.

Saturday, August 23, 2014

ဓမ္မစေတီကို နဂါးမောင်နှမကဖွက်ထားခြင်းနှင့် နတ်ကရာကျီးမော့နေကြသူများ

Unknown | 11:02 AM | Be the first to comment! Unknown | 11:02 AM | Be the first to comment!
Unknown | 11:02 AM | Best Blogger Tips
Photo: ဓမ္မစေတီကို နဂါးမောင်နှမကဖွက်ထားခြင်းနှင့် 
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥နတ်ကရာကျီးမော့နေကြသူများ 
http://aungminkhoung.blogspot.com/2014/08/blog-post_62.html
နဂါးတွေတော့ ၀င်ပူးနေတယ်တဲ့  . . မယုံရင်ပလုံဂွေးစေ့ 
သောင်တူးစက်ပျက်တာ နဂါးတွေကြောင့်လား
ဝိဇ္ဇာလား . . . . ပြိတ္တာလား  . . မိစ္ဆာတွေကြောင့်လား  . .
ဘာတွေမှန်းမသိတာကတော့ ဘာမှန်းမသိလို့ပါ
သိတယ်မဟုတ်လား  .. 
မြန်မာပြည်က မြန်မာလူမျိုးတွေလေ  . . ဒါ့ကြောင့်
ဒေါ်အောင်ဆန်းစုကြည်ကပြောတာပေါ့  . .
ပြည်သူတွေ စာဖတ်ပါတဲ့  .. ။
စာမဖတ်သရွေ့ကတော့ (နတ်ကရာကျီးမော့)ပဲ။
ဓာတ်ကြောင် ၊ နတ်ကြောင် ၊
ရူးကြောင် ၊ မူးကြောင် ၊
အာဏာကြောင် ၊ အာပလာကြောင် ၊
တကယ်တော့ကွာ  . . အားလုံးဟာ အရူးတွေချည်းပါပဲ။
သို့သော်  . . 
ဓာတ်ရူး ၊နတ်ရူး ၊အာဏာရူး၊ တဏှာရူး၊ မဖြစ်ဖို့ပဲလိုပါတယ်။
ဒဲ့ ပြောရရင်တော့  . .
ဦးနု၊နေ၀င်း၊သန်းရွှေ၊သိန်းစိန်တို့အဖွဲကြံ့ဖွတ်စစ်ခွေးတွေလိုပေါ့ကွာ။
█ ░ အလင်းရှင် ░ █
ဓမ္မစေတီကို နဂါးမောင်နှမကဖွက်ထားခြင်းနှင့်
နတ်ကရာကျီးမော့နေကြသူများ
http://aungminkhoung.blogspot.com/2014/08/blog-post_62.html
နဂါးတွေတော့ ၀င်ပူးနေတယ်တဲ့ . . မယုံရင်ပလုံဂွေးစေ့
သောင်တူးစက်ပျက်တာ နဂါးတွေကြောင့်လား
ဝိဇ္ဇာလား . . . . ပြိတ္တာလား . . မိစ္ဆာတွေကြောင့်လား . .
ဘာတွေမှန်းမသိတာကတော့ ဘာမှန်းမသိလို့ပါ
သိတယ်မဟုတ်လား ..
မြန်မာပြည်က မြန်မာလူမျိုးတွေလေ . . ဒါ့ကြောင့်
ဒေါ်အောင်ဆန်းစုကြည်ကပြောတာပေါ့ . .
ပြည်သူတွေ စာဖတ်ပါတဲ့ .. ။
စာမဖတ်သရွေ့ကတော့ (နတ်ကရာကျီးမော့)ပဲ။
ဓာတ်ကြောင် ၊ နတ်ကြောင် ၊
ရူးကြောင် ၊ မူးကြောင် ၊
အာဏာကြောင် ၊ အာပလာကြောင် ၊
တကယ်တော့ကွာ . . အားလုံးဟာ အရူးတွေချည်းပါပဲ။
သို့သော် . .
ဓာတ်ရူး ၊နတ်ရူး ၊အာဏာရူး၊ တဏှာရူး၊ မဖြစ်ဖို့ပဲလိုပါတယ်။
ဒဲ့ ပြောရရင်တော့ . .
ဦးနု၊နေ၀င်း၊သန်းရွှေ၊သိန်းစိန်တို့အဖွဲကြံ့ဖွတ်စစ်ခွေးတွေလိုပေါ့ကွာ။
█ ░ အလင်းရှင် ░ █

ဓမ္မစေတီ ဘယ်လဲနှင့် နတ်ကရာကျီးမော့ နေကြသူများ

Unknown | 10:44 AM | Be the first to comment! Unknown | 10:44 AM | Be the first to comment!
Unknown | 10:44 AM | Best Blogger Tips
လှည်းကူးမြို့မှ အသက် ၆ဝကျော်အမယ်အိုတစ်ဦးအား ဓမ္မစေတီခေါင်းလောင်းကို
စောင့်ရှောက်နေသည်ဟုဆိုသောနဂါး ဝင်ပူးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဟုဆို
Yangon Media Group
ငယ်ထွေး(ကလေး)
ရန်ကုန်၊
ဓမ္မစေတီ ခေါင်းလောင်းကြီး တူးဖော်ဆယ်ယူရန် ကြိုးစားနေသည်မှာ ၁၃ရက်တိုင်ရှိ လာခဲ့ပြီဖြစ်သည်။
ယင်းသို့ သာကေတမြို့နယ်အ နီး လှိုင်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင် ချောင်းတို့ဆုံသည့်နေရာ၌ ဓမ္မစေတီ ခေါင်းလောင်းတူးဖော်မှု လုပ်ဆောင် နေခြင်းကို စိတ်ဝင်စားသူအမြောက် အမြားရှိနေချိန်၌ ရန်ကုန်မြို့နှင့် မိုင်၂ဝကျော်ကွာဝေးသည့် လှည်းကူး မြို့နယ်တွင် ခေါင်းလောင်းကြီးနှင့် ပတ်သက်၍ နဂါးဝင်ပူးသည့်ဖြစ်ရပ် တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်ရပ်မှာ ခေါင်းလောင်း ကြီးကို စောင့်ရှောက်နေသည်ဟုဆို သော နဂါးမောင်နှမသုံးဖော်ထဲမှ တစ်ဦးက လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက် သီတာအေး (၅)လမ်းတွင် နေထိုင်သည့် အမယ် အိုတစ်ဦး ဘုရားဝတ်ပြုဆုတောင်း နေချိန်တွင် နဂါး ဝင်ရောက်ပူးကပ် သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ထိုအမယ်အို၏ အမည်မှာ ဒေါ် စိန်ကြည်ဖြစ်ပြီး အသက်၆၇နှစ်ရှိပြီ ဖြစ်သည်။ ဖြစ်ပွားပုံမှာ အမေအို ဒေါ်စိန်ကြည် သြဂုတ် ၂၁ရက်၊ နံနက် ၆နာရီ ဘုရားရှိခိုးချိန်တွင် ဓမ္မ စေတီခေါင်းလောင်းတော်ကြီးကို စောင့်ရှောက်နေကြသော နဂါးမောင် နှမသုံးဖော်မှ တစ်ဦးဖြစ်သည့် စော သိုက်ရွှေအမည်ရှိ နဂါးမက ဝင် ရောက်ပူးကပ်ခြင်းဖြစ်ကြောင်း သိရ သည်။
ထိုသို့ အမယ်အို ဒေါ်စိန်ကြည် အား နဂါးမ စောသိုက်ရွှေ ဝင်ရောက် ပူးကပ်နေချိန်တွင် ပြောကြားချက်များ အရ ခေါင်းလောင်းကြီးကို စောင့် ရှောက်နေသော ယင်းတို့နဂါးမောင် နှမသုံးယောက်၏အပေါ်တွင် သြ ဂုတ် ၁၈ရက်မှ စတင်၍ သောင်တူး ဖော်နေသော သောင်တူးစက်ဖိထား သဖြင့် အမြန်ဆုံးဖယ်ရှားပေးရန် ငို ယိုတောင်းဆိုနေသည်ကို တွေ့ရ သည်။
ထိုအချိန်တွင် အမယ်အိုသည် ရှိုက်ကြီးတငင်ငိုကြွေး နေပြီး ပါးစပ် မှလည်း ''ငါတို့အပေါ်မှာ ပိနေတဲ့ သောင်တူးစက်ကြီးကို အမြန်ဆုံးရွှေ့ ပေးပါ။ ရွှေ့ပေးရင် ခေါင်းလောင်းကြီး ကို တွေ့မယ်'' ဟု ပြောကြားရင်း အမယ် အိုသည် နာကျင်သည်ဟု ပြောကြား ကာ သူ့ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ် တွင် လူးလှိမ့်အော်ဟစ်နေတော့သည်။
ထိုသို့လူးလှိမ့်အော်ဟစ်နေရင်း က ''အရပ်ရှည်ရှည်နဲ့ ဘုန်းကြီးက ငါတို့သုံးယောက်ကိုချုပ်ထားတယ်။ ငါတို့တင်မကဘူး။ အဲဒီမှာရှိတဲ့သူ တွေအားလုံးကို ချုပ်ထားတာ''ဟု ပြောရင်းမှ ''ဘုန်းဘုန်း ဘာဖြစ်လို့ တပည့်တော်တို့ကို ချုပ်ထားရတာ လဲ''ဟု ငိုကြီးချက်မဖြင့် ပြောဆိုသည် ကို တွေ့ရသည်။
ထို့ပြင် ''သောင် တူးစက်ကိုလဲ ရွှေ့ပေး၊ ငါတို့မောင်နှ မကိုလည်း လွှတ်ပေး၊ မလုပ်ပေးဘူး ဆိုရင် ဘုန်းဘုန်းဆီကို ငါကိုယ်တိုင် နဂိုအလုံးအထည်ဖော်ပြပြီး လာမယ်။ ငါဒေါသထွက်ရင် မလွယ်ဘူးနော်။ တခြားလူတွေပါ ဒုက္ခရောက်ကုန် မယ်။ ငါတို့ကို ဖြေပေးပြီးရင် ခေါင်း လောင်းကြီး ဘယ်နေ့တွေ့မယ်ဆိုတာ ဘုန်းဘုန်းကို အိပ်မက်ပေးလိုက်မယ်။ ငါတို့ကို ချုပ်ထားတာကို ဖြေချင်ဖြေ မဖြေချင်နေ။ သူတို့လဲ ကြာမှာပဲ။ငါတို့ ဒီအတိုင်းသေသွားရင် ခေါင်း လောင်းကြီးကို နောက်ဘဝမှာလဲ ဆက်စောင့်ရှောက်မှာ'' ဟု ဒေါသတ ကြီး ရေရွတ်ပြောဆိုနေသည်ကိုတွေ့ ရသည်။
ယင်းအပြင် အမယ်အိုက ဆက် လက်၍ ''ခေါင်းလောင်းရှိတဲ့နေရာ ကို ဘုန်းဘုန်းပဲ မြင်ရတယ်။ ပြီး တော့ အခုလုပ်နေတဲ့ သိုက်ပွဲတွေ၊ ကန် တော့ပွဲတွေက မှားနေတယ်။ အကုန် လုံးအသစ်ပြန်လဲရမယ်။ ဒီလိုလဲပြီး မှ သင်တို့ လွတ်ရာကျွတ်ရာကို သွား နိုင်ပြီလို့ ပြောရမယ်။ အဲလိုကျမှ အစစအရာရာ အဆင်ပြေမယ်။ ငါ တို့ကိုသာ ဖြေပေးပါ၊ သူတို့လိုချင် တာ အကုန်ရမှာပဲ။ ငါတို့က ခေါင်း လောင်းကြီးကို စောင့်ရှောက်ဖို့ တာ ဝန်ပေးခံထားရတာ။ ခေါင်းလောင်း ကြီး ဆယ်ပြီးသွားရင် ကျိုက်ခေါက် ဘုရားကိုသွားပြီး ငါတို့အမျိုးတွေနဲ့ အတူ နောက်ဘုရားပွင့်ချိန်ကို သာ သနာပြုရင်းစောင့်ရမှာ''ဟု ပြော ကြားသည်ကို တွေ့ရသည်။
ယင်းနောက် ခေါင်းလောင်းကြီး အောင်မြင်စွာ ဆယ်ယူနိုင်ရေးအ တွက် '' ရေနဲ့ပဲ ထိပြီး၊ စနေ အရင် ဆုံးဆင်း၊ ပြီးတော့ ဗုဒ္ဓဟူးသားဆင်း၊ ပြီးတော့ ကြာသပတေးဆင်း ၊ အောင်ပြီ ဟေ့''ဟု အော်ဟစ်လူးလွန့်ရင်းက ''ဖိထားတာ ငါက နာတယ်''ဟု နာကျင်စွာ အော်ညည်းနေသည်ကို တွေ့ရသည်။
ထိုဖြစ်စဉ်များဖြစ်နေစဉ်အ တွင်း အမယ်အို၏ ပုံပန်းသဏ္ဌာန် မှာ လွန်စွာမောဟိုက်ပင်ပန်းနာကျင် ခံစားနေရသည်ကို တွေ့မြင်ရပြီး အမောပြေ ရေတိုက်ရာတွင် သာမန် လူတစ်ယောက် ရေသောက်သလို မ သောက်ဘဲ မြွေတစ်ကောင် (သို့မ ဟုတ်) နဂါးတစ်ကောင် ရေသောက်သ လိုမျိုး လျှာဖြင့်လျက်၍ သောက်နေ သည်ကို ထူးဆန်းစွာတွေ့မြင်ရသည်။
ထိုသို့ ရေသောက်နေစဉ်တွင် အမေအို၏ သားမက်ဖြစ်သူက ကာ ယကံရှင်မှာ ကျန်းမာရေးမကောင်း သဖြင့် ပြောချင်သည်များကို ပြော ၍ပြီးပါက ထွက်သွားပေးပါရန် တောင်းပန်သဖြင့် ရေသောက်ပြီးသည် နှင့် ချက်ချင်းပြန်ထွက်သွားသည်ကို တွေ့ရသည်။
ထိုအဖြစ်အပျက်နှင့်ပတ်သက် ၍ အမယ်အို ဒေါ်စိန်ကြည်က ပြန် လည်ပြောပြရာတွင် '' ဘုရားသောက် တော်ရေကပ်၊ ဘုရားရှိခိုးနေရင်းနဲ့ ကို မသိတော့တာ''ဟု နဂါးဝင်အပူး ခံရသည့်အခြေအနေကို ပြောပြသည်။
ထိုသို့ဖြစ်ပြီးနောက်ပိုင်း ''သိပ်နေမ ကောင်းတော့ဘူး။ ရင်ထဲ နေလို့မ ကောင်းတော့ဘူး''ဟု ပြောကာ ထို သို့ နောက်ထပ်ခဏခဏ နဂါးလာ ဝင်ပူးမည်ကို ကြောက်ရွံ့နေကြောင်း ပြောပြသည်။
ယင်းဖြစ်စဉ်များ မဖြစ်ပေါ်မီ သြဂုတ်လ ၂ဝရက် ညနေပိုင်းအ ချိန်က နေအိမ်ရှေ့တွင် မြွေသုံးကောင် ကို အမယ်အိုက တွေ့မြင်ခဲ့ရကြောင်း ပြောပြသည်။
အမယ်အိုမှာ ပုံမှန်အား ဖြင့် ကိုယ်တိုင် လမ်းကောင်းကောင်း မလျှောက်နိုင်သဖြင့် လူတွဲ၍လျှောက် ရသည့်အနေအထားဖြစ်သည်။ သို့ရာ တွင် နဂါးဝင်အပူးခံရချိန်တွင် သန်သန် မာမာနှင့် လူးလှိမ့်လှုပ်ရှားနိုင်ပြီး စ ကားပြောပုံမှာလည်း လူသန်သန်မာမာ တစ်ဦးကဲ့သို့ ပြောဆိုနိုင်သည်ကို တွေ့ရသည်။
ထိုကဲ့သို့ပင် အမယ်အို၏ သမီး ဖြစ်သူ၏ အိမ်တွင်လည်း မြွေတစ် ကောင်က အိမ်အတွင်း လာရောက် ခွေနေသဖြင့် တုတ်ဖြင့်ခြောက်လှန့် မောင်းထုတ်သည့်တိုင် ထွက်မသွား သဖြင့် တုတ်ဖြင့်ကော်,မ၍ ဖယ်ထုတ် ပစ်ခဲ့ရသည့်ဖြစ်ရပ်တစ်ခု သြဂုတ် ၂ဝ ရက်မှာပင် ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
နဂါးအပူးခံရသည်ဆိုသော အမယ်အို ဒေါ်စိန်ကြည်သည် ဓမ္မ စေတီခေါင်းလောင်းတူးဖော်သည့် နေရာသို့ ရောက်ဖူးခြင်းလဲမရှိ၊ ခေါင်းလောင်းတူးဖော်မှုနှင့်လဲ ပတ် သက်ခြင်းမရှိ၊ ခေါင်းလောင်းနှင့် ပတ်သက်သည့်အကြောင်းအရာအ ချို့ကို နေ့စဉ်ထုတ်သတင်းစာများ တွင်ဖော်ပြထားသည်ကိုသာ ဖတ်ရှု ခြင်းသာရှိသည်။ ယင်းအခြေအနေ တွင် ခေါင်းလောင်းကိုစောင့်ရှောက် သည့် နဂါးဝင်ပူးသည်ဆိုသည်မှာ ထူးဆန်းသည့်ဖြစ်ရပ်တစ်ခုဖြစ် သည်။ လက်ရှိအချိန်တွင် ဓမ္မစေတီ ခေါင်းလောင်းတူးဖော်ရာနေရာသို့ အိပ်မက်အရ လာရောက်လှူဒါန်း နေသူများလည်း ရှိနေကြောင်း သိ ရသည်။
‪#‎Democracytoday‬

Twitter Bird Gadget