.

Sunday, June 1, 2014

ကိုယ့် ဈာပန အခမ်းအနား ကိုယ်တိုင် တက်ရောက်ခဲ့သူ

Unknown | 8:48 PM | Be the first to comment! Unknown | 8:48 PM | Be the first to comment!
Unknown | 8:48 PM | Best Blogger Tips
ပွာတိုရီကို နိုင်ငံက အသက် ၈ဝ အရွယ် ဂျော်ဂျီနာ ရှဗရွန်နီ လောရ်ဟာ သူ့ရဲ့ ဈာပန အခမ်းအနားကို ကိုယ်တိုင် တက် ရောက်နိုင် တဲ့သူ ဖြစ်ပါတယ်။ 



ဓာတ်ပုံ- The Mirror

လူဆိုတာ သေမျိုးဆိုတဲ့အတိုင်း သေလွန်သွားသူတိုင်းရဲ့ ဈာပန အခမ်းအနားမျိုးကို ဆွေမျိုး၊ မိတ်သင်္ဂဟ
တွေ က တက် ရောက်ကာ ဆုတောင်းပနာလုပ်တတ်ကြတာပါဘဲ။ 

ပွာတိုရီကိုက ဂျော်ဂျီနာ ရှဗရွန်နီ လောရ် ဆိုတဲ့ အမျိုးသမီးကြီးကတော့ သူ မသေခင်ကတည်းက သူ့သမီး ကို သေချာပြောခဲ့တာ ရှိပါတယ်တဲ့။ 

သူ့ရဲ့ ဒုတိယ အိမ်ထောင်ပြုစဉ်က မင်္ဂလာဝတ်စုံ ကို အရမ်း ဝတ်ဆင်ချင်ခဲ့တာလို့ သူ့သမီး ကို သူ မသေခင်တုန်း က ပြောခဲ့တဲ့အကြောင်း The Mirror သတင်းတပုဒ်က ဆိုပါတယ်။ 

သမီးဖြစ်သူကလည်း မိခင်ရဲ့ ဆန္ဒကို သက်ရှင် ထင်ရှားချိန်မှာတုန်းက မဖြည့်ဆည်းပေးနိုင်ခဲ့ဘူးနဲ့ တူပါ တယ်။ 

မိခင်ဖြစ်သူ မစ္စ ဂျော်ဂျီနာ ရှဗရွန်နီ လောရ်ဆုံးပါးသွားတော့ ဈာပန အခမ်းအနားကို တမူထူးခြားစွာနဲ့ ကျင်းပခဲ့ တာပဲ ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် မိခင်ဖြစ်သူကို သူမသေခင်ဆန္ဒအတိုင်း မင်္ဂလာဆောင်တုန်းက အဝတ်အစားကို ဝတ်ပေးပြီး သူ့ရဲ့ ဈာပန အခမ်းအနားမှာ သူကိုယ်တိုင် တက်ရောက်သလို ခန္ဓာကိုယ်ကို ကုလားထိုင် တလုံးမှာ ထိုင်စေခဲ့ တာပါ ဘဲ။ 



အိမ့်သံစဉ် ~

Twitter Bird Gadget