.

Wednesday, July 16, 2014

ဗုဒ္ဓ ဘယ်တော့ ဖွားခဲ့သလဲ?

Unknown | 7:55 PM | Be the first to comment! Unknown | 7:55 PM | Be the first to comment!
Unknown | 7:55 PM | Best Blogger Tips
• “လောက သစ္စံ န သစ္စံ” ဟု
ဗုဒ္ဓရှင်တော်သည် လောကလူသားတို့ မျက်မြင်အားဖြင့် ပြောဆို
ယုံကြည်မှုများသည် အတည်မမြဲဖေါက်ပြန်နေမယ် မိန့်ဆိုခဲ့ဖူးပါပြီ။
အခုလည်း ဗုဒ္ဓဖွားမြင်တော်မူရာ နိပေါတွင် ဗုဒ္ဓဖွားမြင်တော်မူရာ
Bc ကို သိပ္ပံသုတေသီတွေ အငြင်းအခုံဖြစ်နေကြပါတယ်။ အကူကရိ
ယာအကူအညီနဲ့ တွက်ချက်တိုင်းတာခန့်မှန်းရသော Bc ကို ဈာန်သ
မာပတ်ရသူမှအပ အတိအကျသိနိုင်ရန် မစွမ်းသာပါဘူး။ 
Photo: ဗုဒ္ဓ ဘယ်တော့ ဖွားခဲ့သလဲ?
☤♥✩☤♥✩☤♥✩☤♥✩
• “လောက သစ္စံ န သစ္စံ” ဟု
ဗုဒ္ဓရှင်တော်သည် လောကလူသားတို့ မျက်မြင်အားဖြင့် ပြောဆို
ယုံကြည်မှုများသည် အတည်မမြဲဖေါက်ပြန်နေမယ် မိန့်ဆိုခဲ့ဖူးပါပြီ။
အခုလည်း ဗုဒ္ဓဖွားမြင်တော်မူရာ နိပေါတွင် ဗုဒ္ဓဖွားမြင်တော်မူရာ 
Bc ကို သိပ္ပံသုတေသီတွေ အငြင်းအခုံဖြစ်နေကြပါတယ်။ အကူကရိ
ယာအကူအညီနဲ့ တွက်ချက်တိုင်းတာခန့်မှန်းရသော Bc ကို ဈာန်သ
မာပတ်ရသူမှအပ အတိအကျသိနိုင်ရန် မစွမ်းသာပါဘူး။ 
• လောက၊လူသားများတွက်ချက်သုံးသပ်ခန့်မှန်းအပ်သော။
• သစ္စံ၊အမှန်တရားတို့ဟူသည်။
• နသစ္စံ၊ အမြဲတမ်းအမှန်နိုင်ပေ။
ဒါ့ကြောင့် ဒီကနေ့သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေဖေါ်ထုတ်ခဲ့သောအမှန်
တရားများဟာ ချွက်ယွင်းချက်တစ်စုံတစ်ရာရှိနေဦးမှာပဲဆိုတာကို
တော့ သိစေချင်ပါသည်။ အောက်ပါလင့်တွင် ယင်းသတင်းကိုကြည့်
ရှု့နိုင်ပါသည်။
http://aungminkhoung.blogspot.com/2014/07/blog-post_16.html
ဝေမျှshareခြင်းဖြင့် ဓမ္မဒါနထပ်ဆင့်ကုသိုလ်ယူပါ။
█ ░ အလင်းရှင် ░ █

တစ်ဘက်သက်ဥပဒေ

Unknown | 7:54 PM | Be the first to comment! Unknown | 7:54 PM | Be the first to comment!
Unknown | 7:54 PM | Best Blogger Tips
ပြည်သူက ဓာတ်တိုင်ဓာတ်ကြိုးကို မတော်တဆထိခိုက်ဖျက်ဆီးမိလျှင်
ပြည်သူပိုင်ဖျက်ဆီးမှု ၆၁ ပုဒ်မနဲ့ အစိုးရကအရေးယူတယ်။
ပြည်သူ့အပေါ်ကို ဓာတ်ကြိုးပြုတ်ကျလို့သေတဲ့အခါ ပြည်သူကအစိုးရကို
ဘယ်လိုပုဒ်မနဲ့အရေးယူရမှာလဲ?
ကဲ .. . ဒီလို ပြည်သူအတွက် အခွင့်အရေးမဲ့တဲ့ စစ်ခွေးတွေ ခရိုနီတွေ
ရပ်တည်ချမ်းသားကြွယ်ဝဖို့အတွက် ရေးဆွဲထားတဲ့ ယုတ်မာတဲ့ အခြေ
ခံဥပဒေစာအုပ်ကြီးကို .. . .
ဒီအတိုင်းပဲ .. ထားလိုက်တော့မှာလား ?
Photo: တစ်ဘက်သက်ဥပဒေ
♥  ♥  ♥  ♥  ♥  ♥  

ဦးဇင်းရဲ့အလိုအရတော့ စစ်ခွေးတွေအလိုကျရေးဆွဲထားတဲ့အဲဒီစာအုပ်
ကြီးကို မီးရှို့လိုက်ပြီး ပြည်သူ့အလိုကျရေးဆွဲလိုက်ချင်ပါတယ်။
ဒါ့ကြောင့် ပြင်ဆင်သင့်သောပုဒ်မများကို ပြင်ဆင်ခြင်းဟာ ပြည်သူကို
ဗဟိုပြုသော  . . ပြည်သူကိုအကာအကွယ်ပေးသော အခြေခံဥပဒေအ
ဖြစ်အသွင်ပြောင်းခြင်းသာဖြစ်ပါတယ်။
ဒါ့ကြောင့် ပုဒ်မ (၄၃၆)ကို ပြင်ဆင်ဖို့ လက်မှတ်ထိုးခြင်းသည် ပြည်သူ့
အခွင့်အရေးကို စစ်အာဏာရှင်ထံမှပြန်လည်ရယူခြင်းသာဖြစ်သည်ဟု
နားလည်မိပါသည်။

အသက်နဲ့လဲခဲ့ရသော Style

Unknown | 7:52 PM | Be the first to comment! Unknown | 7:52 PM | Be the first to comment!
Unknown | 7:52 PM | Best Blogger Tips
ငါပြောချင်နေတာကြာပြီ .. .
ဒါပေမယ့်ပြောရင် ငါ့ကို နေရာတကာဝင်ဆရာလုပ်တယ်လို့မြင်မယ်။
ဒီလိုနဲ့ ငါနှုတ်ဆိတ်လာခဲ့တာ ကြာပြီ . . ။
ဟော .. အခုကြည့်စမ်း ..
ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်းရှေ့ ...နားကြပ်ဖြင့်သီချင်းနားထောင်ပြီး
ကားလမ်းဖြတ်ကူးစဉ် ကားဟွန်းတီးသံကိုမကြားဘဲ ကားတိုက်ခံရတယ်။
တိုက်တဲ့ကားသမားကထွက်ပြေးသွားပြီ။ ပြေးမှာပဲလေ ၊ အတိုက်ခံရသူ
ရဲအမှားက (၁၀၀%) ပါ။ လမ်းသွားလမ်းလာ နားကြပ်ကြီးနဲ့တပ်ပြီးသွား
မှားတော့ အာရုံတွေထွေပြားပြီပေါ့။
ဘတ်စ်ကားပေါ်မှာ ကားစီးရင်းနားထောင်ကတော့ အန္တရာယ်ကင်းပါ
တယ်။ လမ်းသွားရင်းနဲ့တော့ နားကြပ်ကိုလုံးဝမသုံးသင့်ပါဘုး။ ဘာဖြစ်
လို့လည်းဆိုရင် ကိုယ်ကိုယ်ပဲကားကတိုက်တိုက် ကားကပဲကိုယ့်ကိုယ်
တိုက်တိုက် နှစ်ဘက်စလုံးအတွက် နစ်နာလှပါတယ်။ ဘာမှဟုတ်တဲ့
လမ်းမထက်လမ်းလျှောက်ချိန်လေးကို သတိလေးထားပြီးလမ်းလျှောက်
စေချင်ပါတယ်။ သတိထားရင်းနဲ့တောင် သူရောကိုယ်ပါ မှားတက်ကြ
သေးတယ်မဟုတ်ပါလား။
Photo: အသက်နဲ့လဲခဲ့ရသော Style 
♥  ♥  ♥  ♥  ♥  ♥  ♥  ♥ 

ဒါ့ကြောင့် စာဖတ်သူများအားလုံးသူရောကိုယ်ပါ လမ်းလျှောက်ရင်းနား
ကြပ်တပ်တဲ့ရောဂါဆိုးကို ပြင်သင့်ပါပြီ။ လမ်းမထက်မှာ ကိုယ့်အသက်
နဲ့ရင်းပြီး Style ထုတ်ဖို့ဆိုရင်တော့ ကဲ  . .အပြောတော့ပါဘူး။
ဘုရားရှင်က စိတ်ဆိုတာ တစ်ခုပြီးမှတစ်ခုဖြစ်တာလေ  ..  အကြားအာရုံ
ကိုခံစားနေတော့ သေဘေးအာရုံကိုမေ့လျှော့သွားတာပေါ့။ 
အဲလိုတဇွတ်ထိုးဆန်ကိုယ်လုပ်ချင်တာကိုပဲသိတဲ့လူငယ်တွေကြောင့်
ထိုလူငယ်နှင့်အတူ ၀န်းကျင်ပါဒုက္ခရောက်စေပါတယ်။မိဘတွေရဲ့သွင်သင်
ဆုံးမမှု အားနဲတာလည်းတစ်ကြောင်းပါပါတယ်။ သားသမီးကိုအလိုလိုက်
တော့ ယင်းသားသမီးဟာ မဖြစ်သင့်မမှားသင့်သော အမှားများကိုလွန်ကျူး
တက်ပါတယ်။ ဒါကိုမိဘတွေက မသိကြဘူးလေ။
ကာလ၊ ဒေသ ၊ ကိုမသိဘဲ နားမှာကြိုးတက်တော့ အသေဆိုးနဲ့သေသပေါ့။
ဝေမျှကြပါ ၊ ရှဲ ကြပါ၊ ဒီလိုအဖြစ်မျိုးမဖြစ်ရအောင် ဒီပိုစ့်ကို ဇီဝိတဒါနအ
လို့ငှာရေးတင်တာပါ။ 
ဘာပဲလုပ်လုပ် ကာလဒေသကိုကြည့်ပြီးမလူငယ်တွေကိုလုပ်စေချင်ပါတယ်
လမ်းသွားလမ်းလာမှာ နေရာဒေသကိုမငဲ့တော့ ရခဲ့လှတဲ့အသက်တစ်
ချောင်းပေးဆပ်လိုက်ရတယ်။
ဒါ့ကြောင့် လမ်းသွားရင်း နားကြပ်တပ်သူများ သံဝေဂသတိယူနိုင်ကြပါစေ
နောက်နောင် ဒီလိုအဖြစ်ဆိုးမျိုး ဘယ်သူမှမကြုံကြရစေရန် အလင်းရှင်
သတိပေးလိုက်ပါသည်။ ဖတ်ရှု့သူများ Share ခြင်းဖြင့် ဇီဝိတဒါနကု
သိုလ်ယူကြပါလို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

— with ကို ရဲနောင် and 16 others.

ဟေ့ကောင် . .အောင်ခိုင်

Unknown | 7:50 PM | Be the first to comment! Unknown | 7:50 PM | Be the first to comment!
Unknown | 7:50 PM | Best Blogger Tips
Photo: ဟေ့ကောင်  . .အောင်ခိုင် 
မင်းတို့ကို ထမင်းတစ်နပ်လျှော့စားဖို့ပြောထားတဲ့
ကြံ့ဖွတ်စစ်ခွေးပြုတ်တွေကို ဒူးထောက်တယ်ဆိုတော့
မင်းရဲ့ ရုပ်ရှင်ဇာတ်လမ်းထဲက ဘီလိန်အခန်းလားကွာ။
သို့တည်းမဟုတ်  .. 
စစ်ခွေးသမ္မတဆီက လဥကိုများတောင်းစားနေတာလား
ရှက်တက်ရင်  . . .
အောင်ခိုင်ရေ  .. လဲသေဖို့သာကောင်းရော့ မယ်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
ဟေ့ကောင် . .အောင်ခိုင်
မင်းတို့ကို ထမင်းတစ်နပ်လျှော့စားဖို့ပြောထားတဲ့
ကြံ့ဖွတ်စစ်ခွေးပြုတ်တွေကို ဒူးထောက်တယ်ဆိုတော့
မင်းရဲ့ ရုပ်ရှင်ဇာတ်လမ်းထဲက ဘီလိန်အခန်းလားကွာ။
သို့တည်းမဟုတ် ..
စစ်ခွေးသမ္မတဆီက လဥကိုများတောင်းစားနေတာလား
ရှက်တက်ရင် . . .
အောင်ခိုင်ရေ .. လဲသေဖို့သာကောင်းရော့ မယ်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

ထွန်တုံးတိုက်ပွဲနှင့် ဆန္ဒ

Unknown | 7:49 PM | Be the first to comment! Unknown | 7:49 PM | Be the first to comment!
Unknown | 7:49 PM | Best Blogger Tips
Photo: တစ်နိုင်ငံလုံးလည်း သတင်းတွေကြည့်လိုက်ရင် . . .
 (ထွန်တုံးပဲတိုက်ပွဲဝင်နေရတယ်)
(အိပ်ယာမြေတွေ ပြန်တောင်းနေရတယ်)
ဒီလောက်တောင်ဖြစ်နေတာ မထူးဇာတ်သာခင်းလိုက်ကြပေတော့
လို့သာလူလိုမသိတဲ့စစ်ခွေးကြံ့ဖွတ်တွေကို
နျူကလီယားစာသာကျွေးလိုက်ချင်တော့တယ်  ..  
မှတ်ချက်။
(ရဟန်းဖြစ်နေလို့မပြောလိုပါ)
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
တစ်နိုင်ငံလုံးလည်း သတင်းတွေကြည့်လိုက်ရင် . . .
(ထွန်တုံးပဲတိုက်ပွဲဝင်နေရတယ်)
(အိပ်ယာမြေတွေ ပြန်တောင်းနေရတယ်)
ဒီလောက်တောင်ဖြစ်နေတာ မထူးဇာတ်သာခင်းလိုက်ကြပေတော့
လို့သာလူလိုမသိတဲ့စစ်ခွေးကြံ့ဖွတ်တွေကို
နျူကလီယားစာသာကျွေးလိုက်ချင်တော့တယ် ..
မှတ်ချက်။
(ရဟန်းဖြစ်နေလို့မပြောလိုပါ)
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

ဒီမှာကြည့်

Unknown | 7:48 PM | Be the first to comment! Unknown | 7:48 PM | Be the first to comment!
Unknown | 7:48 PM | Best Blogger Tips
Photo: ဒီမှာကြည့်

(၄၃၆) ကို မသိလို့မေးထားတဲ့  . ညီငယ်ညီမငယ်တွေ ရေ  . . .
မင်းတို့ လက်ကိုင်ဖုန်းလေးထဲမှာတင်အလွယ်တကူဖတ်လို့ရအောင်
ငါ Sofewares လေးပေးလိုက်တယ်  .. 
အဲဒီ http://aungminkhoung.blogspot.com/2014/07/blog-post_15.html လင့်မှာဝင်သာဒေါင်းကြပေတော့  . .
တစ်ခုတော့မှာလိုက်ပါရစေ ၊ အဲဒီ ၀ဘ်ဆိုက်ကိုရောက်ရင် (သာဓု)ခေါ်ဖို့
နေရာလေးထိပ်မှာတင်ထားပေးတယ် သာဓုကလစ်လေးတစ်ချက်ခေါက်ခဲ့
ကြဦး။

အလင်းရှင်

သာကူး

Unknown | 7:47 PM | Be the first to comment! Unknown | 7:47 PM | Be the first to comment!
Unknown | 7:47 PM | Best Blogger Tips
Photo: သြော်  .. .  
သာကူး ၊ ကူးသာ ၊ 
ဖက်ခွက်စား ၊ စားဖက်ခွက် ၊
အရှက်မရှိ ၊ အရှိမရှက်
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
သြော် .. .
သာကူး ၊ ကူးသာ ၊
ဖက်ခွက်စား ၊ စားဖက်ခွက် ၊
အရှက်မရှိ ၊ အရှိမရှက်
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

ရင်ဖွေရာ . . .

Unknown | 7:45 PM | Be the first to comment! Unknown | 7:45 PM | Be the first to comment!
Unknown | 7:45 PM | Best Blogger Tips
Photo: ရင်ဖွေရာ  . . . 
❤❥♣★❤❥
တကယ်မသေသေးပဲနဲ့  .. .
တကယ်သေနေခဲ့ရတဲ့သူတွေ  . . .
တကယ်သေပြီးတော့  . . . 
တကယ်မသေခဲ့တဲ့သူ  .. . တွေ
တကယ်သေပြီးတော့  . . . . 
တကယ်သေခဲ့တဲ့သူ . . တွေ မြန်မာပြည်မှာအများကြီးပဲနော်  .. . 
အောင်ဆန်း အစရှိသည်တို့ 
တကယ်သေသော်လည်း တကယ်ကမသေခဲ့တာအခုအထိ။
ဟိုနေ့ကောတောင် သိန်းပေါင်း(၁၃၀၀)ခန့်ကို
ဟံသာဝတီဦးဝင်းတင်က 
လှူဒါန်းနေဆဲပဲဆိုတာသတင်မှာကြည့်လိုက်ရတယ်။
သြော်  . .. 
သူတို့တွေ တကယ်မသေကြပါကလား   . . . . .။
ဒီလိုပဲ 
တကယ်မသေသေးတဲ့ စစ်ခွေးဗိုလ်ချုပ်မှူးကြီးသန်းရွှေ  .. 
နေပြည်တော်မှာ တကယ်သေနေပြီ  ..  ။
နေ၀င်း(စစ်အာဏာရှင်)အစရှိသည်တို့ 
တကယ်သေပြီး တကယ်သေခဲ့တာ အခုအထိ။
ဒါတွေကိုအပ္ပမာဒပွား  .. 
လောကတ္ထစရိယာတရားများဟာဖြင့်  .
နေလည်းကောင်း ၊ သေလည်းကောင်းတာမို့  .. .
ဒကာတို့ရေ  .. .
ဒကာမတို့ရေ  .. .
ခြေ/ဥကြီး(၄၃၆)ကိုပြင်ဖို့ကို အားတင်းကြစမ်း  .. ။

ဗုဒ္ဓဖွားမြင်ရာ ရက်စွဲသည် ရာစုနှစ်တခုနီးပါးမျှ နောက်သို့ဆုတ်သွား စေနိုင်သည့်အထောက်အထားများ နီပေါနိုင်ငံလုမ္ဗီနီတွင်ရှာဖွေတွေ့ရှိခဲ့သည်။

Unknown | 7:20 PM | Be the first to comment! Unknown | 7:20 PM | Be the first to comment!
Unknown | 7:20 PM | Best Blogger Tips

နာမည်ကျော် National Geographic မဂ္ဂဇင်းက ဗုဒ္ဓဖွားမြင်ရာနေရာ
အဖြစ် ထင်ရှားပြီး ဘုရားဖူးများ လာရောက်ကြသည့်နေရာဖြစ်သည့်
နီပေါနိုင်ငံ လုမ္ဗီနီရှိ မာယာဒေဝီကျောင်းတော်တွင် ဘီစီ ၅၅၀ ခန့်တွင်
တည်ဆောက်ခဲ့သည်ဟု ယူဆရသည့် ရှေးအကျဆုံးသောအထောက်
အထားများကို ရှေးဟောင်း သုတေသန မြေတူးပညာရှင်များကတွေ့
ရှိခဲ့ကြောင်း သတင်းပေးပို့ထားသည်။
ထိုတွေ့ရှိချက်က ဗုဒ္ဓဖွားမြင်သည့်နေ့သည် ပညာရှင်အများအပြားက
လက်ခံထားသော နေ့ထက် ရှေ့ကို ရာစုနှစ်တခုခန့် ပိုစောကြောင်း
ညွှန်ပြနေသည်ဟု သတင်းက ဆိုသည်။
“ဗုဒ္ဓဟာ ဘယ်ကာလမှာ နေထိုင်သွားခဲ့တာလဲ ဆိုတာကို အကြီးအကျယ် အချေအတင် ငြင်းခုန်ခဲ့ကြရပါတယ်။ ခုအချိန်မှာ ကျနော်တို့ တွေ့ရှိခဲ့တဲ့
တည်ဆောက်ပုံကတော့ ဘီစီ ၆ ရာစုလောက်ကို ညွှန်ပြနေပါတယ်” ဟု လေ့လာသူအဖွဲ့ ခေါင်းဆောင်ဖြစ်သော အင်္ဂလန်နိုင်ငံ Durham
တက္ကသိုလ်မှ ရှေးဟောင်း သုတေသန ပညာရှင် Robin Coningham
က တနင်္လာနေ့တွင် ထုတ်ဝေခဲ့သော Antiquity ဂျာနယ်သို့ ပြောကြား
ခဲ့ကြောင်း သတင်းက ဆိုသည်။
ဗုဒ္ဓ, လုမ္ဗီနီ, မာယာဒေဝီ, ရှေးဟောင်းသုတေသန, ဗုဒ္ဓဘာသာ, သိဒ္ဓတ္ထ, ဂေါတမ

နီပါနိုင်ငံ လုမ္ဗီနီရှိ မာယာဒေဝီ ကျောင်းတော်အား ရှေးဟောင်းသုတေသန
 မြေတူးပညာရှင်များက ခိုင်မာသော သမိုင်းသက်သေ အထောက် အထားများကို 
ရှာဖွေတူးဆွ နေခဲ့ကြသည် (ဓာတ်ပုံ – National Geographic)
ဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်ရှိ ဘာသာကြီးများထဲက တခုဖြစ်ပြီးကိုးကွယ်
ယုံကြည်သူ သန်း ၃၅၀ ကျော်ရှိပြီး အများစုမှာ အာရှအရှေ့ပိုင်းတွင်

နေထိုင်ကြသည်။ရိုးရာယုံကြည်မှုအရ လုမ္ဗီနီတွင် သည် ဗုဒ္ဓ၏မယ်တော်

ဖြစ်သူမာယာဒေ၀ီက သစ်ပင်တပင်ကို ဆုပ်ကိုင်အားယူရင်းနောင်အခါ
တွင် ဗုဒ္ဓဖြစ်လာမည့် သိဒ္ဓတ္ထ ဂေါတမ မင်းသားကိုမွေးဖွားခဲ့သည့်

ဥယျာဉ်နေရာဖြစ်သည်။

ဗုဒ္ဓဖွားမြင်ရာ နေ့ရက်အတိအကျသည် အငြင်းပွားဖွယ်ရာများရှိနေသည်။
နီပေါ အာဏာပိုင်များက ဘီစီ ၆၂၃ ခုနှစ် ဟု လက်ခံထားကြပြီး အခြား
ယုံကြည်မှုများက ပို၍ နောက်ကျသော ဘီစီ ၄၀၀ ခုနှစ်ဝန်းကျင်ဟု
သတ်မှတ်ကြသည်။
ဘီစီ ၂၄၉ ခုနှစ်မှ စ၍ လုမ္ဗီနီသည် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်
ထားရာဖြစ်သော သံဝေဇနိယ လေးဌာန အနက်မှ တခု ဖြစ်လာသည်။
ဗုဒ္ဓဘာသာကို အာရှတလွှားသို့ ပျံ့နှံ့အောင် ဆောင်ရွက်ခဲ့သော အိန္ဒိယ
ဧကရာဇ် အသောကက ဘီစီ ၂၄၉ ခုနှစ်တွင် ကဗ္ဗည်းကျောက်တိုင်
စိုက်ထူ၍ အလေးအမြတ်ထားရမည့် နေရာအဖြစ် သတ်မှတ်ခဲ့သည်။
နောက်ပိုင်းတွင် တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ပြီး ၁၈၉၆ ခုနှစ်တွင်မှာ
ပြန်လည်တွေ့ရှိကာ ၀တ်ပြုရန်အတွက် မာယာဒေ၀ီ ဘုရားကျောင်းအ
ပြန်လည်တည်ထောင်ခဲ့သည်။ အခုအခါ မာယာဒေ၀ီ ဘုရားကျောင်းကို
ကမ္ဘာ့ အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခြင်းခံထားရပြီ ဖြစ်သည်။
လာရောက်ကြည့်ရှု့ကြသူများကိုလည်း အတားအဆီးမဖြစ်စေဘဲ Robin
Coningham နှင့်လုပ်ဖော်ကိုင်ဖက်များက UNESCO အဖွဲ့ ဂျပန်နှင့်
နီပေါအစိုးရများ၏ ထောက်ပံ့ ကူညီမှုဖြင့် လုမ္ဗနီမှ အခြေအနေများကို
မှတ်တမ်း မှတ်ရာများ စုဆောင်းခြင်းနှင့် အသောက ခေတ်လက် ကျန်
အုတ်လွှာများ အောက်ကို တူးဖော်ပြီး သမိုင်းကို စူးစမ်းလေ့လာခြင်းများ
ပြုလုပ်နေသည်။
အဆိုပါလေ့လာမှုကို အမျိုးသား ပထ၀ီဝင်အသင်းကြီး (National
Geographic Society) ကလည်း ထောက်ပံ့ ကူညီပေး နေသည်။
နိုင်ငံတကာ ရှေးဟောင်းသုတေသနပညာရှင်များ ပါဝင်သည့် အဖွဲ့က
လက်ရှိကျန်နေသည့် ဘုရားကျောင်း၏ အုတ်ရိုးများ အောက်ဖက်ကို
တူးဖော်ပြီး လေ့လာခဲ့ကြသည်။ အဆိုပါ မာယာဒေဝီကျောင်းသို့ နှစ်စဉ်
ဘုရားဖူးများ သိန်းနှင့် ချီ၍ လာရောက်ကြသည်။
“ကျနော်တို့ ဒီနေရာကို လေ့လာစူးစမ်းဖို့ အခွင့်အရေးအလုံးစုံနီးပါး
ရရှိထားပါတယ်။ နောက်မျိုးဆက်တွေ ထပ်ပြီးတော့ လေ့လာစရာ
မလိုတော့လောက်အောင်ပါပဲ၊ ဒါကြောင့် ကျနော်တို့ အလုပ်တွေကို
ဘုရားဖူးလာသူတွေ ရှေ့မှာပဲ ထင်သာ မြင်သာ လုပ်ခဲ့ပါတယ်။
သူတို့ကလည်း ကျနော်တို့ အလုပ်လုပ်နေတာကို လိုက်ကြည့်ကြပါတယ်”
ဟု Coningham ကပြောသည်။
တူးဖော်လေ့လာကြည့်မှုအရ အဆောက်အဦ၏ အုတ်ရိုးနံရံများအောက်
ဖက်တွင် ပို၍ ရှေးကျသော သစ်သားထည် အဆောက်အဦရှိနေသည်ကို
တွေ့ရှိခဲ့ရသည်။ ထို့ပြင် လက်ရှိ ပုံစံသည် မူလက သစ်သားဖြင့်တည်ဆောက်
ခဲ့သည့် အဆောက်အဦ၏ ပုံစံကို ပုံတူကူးယူ၍ တည်ဆောက်ထားခြင်းဖြစ်
သည်ဟုလည်း Coningham က ပြောသည်။
ဘုရားကျောင်း၏ အလယ်တွင်တူးဖော်ကြည့်သည့်အခါ သစ်ပင်ကို
ဝိုင်းပတ်ထားသည့် သစ်သားအကာအရံများ စိုက်ထူ ခဲ့သည့် ကျင်း
များကိုတွေကြရပြီး ဘီစီ ၅၅၀ ခုနှစ်ဝန်းကျင်က ဖြစ်သည်ဟုလည်း
Coningham ကဆိုသည်။အုတ်နှင့် ဆောက်လုပ်ထားသည်နေရာများ
တွေ့ရသည်ဟုလည်း သိရသည်။
အမိုးမရှိသော ဘုရားကျောင်း၏ အလယ်တွင် သစ်မြစ်များ၏ရုပ်ကြွင်းများ
များတွေ့ရပြီး လူအသွားအလာများသဖြင့် ချောမွေ့ နေသော ရွှံခင်းကြမ်းပြင်
က ၀ိုင်းပတ်ထားသည်။ အထွဋ်အမြတ်ထားသည့် သစ်ပင်သို့မဟုတ်ဗောဓိ
ပင်ဖွယ်ရာရှိသည်ဟုလည်း သိရသည်။

ညောင်ပင် ကိုးကွယ်မှုကို ရှေးဟောင်း အိန္ဒိယ အစဉ်အလာတွင်တွေ့
ရသော်လည်း ယခုသစ်ပင်တွင် အခြားသော အလား တူ နေရာမျိုးများလို
ဆည်းကပ်ပူဇော်မှုများ ပြုလုပ်ထားသည့် အရိပ်လက္ခဏာ မတွေ့ရဟုလည်း
သိရသည်။
“အဲဒီမှာ အရမ်းသန့်ရှင်းနေပါတယ်။ တကယ်တော့ ဗုဒ္ဓဘာသာရဲ့
အစဉ်အလာဖြစ်တဲ့ ငြိမ်းချမ်းမှုနဲ့ ရိုသေမှုကို ဒါက ဖော်ပြနေတာ ပါပဲ”
ဟုလည်း Coningham က ပြောသည်။
၎င်းတို့ အဖွဲ့က တွင်းဟောင်းထဲမှ ရရှိသော မီးသွေးများကို ရေဒီယိုကာဗွန်
သက်တန်း စစ်ဆေးပြီး ဘုရားကျောင်း၏ သက် တန်းကို မှန်းဆကြည့်ခဲ့သည်။
သစ်ပင်နေရာကို တူးဖော်စစ်ဆေးပြီးနောက် ဘီစီ ၁၀၀၀ ခုနှစ်ဝန်းကျင်ခန့်တွင်
စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်ဟု Coningham က ပြောသည်။ ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီးကျောင်းကဲ့သို့ အနေအထားမျိုး အဖြစ်ဖွံ့ဖြိုးလာခဲ့ချိန်မှာ ဘီစီ
၆ ရာစု တွင်ဖြစ်နိုင်သည် ဟုလည်း သိရသည်။
“အခု လေ့လာမှုကနေ တွေ့ရတဲ့ အထောက်အထားသစ်အရ ဒီရိုးရာ
ဓလေ့ဟာ အသောကခတ် မတိုင်မီ ရာစုနှစ်များစွာ ကထဲက ရှိနေခဲ့တာ
ဆိုတာနဲ့ ဒါဟာ တကယ်ကို ထူးခြားပြီး စိတ်ဝင်စားစရာ ကောင်းတယ်
ဆိုတာပါပဲ” ဟု Leicester တက္ကသိုလ်မှ ရှေးဟောင်းသုတေသန
ပညာရှင် Ruth Young က ပြောသည်။
လန်ဒန် ရှိ University Collage တောင်အာရှရေးရာ ရှေးဟောင်း
သုတေသနဌာနမှ ကထိကတဦးဖြစ်သော Julia Shaw က သစ်သား
အကာအရံများ ၀ိုင်းရံထားသည့်နေရာသည် အထွဋ်အမြတ်ထားသည့်
သစ်ပင်ဖြစ်ဖွယ်ရှိသော်လည်း မှန်းဆ ချက်တခုသာ ဖြစ်သည်ဟု ဆိုသည်။
သက်တမ်းအရင့်ဆုံး ဗုဒ္ဓဘာသာဘုရားကျောင်း ဖြစ်သည်ဆိုသည့်
ပြောဆိုချက်ကိုလည်း သူက သတိပေးခဲ့သည်။
“သစ်ပင်ကို ကိုးကွယ်တာ၊ ယဇ်ပလ္လင်ကို ပူဇော်တာက ရှေးဟောင်း အိန္ဒိယကိုးကွယ်ယုံကြည်မှုမှာ နေရာတိုင်းတွေ့နေကျ ကိစ္စဖြစ်ပါတယ်။
ဗုဒ္ဓဘာသာရဲ့ ဓလေ့ထုံးစံတွေနဲ့ နဂိုရှိပြီသား ရိုးရာအစဉ်အလာ ကြားမှာ
ထပ်တူဖြစ်နေတာတွေရဲ့ အတိုင်းအတာကို ထည့်တွက်မယ်ဆိုရင်
သက်တမ်းရင့် သစ်ပင်တွေကို အလေးအမြတ်ထားတာက ဗုဒ္ဓဘာသာ
ကိုးကွယ်မှု ကြားမှာ အဆက်အစပ်မရှိဘူးလို့ ယူဆမယ်ဆိုရင်လည်းဖြ
စ်နိုင်ပါတယ်” Julia Shaw ကပြောသည်။
“အခုထိတော့ ဒါက တကယ်တမ်းဆိုရင် အိန္ဒိယ ရိုးရာဓလေ့ နဲ့ပတ်သက်တဲ့
ရှေးဟောင်းသုတေသနပညာ အတွက် နောက်ထပ်ရတာတဲ့ အသိအမြင်
အသစ်တချို့လို့ပဲ ယေဘုယျအားဖြင့် ပြောလို့ရပါသေးတယ်” ဟုလည်း
သူက ထပ်ပြောသည်။
အခြားပညာရှင်များက တွေ့ရှိမှုကို ဂုဏ်ပြုခဲ့ကြသော်လည်းထပ်မံ၍
 လေ့လာဆန်းစစ်မှုများ ပြုလုပ်ခြင်းမရှိဘဲ ရှေးအကျဆုံး
ဗုဒ္ဓဘာသာ အဆောက်အဦးတခုကို ရှာဖွေတွေ့ရှိမှု အဖြစ် အလျင်စလို
သတ်မှတ်လက်ခံခြင်း မပြုရန် သတိပေးခဲ့ကြသည်။
“ရှေးဟောင်း သုတေသန ပညာရှင်တွေက သူတို့ ရှာဖွေတွေ့ရှိတာဟာ
ရှေးအကျဆုံး ဒါမှမဟုတ် သက်တမ်းအရင့်ဆုံး လို့ ပြောချင်ကြတယ်လေ”ဟု
အင်္ဂလန်နိုင်ငံ Leicester တက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင်
Ruth Young က ပြောသည်။
ဧရာဝတီသတင်းမှထပ်ဆင့်ဖေါ်ပြသည်။

Twitter Bird Gadget