.

Tuesday, July 22, 2014

ဦးဆန်းဆင့်ကို ထောင်ဒဏ်တစ်ကျွန်းကျနိုင်သည့် အကြည်အညိုပျက်စေသည့် ပုဒ်မထပ်တိုးလိုက်

Unknown | 4:36 AM | Be the first to comment! Unknown | 4:36 AM | Be the first to comment!
Unknown | 4:36 AM | Best Blogger Tips

ဦးဆန်းဆင့်ကို ပြစ်မှု ထင်ရှားပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချနိုင်သည့် အကြည်အညို ပျက်စေမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄(က)ပါ ထပ်တိုးလိုက်သည်ဟု ဦးဆန်းဆင့်၏ ရှေ့နေ ဦးတင်ထွန်းက မဇ္ဈိမကို ပြောသည်။
22jl2
ဦးဆန်းဆင့်ကို နေပြည်တော်မြို့နယ် ဒက္ခဏသီရိ တရားရုံးတွင် ဇူလိုင်လ ၂၂ရက် နံနက်က စတုတ္ထအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး မိသားစုနှင့်လည်း ပထမဆုံးအကြိမ် တွေ့ခွင့်ပေးခဲ့သည်။ သို့သော် မီဒီယာများကိုမူ သတင်းရယူခွင့် မပေးခဲ့ဟု ဆိုသည်။
ဦးဆန်းဆင့်အား အာမခံပေး၍မရသည့် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ ၄ဝ၉/ ၁ဝ၉ ဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တရားလိုအဖြစ် တရားစွဲဆိုထားပြီး ဇွန်လ ၁၉ရက်က ဖမ်းဆီးခဲ့သည်။
မဇ္ဈိမသတင်းဌာန

ထိုင်းအလှမယ်ကို သရဖူပြန်သိမ်း

Unknown | 4:31 AM | Be the first to comment! Unknown | 4:31 AM | Be the first to comment!
Unknown | 4:31 AM | Best Blogger Tips

ထိုင်းနိုင်ငံ Miss Universe Thailand ပြိုင်ပွဲ ဆုရတဲ့ အလှမယ် နောက်တယောက် သူ့ သရဖူ ပြန်အပ်လိုက်ရပါပြီ။
 
သူ့နာမည်က Sunnanipa Namphet Krissanasuwan

Thai PBS, Bangkok Post သတင်းတွေကို ကိုးကား ရေးသားရရင် ... ပြိုင်ပွဲကော်မတီ ရဲ့ ပြီးခဲ့သောရက်ပိုင်း ထုတ်ပြန်ချက်မှာတော့ သရဖူ ရုပ်သိမ်းရခြင်း အကြောင်းရင်းကို မတွေ့ရပါ။

ထုတ်ပြန်ချက်မှာတော့ ရက်စွဲတပ်ထားတာက ဇူလိုင် ၁ဝ။

ကော်မတီဝင်တယောက် ပြောတာကတော့ အဲဒီရက်စွဲက သရဖူရုပ်သိမ်းမှုကိုသိရှိကြောင်း အလှမယ် လက်မှတ်လာထိုးတဲ့ရက်စွဲလို့ ဆိုတယ်။

ဖေ့စ်ဘုတ်အပါအ၀င် အွန်လိုင်း လူမှုကွန်ရက်တွေမှာတော့ ဒီအလှမယ်ရဲ့ ဓာတ်ပုံ အများအပြား ပွဲဆူနေတာပါ။
ဒီပုံတွေက အလှမယ်တယောက်အတွက်တော့ မသင့်တော်ဘူးလို့ ဝေဖန်ခံနေရပါတယ်။

အလှမယ်ကတော့ ကားထဲ ရိုက်ထားတဲ့ပုံတွေဟာ မယ်ပွဲ မ၀င်ခင် ကတည်းက ကြော်ငြာတခုအတွက် ရိုက်ထားတာဖြစ်တယ် - ဓာတ်ပုံဆရာတွေအများကြီးရှေ့မှာ ရိုက်တာလို့ ပြန်ရှင်းပါတယ်။

သူ့ရည်းစားရဲ့ပေါင်ပေါ်ထိုင်နေပုံများလည်း ပါဝင်ပါတယ် တဲ့။
စာဖတ်သူတယောက်ကတော့ ... ရည်းစားပေါင်ပေါ်ထိုင်တာ ဘာဖြစ်လဲ၊ ပြိုင်ပွဲကာလအတွင်း အမျိုးသားပရိသတ်အများအပြားရှေ့မှာတော့ လက်တ၀ါးစာရေကူးဝတ်စုံနဲ့ လမ်းလျှောက်ပြရတာပဲ လို့ မှတ်ချက်ချပါတယ်။

Miss Universe Thailand ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ အလှမယ်လည်း မယ်ဘွဲ့ စွန့်ခဲ့ရပြီးပါပြီ။ လွန်ခဲ့သောလကပါ။

  • ပြီးတော့ ရှပ်နီနိုင်ငံရေးအင်အားစုကို  ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ စကားလုံးတွေ သုံးခဲ့မိခြင်း http://blog.irrawaddy.org/2014/06/blog-post_10.html

အစရှိတဲ့ဖြစ်ရပ်တွေနောက်ပိုင်း သရဖူ စွန့်ရပါတယ်။

ဝေဖန်ဖို့ စဉ်းစားဖို့ ဆင်ခြင်ဖို့ကောင်းတဲ့ ဖြစ်ရပ်တွေလို့ ဆိုရမှာဖြစ်ပါတယ်။

ဘုရားရှင်ကို လွဲမှားစွာနာမည်ပေးကင်ပွန်းတပ်လုပ်ခဲ့သူများ

Unknown | 3:10 AM | Be the first to comment! Unknown | 3:10 AM | Be the first to comment!
Unknown | 3:10 AM | Best Blogger Tips
ငါ’ ကိုရင်အရွယ်လောက်တုန်းက “ ဆုတောင်းပြည့်ဘုရား” မှ၊ ဆုတောင်းပြည့်
တယ်လို့ အထင်မှားခဲ့တယ်။ အဲလို မှားအောင်လည်း အချို့သောရှေးလူကြီးများ
ကဖန်တီးထားခဲ့တာကိုး။ အကြည်ညိုလွန်ကဲကြသော ရှေးလူကြီးများဟာ စေတီ
ရုပ်ပွား ဗုဒ္ဓဘုရားရဲ့ ရုပ်တုတော်များကို . . . . 
“ ဆုတောင်းပြည့်ဘုရား”
“ ဣစ္ဆာသယဘုရား”
“လာဘမုနိ”
“အလိုတော်ပြည့်ဘုရား”
“၀ဋ်ကျွေးတော်ပြည်ဘုရား”
စသည်ဖြင့် စသည်ဖြင့် ရုပ်ပွားဆင်းတုတော်များအား မိမိလိုသလိုထင်သလိုနာ
မည်ပေးကင်ပွန်းတပ်လိုက်ကြပါတယ်။
အဲဒီမှာတင် အနှိုင်းမဲ့အတူမရှိ အတုမဲ့သော ဗုဒ္ဓရှင်တော်မြတ်ရဲ့ ဂုဏ်ကျေးဇူး
တော်များဟာ အဓိပ္ပါယ်များကွဲလွဲကုန်ကြပါတော့တယ်။
လူငယ်လူရွယ်များက စာမေးပွဲအောင်ချင်တော့ “ဆုတောင်းပြည့်ဘုရား”ထံ
ဆုတောင်းကြသလို စားဝတ်နေရေးအတွက် ရုန်းကန်နေရသောလူကြီးမိဘ
များက “ လာဘမုနိ” ဘုရားထံခိုဝင်ကြပြန်ပါတယ်။
ဒီလိုနဲ့ “ဧကောဗုဒ္ဓေါ” တစ်ဆူတည်းသောမြတ်စွာဘုရားရှင်သည် အဆူဆူ
ကွဲ အဓိပ္ပါယ်များလွဲခဲ့ရပြန်ပါတော့သည်။
Photo: ဘုရားရှင်ကို လွဲမှားစွာနာမည်ပေးကင်ပွန်းတပ်လုပ်ခဲ့သူများ 
☭ ✖ ✿ ☭ ✖ ✿ ☭ ✖ ☭ ✖ ✿ ☭ ✖ ✿ ☭ ✖ 
ငါ’ ကိုရင်အရွယ်လောက်တုန်းက “ ဆုတောင်းပြည့်ဘုရား” မှ၊ ဆုတောင်းပြည့်
တယ်လို့ အထင်မှားခဲ့တယ်။ အဲလို မှားအောင်လည်း အချို့သောရှေးလူကြီးများ
ကဖန်တီးထားခဲ့တာကိုး။ အကြည်ညိုလွန်ကဲကြသော ရှေးလူကြီးများဟာ စေတီ
ရုပ်ပွား ဗုဒ္ဓဘုရားရဲ့ ရုပ်တုတော်များကို 
“ ဆုတောင်းပြည့်ဘုရား”   
“ ဣစ္ဆာသယဘုရား” 
“လာဘမုနိ”
“အလိုတော်ပြည့်ဘုရား”
“၀ဋ်ကျွေးတော်ပြည်ဘုရား”
စသည်ဖြင့် စသည်ဖြင့် ရုပ်ပွားဆင်းတုတော်များအား မိမိလိုသလိုထင်သလိုနာ
မည်ပေးကင်ပွန်းတပ်လိုက်ကြပါတယ်။ 
အဲဒီမှာတင် အနှိုင်းမဲ့အတူမရှိ အတုမဲ့သော ဗုဒ္ဓရှင်တော်မြတ်ရဲ့ ဂုဏ်ကျေးဇူး
တော်များဟာ အဓိပ္ပါယ်များကွဲလွဲကုန်ကြပါတော့တယ်။ 
လူငယ်လူရွယ်များက စာမေးပွဲအောင်ချင်တော့ “ဆုတောင်းပြည့်ဘုရား”ထံ
ဆုတောင်းကြသလို စားဝတ်နေရေးအတွက် ရုန်းကန်နေရသောလူကြီးမိဘ
များက “ လာဘမုနိ” ဘုရားထံခိုဝင်ကြပြန်ပါတယ်။ 
ဒီလိုနဲ့ “ဧကောဗုဒ္ဓေါ” တစ်ဆူတည်းသောမြတ်စွာဘုရားရှင်သည် အဆူဆူ
ကွဲ အဓိပ္ပါယ်များလွဲခဲ့ရပြန်ပါတော့သည်။
ဘုရားဟူသည် ဗုဒ္ဓဆိုသော ပါဠိစကားမှဆင်းသက်လာပြီး 
• သိပြီးသည်။
• သိတော်မူပြီ။
• သစ္စာတရားလေးပါးကို သိတော်မူပြီးသည်။
(pp, of bujjhati.) known; understood; perceived.(m.) one who has attained enlightenment; the Enlightened One.Known, understood; possessing knowledge, enlightened, wise; expanded, full-blownA Buddha, a supreme Buddha; Sākyamuni, Gotama Buddha
သည်လို့ ဖွင့်ဆိုထားပါတယ်။
သို့သော်ငြားလည်း ပညာမပါသောအကြည်ညိုလွန်ကဲမှုကြောင့် အမှား
ကြတော့ အမှန်ဖြစ်ဆိုတဲ့ စကားအတိုင်း ဗုဒ္ဓရှင်တော်မြတ်ဟာ “ ဆု
တောင်းပြည့်သောရုပ်တုတော်” အဖြစ်အသွင်သဏ္ဍာန်ဖြစ်ခဲ့သလို 
“အလိုတော်ပြည့်” ဘုရားဟူ၍ အမည်ဂုဏ်ဒြပ် ပုံပျက်ခဲ့ရပါသည်။
တကယ်တော့ ဗုဒ္ဓသည် လောကီဘုံသားတို့ရဲ့ လောဘဒေါသတည်း
ဟူသော အကုသိုလ်တရားဆိုးတို့အား လူသားများရှောင်ရှားတက်
စေရန် နည်းပေးလမ်းညွှန်သူအဖြစ်သာပါ။ သမုဒယသစ္စာ ဒုက္ခသစ္စာ
စသည့် သစ္စာတရားများကို ဆရာမကူဘဲ ကုန်စင်အောင်သိမြင်တော်မူခဲ့သော
“သဗ္ဗညု” ရဲ့ဂုဏ်ဒြပ်ကို အမှုန်ကပ်စေခဲ့သလို “ယတြာချေ”ခံရသော ဘုရားများ
အဖြစ် ရွှေတိဂုံစေတီတော်ရင်ပြင်ထောင့်တွင် “ ရေလောင်းခံနေရရှာပါသည်”
အလင်းရှင်ထင်သည် ၊ ကျောက်ဆင်းတုမို့လို့သာ သစ်သားဖြင့်သာထုဆစ်ထားပါ
က ထိုရုပ်တုတော်များသည် “ယတြာချေရေလောင်းသူများကြောင့် ” နှာဆေး
ချောင်းဆိုး အအေးပတ်လောက်ပြီ။ 
ထိုသို့ဖြင့် ဗုဒ္ဓ၀ါဒသည် သစ္စာတရားအားထွန်းပြသောဝါဒအဖြစ်မှာ အ၀ိဇ္ဇာအ
မှောင်လုပ်ငန်းဖြစ်သော “ယတြာချေဝါဒ” အဖြစ်သို့အသွင်ပြောင်းလာခဲ့ပေသည်။
ကိုရင်အရွယ်လောက်တုန်းက “ယတြာ” ဆိုတဲ့ဝိဂြိုလ်လေးကို မှတ်ဖူးသည်။
• “ဣစ္ဆိတံ အနိစ္ဆိတံ ယာတိ ပ၀တ္ထတီတိ ယတြာ”
ကောင်းကျိုးကိုလည်းဖြစ်စေတက်၏ မကောင်းကျိုးကိုလည်းဖြစ်စေတက်၏ ထို့
ကြောင့် ယတြာဟုခေါ်သည်  .. တဲ့။ ဒါကိုဘုမသိဘမသိနဲ့ ယတြာချေနေတယ်
နဲ့တူပါရဲ့။
ထိုသို့ ကိလေသာအမှောင်ထုထဲက ဆွဲထုတ်လမ်းပြမှုကိုပေးခဲ့သောဗုဒ္ဓရှင်တော်
မြတ်အား “အလိုတော်ပြည့်” စသည်ဖြင့် အမည်ဘွဲ့တော်များသမုတ်ကာ “သဗ္ဗညု” ရဲ့ဂုဏ်ဒြပ်ကို အမှုန်ကပ်စေခဲ့ပါသည်။
အကယ်၍ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒအစစ်အမှန်ကိုသိလိုပါက အောက်ပါလင့်တွင် ၀င်ရောက်
ဖတ်ရှု့ ဒေါင်းလုတ်ဆွဲယူနိုင်ပါသည်။
http://aungminkhoung.blogspot.com/search/label/%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%81%80%E1%80%AB%E1%80%92
ကျမ်းကိုး
ပါဠိမြန်မာ အဘိဓာန်၊
ဦးဟုတ်စိန် 
Share ခြင်းဖြင့် ထပ်ဆင့်အလင်းကုသိုလ်ဝေငှနိုင်ပါသည်။
ဘဒ္ဒ န္တကောဝိဒ 
█ ░ အလင်းရှင် ░ █
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်၊ရန်ကုန်

ဘုရားဟူသည် ဗုဒ္ဓဆိုသော ပါဠိစကားမှဆင်းသက်လာပြီး
• သိပြီးသည်။
• သိတော်မူပြီ။
• သစ္စာတရားလေးပါးကို သိတော်မူပြီးသည်။
(pp, of bujjhati.) known; understood; perceived.(m.) one who has 
 attained enlightenment; the Enlightened One.Known, understood; 
possessing knowledge, enlightened, wise; expanded, full-blownA 
Buddha, a supreme Buddha; Sākyamuni, Gotama Buddha
သည်လို့ ဖွင့်ဆိုထားပါတယ်။
သို့သော်ငြားလည်း ပညာမပါသောအကြည်ညိုလွန်ကဲမှုကြောင့် အမှား
ကြတော့ အမှန်ဖြစ်ဆိုတဲ့ စကားအတိုင်း ဗုဒ္ဓရှင်တော်မြတ်ဟာ “ ဆု
တောင်းပြည့်သောရုပ်တုတော်” အဖြစ်အသွင်သဏ္ဍာန်ဖြစ်ခဲ့သလို
“အလိုတော်ပြည့်” ဘုရားဟူ၍ အမည်ဂုဏ်ဒြပ် ပုံပျက်ခဲ့ရပါသည်။
တကယ်တော့ ဗုဒ္ဓသည် လောကီဘုံသားတို့ရဲ့ လောဘဒေါသတည်း
ဟူသော အကုသိုလ်တရားဆိုးတို့အား လူသားများရှောင်ရှားတက်
စေရန် နည်းပေးလမ်းညွှန်သူအဖြစ်သာပါ။ သမုဒယသစ္စာ ဒုက္ခသစ္စာ
စသည့် သစ္စာတရားများကို ဆရာမကူဘဲ ကုန်စင်အောင်သိမြင်တော်မူခဲ့သော
“သဗ္ဗညု” ရဲ့ဂုဏ်ဒြပ်ကို အမှုန်ကပ်စေခဲ့သလို “ယတြာချေ”ခံရသော ဘုရားများ
အဖြစ် ရွှေတိဂုံစေတီတော်ရင်ပြင်ထောင့်တွင် “ ရေလောင်းခံနေရရှာပါသည်”
အလင်းရှင်ထင်သည် ၊ ကျောက်ဆင်းတုမို့လို့သာ သစ်သားဖြင့်သာထုဆစ်ထားပါ
က ထိုရုပ်တုတော်များသည် “ယတြာချေရေလောင်းသူများကြောင့် ” နှာဆေး
ချောင်းဆိုး အအေးပတ်လောက်ပြီ။
ထိုသို့ဖြင့် ဗုဒ္ဓ၀ါဒသည် သစ္စာတရားအားထွန်းပြသောဝါဒအဖြစ်မှာ အ၀ိဇ္ဇာအ
မှောင်လုပ်ငန်းဖြစ်သော “ယတြာချေဝါဒ” အဖြစ်သို့အသွင်ပြောင်းလာခဲ့ပေသည်။
ကိုရင်အရွယ်လောက်တုန်းက “ယတြာ” ဆိုတဲ့ဝိဂြိုလ်လေးကို မှတ်ဖူးသည်။
• “ဣစ္ဆိတံ အနိစ္ဆိတံ ယာတိ ပ၀တ္ထတီတိ ယတြာ”
ကောင်းကျိုးကိုလည်းဖြစ်စေတက်၏ မကောင်းကျိုးကိုလည်းဖြစ်စေတက်၏ ထို့
ကြောင့် ယတြာဟုခေါ်သည် .. တဲ့။ ဒါကိုဘုမသိဘမသိနဲ့ ယတြာချေနေတယ်
နဲ့တူပါရဲ့။
ထိုသို့ ကိလေသာအမှောင်ထုထဲက ဆွဲထုတ်လမ်းပြမှုကိုပေးခဲ့သောဗုဒ္ဓရှင်တော်
မြတ်အား “အလိုတော်ပြည့်” စသည်ဖြင့် အမည်ဘွဲ့တော်များသမုတ်ကာ “သဗ္ဗညု” 
ရဲ့ဂုဏ်ဒြပ်ကို အမှုန်ကပ်စေခဲ့ပါသည်။
အကယ်၍ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒအစစ်အမှန်ကိုသိလိုပါက အောက်ပါလင့်တွင် ၀င်ရောက်
ဖတ်ရှု့ ဒေါင်းလုတ်ဆွဲယူနိုင်ပါသည်။
http://aungminkhoung.blogspot.com/search/label/ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ
ကျမ်းကိုး
ပါဠိမြန်မာ အဘိဓာန်၊
ဦးဟုတ်စိန်
Share ခြင်းဖြင့် ထပ်ဆင့်အလင်းကုသိုလ်ဝေငှနိုင်ပါသည်။
ဘဒ္ဒ န္တကောဝိဒ
█ ░ အလင်းရှင် ░ █
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်၊ရန်ကုန်

“ခရိုနီကြီး”ဘောလုံးကန်နေသည်

Unknown | 1:10 AM | Be the first to comment! Unknown | 1:10 AM | Be the first to comment!
Unknown | 1:10 AM | Best Blogger Tips
အများပြည်သူပိုင် သယံဇာတတွေကို စစ်ခွေးနဲ့ပူးပေါင်းကာ
ကြွယ်ဝချမ်းသာလာသော ခရိုနီအုပ်စုကြီးသည် ယင်းတို့ပိုင်
ဓနဥစ္စာဒေါ်လာသန်းပေါင်းများစွာငွေမဲများကို ငွေဖြူအဖြစ်
အသွင်ပြောင်းနေခဲ့သည်မှာ ကြာနေပါပြီ။
လွှတ်တော်မှာလည်း ပိုင်ဆိုင်မှုဥပဒေပြဋ္ဌာန်းရာအဆိုတင်သွင်းမှုက
လည်းပယ်ချခံနေရပါတယ်။ ပယ်မှာပေါ့ ၊ ယင်းလွှတ်တော်မှာ
အာဏာရအုပ်စုကြီးဖြစ်သောကြံ့ဖွတ်ကြီးက ကြီးဆိုးနေတာကို။
လွှတ်တော်ရဲ့အပြင်မှာတော့ . . . 

“ခရိုနီကြီး”ဘောလုံးကန်နေသည် 
☭ ✖ ✿ ☭ ✖ ✿ ☭ ✖ ☭ ✖ ✿ ☭ ✖ 
အများပြည်သူပိုင် သယံဇာတတွေကို စစ်ခွေးနဲ့ပူးပေါင်းကာ
ကြွယ်ဝချမ်းသာလာသော ခရိုနီအုပ်စုကြီးသည် ယင်းတို့ပိုင်
ဓနဥစ္စာဒေါ်လာသန်းပေါင်းများစွာငွေမဲများကို ငွေဖြူအဖြစ်
အသွင်ပြောင်းနေခဲ့သည်မှာ ကြာနေပါပြီ။
လွှတ်တော်မှာလည်း ပိုင်ဆိုင်မှုဥပဒေပြဋ္ဌာန်းရာအဆိုတင်သွင်းမှုက
လည်းပယ်ချခံနေရပါတယ်။ ပယ်မှာပေါ့ ၊ ယင်းလွှတ်တော်မှာ
အာဏာရအုပ်စုကြီးဖြစ်သောကြံ့ဖွတ်ကြီးက ကြီးဆိုးနေတာကို။
လွှတ်တော်ရဲ့အပြင်မှာတော့  . . . 
ယင်းခရိုနီအုပ်စုကြီးဟာ  .. 
(၁)ဘာသာရေးနယ်ပယ်
(၂)ဘောလုံးနယ်ပယ်
စတဲ့ ပြည်သူအများစုစိတ်ဝင်စားသော နေရာများမှာ မျက်နှာမဲကို
မျက်နှာဖြူအဖြစ် ပေါင်ဒါရိုက်နေတယ်ဆိုတာ  .. 
ပြည်သူတွေ “ မအ” အောင် အလင်းရှင်ဝေမျှလိုက်ပါတယ်။
ပူးတွဲသတင်းဓာတ်ပုံကတော့ မြန်မာ့ဘောလုံးလောကကို
အဆင့်သတ်မှတ်ဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှလာရောက်စစ်
ဆေးခြင်းသတင်းပါပဲ။
Share ခြင်းဖြင့် ထပ်ဆင့်အလင်းကုသိုလ်ဝေငှနိုင်ပါသည်။
ဘဒ္ဒ န္တကောဝိဒ 
█ ░ အလင်းရှင် ░ █
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်၊ရန်ကုန်

ယင်းခရိုနီအုပ်စုကြီးဟာ ..
(၁)ဘာသာရေးနယ်ပယ်
(၂)ဘောလုံးနယ်ပယ်
စတဲ့ ပြည်သူအများစုစိတ်ဝင်စားသော နေရာများမှာ မျက်နှာမဲကို
မျက်နှာဖြူအဖြစ် ပေါင်ဒါရိုက်နေတယ်ဆိုတာ ..
ပြည်သူတွေ “ မအ” အောင် အလင်းရှင်ဝေမျှလိုက်ပါတယ်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ပြောပြောနေတဲံ့
စကားကလည်း “ ပြည်သူတွေကိုမအ အောင် ဖစာဖတ်ပါ
လို့ပြောနေတာဟာ ဒါကြောင့်ပါပဲ။
အမှားကြာရင်အမှန်ဖြစ် ဘုရားစစ်စစ်မဟောနိုင်
(သန္တိသုခဆရတော်ဦးသြဘာသ)
ရဲ့စကားလေးအတိုင်းပဲ  ..  မြန်မာပြည်မှာ အာဏာရှင်နဲ့
ခရိုနီတွေရဲ့အမှားတွေဟာ ကြာလာရင် အမှန်မဖြစ်ရအောင်
အလင်းရှင်တို့ အမြဲတမ်းအလင်းပေးလျှက်ရှိပါတယ်။
 ပူးတွဲသတင်းဓာတ်ပုံကတော့ မြန်မာ့ဘောလုံးလောကကို
အဆင့်သတ်မှတ်ဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှလာရောက်စစ်
ဆေးခြင်းသတင်းပါပဲ။
Share ခြင်းဖြင့် ထပ်ဆင့်အလင်းကုသိုလ်ဝေငှနိုင်ပါသည်။
ဘဒ္ဒ န္တကောဝိဒ
█ ░ အလင်းရှင် ░ █
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်၊ရန်ကုန်

Twitter Bird Gadget