မိန်းမလျာတွေဆိုရင် မိတ်ကပ်လိမ်းတဲ့သူ
အနေနဲ့ပဲ မြင်ကြတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ အရင်ကလောက် အထင်သေးတာမျိုးတွေ
မရှိတော့ပါဘူး။ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့တင် မဟုတ်ပါဘူး၊ လိင်တူချစ်သူ အသိုင်းအ၀ိုင်းရဲ့
ကိုယ်စားပြုလည်း ဖြစ်နေတယ်။ ညီမက မှားသွားရင် ညီမမှားတယ်လို့ မြင်မှာမဟုတ်ဘူး၊
အကုန်လုံးက ဒီအသိုင်းအ၀ိုင်းကတော့ ဒီလိုပဲလို့ ထင်သွားကြမှာ။ အဲဒီအတွက် အနေအထိုင်၊
အပြောအဆိုကအစ ညီမ ထိန်းသိမ်းပါတယ်"လို့ ဆိုပါတယ်။

Miss International Queen နိုင်ငံတကာ မိန်းမလျာအလှမယ်ပြိုင်ပွဲမှာ နိုင်ငံတကာက
ခွဲစိတ်ပြုပြင်ထားသူတွေနဲ့ ခွဲစိတ်ပြုပြင်မှု လုပ်မထားတဲ့ မိန်းမလျာတွေ ၀င်ရောက်ယှဉ်ပြိုင်နိုင်တဲ့
ခမ်းနားတဲ့ပွဲတစ်ပွဲဖြစ်ပြီး၊ အသက်ကိုတော့ ၁၈ နှစ်ကနေ ၃၆ နှစ်အတွင်းလို့ သတ်မှတ်ထားပါ
တယ်။

၂၀၁၃ ခုနှစ်မှာ ပထမဆုံး မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ အလှမယ် သန်ညာမောင်
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုတော့ မချိတ်နိုင်ခဲ့ပါဘူး။

အဲဒီနှစ်က သရဖူကို ဆွတ်ခူးသွားတာက ဘရာဇီးလ်အလှမယ် ဖြစ်ပါတယ်။

Myanmar Times

အဲယားကွန်းမ၀ယ်နိုင်သူများအတွက်မီတာလည်း သက်သာအေးလည်းအေးတဲ့အဲယားကွန်းလုပ်နည်း

Unknown | 11:38 AM | Be the first to comment! Unknown | 11:38 AM | Be the first to comment!
Unknown | 11:38 AM | Best Blogger Tips

အခုလိုပူအိုက်သောရာသီမှာအဲယားကွန်း မ၀ယ်နိုင်သူများအတွက်မီတာလည်းသက်
သာအေးလည်းအေးတဲ့အဲယားကွန်းလုပ် နည်းလေးကိုတင်ပြေလိုက်ရပါတယ်။ မိမိအသားပြုမည့်လျှပ်စစ်ပန်ကာအရွယ်အစားနှင့်ကိုက်ညီသည့်ဖေါ့ ပုံးတခုကိုရှာပါ။
အဖုံးအလယ်တည့်တည့်နေရာကိုပန်ကာတင်နိုင်လောက်အောင်ဖေါ့သားကိုလှီးထုတ်ပါ။
ပုံးအောက်ခြေဘေးဘက်နေရာတွင်သုံးလက်မ(သို့မဟုတ်)လေးလက်မပီဗွီစီပိုက်လုံးကို
(12)လက်မခန့်အရှည်သုံးလုံးကိုဖြတ်တောက်ထားပါ။

ပုံပါအတိုင်းဖြတ်တောက်ထားသောပီဗွီစီပိုက်ကိုဖေါ့ကန်အတွင်းဘက်သို့လေးလက်မလောက်
သွင်းပြီးခိုင်မြဲအောင်နှစ်မျိုးစပ်ကော်နှင့်ခိုင်မြဲအောင်ဆက်ပေးပါ။
ပြီးလျှင်သေတာထဲသို့ရေခဲကိုထည့်ပါ။

သေဆာကိုလုံခြုံစွာဖုံးပြီးအဖုံးပတ်ပတ်လည်ကိုတိတ်သားနှင့်ပတ်ပြီးအသေပိတ်လိုက်ပါ။
ပန်ကာကိုမီးထိုးပြီးစတင်လည်ပတ်ပါ။

ထိုအခါပီဗွီစီပြွန်သုံးလုံးကနေအေးမြသောလေအေးတွေအခန်းထဲသို့စတင်ထွက်ရှိလာပြီး
မိမိကိုယ်တိုင်ပြုလုပ်ထားသောယူနစ်စားသက်သာအေးလည်းအေးမြန်တဲ့အဲယားကွန်းတလုံး
ကိုသင်ပိုင်ဆိုင်နိုင်ပြီဖြစ်သည်။

(ထိုအဲယားကွန်းကိုအသုံးပြုနေစဉ်အတွင်းအခန်းကိုပြင်မလေမ၀င်အောင်ကြိုတင်ပြုပြင်ထားပါ)

သားငယ် FACEBOOK စာမျက်နှာကူးယူဖော်ပြပါသည်။
http://www.shwemyanmarmediagroup.org/2014/05/blog-post_3671.html



Rohypnol (Rape Drug) - ကာမ ဓါးပြဆေး

Unknown | 11:31 AM | Be the first to comment! Unknown | 11:31 AM | Be the first to comment!
Unknown | 11:31 AM | Best Blogger Tips

အမေရိကန်နိုင်ငံက တက္ကသိုလ်တွေမှာ  ကျောင်းသူကို အုပ်စုလိုက် အဓမ္မကျင့်တဲ့
အမှုတွေဖြစ် ပါတယ်။ ကျောင်းသူဟာ မနက်မိုးလင်း နိုးလာတဲ့အခါ ညကဖြစ်
ခဲ့တာကို ဘာမှ မသိတော့ပဲ အ၀တ်မပါ ဖြစ်နေတတ်ပါတယ်။ ကျောင်းသူကို ဆေးစစ်ကြည့်တဲ့အခါ အဓမ္မပြုကျင့်ခံရပြီး ဘာကိုမှ မမှတ်မိဖြစ်နေတတ်ပါတယ်။ ဆေးစစ်ချက်မှာ Rohypnol လို့ခေါ်တဲ့ ဆေးတစ်မျိုးကို တွေ့ရပါတယ်။
ဒီလိုအဖြစ်မျိုးဟာ ကမ္ဘာတစ်ဝှန်းမှာ ဖြစ်နေပါတယ်။ မကြာမှီကလဲ မြန်မာပြည်က သင်္ကြန်မှာ မုဒိန်း မှု ၁၃ မှုဖြစ်ခဲ့တယ်ဆိုတဲ့ အတွက် ဒီဆေးအကြောင်းကို သိသလောက်မျှဝေလိုက်ပါတယ်။

ဒီ Rohypnol ဟာ ဆေးကုမ္ပဏီ ရဲ့ တံဆိပ်ဖြစ်ပါတယ်။ ကမ္ဘာအနှံ့မှာတော့ နာမည် အမျိုးမျိုးနဲ့ထုတ်ပြီး ဓာတုဗေဒနာမည်က Flunitrazepam ဖြစ်ပါတယ်။ မူလက စိတ်ငြိမ်ဆေး၊ အိပ်ဆေးအဖြစ်ထုတ်ခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ လူယုတ်မာတွေရဲ့ အသုံးချဆေးဖြစ်လာပါတယ်။

ဒီဆေးအမှုံ့ကို အရက် ဒါမှ မဟုတ် ကာဗွန် နိတ် ဖြစ်တဲ့ အရည်၊ ကိုကာကိုလာ၊ ပက်ဆီတို့လို gas ပါတဲ့အထဲကို ထည့်လိုက်မယ်ဆိုရင် ချက်ချင်းပျော်ဝင်သွားပါတယ်။ ဆေးဟာ မိနစ် ၃၀ အတွင်း အစွမ်းပြပြီးတော့ ၂ နာရီအတွင်း သားကောင်အမျိုးသမီးဟာ ကိုယ်တွေလက်တွေ ပျော့ခွေ၊ အသိစိတ်တွေ ၀ါးလာပါတယ်။ မှတ်ဥာဏ်လဲ ကောင်းကောင်း မရှိတော့ပါဘူး။ ဆေးရှိန်ဟာ ၈ နာရီအထိကြာပါတယ်။ ဒီလိုဖြစ်ဖို့ ဆေး ၁ မီလီဂရပ်ကို အရက်ထဲ ရောထည့်လိုက်ရုံပါပဲ။ အရက်ဆိုရင်ပိုပြီး ထိရောက်ပါတယ်။ ဒါပေမယ့် ဘယ်ဖျော်ရည်ထဲ မဆိုထည့်ရလွယ်ပါတယ်။ နောက်နေ့ မနက်မှာတော့ အမျိုးသမီးဟာ ဘာကို မှ မမှတ်မိတော့ပဲ သတိပြန်လည်လာမှဖြစ်ပါတယ်။ဒီလို ဆေးစွမ်းတွေကြောင့် ကာမ ဓါးပြတွေဟာ ရမ်းကားချင်တိုင်း ရမ်းကား နိုင်ပါတော့တယ်။

ဒီဆေးနဲ့ အလားတူ ဆေးများဟာ ကမ္ဘာအနှံ့မှာ အလွယ်တကူဝယ်ယူလို့ရပါတယ်။ ဒါကြောင့် အမျိုးကောင်းသမီးများ အရက်ကို တတ်နိုင်သလောက် ရှောင်ကြပါ။ သူစိမ်းတွေနဲ့ ပျော်ပါး စားသောက်ချင်းကို ရှောင်ကြပါ။ မတတ်နိုင်လို့ သောက်သုံးရမယ် ဆိုရင် ဖျော်ရည်၊ ဘီယာတို့ကို အဖောက်ရသေးတဲ့ အသစ်ကို သာ သောက်သုံးပါလို့ အကြံပေးလိုက်ပါတယ်။

အားလုံးလုံခြုံကြပါစေ။
Aron Maung
Cdit to I love medical professional group
ကိုးကား Boston Unitversity - Rohypnol Fact sheet.
http://www.shwemyanmarmediagroup.org/2014/04/rohypnol-rape-drug.html#more

အပျိုစင်စစ်တမ်းနှင့် ခေတ်ဆန်းပုစ္ဆာ

Unknown | 10:58 AM | Be the first to comment! Unknown | 10:58 AM | Be the first to comment!
Unknown | 10:58 AM | Best Blogger Tips


မြို့ပြနေ အမျိုးသမီးငါးဦးလျှင် လေးဦးမှာ  အပျိုစင်မဟုတ်ဟု စစ်တမ်းတစ်ရပ်ကထုတ်ပြန်
လိုက်ပြီးနောက် ထိုသတင်းက မြန်မာအမျိုး သမီးများကြား ပွက်လောရိုက် သွားခဲ့ သည်။
မည်သို့သောအခြေအနေများက ၎င်းစစ်တမ်း ထွက်ရှိရန် အထောက်အကူ ပြုခဲ့သနည်း။ မည်သူတို့ကို မေးမြန်းခဲ့သနည်း။ မည်သည့်အတွက်ကြောင့် ယင်း စစ်တမ်း ကို ကောက်ခံခဲ့ကြသနည်းဟူသည့် မေးခွန်းများက အမျိုးသမီးများတွင်သာမက အမျိုးသားများကြားတွင်ပါ  ငြင်းခုံတီးတိုးဆိုစရာဖြစ်လာခဲ့သည်။

အထူးသဖြင့် မိဘအုပ်ထိန်းမှုဖြင့် ကြီးပြင်းနေရဆဲ၊ လက်မထပ်မီအတူနေခြင်းကိုလက်မခံသော ယဉ်ကျေးမှုစံနှုန်းများနှင့် အပျိုစင်တန်ဖိုးကို အလေးထားနေဆဲ မြန်မာ အ မျိုးသမီးအများစုကမူ ထိုစစ်တမ်းကို  ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြသောကြောင့်ပင်။  အသက် ၂၆ နှစ်ရှိ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြည် တွင်းဂျာနယ် တစ် ခု၏ မျက်နှာဖုံးပေါ်မှ ထိုစစ်တမ်းသတင်းကို ဖတ်ပြီးပြီးချင်း ”ဒါ စော်ကားတာ ပဲ”ဟု ဒေါသထွက်သွားဟန်ဖြင့် ခပ်တင်းတင်းပြောဆိုလိုက်သည်။

အမျိုးသမီးတို့ အဘယ်ကြောင့်လက်မခံကြသနည်း

အပျိုစင်ဟူသည့် ဝေါဟာရအပေါ်အနှစ်သာရပြည့်စေရန် စောင့်ထိန်းနေကြဆဲဖြစ်သည့် မြန်မာအမျိုးသမီးများအပေါ် ယင်းစစ်တမ်းမှာ ထိုကဲ့သို့စော်ကားရာ ရောက် သည် ဟူသည့်အခြေအနေမျိုးဖြစ် စေသည်ဟု အမျိုးသမီးအချို့က ဝေဖန်ကြသည်။ မြန်မာ့ယဉ်ကျေးမှုအရ အသက်ထက်အရှက်အား ပိုမိုအလေးထားသည့် အမျိုး သမီး များ ရှိနေဆဲဖြစ်သည့်အတွက် မြို့ပြနေအမျိုးသမီးများ အပျိုစင်ဖြစ်ရန် ခက်ခဲလာသည်ဟူသည့်အချက်က အမျိုးသမီးထုအပေါ် ဝါးလုံးရှည်နှင့်သိမ်းရမ်း သကဲ့သို့ ဖြစ်နေ သည် ဟု အသက် ၂၄ နှစ်ရှိ ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်သည့် မစန်း(အမည်လွှဲ)က ဆိုသည်။

ခေတ်စနစ်အရ ပွင့်လင်းလာသည့် အမျိုးသားနှင့်အမျိုးသမီးတို့ကြားမှ ဆက်ဆံရေးများ ရှိလာသော်လည်း ယင်းကဲ့သို့ လိင်မှုကိစ္စပိုင်းတွင် ပွင့်လင်းလာသည်ကိုမူ အတိုင်း အတာတစ်ခုအထိ လက်မခံနိုင်ဟုလည်း ဆိုပြန်သည်။ စစ်တမ်းအပေါ် လက်သင့်မခံရခြင်းမှာ ၎င်းပတ်ဝန်းကျင်ရှိ အမျိုးသမီးငါးဦးကို စစ်ဆေးမည်ဆိုလျှင် ငါးဦးစလုံး အပျို စင်ဟူသည့် ဝေါဟာရအပေါ် တန်ဖိုးထား စောင့်ရှောက်သူများ ဖြစ်ကြသည်ဟူသည့် အချက်ကြောင့်ဖြစ်သည်ဟုသူက ထောက်ပြသည်။

ပြောင်းလဲလာသည့် ခေတ်ရေစီး ကြောင်းပေါ်တွင် အမျိုးသားများနည်းတူ ရင်ပေါင်တန်း အလုပ်လုပ်နေရသည့်မစန်းအတွက် အမျိုးသမီးတစ်ဦးအဖြစ် ခံယူ ထားသည့် အချက်မှာ ”ဘယ်လောက်ပဲ ပွင့်လင်းတိုးတက်တဲ့ခေတ်ဖြစ်ပါစေ ငါဟာ မြန်မာအမျိုးသမီးတစ်ဦးဆိုတာမမေ့လိုက်သင့်ဘူးလို့ထင်ပါတယ်” ဟူ၍ ဖြစ်သည်။ ထို့အပြင် ရူပဗေဒဖြင့် ဘွဲ့ရထားသည့် မန္တလေးမှ မအိအိ(အမည်လွှဲ)ကမူ အမျိုးသမီးအများစုမှာ မိဘအုပ်ထိန်းမှု အောက်တွင် ရင်အုပ်မကွာရှိနေဆဲဖြစ်ပြီး မိဘနှင့်သား သမီး အကြားတွင် အထက်မှအောက်သို့ အုပ်ချုပ်သည့်ပုံစံမဟုတ်တော့ဘဲ ညှိနှိုင်းတိုင်ပင်ဆုံးမသည့် အနေအထားသို့ တဖြည်းဖြည်းချင်း ပြောင်းလဲလာပြီဖြစ်ရာ ကိုယ်ပိုင်အ သိနှင့် စဉ်းစားချင့်ချိန်နိုင်သည့် အမျိုးသမီးများမှာလည်း ဒုနှင့်ဒေး ဖြစ်သည်ဟု ဖြေဆိုသည်။

ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သည့် မစုစံကမူ အဆိုပါစစ်တမ်းမှာ လူဦးရေမည်မျှအပေါ်အခြေခံကာကောက်ယူထားသည့်စစ်တမ်းဖြစ်သလဲဆိုသည်နှင့် မည် သည့်ရည် ရွယ် ချက်ကြောင့် ယင်းစစ်တမ်းကို ကောက်ခံခဲ့ရသနည်းဟု ပြန်လည်မေးခွန်းထုတ်သည်။ ဘွဲ့ရ အမျိုးသမီးတစ်ဦးဖြစ်သည့် မခင်စန္ဒာကမူ မကြာသေးမီကပင် ထုတ်ပြန်ခဲ့သည့် လူဦးရေစစ်တမ်း၌ အမျိုးသမီးဦးရေမှာ အမျိုးသားထုထက် ပိုမိုများပြားနေသည်ဟု ပါဝင်ခဲ့ပြီး လက်ရှိတွင်လည်း သူမအပါအဝင် ရည်းစားမရှိသေးသည့် အမျိုးသမီး များ ပေါများနေဆဲဖြစ်သည့်အတွက် ယင်းစစ်တမ်းမှာ ယေဘုယျမကျဟု အရွှန်းဖောက်ကာ ဖြေကြားသည်။

ထို့ကြောင့် အမျိုးသမီးအများစုမှာ ယင်းစစ်တမ်းအပေါ် လက်သင့်မခံနိုင်ဟု ထင်နိုင်ဖွယ်ရာရှိသည်။ သို့သော် စစ်တမ်းနှင့်ပတ်သက်၍ လက်မခံခြင်းမှာ ၃ဝ ဦး လျှင် ၁၁ ဦး ခန့်သာရှိနေသည်ကို မေးမြန်းချက်များအရ တွေ့ရှိရသည်။ ဤသို့ဆိုလျှင် အမျိုးသမီးများကိုယ်တိုင်ပင် ယင်းစစ်တမ်းအပေါ် လက်ခံမှုရှိသည်ဟု ဆိုရမည်လော။ မည် သို့သောအချက်ကြောင့် လက်ခံကြသနည်း။ မေးခွန်း မေးနိုင်ဖွယ်ရှိပြန်သည်။

လက်ခံပေးပါသည်။ သို့သော် …

အမျိုးသမီးအတော်များများပင် ယင်းစစ်တမ်းမှာ ဖြစ်နိုင်ခြေရှိပြီး လက်သင့်ခံနိုင်ကြောင်းထောက်ပြမှုများလည်း တစ်ပြိုင်တည်းမှာပင် ရှိလာခဲ့သည်။ ထိုသို့လက်ခံ သည်ဟု ဆိုရခြင်းမှာ လက်ထပ်ခြင်းမပြုမီ အမျိုးသမီးများအနေဖြင့် အမျိုးသားတစ်ဦးနှင့် အတူနေထိုင်ခြင်းမှာ အပြစ်တစ်ခုမဟုတ်ကြောင်း၊ အ ရွယ်ရောက်ပြီးသည့် အမျိုးသမီးများ တွင်လည်း အမျိုးသားများနည်းတူ သွေးသားဆန္ဒရှိနိုင်သည့်အတွက် ပွင့်လင်းလာသည့် ခေတ်နှင့်အညီဖြစ်လေ့ရှိသည့် သဘော တရားများဖြစ်လာနိုင်သည်ဟု အမျိုးသမီး ထုအချင်းချင်း ထောက်ပြလာကြခြင်းဖြစ်သည်။

အသက် ၂၅ နှစ်ရှိပြီဖြစ်ကာ ဆေးဝါးကျွမ်းကျင်ဖြင့် ဘွဲ့ရထားသည့် မမာမြင့် (အမည်လွှဲ)က ယခင်အချိန်များ၌လည်း အမျိုးသမီးများအိမ်ထောင်မပြုမီ အပျိုစင် ဘဝကိုပေး အပ်ခြင်းများ၊ အတူနေခြင်းကိစ္စများ ရှိနေနိုင်သော်လည်း သတင်းအချက်အလက်အားကောင်းလာသည့် ယခုခေတ်မှသာ ပိုများလာသယောင် မြင်တွေ့ လာရခြင်းဖြစ်နိုင် သည်ဟု ဆိုသည်။  ”ယဉ်ကျေးမှုအရ ဖွင့်မပြောရင်သာရှိမှာပါ၊ သဘာဝတရားက ရှိတော့ သဘာဝဟာ သဘာဝပါပဲ။ မဟုတ်ရင် အိုးချင်းထားအိုးချင်းထိ ဆိုတဲ့စကားက ဘာကြောင့် ပေါ်လာမှာလဲ”ဟု မမာမြင့်က သုံးသပ်သည်။

ထို့သို့ လက်ခံပေးသူများဘက်၌လည်း ခြွင်းချက်ဟူသည့် အခြေအနေများ ရှိနေသည်ကိုတော့ တွေ့မြင်ရသည်။ ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်ဟူသည့် စကားပုံနှင့်အညီ အမျိုးသမီးများအနေဖြင့်လည်း မိမိ၏ ဘဝ၊ အိမ်ထောင်ဖက်နှင့် ဆန္ဒသိက္ခာများအပေါ် ကိုယ်တိုင်ပိုင်းခြားဆုံးဖြတ်ခွင့် ရှိသင့်ပြီဖြစ်သည်ဟု ဆိုကြသည်။ သို့ သော် ယင်းအခြေအနေက အမျိုးသမီးတစ်ဦးတည်းအတွက်သာမက မိသားစု၊ ပတ်ဝန်းကျင်နှင့်အသိုင်းအဝိုင်းပေါ် သက်ရောက်နိုင်သည့် အခြေအနေတစ်ခုမဖြစ် လာေ စရန်တော့ ထိန်းသိမ်းသင့်သည်ဟု အထက်ပါစစ်တမ်းကို လက်ခံပေးကြသည့် အမျိုးသမီးများက ထောက်ပြခြင်းဖြစ်သည်။

အချို့သော အမျိုးသမီးများမှာ ချစ်သူနှင့်အိမ်ထောင်ဖက်ကိုတစ်ဦးတည်းအ ဖြစ်ရည်ရွယ်ကာ မိမိ၏အပျိုစင်ဘဝကို ပေးအပ်တတ်ကြသော်လည်း တကယ်တမ်း ထိုချစ် သူနှင့် ဝေးကွာသွားသည့်အခါ မိမိ၏တန်ဖိုးရှိသည့် အပျိုစင်ဘဝစွန့်လွှတ်ပေးလိုက်ရသည်သာ အဖတ်တင်ကျန်ခဲ့မည်ကိုလည်း သတိပြုသင့်ကြောင်း ထောက် ပြ သည်။ ကုမ္ပဏီဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် မစုစံကမူ ”အမျိုးသမီးတွေ သတိထားနေရမယ့်အချက်က မြန်မာယောက်ျားတွေဟာ အပျိုစင်ကိုမှကြိုက်တတ်ကြတယ် ဆိုတာ ပါ” ဟု ဆိုသည်။

ယင်းအချက်မှာလည်း မြန်မာအမျိုးသမီးများ ထည့်သွင်းစဉ်းစားပေးရဦးမည့် ယဉ်ကျေးမှုအခြေအနေတစ်ရပ် ဖြစ်နေဆဲဖြစ်သည်။ မင်္ဂလာဦးညဟူသည့် စကားအဓိပ္ပာယ် အပေါ် အကောင်အထည်ဖော်နေကြဆဲ ချစ်သူမင်္ဂလာစုံတွဲများ ရှိသကဲ့သို့ အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုးထား သည့်လက်မထပ်မီ အတူနေထိုင်ခြင်းဟူသည့် စကား မှာ လည်း လူငယ်ထုအကြား၊ အမျိုးသားအမျိုးသမီးတို့ကြား အထူးတလည် အဆန်းဖြစ်မနေတော့သည်ကို သတိပြုမိကြရန်လည်း လိုအပ်ပြီဖြစ်သည်။ မူးယစ်ဆေးဝါး၊ လက်တစ်ကမ်းတွင် ဝယ်ယူရရှိနိုင်နေသည့် ၁၈+ ရုပ်ရှင်များ၊ အင်တာနက်လွတ်လပ်စွာသုံးနိုင်ခြင်းနှင့် ဆက်ကျော်သက်အရွယ် လူငယ်များ၏လိင်မှုကိစ္စဆိုင်ရာ စူးစမ်းချင် စိတ်များမှာလည်း စစ်တမ်းပါထွက်ဆိုချက်အပေါ် အထောက်အပံ့ပေးနေသည်ဟုလည်း ဆိုနိုင် မည်ဖြစ်သည်။

လက်မထပ်မီအတူနေသည့် ဖြစ်ရပ်များပြားလာပါက ယင်းအယူဝါဒအပေါ် လက်ခံနိုင်မှုများပြားရန်လည်း လိုအပ်မည်ဖြစ်သည်ဟု ဆိုကြသည်။အမျိုးသမီး သတင်းသမား တစ်ဦးဖြစ်သည့် မစင်သီ(အမည်လွှဲ)ကမူ ”အရင်ခေတ်ကလို သူတို့တော့ လူပျိုမစစ်ဘဲ အပျိုမှ အပျိုလိုချင်တဲ့ ယောက်ျားဝါဒီတွေ နည်းသွားတာပေါ့” ဟု သူမ၏ အမြင်ကို ထုတ်ပြောခြင်းဖြစ်သည်။  သို့သော်လည်း စစ်တမ်းမှာ တိကျမှန်ကန်ရန် လိုအပ်နေဆဲဖြစ်သည်ဟုလည်း ဝေဖန်ကြပြီး စစ်တမ်းတွင်ပါဝင်ထားသည့် မြို့ပြနေအမျိုးသမီး ငါးဦးလျှင် လေးဦးမှာ အပျိုမဟုတ်ဟူသည့်အချက်မှာ ယေဘု ယျဆန်လွန်းသည်ဟုလည်း ပြစ်တင်ပြောဆိုကြသည်။

မြန်မာနိုင်ငံ အမျိုးသမီးစွမ်းဆောင်ရှင်အဖွဲ့အစည်း တည်ထောင်ရာတွင်ပါဝင်သူ ဒေါ်ရီရီမြင့်ကမူ စစ်တမ်း၏ ရာခိုင်နှုန်းပြသထားမှုမှာ များပြားလွန်းလှပြီး ကောက် ယူ သည့်နေရာ၊ လူဦးရေနှင့် အမျိုးသမီးအများစုကို လွှမ်းခြုံနိုင်ခြင်းမရှိဟု ဆိုသည်။ မြို့ပြနေအမျိုးသမီးများမှာ ကျေးလက်ဒေသနေအမျိုးသမီးတို့ထက် ပွင့်ပွင့် လင်းလင်းနေ ထိုင်မှုရှိသော်လည်း လက်ရှိတွင် မြန်မာ့ယဉ်ကျေးမှုဟူသည့် အထိန်းအကွပ်ရှိသေးသည့်အတွက် စစ်တမ်း၌ ပြောထားသကဲ့သို့ အများစုဟူသည့်အနေ အထားမျိုးမရှိနိုင် ဟုလည်း ပြောကြားသည်။ ”နောက်ရာစုနှစ်တွေဆိုရင်တော့ တခြားနိုင်ငံတွေလို ဖြစ်လာမလားဆိုတာ မပြောနိုင်တဲ့အခြေအနေတစ်ခုပေါ့။ ဒါပေမဲ့လည်း ဂုဏ်သိက္ခာထိန်း သိမ်းမှုတွေ ဆိုတာတော့ အမျိုးသမီးတွေမှာ ရှိနေကြတုန်းပါပဲ”ဟု ၎င်းက ဆိုသည်။

အမျိုးသမီးနှင့်အပျိုစင်ဘဝ

အထက်ပါစစ်တမ်းအပေါ် လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ အမျိုးသမီးမှန်လျှင် အနည်းနှင့်အများ အပျိုစင်ဘဝအား ထိန်းသိမ်းစောင့်ရှောက်တတ် ကြစမြဲဖြစ် သည်ဟု အမျိုးသမီးများကဆို ကြသည်။ ဗိုင်းကောင်းကျောက်ဖိဟူသည့် စကားနှင့်အညီနေထိုင်ခဲ့ကြသည့် မြန်မာအမျိုးသမီးများ ဘဝမှစတင်ကာ ယခုအ မျိုးသားများနှင့် တန်းတူအလုပ်လုပ်ကိုင်နေနိုင်သည့် ပွင့်လင်းမြင်သာခေတ်၌ပင် အပျိုစင်ဟူသည့် စကားရပ်အပေါ်တန်ဖိုး ထားမှုများရှိဆဲဖြစ်ကြောင်း အမျိုးသမီးအများစု ကို မေးမြန်းခြ င်းဖြင့်သိရသည်။

အမျိုးသမီးအချင်းချင်းကြား၌ပင်  ‘နင်အပျိုရောစစ်သေးရဲ့လား’ဟု မေးလိုက်ပါက ‘အင်း’ဟူသည့်အဖြေကို ရဲဝံ့စွာဖြေကြားလိုဆဲဖြစ်သည့် အမျိုးသမီးများရှိဆဲ ဖြစ်ကြောင်း ကို ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်သည့် မစန်းက သူမ အတွေ့အကြုံအရ ပြောပြသည်။ ”ကိုယ်က အပျိုမဟုတ်တော့ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည် မှုတော့ မရှိ နိုင်တော့ ဘူးလို့ထင်တယ်”ဟု ၎င်းကဆိုသည်။ ထို့အပြင် အမျိုးသမီးများ မိမိ၏အပျိုစင်ဘဝကိုထိန်းသိမ်းခြင်းမှာ အကျိုးကျေးဇူးကြီးကြီးမား မားရရှိသည် ဟူသည့် အနေအထားမှ တန်ဖိုးမဟုတ်သော်လည်း ရိုးရာတစ်ခုကဲ့သို့ဖြစ်နေသည့် ဓလေ့အရ လိုက်နာခြင်းမျိုး ဖြစ်လာသည်ဟုလည်း ဆိုကြသည်။

အမျိုးသမီးသတင်းထောက်တစ်ဦးဖြစ်သည့် မစင်သီကတော့ ”ဘာရယ်ညာ ရယ်တော့မဟုတ်ပါဘူး။ အနည်းဆုံး ဗိုက်တစ်လုံးနဲ့ ကျန်ခဲ့တဲ့အဖြစ်တော့ အေးတာ ပေါ့”ဟူ၍ ရယ်ကျဲကျဲဖြင့်ဆိုသည်။ သို့သော် ထပ်မံစဉ်းစားကြည့်မည်ဆိုလျှင် အမျိုးသမီးများလက်မထပ်မီ အပျိုစင်ဖြစ်ခြင်းမှာ အမျိုးသမီးထုအကြားဂုဏ် ယူဖွယ်ရာကိစ္စရပ် ဆိုခြင်း ထက် အမျိုးသားများအတွက်ဟုဆိုလျှင် လက်ခံနိုင်စရာရှိမည်လော။ သို့တည်းမဟုတ် အငြင်းပွားဖွယ်နိုင်ရာ ရှိမည်လော။

အမျိုးသားများနှင့် ၎င်းတို့လက်တွဲဖော်၏ အပျိုစင်ဘဝ

ရန်ကုန်မြို့လယ်ကောင်ရှိ ဟိုတယ်တစ်ခုတွင် စီမံခန့်ခွဲရေးရာ ကျွမ်းကျင်သူအဖြစ် အလုပ်လုပ်ကိုင်နေသည့် အသက် ၂၃ နှစ်အရွယ် မလဲ့ရည်(အမည်လွှဲ)ကမူ သူမဘဝ၌ တက္ကသိုလ်ကျောင်းသူဘဝ၌ မိမိ၏ချစ်သူဖြင့် တစ်ကြိမ်တစ်ခါ ငြိစွန်းဖူးခြင်းရှိခဲ့သည်ဟု ဖွင့်ဟသည်။ သို့သော် အခြေအနေတစ်ခုကြောင့်  အဆိုပါအမျိုးသားနှင့် လက် ထပ်ခြင်းမရှိခဲ့ဟုသိရသည်။ ကျောင်းသားဘဝဖြစ်သည့်အပြင် ဘဝနေထိုင်ရေး၊ လူနေမှုအဆင့်အတန်းအရ ကောင်းမွန်စွာလုပ်ဆောင် နိုင်သေးခြင်းမရှိသည့်အတွက် အဆို ပါအမျိုးသားနှင့်လမ်းခွဲခဲ့သည်ဟုလည်း ဆိုသည်။

”ကျွန်မအတွက် ဒီကိစ္စဟာအိပ်မက်ဆိုးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မသူနဲ့မှားမိလို့သူနဲ့သာ ယူခဲ့ရမယ်ဆိုရင် အိမ်ထောင်တစ်ခုဖြစ်လာတဲ့အခါ ဘဝအ ခက်အခဲရှိလာ လိမ့်မယ်။ ဒါကြောင့် အပျိုဆိုတဲ့ဂုဏ်ကို ခဏမေ့ထားပြီး ကျွန်မ ရှင်သန်ခဲ့တယ်။

 ခုတော့ အဲ့ဒီအခြေအနေဟာ အိပ်မက်ဆိုးကနေ ကျွန်မကို ဘယ်လို လုပ်ကိုင်သင့် တယ်ဆို တာကို လမ်းညွှန်ပေးနိုင်တဲ့ အကောင်းဆုံးသော သာဓကတစ်ခုလိုပါပဲ”ဟု မလဲ့ရည်က သူမဘဝကို ဖွင့်ဟပြောဆိုသည်။လက်ရှိတွင်တော့ ဝင်ငွေကောင်းကာ သူမအပေါ် ချစ်ခင်စုံမက်သည့် အမျိုးသားတစ်ဦးနှင့် မကြာမီ လက်ထပ်တော့မည်လည်းဖြစ်သည်ဟု သူမကဆိုသည်။

”အချစ်ကိုဦးစားပေးပြီး အခြေအနေအရ သူ့ကိုပဲရွေးချယ်ခဲ့မယ်ဆို ဘဝဟာဒုက္ခရောက်တော့မှာလေ။ အမျိုးသမီးတွေမှာလည်း ရွေးချယ်ခွင့်တော့ ရှိရမယ်။ ယောက်ျားတွေ ဘက်ကတော့ ဒါကိုမျှတစွာနားလည်ပေးဖို့လိုတယ်”ဟု မလဲ့ရည်က ပြောသည်။ သူမအတွက်တော့ ယခုလက်ထပ်မည့် အမျိုးသားနှင့် သူမအကြား နားလည်မှုများစွာရှိပြီး သူမ၏ပကတိဘဝကိုလည်း သိနှင့်ပြီးဖြစ်သည်ဟု သူက ဖွင့်ဟသည်။ အမျိုးသားများဘက်တွင်ရော အမှန်တကယ်ပင် ထိုသို့ကိစ္စများရှိနေသည့် အမျိုးသမီးများအပေါ် လက်ခံမှုပေးနိုင်ဦးမည်လား။ လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် အသက် ၂၂ နှစ်ရှိ ကိုကျော်စွာ (အမည်လွှဲ)က ချစ်မိသည့် အမျိုးသမီးမှာ အပျိုစင်မ ဟုတ် မှန်း သိ ခဲ့ရပါက နှမြောမိမည်ဟုဆိုသည်။

အမျိုးသားတစ်ဦးဖြစ်သည့်အတွက်  အမျိုးသမီးများနှင့် ဆက်ဆံရာတွင်ပွင့်လင်းသည့် အနေအထားတစ်ခုရှိသော်လည်း လက်မထပ်မီအတူနေခြင်းကိစ္စကိုမူ မနှစ် မြို့ဟု ဝန်ခံသည်။ ကိုယ်တိုင်က လိင်မှုကိစ္စပိုင်းတွင်ပွင့်လင်းလိုသော်လည်း မိမိနှင့် လက်တွဲမည့်အမျိုးသမီးကိုမူ ယင်းကိစ္စများနှင့် ပတ်သက်မှုမရှိဖူးသည့် သူဖြစ်စေလို သည် ဟုလည်း ဆိုပြန်သည်။ အမျိုးသမီးများ အပျိုစင်ဖြစ်မှု၊ မဖြစ်မှုအပေါ် ၎င်းက ”သူများသုံးပြီးသားကို သုံးရတာနဲ့ အသစ်သုံးရတာက မတူဘူးလေ။  ခံစား ချက်ကြောင့်ပေါ့။ သက်မဲ့ဆိုရင်တောင် ခံစားရတာသက်ရှိဖြစ်တော့ ခံစားချက်ပိုပြင်းထန်တာပေါ့”ဟုဆိုသည်။

အမျိုးသားအများစုမှာလည်း ၎င်း၏  ခံစားချက်အတိုင်းပင်ဖြစ်လိမ့်မည်ဟု သူက မှတ်ချက်ပေးသည်။ မန္တလေးတွင်နေထိုင်သည့် မအိအိကမူ အိမ်ထောင်မကျမီ အ တူေ နခြင်းကြောင့် မိမိ၏အိမ်ထောင်ဘက်မှာ အိမ်ထောင်သက်တစ်လျှောက်လုံး ယင်းအချက်ပေါ်တွင် နင်းကာအထင်အမြင်သေးခြင်း မှာ ဖြစ်လာနိုင်ခြေရှိ သည် ဟု လည်း ထောက်ပြသည်။


ထို့အပြင် အမျိုးသမီးအနေဖြင့် စဉ်းစားပါကလည်း မိမိပင်လျှင် အခြားအမျိုးသားတစ်ဦးအား အပျိုစင်ဘဝကိုပေးအပ်ခဲ့ဖူးခြင်းဖြစ်ရာ မိမိ၏ အိမ်ေ ထာင်ဖက် အ မျိုးသားမှာလည်း အခြားသောမိန်းမတစ်ဦး၏ အပျိုစင်ဘဝကို ရယူဖူးလိမ့်မည်ဟူသည့် အတွေးများ ဝင်လာနိုင်ခြေရှိသည်ဟုလည်း ဆိုသည်။

 မည်သို့ ပင် ဆိုစေ အဆိုပါအခြေအနေပေါ် အလုံးစုံနားလည်မှုမပေးနိုင်သေးသည့် မြန်မာ့ယဉ်ကျေးမှုအရ အိမ်ထောင်ရေးအဖုအထစ်များသာ ဖြစ်လာနိုင်ခြေရှိမည်ဟု ဆိုသည်။ အ ထက် တန်းပြ ဆရာမတစ်ဦးဖြစ်သည့်အသက် ၂၇ နှစ်အရွယ် မသက် (အမည်လွှဲ)ကမူ ”ချစ်သူဘဝမှာ ဘယ်လိုအခြေအနေပဲ ရှိခဲ့ကြပါစေ အိမ်ထောင်ဘက် ရှိလာ ရင်ေ တာ့ သူ့အပေါ်မှာ သစ္စာရှိသွားမယ်ဆိုရင် အဆင်ပြေမယ်ထင်ပါတယ်” ဟူ၍သာ။

အချုပ်အားဖြင့်ဆိုရလျှင် စစ်တမ်း နှင့်ပတ်သက်၍သာမက အပျိုစင်ဘဝထိန်းသိမ်းမှု၊ ယဉ်ကျေးမှု၊ အုပ်ထိန်းမှု၊ စရိုက်လက္ခဏာများအပေါ်မူတည်သည့် အမျိုးသမီးများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခံယူချက်များသည် ထိုအမျိုးသမီးများ၏ တစ်ကိုယ်ရည်ဘဝရပ်တည်မှု နှင့်သာသက်ဆိုင်လာမည်ဖြစ်သည်။ ၂၁ ရာစုနှောင်းပိုင်းတွင် ပွင့် လင်းမှုအားကောင်းလာခြင်း၏ တစ်ဖက်၌ အကောင်းအဆိုး ဒွန်တွဲနေမည်ကို ကမ္ဘာပေါ်ရှိလူသားအားလုံး သိရှိပြီးဖြစ်ပေလိမ့်မည်။ အဖြေမျိုးစုံ ထွက်ရှိနေဆဲဖြစ်သည့် ကျား/မ သဘာဝဆိုင်ရာ မေးခွန်းများ၊ အချက်အ လက်များမှာ ထိခိုက်ရှလွယ်သည့်သဘော တရားများလည်း ဖြစ်ပေလိမ့်မည်။

ထိုသို့ဆိုလျှင် ယင်းစစ်တမ်းမှာ မည်သို့သော ရည်ရွယ်ချက်ဖြင့်ထုတ်ပြန်သည်ဆိုခြင်းက ပို၍ စိတ်ဝင်စားဖွယ်ရာဖြစ်လာပေလိမ့်မည်။ရန်ကုန်၊မန္တလေးနှင့် နေပြည်တော်ရှိ အမျိုးသမီးဦးရေ စုစုပေါင်း ၄၅ ဦးကို လိုက်လံစစ်တမ်းကောက်ခံရာမှ ရရှိလာခဲ့သည်ဟူသော အဆိုပါစစ်တမ်းက မြန်မာ နိုင်ငံတစ်ဝန်းလုံးရှိ မြို့ပြနေအမျိုးသမီးမည်မျှကို ကိုယ်စားပြုနိုင်ပါမည်နည်း။


ယင်းအချက်သည် အထက်ပါအဖြေများထက် ပိုမိုအဓိပ္ပာယ်ပြည့်စုံမည်ဖြစ်သည်။ သုတေသနလုပ်ငန်းစဉ်တစ်ခု (သို့မဟုတ်) စစ်တမ်းတစ် ရပ် မှာ အနည်းဆုံးလူဦးရေ ၅ဝဝ ခန့်ပါဝင်ရမည်ဟု Myanmar Survey Research မှသိရသည်။

သို့မှသာ သုတေသနစစ်တမ်းတစ်ခု၏အနှစ်သာရနှင့် ပြည့်စုံပြီး စစ်တမ်းကောက်ခံရာတွင်လည်း အမျိုးသမီးများအားတိကျစွာ အမျိုးအစားခွဲခြားခြင်း (ဥပမာ- လူမှုအခြေ အနေ၊ စီးပွားရေး၊ ပညာရေး)၊ အသက်အပိုင်းအခြား ခွဲခြားခြင်းတို့ကို အနည်းဆုံး ပြုလုပ်သင့်သည်ဟုလည်း သိရသည်။သုတေသနအယ်ဒီတာအဖြစ် လုပ် ကိုင်နေဆဲဖြစ် သည့် ဦးလင်းမာန်အောင်ကမူ စစ်တမ်းထုတ်ပြန်ရာတွင်လည်း ရည်ရွယ်ချက်အား တစ်ပါတည်းထည့်သွင်း ပြောကြားသင့်သည်ဟုထောက်ပြသည်။

”လိင်ပိုင်းဆိုင်ရာ အသိပညာအတွက်လား၊ အတူနေကိစ္စတွေမှာ အသိပညာဘယ်လောက်ရှိသလဲ စသဖြင့် ပြောပြရမယ်။ ဘာကြောင့်ဒီစစ်တမ်းကိုလုပ်ရလဲပေါ့။ လူလေး ငါးဆယ်နဲ့ စစ်တမ်းလုပ်တာဆိုရင်တော့ ဆောရီးပဲ”ဟု ၎င်းကလုပ် သက်အတွေ့အကြုံအရ စစ်တမ်းတစ်ခု၏ စံနှုန်းများကို ပြောပြသည်။ ရာခိုင်နှုန်းတွက်ချက်ရာ တွင် လည်း ဆင်းရဲသား၊ အလယ်အလတ်တန်းစားနှင့် အထက်တန်းစားစသဖြင့် ခွဲခြားပြီး ယင်းအလွှာအလိုက်ရာခိုင်နှုန်းပြန်လည်ခွဲခြား သင့်သည်ဟုသိရသည်။ အဆုံး သတ်မှ သာ အားလုံးစုစုပေါင်း၏ မည်မျှရာခိုင်နှုန်းမှာမူ အပျိုစင်မဟုတ်ဟူသည့်အချက်ကိုထုတ်ပြန်ပေးရမည်ဟုလည်း ဆိုသည်။”အဲ့ဒီတော့ပြောရရင် ဒီစစ်တမ်းဟာ တစ်နိုင်ငံလုံး ကို ကိုယ်စားမပြုပါဘူး”ဟု ဦးလင်းမာန်အောင်က ပြတ်သားစွာ မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံရှိအမျိုးသမီးများ အပျိုစင်စစ်စစ်ဖြစ်ရန် မည်မျှအရေးကြီးနေပြီနည်း။ ထိုအပျိုစင်ဖြစ်မှုမှာ အမျိုးသမီးတို့၏ ဘဝအပေါ်မည်မျှ လွှမ်းမိုးပေးနိုင်မည် နည်း။ ထိုနည်းတူစွာပင် အမျိုးသားများအတွက် အိမ်ထောင်ဖက်အမျိုးသမီးတို့၏ အပျိုစင်ဖြစ်မှုဟူသည်ကား အဘယ်နည်း။

ယင်းမေးခွန်းများကိုမေးမြန်းမိပါက အ ပြစ်ပြော ဖွယ်ရာ၊ ထောက်ပြဖွယ်ရာ၊ အငြင်းပွားဖွယ်ရာ အဖြေမျိုးစုံထွက်ကျလာနိုင်သည်။ မဂ္ဂဇင်းတိုက်တစ်ခုတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်နေသည့် အသက်သုံးဆယ့် ငါးနှစ် အရွယ် မအေးအေး(အမည်လွှဲ)ကမူ ”မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ဆိုရင်တော့ စစ်တမ်းကပြောထားတဲ့  အချက်ကိုလုံးဝလက်မခံချင်ပါဘူး။ အဲ့ဒီ လိုပြတ် သားဖို့ အတွက်ဆိုတာလည်း ကျွန်မတို့မိန်းမသားတွေကအဓိကပဲ” ဟူ၍သာ ဖြစ်သည်။

သုတလင်း၊ မြတ်စုငြိမ်း

Popular News Journal

Twitter Bird Gadget