.

Sunday, April 27, 2014

အိုဘားမားအား မလေးရှားတွင်အင်တာဗြူးမေးမြန်းဆွေးနွေးခြင်းစကားဝိုင်း

Unknown | 6:38 PM | Be the first to comment! Unknown | 6:38 PM | Be the first to comment!
Unknown | 6:38 PM | Best Blogger Tips
 
“ အိုဘားမားဖြေသည် စိုင်းထက်အောင်ခန့်မေးသည် “ ( မလေးရှား ဧပြီလ ၂၇ ၊ ၂ဝ၁၄ )
ဘာသာပြန်ဆိုသူ - ကိုညီညီ ( တောင်ကြီး )

အစီအစဉ်တင်ဆက်သူ ။ ။ သမ္မတကြီးရှင့် ၊ အခုမေးမယ့်မေးခွန်းက အမေရိကန်အစိုးရရဲ့ လူမှုကွန်ယက်မှာမေးထားတဲ့ မေးခွန်းပါ ၊ သူက ကျွန်မတို့သူငယ်ချင်းဖြစ်တဲ့ မြန်မာနိုင်ငံက စောထက်အောင်ခန့် ဖြစ်ပါတယ် ၊ သူမေးခွန်းလေးကဒီလိုပါ ။

စောထက်အောင်ခန့် ။ ။ သမ္မတကြီးခင်များ ၊ မတူညီတဲ့လူမျိုးနွယ်စုကြီး ၊ မတူညီတဲ့ဘာသာစကား ၊ ကွဲပြားတဲ့ကိုးကွယ်မှု နဲ့ အမျိုးမျိုးသောယျဉ်ကျေးမှုတွေကြားမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ ကျွန်တော်တို့ရဲ့ နောင်လာနောက်သားမျိုးဆက်သစ် ခေါင်းဆောင်တွေအတွက် မြန်မာပြည်သာမက အာစီယံကမ္ဘာအတွက်ကိုပါ သမ္မတကြီးရဲ့ ကိုယ်ပိုင်ထိရောက်တဲ့စကား နဲ့ အားပေးမှုကို သိချင်ပါတယ် ။

သမ္မတ ဘရက်အိုဘားမား ။ ။ သိပ်ကောင်းတဲ့မေးခွန်းပါ ၊ ကမ္ဘာတစ်လွှားလုံးရဲ့ ပဋိပက္ခတွေ ၊ 
စစ်ပွဲတွေ ၊ ကြမ်းတမ်းမှုတွေဖြစ်စေတဲ့ အကြီးမားဆုံးအကြောင်းရင်းကိုကြည့်မယ်ဆိုရင် အဖြစ်တတ်ဆုံး အရေးကြီးဆုံးအကြောင်းအရာက ကိုယ်မကြိုက်တဲ့လူတွေအပေါ် မတူညီအောင် တစ်မျိုးထား ဆက်ဆံကြလို့ပဲဖြစ်တယ် ၊ ဟုတ်တယ်မဟုတ်လား ၊ ဒါဆို အခု မြန်မာနိုင်ငံမှာ သူတို့ဟာ ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့တဲ့ အရှေ့အစိုးရလက်ကနေ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတယ် ၊ အရာရာကို ဖွင့်ပေးဖို့ကြိုးစားနေတယ် ၊ နိုင်ငံကို ဒီမိုကရေစီကျအောင် ပြုလုပ်နေတယ် ၊ သူတို့သွားနေတာ အင်မတန် ရဲ့ရင့်တဲ့လုပ်ငန်းစဉ်ဖြစ်တယ် ။

---- အခုလို ဒီမိုကရေစီအသွင်းကူးပြောင်းရေးရဲ့ အန္တရာယ်က ပြည်တွင်းက မတူညီတဲ့လူမျိုးစုတွေ နဲ့ ဘာသာမတူသူတွေကြားမှာရှိနေတယ် ၊ လူတွေက သူတို့ရဲ့ဘာသာရေးတူတွေကိုစည်းရုံးတယ် ၊ နိုင်ငံရေးအရ သိမ်းသွင်းတယ် ၊ ဒိမိုကရေစီစကား ပြောဆိုကြတယ် ၊ အားလုံးခြုံပြီးတော့ အခြေခံလူ့ကျင့်ဝတ် ၊ တရားမျှတရေး ၊ တရားဥပဒေစိုးမိုးရေး နဲ့ ဒီမိုကရေစီစံနှုန်းတွေကို ဆွေးနွေးကြတယ် ၊ လက်တွေ့မှာ မြန်မာနိုင်ငံကို ဦးတည်ချက်လွဲသွားစေမယ့် ပဋိပက္ခတင်းမာမှုအကြောင်းတရားတွေ စမြင်နေရတယ် ။

---- အထူးသဖြင့် နိုင်ငံတွင်းက သမိုင်းကြောင်းရှိခဲ့တဲ့ လူနည်းစုမွတ်ဆလင်တွေကို ကျန်အများစုက ခွဲခြားဆက်ဆံတာကိုခံနေကြရတယ် ၊ သူတို့ရဲ့အခွင့်ရေးတွေကို မကာကွယ်နိုင်ပဲ ဖြစ်နေတယ် ၊ ဒါဟာ မြန်မာတစ်နိုင်ငံထဲဖြစ်နေတာမဟုတ်ဘူး ၊ ဒီလိုပဲ မွတ်ဆလင်အများစုနေထိုင်တဲ့ မလေးရှားမှာ မွတ်ဆလင်မဟုတ်သူ လူနည်းစုတွေ အခွင့်အရေးမရတာ သို့မဟုတ် ခွဲခြားဆက်ဆံခံနေကြရတာတွေရှိတယ် ။

---- အမေရိကားသမိုင်းမှာလည်း လူမျိုးရေးပဋိပက္ခတွေ ရှိခဲ့တယ် ၊ ဒါကြောင့် ကျွန်တော်တို့ လူမှုတော်လှန်ရေးစစ်ပွဲတွေ လူမျိုးရေးတော်လှန်ရေးစစ်တွေ မျိုးဆက်နဲ့ချီပြီးတိုက်ခဲ့ကြတာ အခု ကျွန်တော်ကိုယ်တိုင် ခင်များတို့ရှေ့မှာ အာဖရိကနွယ်ဘွားသမ္မတတစ်ယောက်အနေနဲ့ မတ်တပ်လာမရပ်နိုင်ခင် အထိပဲ ၊ လုပ်ရမယ့်အလုပ်က အခုထိမပြီးသေးဘူး ၊ အသားအရောင်ခွဲခြားဆက်ဆံတာ နဲ့ အမေရိကန်လူမျိုးရေးပဋိပက္ခတွေ ကို အခုထိ ကျွန်တော်တို့ ပြည်လည်ကြည့်မြင် ဆန်းစစ်နေရတယ် ။

---- ကျွန်တော့ဆိုလိုရင်းက ကျွန်တော်တို့အားလုံးရဲ့ရင်တွင်းမှာ ဘက်လိုက်မှုတွေ ၊ ကျွန်တော်တို့နဲ့အမြင်မတူသူတွေအပေါ်ထားတဲ့ စိတ်ခံစားမှုတွေ ၊ ကွဲပြားတဲ့လူမျိုးခြားနောက်ခံကိုလိုက်ပြီး ခွဲခြားတဲ့စိတ်တွေရှိနေကြတုန်းပဲ ၊ ဒါပေမယ့် ကမ္ဘာကြီးက ကျုံ့သွားပြီ သေးသွားပြီ ၊ ကျွန်တော်တို့ ရွာလေးတွေမှာ သီးခြားလူမျိုးအနေနဲ့နေကြတယ်ဆိုကြပါဦး ၊ အင်တာနက်တို့ စမတ်ဖုန်းတွေရဲ့အကူအညီနဲ့ ကွဲပြားတဲ့ခံယူချက်ယျဉ်ကျေးမှုတွေဟာ လဲကျပြိုပျက်သွားကြပြီ ၊
 ဟုတ်တယ် ကမ္ဘာဟာ တစ်ကယ်သေးသွားပြီ ။

---- ပြီးတော့ လူဦးရေတစ်ချို့ကို သီးခြားနေခိုင်းပြီး ခွဲခြားဆက်ဆံတဲ့ မည်သည့်နိုင်ငံမဆို မအောင်မြင်နိုင်ဘူး ၊ မွတ်ဆလင်မဟုတ်သူတွေကို အခွင့်အလမ်းမပေးရင် မလေးရှား မအောင်မြင်နိုင်ဘူး ၊ မွတ်ဆလင်တွေကိုဖိနှိပ်ထားမယ်ဆိုရင် မြန်မာလဲ မအောင်မြင်နိုင်ဘူး ၊ နိုင်ငံရဲ့လူဦးရေတစ်ဝက် တစ်နည်းအားဖြင့် အမျိုးသမီးတွေကို ယောက်ျားသားတွေကဲ့သို့ တန်းတူပညာရေး ၊ တန်တူအလုပ်အကိုင်အခွင့်အလမ်းမပေးရင် ဘယ်လူမှုအဖွဲ့အစည်းမှ မအောင်မြင်နိုင်ဘူး ။

---- ဒါကြောင့် ခင်များတို့ကိုပြောချင်တဲ့ အဓိကလူငယ်တွေကိုပြောချင်တဲ့အချက်က ခင်များတို့ ကိုယ်ယဉ်ကျေးမှုကိုကိုယ်ချိုးဖျက်စရာမလိုဘူး ၊ ခင်များတို့ဘယ်သူဆိုတာဂုဏ်ယူရမယ် ၊ နောက်ခံသမိုင်းကြောင်းကိုမြတ်နိုးရမယ် ၊ မတူညီတဲ့ဘာသာစကားတတ်မြောက်တာကို တန်ဖိုးထားရမယ် ၊ ကိုယ်ပိုင်အစားအသောက်ကိုတပ်မက်ရမယ် ၊ ခင်များတို့ ဘုရားကိုဘယ်လိုဘယ်ပုံ ရှိခိုးပူဇော်တယ်ဆိုတာကတော့ တူမှာမှမဟုတ်တာ ၊ ဒီအချက်တွေအားလုံးဟာ ခင်များတို့ မြတ်နိုးတန်ဖိုးထားရမှာ ၊ ဒါပေမယ့် ဒီအချက်တွေဟာ သူတစ်ပါးကိုဖိနှိပ်ဖို့အသုံးချတဲ့ ကိရိယာ လက်ကိုင်ပစ္စည်း မဖြစ်သင့်ဘူး ၊ မတရားခွဲခြားဆက်ဆံဖို့ အကြောင်းပြချက်မဖြစ်သင့်ဘူး ၊ ခင်များတို့ကအစ ခေါင်းဆောင်တွေအထိ နေ့တိုင်းမတူညီတဲ့ ဘာသာစကားတွေ ပြောပြီးတော့ လူတွေကိုခွဲထုတ်လိုက်မယ့်အစား လုံခြုံမှုရှိတဲ့ နိုင်ငံရဲ့ အတွင်းကို စည်းရုံးသိမ်းသွင်းဖို့ သေသေချာချာ လုပ်သင့်တယ် ၊ ဒီအချက်ဟာ အခုလက်ရှိမျိုးဆက်အတွက် အကြီးမားဆုံးအရာဖြစ်ပါတယ် ။

---- ဒီလိုလုပ်နိုင်ဖို့ အချက်တစ်ခုက သူများခြေရာကို နင်းနိုင်ရမယ် ၊ သူတစ်ပါးနဲ့ မျက်စိချင်းဆုံပြီး အမှန်မြင်နိုင်ရမယ် ၊ အားလုံးနီးပါးသော ဘာသာရေးတွေမှာ တူတဲ့အခြေခံယူဆချက်အရ ခရစ်ယာန်တစ်ယောက်ဖြစ်တဲ့ကျွန်တော့ကို ခရစ်တော်ကသင်ပေးတဲ့အဆုံးအမက “ မိမိကိုဆက်ဆံစေချင်သလို အပြုအမူနဲ့ သူတစ်ပါးကိုဆက်ဆံပါ “ ဆိုတာပါ ၊ ဒီလိုအခြေခံလူ့ကျင့်ဝတ်ကို မလေးစား မကျင့်ကြံတဲ့ လူ့အဖွဲ့အစည်းဟာ ရှေ့ဆက်ကောင်းအောင်သွားမယ့်အစား နောက်ပြန်ဆွဲနေတာဖြစ်တယ် ၊ ဒီအချက်ဟာ ကမ္ဘာတစ်လွှားလုံးအတွက် အမှန်တရားဖြစ်တယ် ။

---- တခါတရံ အပြင်ဘက်က လူ့အဖွဲ့အစည်းဟာ သီးခြားဖြစ်နေပေမယ့် ကျွန်တော်တို့နဲ့တူနေ
တာတွေ့ရမယ် ၊ မြောက်အိုင်ယာလန်မှာ လူမျိုးရေးပဋိပက္ခတွေကို နောက်ဆုံးမှာ ငြိမ်ချမ်းအောင်ဆောင်ရွက်နိုင်ခဲ့တယ် ၊ တစ်ချို့တစ်ဝက်က ကက်သလစ်ဘာသာဝင်ဖြစ်ပြီး ကျန်တစ်ဝက်က နောက်ဘာသာတစ်မျိုးဖြစ်နေတယ် ၊ အပြင်ဘက်ကလကူကြည့်ပြီးပြောတယ် သူတို့ဘာသာစကားအတူတူပြောလျက်နဲ့ ဘာကြောင့်အငြင်းပွားနေရမှာလဲ ၊ ပြသနာမဖြစ်တဲ့ အိုင်ယာလန်နိုင်ငံဘက်ခြမ်းက စကားများရန်ဖြစ်နေတဲ့ဘက်ခြမ်းထက် အများကြီးတိုးတက်တယ် ။

---- အာဖရိကမှာဆိုရင် ကျွန်တော့အဖေရဲ့နိုင်ငံ ကင်ညာမှာ လူမျိုးရေးပဋိပက္ခတွေရှိတယ် ၊ ဒီလိုပဲ အပြင်ကလူကပြောတယ် ခင်များတို့ဘာကြောင့် ငြင်းနေဦးမှာလဲ ၊ နိုင်ငံက လူမျိုးစုတွေကို နိုင်ငံရေးအရစည်းရုံးပြီး အကြီးအကျယ် တိုးတက်ကြီးပွားရမယ့်အချိန်မှာ မတည့်ပဲကျိတ်ပြီးစကားများလို့ဘယ်ဖြစ်မလဲ ၊ တစ်ဖွဲ့က အပေါ်ရောက်သွားရင် နောက်တစ်ဖွဲ့ကဆွဲချပြီး အာဏာအလှည့်အပြောင်းတွေဖြစ်ကြတယ် ၊ ပြန်လုကြတယ် ၊ ဒီလိုပုံစံတွေကို အဖွဲ့အစည်းတော်တော်များများမှာ ကျွန်တော့်တို့တွေ့နေရတယ် ၊ အခုလက်ရှိ
လူငယ်မျိုးဆက်သစ်အတွက် ခင်များတို့ရဲ့ အတွေးအမြင် - MINDSET ကို အဆင့်
ဆင့်ခွဲခြမ်းစိတ်ဖြာတတ်ဖို့ဟာ အရေးကြီးဆုံးဖြစ်ပါတယ် ။

---- ကျွန်တော် တိုကျိုရောက်တုန်းက ပြပွဲတစ်ခုမှာ ဂျပန်အာကာသယျာဉ်မှူး က အာကာသစခန်းမှာအလုပ်လုပ်တဲ့ပုံကိုတွေ့ခဲ့တယ် ၊ သူက ကမ္ဘာမြေကိုလှမ်းထောက်
လှမ်းပြီး ရေထု ရေစီးကြောင်းကိုလေ့လာနေတာ ။ ဂျပန် ၊ အမေရိကန် ၊ ရှရှားအာကာသ
ယျာဉ်မှူးတွေ အာကာသထဲမှာ တတူတကွအလုပ်လုပ်ရင်း အကွာအဝေးတစ်ခုကနေ ကမ္ဘာကိုလှမ်းကြည့်လိုက်ရင် ကျွန်တော်တို့အားလုံးဟာ စကြာဝဠာထဲက ကျောက်တုံးအသေးလေးတစ်တုံးပေါ်မှာနေနေကြတာပဲ ၊ တစ်ကယ်တမ်း ကျွန်တော်တို့အင်မတန်အရေးကြီးလှပါတယ်ဆိုတဲ့ကိစ္စကို အကွာအဝေးတစ်ခုကလှမ်းကြည်
့နိုင်မယ်ဆိုရင် ဘာမှမဟုတ်လောက်ဘူးဆိုတာ တွေ့ရလိမ့်မယ် ၊ ဒီအယူအဆကို မျိုးပွားပြီးတော့ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်လေးစားရမယ် ၊ ကောင်းမွန်စွာဆက်ဆံရမယ် ၊
 တန်းတူညီမျှ ဥပဒေအတွင်းမှာနေကြရမှာဖြစ်တယ် ၊ ဒီအခြေခံယူဆချက်နဲ့ ခင်များတို့
လူငယ်တွေအားလုံးရဲ့အိမ်တွေကို ပြန်ကြရမှာဖြစ်တယ် ၊ သိပ်ကောင်းတဲ့မေးခွန်းပါ ။

Translator - koko2yeye@gmail.com
█ ░ အလင်းရှင် ░ █
 
တရုတ်ကြီးရဲ့မီးလောင်ဗုံးပြီးရင် သံဃာတော်တွေကို အနုမြူဗုံးစာပါကျွေးလိမ်မည်

Unknown | 6:30 PM | Be the first to comment! Unknown | 6:30 PM | Be the first to comment!
Unknown | 6:30 PM | Best Blogger Tips
Photo: တရုတ်ကြီးရဲ့မီးလောင်ဗုံးပြီးရင် သံဃာတော်တွေကို အနုမြူဗုံးစာပါကျွေးလိမ်မည်
◄►✂•••× ✂•••× ◄►✂•••×✂•••×◄►✂•••×✂•••×◄►
အမျိုးကိုလည်း  ..  စောင့်ပါ။
သာသနာကိုလည်း  .. စောင့်ပါ။
သာသနာအသက်ဟာ သိမ် မို့ လယ်တီသိမ်ကိုလည်းစောင့်ဖို့မမေ့ကြပါနဲ့။
ဟိုမှာ  .. တရုတ်ကြီးက ဒိုဇာနဲ့ဖြိုဖို့ ပိုက်စိမ်းတွေတောင်ကာထားပြီ။
“အသိခေါက်ခက်အ၀င်မနက်ကြနဲ့”
“တလွဲဆံပင်မကောင်းကြနဲ့”
ရင်ဝမြှားမှန်နေရင် အဲဒီမြှားကို ‘အရှေ့ကပစ်သလော ဟိုလူပစ်သလောမတွေးနဲ့’
မြန်မြန်သာဆွဲနှုတ်လိုက်ဖို့ ဗုဒ္ဓကဥပမေယျကထာနဲ့ဆုံးမခဲ့ပြီဖြစ်တယ်။
အခု မွတ်ဆလင်ကုလားက ကိလေသာကာမနဲ့ပစ်သလို  . . 
တရုတ်ကြီးကတော့ ဒိုဇာတွေ မီးလောင်ဗုံးတွေ မိုင်းတွေနဲ့ပစ်နေတာအထင်အရှားနော်။
ဒါကို သိမြင်နေပါလျှက် တရုတ်ကြီးပစ်နေတဲ့သာသနာဖျက်မြှားကိုတော့ မနှုတ်ကြဘဲ
ကုလားပစ်တဲ့ ကိလေသာမြှားကိုသာနှုတ်နေရင် ဒီကိစ္စဟာပွဲပြီးမီးသေမည်မဟုတ်ဘူး။
ဒါ့ကြောင့် ထိုပွဲများဦးစီးကျင်းပနေတဲ့သံဃာတော်များကိုလျှောက်ထားလိုသည်မှာ  .. 
တစ်ချက်ခုတ်ရင် နှစ်ချက်ပြတ်အောင် အမျိုးဘာသာသာသနာရေးဟောပြောပွဲများမှာ
ထေရ၀ါဒသာသနာအုတ်မြစ်တွေကို တရုတ်ကြီးကမိုင်းခွဲ၊ မီးလောင်ဗုံးနဲ့ပစ်၊ ဒိုဇာနဲ့ထိုး
နေတာတွေကို ဗုဒ္ဓဘာသာလူငယ်များကို အခုအလင်းရှင်အကွက်ကျကျထောက်ပြသ
ကဲ့သို့ ဆိုမသင့်ကြောင်း အသိပေးလျှောက်ထားအပ်ပါသည်။
ဒီလိုမှမဟုတ်ဘဲ  . .
ကုလားမြှားသာနှုတ်ဖို့ပြောပြီး တရုတ်ကြီးမြှားကိုနှုတ်ဖို့မေ့နေရင်တော့ ထိုထိုသောသံ
ဃာတော်များ  .. တရုတ်ကြီးရဲ့ မီးလောင်ဗုံးအပြင် အနုမြူဗုံးစာပါမိပါလိမ့်မည်ဆိုတာ
ကိုကြိုတင်၍ နိမိတ်ဖတ်အသိပေးလိုက်ပါသည်။

အမျိုးစောင့်ခြင်း၏ အခြားတစ်ဘက် (၂)

Unknown | 6:29 PM | Be the first to comment! Unknown | 6:29 PM | Be the first to comment!
Unknown | 6:29 PM | Best Blogger Tips
အမျိုးသားပညာရေးဟောပြောပွဲများကို ဆရာတော်တွေဦးစီးပြီးကျင်းပ
ကြသော်လည်း ၊ သာသနာတော်အသက်ဖြစ်တဲ့ လယ်တီသိမ်ကိုတရုတ်
ကြီးရဲ့အလိုတော်ကျ ဒိုစာနဲ့ထိုးကော်ဖျက်ဆီးမဲ့ သာသနာတော်ဖျက်တဲ့
ဒီလိုအကြောင်းအရာများကို ထိုပွဲတွေမှာ ထည့်သွင်းဟောကြားဆုံးမသင့်
ပါတယ်။ မြန်မာပြည်တွင် အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်
ရေးအသိပညာဟောပြောပွဲများသည် မရှိမဖြစ်လိုအပ်ပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ ယနေ့ခေတ်ဗုဒ္ဓဘာသာလူငယ်များမှာအရမ်းကို
ဘာသာရေးရဲ့အခြေခံ “ သြကာသအား” နည်းပါးနေလို့ပါပဲ။ အဲလိုတစ်နိုင်
ငံလုံးအတိုင်းအတာနဲ့ အမျိုးဘာသာယဉ်ကျေးမှုအသိပညာပေးပွဲတွေမှာ
တရုတ်ကြီးအလိုကျ ဖျက်ဆီးခံနေရတဲ့ ဗုဒ္ဓဘာသာသာသနိကအဆောက်
အဦများကို ထိမ်းသိမ်းကာကွယ်ရေးအသိပညာပေးပွဲများလည်းပူးတွဲဟော
ကြားဆိုဆုံးမသင့်ပါတယ်။ အမျိုးကိုစောင့်ရှောက်လျှင် ဘာသာကိုလည်း
စောင့်ရှောက်ရာရောက်သော်လည်း အမျိုးစောင့်ရှောက်ရန်သာတွင်တွင်
ဟောကြားနေပြီ ရှေးဟောင်းသမိုင်းဝင်အဓိကရဘုရားစေတီတီသိမ်တွေ
ကိုဖျက်တာကိုတော့ မသိကျိုးကျွံပြုနေခြင်းဟာ .. .
(၁) အမျိုးစောင့်တယ်မည်ပါသလား?
(၂) သာသနာတော်ကိုစောင့်ရှောက်တယ်မည်ပါလား ?
ဒီလိုမေးခွန်းမျိုးကိုတော့ ခပ်ရေးရေးမေးသင့်နေပြီ။
လက်ပတောင်းတောင်မှာ လူတွေက “ သာသနာတော်အသက်ဖြစ်တဲ့သိမ်
ကိုကာကွယ်နေချိန်မှာ အချို့သောရဟန်းတော်များက အမျိုးစောင့်တရား
နဲ့ပွဲသိမ်းနေတာဟာ အသိဉာဏ်ကာရကရှိတဲ့ ရဟန်းပညာရှိလူပညာရှိများ
အတွက် မေးခွန်းထုတ်စရာဖြစ်လာတယ်။
ထိုအမျိုးစောင့်ပွဲတွေဟာ တရုတ်စစ်ခွေးတွေရဲ့ “ ကုလားဖန်ကွက်” လုပ်ပွဲ
များဖြစ်နေတယ်ဆိုတာကိုတော့ ရှေးကတဘောင်ဆရာကြီးများရေးခဲ့သလို ..
“ အတ္ထောဆိုလိုရာသိစေဖို့၊ အနက်ဆန်ဖေါ်မပြပေဘု” ဆိုတဲ့အတိုင်းတရုတ်
ကြီးနဲ့စစ်ခွေးတို့ရဲ့ စေ့စားရာ (၂၀၁၅)နှင့်လယ်တီသိမ်ဖျက်ပွဲတို့ရဲ့ တစ်ဖက်
လှည့်လုပ်ပွဲများသာဖြစ်ကြောင်း .. အနက်ဆန်မဖေါ်ပြလည်းသိနိုင်ပေ
တော့သည်။
█ ░ အလင်းရှင် ░ █

အမျိုးစောင့်ခြင်း၏ အခြားတစ်ဘက်

Unknown | 11:39 AM | Be the first to comment! Unknown | 11:39 AM | Be the first to comment!
Unknown | 11:39 AM | Best Blogger Tips
သြော် . . . .
သူတို့တွေ အမျိုးစောင့်တယ်ဆိုလို့ . . .
ဝမ်းသာလေသပ။
လယ်တီသိမ်နဲ့ လယ်တီစေတီကိုတော့ . .
တရုတ်ကြီးကစောင့်သပေါ့။
သြော် . .
ဒိုဇာနဲ့မထိုးပါနဲ့ဦး ၊ တရုတ်ကြီးရယ် .. . .
တို့တွေအမျိုးစောင့်ပြီးအောင်စောင့်ပါဦးလား?
ဒီမှာဖြင့်တို့က အမျိုးစောင့်တုန်း .. .
ရှိသေးတယ် . . ။
ဟိုမှာဖြင့် တရုတ်ကြီးက
လယ်တီသိမ်စေတီဖျက်မယ်လုပ်တယ် . . ။
အို .. .
သာသနာတော်စောင့်တဲ့ ရဟန်းသံဃာတွေ
လယ်တီသိမ်ပါ စောင့်ကြပါဦးတော့လား။
မည်သူမဆို အလင်းဒါနအဖြစ်မျှဝေနိုင်ပါသည်။
█ ░ အလင်းရှင် ░ █
Like · ·

ကာတွန့်ကပြောတဲ့ စကားများ

Unknown | 11:37 AM | Be the first to comment! Unknown | 11:37 AM | Be the first to comment!
Unknown | 11:37 AM | Best Blogger Tips
မှန်ရာဝန်ခံရရင် အလင်းရှင်ဟာ ကာတွန့်ဆရာတစ်ယောက်ဖြစ်ချင်တာပါ။
ဘာဖြစ်လို့လည်းဆိုတော့ ကာတွန့်ဆရာများရဲ့ ပုံလေးတွေစာလေးတွေဟာ
ရင်ထဲကို တန်းထိတော့တာပါပဲ။ သူဆွဲထားတဲ့ သုံးလက်မပတ်လည်စာရွက်
လေးဟာ ချရေးရမည်ဆိုရင် မဆုံးနိုင်တော့အောင်ကိုပင် အနက်အဓိပ္ပါယ်
ဝေါဟရတို့ များလှသည်။
အခုလည်းကြည့်ပါဦး ဘယ်လောက်ထိမိလိုက်သလဲဆိုတာ
ပြောဖွယ်ရာတောင်မရှိပြီ
ထို့ကြောင့် ကာတွန့်ဆရာများကိုအလင်းရှင်လေးစားဂုဏ်ယူမိပါကြောင်း
ပြောကြားပါတယ် ..
အလင်းရှင် (ဘဒ္ဒန္တကောဝိဒ)
█ ░ အလင်းရှင် ░ █

တိုထိလိုမိခေတ်ရဲ့ လိုမိတိုထိသောစကားလုံးများ (၂)

Unknown | 11:36 AM | Be the first to comment! Unknown | 11:36 AM | Be the first to comment!
Unknown | 11:36 AM | Best Blogger Tips
Photo: တိုထိလိုမိခေတ်ရဲ့ လိုမိတိုထိသောစကားလုံးများ (၂)
☀ ✂•••× ☀ ✂•••× ☀ ✂•••×✂•••× ☀ ✂•••×✂•••× 

(၁) ကုလားကိုလည်း အနားမထားနဲ့ ဒိုဒိုအချို့ရေကိုလည်းမသောက်နဲ့
ကုလားကိုအနားထားတော့ မင်းသမီးပါတက်တယ်။
ဒိုဒိုအချိုရေကိုသောက်တော့ တစ်လီတာမှာမှိုခြောက်သောင်းပါလို့ရောဂါရမယ်။

(၂) ကုလားဆိုင်မှာလည်းဈေးမ၀ယ်နဲ့ OiShi အာလူးကြော်လည်းမ၀ါးနဲ့
ကုလားဆိုင်မှာဈေးဝယ်တော့ အင်မိမယ်၊ 
OiShin အာလူးကြော်ကိုစားတော့ ဓာတုပစ္စည်းနဲ့တွေ့မယ်။
█ ░ အလင်းရှင် ░ █
ကိုးကားရည်ညွှန်းချက်။
Dee Do အချိုရည်နဲ့ OiShi အာလူးချောင်းကြော်တွေမှာလူကိုအန္တရယ်ဖြစ်စေ 
တဲ့ ဓာတုပစ္စည်းများတွေ့ရှိတယ်လို့ ယနေ့စားသုံးသူကာကွယ်ရေးအသင်းရဲ့သတင်းစာရှင်း
ပွဲကသိရပါတယ်။``Dee Do အချိုရည်တစ်လီတာမှာမှိုခြောက်သိန်းတွေ့
ရှိထားတယ်။´´လို့ စားသုံးသူကာကွယ်ရေးအသင်းဥက္ကဌ ဦးဗအုပ်ခိုင်ကပြော
ပါတယ်။

ရှိစေချင်တယ်

Unknown | 11:34 AM | Be the first to comment! Unknown | 11:34 AM | Be the first to comment!
Unknown | 11:34 AM | Best Blogger Tips
ငါ ဘယ်တော့မှ အတ္တမဆန်တက်ပါဘူးကွာ
သေလိုက ငါသာသေလိုက်ချင်တယ် . .။
သေတော့သေကြတာပါပဲ .. ဒါပေမယ့်ကွာ . .
ငါ့အဖေကိုလည်းမသေစေချင်ဘူး ..
ဦးဝင်းတင်ကိုလည်းမသေစေချင်ဘူး ..
နောက်ဆုံးကုန်ကုန်ပြောရရင် ..
ဘုရားရှင်တောင် အခုအချိန်အထိရှိနေစေချင်သေးတယ်။
█ ░ အလင်းရှင် ░ █

တိုထိလိုမိခေတ်ရဲ့ လိုမိတိုထိသောစကားလုံးများ (၁)

Unknown | 2:17 AM | Be the first to comment! Unknown | 2:17 AM | Be the first to comment!
Unknown | 2:17 AM | Best Blogger Tips
Photo: တိုထိလိုမိခေတ်ရဲ့ လိုမိတိုထိသောစကားလုံးများ (၁)
☀✂ ✂ ✂ ☀ ✂ ✂ ✂ ☀ ✂ ✂ ✂ ☀ ✂ ✂ ✂ ☀ 
ပြောမယ့်သာပြော ရေးမယ့်သာရေးနေတရယ်  .၊ ပ့ါရမီကုသိုလ်စိတ်ကြောင့်သာ
နောက်မို့ဆို ရေးဖြစ်မယ်မထင်။ ခေတ်ကဆုတ်ယုတ်သောခေတ်မို့ တရားရှည်ရင်
စကားရှည်ရင်စာရှည်ရင် မလိုလားကြတော့ဘူး။ တို့ရေးတဲ့ဆောင်းပါးတွေရှည်ရင်
လူသိပ့်မဖတ်ကြဘူး . .ကွ။ သြော် “ တိုထိလိုမိခေတ် ရီးယားခေတ်  ရောက်နေတာကို။ 
ဟိုးတုန်းက ရှေးလူကြီးသူမများဆိုဆုံးမတဲ့ စကားပုံလင်္ကာလေးတွေလိုရေးရင်
တော့ ကြိုက်သူများတယ်  ။ ကဲ တိုထိလိုမိလိုမိတိုထိလေးကို ချရေးကြည့်ရ
အောင် . . .
(၁) “ ဗုဒ္ဓကိုလည်း တွယ်ရမည်။ သမုဒယကိုလည်း ပယ်ရမည်။”
“ ဗုဒ္ဓကို တွယ်တော့ ဗုဒ္ဓါနုဿတိဘာဝမို့ ဗြဟ္မာ့ပြည်မှနိဗ္ဗာန်တိုင်အကျိုးပေးသည်။”
“ သမုဒယကို ပယ်တော့ ၊ နိရောဓသစ္စာဆိုက်၍ ဆင်းရဲဒုက္ခကကင်းမည်”

(၂) “ မွတ်ကုလားကိုလည်း ရှောင်ရမည် ၊ ဆီသန့်ကိုလည်းဆောင်ရမည်။”
မွတ်ကုလားကိုရှောင်တော့ မိစ္ဆာဒိဋ္ဌိဘေးကလွတ်ပြီး နိဗ္ဗာန်ခရီးနဲ့နီးမည်”
ဆီသန့်ကိုဆောင်တောင့် ကင်ဆာရောဂါမဖြစ်အသက်ရှည်မည်။”

(၃) “ တိုင်းရင်းသားအားလုံးကို ချစ်ရမည်၊ မျိုးဖျက်သူကို ပစ်ရမည်။”
“တိုင်းရင်းသားအားလုံးကို ချစ်တော့ ညီရင်းအစ်ကိုစိတ်ထားမို့ ကုသိုလ်ပွားသည်”
“မျိုးဖျက်သူကို ပစ်ထားတော့ ၊ အကုသိုလ်ဆင့်ပွားမလာမို့ ကုသိုလ်များတည်”

အေးကွာ  ..  နောက်အလျဉ်းသင့်ရင် အဲလိုလေးတွေရေးပြီးဓမ္မအလင်းကိုသိုလ်ယူပါဦးမည်။

ခေါင်းဆောင်ကောင်းများပေါ်ထွက်ဖို့ဆုတောင်းပွဲလုပ်သင့်ပြီ

Unknown | 1:24 AM | Be the first to comment! Unknown | 1:24 AM | Be the first to comment!
Unknown | 1:24 AM | Best Blogger Tips
Photo: ခေါင်းဆောင်ကောင်းများပေါ်ထွက်ဖို့ဆုတောင်းပွဲလုပ်သင့်ပြီ
✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩✩ ✩ ✩ ✩ ✩ ✩ ✩
ဒီလို သူတော်ကောင်းစိတ်ရှိသူ မြန်မာပြည်ရဲ့လွှတ်တော်ထဲတွင်
ဘယ်နှစ်ယောက်လောက်ရှိသလဲ? လက်ချိုးရေကြည့်စမ်း။
ဟိုစစ်ရေခွံကနေတိုက်ပုံဝတ်တဲ့စစ်ခွေးတွေကိုတော့အထူးပြောစရာမလို
လောက်ပါဘူး။ ဒါ့ကြောင့် နိုင်ငံတစ်နိုင်ငံမှာပြည်သူတွေစိတ်ချမ်းသာ
ကိုယ်ကျန်းမာတယ်ဆိုတာ ဒီလိုခေါင်းဆောင်းကောင်းတွေပေါ်ထွက်
လာခဲ့လို့ပါပဲ။ 
အခုအထိတို့နိုင်ငံမှာ ဒီလိုသူတော်ကောင်းမျိုးမပေါ်သေးဘူး
ဒါ့ကြောင့် ရွာတွေ မီးရှို့ခံရတယ် ဒိုဇာနဲ့အထိုးခံရတယ်။လယ်ယာမြေ
တွေအသိမ်းခံရတာပဲ။ 
ဒါ့ကြောင့် ပြည်သူကိုအသိပေးလိုပါတယ်။ ဒီလိုခေါင်းဆောင်မျိုးမပေါ်
ထွက်သရွေ့  နွားနို့သောက်ဖို့ ဝေလာဝေး ပါးရိုက်ခံရမယ့်အပြင် 
ထမ်းတစ်နပ်လျှော့စားနေရမှာဖြစ်ပါတယ်။ ဒီအတွက် ခေါင်းဆာင်း
ကောင်းတွေပေါ်ထါက်ဖို့ မြန်မာနိုင်ငံမှာ ဆုတောင်းပွဲတွေလုပ်ဖို့
အကြံပေးချင်ပါတယ်။
ဖြစ်စဉ် အကျဉ်းချုပ်။
☀✂ ✂ ✂ ☀ ✂ ✂ ✂ ☀ 
Sewol သင်္ဘောနစ်တဲ့အချိန်က အစိုးရရဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ မပြည်စုံခဲ့ပဲ နှောင့်နှေးတဲ့တုံ့ပြန်မှုကြောင့် လူအသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့အတွက် ပြည်သူတွေစိတ်ပျက်စရာများ ကြုံတွေ့ခဲ့ရပါတယ်။ ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ ဒီကိစ္စကိုလုံးဝတာဝန်ယူပြီး ကွှန်တော် တာဝန်မှနှုတ်ထွက်ပါတယ်။
နိုင်ငံသားတွေအနေနဲ့ စိတ်ဝမ်းမကွဲပြားကြပဲ ညီညွတ်ကြဖို့ ကျွန်တော်တိုက်တွန်းပါတယ်....
( တာဝန်သိသိရာထူးမှနှုတ်ထွက်သွားတဲ့ တောင်ကိုးရီးယားဝန်ကြီးချုပ် Chung Hong-won )

✂ ✂ ✂ ✂ ✂ ✂

ကုသိုလ်အလွမ်း

Unknown | 1:15 AM | Be the first to comment! Unknown | 1:15 AM | Be the first to comment!
Unknown | 1:15 AM | Best Blogger Tips
ပန်းခြံထဲက စုံတွဲတွေကိုမြင်ရင် .. .
ချစ်သူဟောင်းလေးကိုလွမ်းတယ်။
ရပ်ကွပ်ထဲက နှပ်ချေးတွဲလောင်းလေးတွေးကိုမြင်ရင် . .
အမေနဲ့အဖေ့ကိုလွမ်းတယ်။
မဟာပရိနိဗ္ဗာနသုတ္တန်ကိုဖတ်မိရင် ..
ဗုဒ္ဓကိုလွမ်းတယ် ။
မျက်မှောက်ခေတ်နိုင်ငံရေးရနာရေးသတင်းကိုဖတ်မိရင် ..
ဘဘကြီးဦးဝင်တင်ကိုလွမ်းတယ်။
မင်းတို့ပြောရင် ရုံမှာလား?
အလင်းရှင်ဆိုတာလေ ..
အလွမ်းတစ်ကောင်ထက်မပိုတဲ့ လူစစ်စစ်တစ်ယောက်ပါ။
ကျေးဇူးရှိတဲ့သူကိုလွမ်းတာ ..
ကတညုတကတဝေဒိမင်္ဂလာမို့ ..
ငါ့အလွမ်းတွေက ..
ကုသလိုလ်အလွမ်းရယ်ပါ။
ကြည့်စမ်း .. ပြောရင်းဆိုရင်းဖေ့ဘွတ်ပေါ်မှာကောင်နဲ့ကောင်မလေး ..
ချစ်ကျွမ်းဝင်နေရဲ့ .. ။
အို .. .
ကမ္ဘာဆုံးအောင်ချစ်မိကြပါစေလို့ငါဆုတောင်းလိုက်ပါတယ်။
အမျိုးဘာသာမပျက်အောင်လည်းချစ်မိကြပါစေလို့အပိုဆုတောင်းလိုက်ပါတယ်။
ကဲ .. . ကဲ ..
တို့တွေ ကုသိုလ်နဲ့လွမ်းလို့ . ကုသိုလ်နဲ့ချစ်ကြရအောင်။
█ ░ အလင်းရှင် ░ █

မြန်မာနိုင်ငံက$သုံးမကျတဲ့သံအမတ်စိုးနွယ်

Unknown | 1:14 AM | Be the first to comment! Unknown | 1:14 AM | Be the first to comment!
Unknown | 1:14 AM | Best Blogger Tips
Photo: မြန်မာနိုင်ငံက$သုံးမကျတဲ့သံအမတ်စိုးနွယ်
✂•••× ✂•••× ✂•••×✂•••×
သင်ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဆိုရင် ဒီလိုလုပ်မှာလား?
ဒီလိုအဓိကရဘုရားတစ်ဆူရဲ့ပုံတူကိုကိတ်မုန့်လု့ပ်ပြီးကမ္ဘာသိအောင်
ဓားနဲ့လှီးပြတဲ့အမူအကျင့်ဟာ လုပ်သင့်သလားမလုပ်သင့်သလားဆိုတာ
လူကမွေးရင်သိလိမ့်မယ်။ဒီလိုဘာသာသာသနာကိုစော်ကားတဲ့
မြန်မာနိုင်ငံကကောင်တွေရဲ့အကြာင်းအရင်းမှန်တွေကိုဗုဒ္ဓဘာသာဝင်
ရဟန်းရှင်လူများသိအော် Share ပေးခြင်းဖြင့် သာသနာပြုကြပါ။
လယ်တီသိမ်စေတီတော်မြတ်ကိုလည်း ဒီကောင်တွေ မိုင်းခွဲဖို့ဒိုဇာနဲ့ထိုး
ဖို့ စိုင်းပြင်နေကြပါပြီ။
ဒါ့ကြောင့်ဒီနေ့အထိ မြန်မာနိုင်ငံကို အုပ်ချုပ်မင်းမူခဲ့တဲ့ကောင်တွေကို
ငါတစ်ကောင်မှ$ထင်မကြီးတာ ဒါ့ကြောင့်ပဲ။ အသိတရားနဲပါးတယ်။
ကိုယ်ရေကိုယ်သွေးမရှိဘူး။ ငါဒိလိုပြောလို့အပြစ်ပြောချင်တဲ့ကောင်တွေ ဒီဓာတ်ပုံပါသတင်းကိုကြည့်ကြ ဖတ်ကြ။ Tharr Soe ဆိုတဲ့ ဒကာလေးတစ်ယောက်ထံကတွေ့လို့
✂•••× ✂•••× ✂•••×✂•••× ✂•••× ✂•••×
ဂျာမနီရောက် မြန်မာသံအမတ်ကြီး ဦးစိုးနွယ် နှင့်အတူ Condor လေကြောင်းလိုင်းမှတာဝန်ရှိသူတို့က ဥရောပနဲ့ မြန်မာပြည်ကို တိုက်ရိုက်ပြေးဆွဲမယ့် လေကြောင်းလိုင်းဖွင့်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတိဂုံစေတီ ပုံစံတူကိတ်မုန့်ကိုလှီးဖြတ်ပြီး အခမ်းအနားဖွင့်လှစ်...။
█ ░ အလင်းရှင် ░ █
သင်ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဆိုရင် ဒီလိုလုပ်မှာလား?
ဒီလိုအဓိကရဘုရားတစ်ဆူရဲ့ပုံတူကိုကိတ်မုန့်လု့ပ်ပြီးကမ္ဘာသိအောင်
ဓားနဲ့လှီးပြတဲ့အမူအကျင့်ဟာ လုပ်သင့်သလားမလုပ်သင့်သလားဆိုတာ
လူကမွေးရင်သိလိမ့်မယ်။ဒီလိုဘာသာသာသနာကိုစော်ကားတဲ့
မြန်မာနိုင်ငံကကောင်တွေရဲ့အကြာင်းအရင်းမှန်တွေကိုဗုဒ္ဓဘာသာဝင်
ရဟန်းရှင်လူများသိအော် Share ပေးခြင်းဖြင့် သာသနာပြုကြပါ။
လယ်တီသိမ်စေတီတော်မြတ်ကိုလည်း ဒီကောင်တွေ မိုင်းခွဲဖို့ဒိုဇာနဲ့ထိုး
ဖို့ စိုင်းပြင်နေကြပါပြီ။
ဒါ့ကြောင့်ဒီနေ့အထိ မြန်မာနိုင်ငံကို အုပ်ချုပ်မင်းမူခဲ့တဲ့ကောင်တွေကို
ငါတစ်ကောင်မှ$ထင်မကြီးတာ ဒါ့ကြောင့်ပဲ။ အသိတရားနဲပါးတယ်။
ကိုယ်ရေကိုယ်သွေးမရှိဘူး။ ငါဒိလိုပြောလို့အပြစ်ပြောချင်တဲ့ကောင်တွေ 
ဒီဓာတ်ပုံပါသတင်းကိုကြည့်ကြ ဖတ်ကြ။ Tharr Soe ဆိုတဲ့ ဒကာလေး
တစ်ယောက်ထံကတွေ့လို့
✂•••× ✂•••× ✂•••×✂•••× ✂•••× ✂•••×
ဂျာမနီရောက် မြန်မာသံအမတ်ကြီး ဦးစိုးနွယ် နှင့်အတူ Condor လေကြောင်း
လိုင်းမှတာဝန်ရှိသူတို့က ဥရောပနဲ့ မြန်မာပြည်ကိုတိုက်ရိုက်ပြေးဆွဲမယ့်
လေကြောင်းလိုင်းဖွင့်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတိဂုံစေတီ ပုံစံတူကိတ်မုန့်ကိုလှီးဖြတ်ပြီး အခမ်းအနားဖွင့်လှစ်...။
█ ░ အလင်းရှင် ░ █

ကဲ . . ရခိုင်တွေကိုယ်စား ငါပြောမယ် ..

Unknown | 1:09 AM | Be the first to comment! Unknown | 1:09 AM | Be the first to comment!
Unknown | 1:09 AM | Best Blogger Tips
Photo: ကဲ  . . ရခိုင်တွေကိုယ်စား ငါပြောမယ်  .. 
✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩
စစ်ခွေးနဲ့တရုတ်တွေက ကြေးနီသိုက်မလွတ်လို့ လယ်တီသိမ်နဲ့ စေတီတော်ကို ကိုဒိုဇာနဲ့ထိုးတော့မယ်။ ဒါကို (မဘသ)တို့ (၉၆၉)တို့ လှည်းနင်းခံတာတောင်
အသံမထွက်တဲ့အတိုင်းပဲ။ ဟုတ်ပြီ။ ထားတော့ ။
ဒီအတိုင်းဆိုရင် မန္တလေးက မဟာမြတ်မုနိဟာ ရခိုင်ကအဓမ္မသိမ်းပိုက်လာတာ
အခုရခိုင်သားတွေက သူတို့ဒေသကိုပြန်သယ်ယူဖို့ဆိုရင်ရော လက်ခံသင့်ပါပြီ
ရခိုင်ဖွားမဟာမမြတ်မုနိကို ရခိုင်သို့ ပင့်ဆောင်ထိုက်ပါတယ်။
ဘယ်သူများကန့်ကွက်မလဲ  .. . 
ကန့်ကွက်တဲ့ကောင်တွေရဲ့ပါစပ်ကို တရုတ်ကြီးနဲ့စစ်ခွေးတွေရဲ့ ဒုတ်ထည့်ပေး
ထားလိုက်မယ်။နောက်ဆက်ပြောမယ် နိုင်ငံရေးစကားမဟုတ်ဘူး ဓမ္မစကား
ရခိုင်ဟာကိုယ့်မင်းကိုယ့်ချင်းနဲ့နေလာတာ ဒါ့ကြောင့်ရခိုင်ဟာ ကိုယ်ပိုင်အုပ်
ချုပ်ခွင့်ရနိုင်ငံဖြစ်သင့်တယ်  . သူ့နိုင်ငံမဟုတ်တဲ့သူပိုင်မဟုတ်တဲ့ စေတီတွေ
သိမ်တွေကိုတောင်ဖျက်တာ သိမ်းတာခံလို့ရသေးရင်  . . 
မဟာမြတ်မုနိဟာ ရခိုင်သားတွေရဲ့ဘုရား  . ရခိုင်သားတွေပိုင်သင့်တယ်။
ရခိုင်ပြည်ဟာ မင်းဧကရာဇ်ရာဇ၀င်ရှိတဲ့လူမျိုးမို့ သူ့လူမျိုးသာအုပ်ချုပ်သင့်တယ်။
ကဲ  . . ဘယ်ခွေးသားတွေ ငါပြောတာကို လွန်တယ်လို့ပြောမလဲ
အခု ငါပြောတာ ယထာဘူတဆိုတဲ့ ဟုတ်တိုင်းမှန်စွာသစ္စာစကားပြောတာ။
မှားစရာလွဲစရာမရှိဘူး  ..  
ကဲပါလေ  . .မှားပါတယ်လို့ comment ရေးတက်တဲ့ ပညာရှိကြီးများရှိပါကလည်း
ရေးကြည့်ပါဦး ဖတ်ကြည့်ချင်လိုပါ။ တစ်လုံးတစ်ပါဒနဲ့တော့မရေးနဲ့ အကိုးအကား
နဲ့ရေးပါ။လင့်ချိပ်ပါ။ 
█ ░ အလင်းရှင် ░ █
စစ်ခွေးနဲ့တရုတ်တွေက ကြေးနီသိုက်မလွတ်လို့ လယ်တီသိမ်နဲ့ စေတီတော်ကို 
ကိုဒိုဇာနဲ့ထိုးတော့မယ်။ ဒါကို (မဘသ)တို့ (၉၆၉)တို့ လှည်းနင်းခံတာတောင်
အသံမထွက်တဲ့အတိုင်းပဲ။ ဟုတ်ပြီ။ ထားတော့ ။
ဒီအတိုင်းဆိုရင် မန္တလေးက မဟာမြတ်မုနိဟာ ရခိုင်ကအဓမ္မသိမ်းပိုက်လာတာ
အခုရခိုင်သားတွေက သူတို့ဒေသကိုပြန်သယ်ယူဖို့ဆိုရင်ရော လက်ခံသင့်ပါပြီ
ရခိုင်ဖွားမဟာမမြတ်မုနိကို ရခိုင်သို့ ပင့်ဆောင်ထိုက်ပါတယ်။
ဘယ်သူများကန့်ကွက်မလဲ .. .
ကန့်ကွက်တဲ့ကောင်တွေရဲ့ပါစပ်ကို တရုတ်ကြီးနဲ့စစ်ခွေးတွေရဲ့ ဒုတ်ထည့်ပေး
ထားလိုက်မယ်။နောက်ဆက်ပြောမယ် နိုင်ငံရေးစကားမဟုတ်ဘူး ဓမ္မစကား
ရခိုင်ဟာကိုယ့်မင်းကိုယ့်ချင်းနဲ့နေလာတာ ဒါ့ကြောင့်ရခိုင်ဟာ ကိုယ်ပိုင်အုပ်
ချုပ်ခွင့်ရနိုင်ငံဖြစ်သင့်တယ် . သူ့နိုင်ငံမဟုတ်တဲ့သူပိုင်မဟုတ်တဲ့ စေတီတွေ
သိမ်တွေကိုတောင်ဖျက်တာ သိမ်းတာခံလို့ရသေးရင် . .
မဟာမြတ်မုနိဟာ ရခိုင်သားတွေရဲ့ဘုရား . ရခိုင်သားတွေပိုင်သင့်တယ်။
ရခိုင်ပြည်ဟာ မင်းဧကရာဇ်ရာဇ၀င်ရှိတဲ့လူမျိုးမို့ သူ့လူမျိုးသာအုပ်ချုပ်သင့်တယ်။
ကဲ . . ဘယ်ခွေးသားတွေ ငါပြောတာကို လွန်တယ်လို့ပြောမလဲ
အခု ငါပြောတာ ယထာဘူတဆိုတဲ့ ဟုတ်တိုင်းမှန်စွာသစ္စာစကားပြောတာ။
မှားစရာလွဲစရာမရှိဘူး ..
ကဲပါလေ . .မှားပါတယ်လို့ comment ရေးတက်တဲ့ ပညာရှိကြီးများရှိပါကလည်း
ရေးကြည့်ပါဦး ဖတ်ကြည့်ချင်လိုပါ။ တစ်လုံးတစ်ပါဒနဲ့တော့မရေးနဲ့ အကိုးအကား
နဲ့ရေးပါ။လင့်ချိပ်ပါ။
█ ░ အလင်းရှင် ░ █

သူလို့လူ

Unknown | 1:08 AM | Be the first to comment! Unknown | 1:08 AM | Be the first to comment!
Unknown | 1:08 AM | Best Blogger Tips
Photo: သူလို့လူ
✩ ✩ ✩ ✩ ✩
ဦးဝင်းတင်က သူ့ကိုယ်သူ (သတင်းသမား)လို့ဝန်ခံသွားတယ်။
အေး  ..  မှတ်ထားကွ  . .အလင်းရှင်ဆိုတဲ့ငါကလည်း 
ဘယ်ပါတီ ဘယ်ဝါဒဂိုဏ်းစွဲသမားမဟုတ်ဘူး  .. 
(အလင်းသမားကွ)  . . အလင်းသမား  . .
အသိဉာဏ်စက္ခုကာရကကို တန်ဘိုးထားတယ်၊မြတ်နိုးတယ်
ထမင်းငတ်ရင်ငတ်ပါစေ  ..  အသိဉာဏ်အငတ်မခံနိုင်တဲ့အထဲမှာ
အလင်းရှင်က  . တစ်ပဲ။
ဘ၀သိုးရင်းသိုးပါစေ  ..  အသိဉာဏ်အသိုးအပုတ်မခံနိုင်ဘူးကွ။
ဘုရားဟောတဲ့ ပိဋကတ်ကို (မဟန)အလိုတော်ကြလည်းလက်မခံဘူး
ဘယ်သူ့အလိုတော်ကျမှလက်မခံဘူး  .. 
ကိုယ့်မှာကိုယ်ပိုင်ဉာဏ်ရှိတယ်  . .ဘုရားရှင်ကိုယ်တိုင်ကလည်းပဲ
ဒီအတိုင်းဟောထားတာ လူတိုင်းသိတယ်။
အေး  .. ဒါ့ကြောင့်  .. 
အလင်းရှင်တင်သမျှပိုစ့်တွေမှာ  .. 
(၁)ဘာသာစွဲမထားဘူး  .. 
(၂)လူမျိုးစွဲမထားဘူး  .. 
(၃)ဘုန်းကြီးစွဲမထားဘူး  .. 
(၄)ဘုရားရုတ်တုစွဲမထားဘူး  .. 
(၅)နိုင်ငံစွဲမထားဘူး . .  အဲဒီအစွဲနယ်ကိုအလင်းရှင်ချိုးဖြတ်ပြီး  .. 
လောကနဲ့လောကကောင်းကျိုး သည်ပိုးစိတ်ဖြင့်သာစာရေးသည်။

https://www.facebook.com/azmsuper.man?fref=ufi

Unknown | 1:06 AM | Be the first to comment! Unknown | 1:06 AM | Be the first to comment!
Unknown | 1:06 AM | Best Blogger Tips
Photo: https://www.facebook.com/azmsuper.man?fref=ufi
Azmsuper Man ရေ ထပ်ပြောမယ်ကွ။ လက်ဝဲရံကိုတောင်ကို၇င်ကဆု့းမခွင့်ရှိတယ် အေးငါလည်း ဆယ်ဝါကျော်တဲ့
ရဟန်း သာသနာမှ ထေရ န၀ မဇ္ဈိမ ဆိုတာရှိတယ်။ အလင်းရှင်ရဲ့သိက္ခာဝါဟာ မဇ္ဖျိမအဆင့်ထဲမှာပါတယ်ကွ။ အေး ဒါ့ကြောင့် သာသနာမှ ထေရ န၀အဆင့်မရှိတဲ့ ကိုရင်လေးတောင် ဆုံးမခွင့်ရှိတယ် ၊ ဒါ့ကြောင့် ငါပြောနေတာ ၊ ဆဲနေတာမဟုတ်ဘူး။ ပြည်သူနဲ့သံဃာကို အလင်းပေးနေတာကွ။
လွဲမှားနေတဲ့ သံဃာခေါင်းဆောင်အမည်ခံတွေရဲ့လုပ်ရပ်တွေကို အသိပေး
နေတာ။ ပေးကောင်းတယ် ။ ဒီလိုပြောဆိုတာဟာ အပြစ်မရှိဘူး။ လမ်းမှန်ကို
ညွှန်ပြတာ။ လမ်းမှာကိုလက်ညိုးထိုးတာမဟုတ်ဘူး။

https://www.facebook.com/photo.php?fbid=497433043716894&set=a.153025728157629.30701.100003506093022&type=1&ref=notif&notif_t=like
https://www.facebook.com/azmsuper.man?fref=ufi
Azmsuper Man ရေ ထပ်ပြောမယ်ကွ။ လက်ဝဲရံကိုတောင်ကို၇င်ကဆု့းမခွင့်ရှိတယ် အေးငါလည်း ဆယ်ဝါကျော်တဲ့
ရဟန်း သာသနာမှ ထေရ န၀ မဇ္ဈိမ ဆိုတာရှိတယ်။ အလင်းရှင်ရဲ့သိက္ခာဝါဟာ မဇ္ဖျိမအဆင့်ထဲမှာပါတယ်ကွ။ အေး ဒါ့ကြောင့် သာသနာမှ ထေရ န၀အဆင့်မရှိတဲ့ ကိုရင်လေးတောင် ဆုံးမခွင့်ရှိတယ် ၊ ဒါ့ကြောင့် ငါပြောနေတာ ၊ ဆဲနေတာမဟုတ်ဘူး။ ပြည်သူနဲ့သံဃာကို အလင်းပေးနေတာကွ။
လွဲမှားနေတဲ့ သံဃာခေါင်းဆောင်အမည်ခံတွေရဲ့လုပ်ရပ်တွေကို အသိပေး
နေတာ။ ပေးကောင်းတယ် ။ ဒီလိုပြောဆိုတာဟာ အပြစ်မရှိဘူး။ လမ်းမှန်ကို
ညွှန်ပြတာ။ လမ်းမှာကိုလက်ညိုးထိုးတာမဟုတ်ဘူး။

https://www.facebook.com/photo.php?fbid=497433043716894&set=a.153025728157629.30701.100003506093022&type=1&ref=

ဆုံးမစကား နားထောင်ပါသန်းရွှေ ..

Unknown | 1:04 AM | Be the first to comment! Unknown | 1:04 AM | Be the first to comment!
Unknown | 1:04 AM | Best Blogger Tips
သန်းရွှေ ..
မင်းဟာ (၁၁)ဘီလျှံနာမကသောဒေါ်လာတွေကိုသိမ်းပိုက်နေချိန်မှာ
မင်းရဲ့စစ်ခွေးသားပေါက်တွေ ဒီလိုဘ၀မျိုးရောက်နေတယ်ဆိုတာမင်းသိလား?

သန်းရွှေ . . .
မင်းဟာ လယ်တီသိမ်၊စေတီတော်ကိုတရုတ်ကိုဒိုဇာနဲ့ထိုးခိုင်းနေချိန်မှာ
သံဃာထုရဲ့ကြေကွဲနေတဲ့ နှလုံးသားကိုမင်းမြင်ရဲ့လား ?

သန်းရွှေ . . .
မင်းဟာသိန်းစိန်ကိုရုပ်သေးလိုသဘောထားခိုင်းစားနေချိန်မှာ
သမီးလေးကျေးရွာဟာ ဒိုဇာစာမိသွားတာမင်းသိလား ?

ငါဆက်မပြောချင်သေးဘူးသန်းရွှေ ..
သေမင်းမလာခင် မင်းရဲ့ အစ္ဇျတ္တသဏ္ဍာန်ကိုပြင်သင့်ပြီ။
█ ░ အလင်းရှင် ░ █

ဗုဒ္ဓဘာသာဝင်တို့နှိုးထကြကုန်လော့ . . . . အပိုင်း(၁)

Unknown | 1:02 AM | Be the first to comment! Unknown | 1:02 AM | Be the first to comment!
Unknown | 1:02 AM | Best Blogger Tips
ဗုဒ္ဓမြတ်စွာသည် အစွန်းရောက်ကျင့်စဉ်ကိုအထူးရွံရှာတော်မူသည့်အတွက် . . . . . 
 “ ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန နသေ၀ိတဗ္ဗာ” လို့ ဆုံးမထားတယ်။ သကျပုတ္တခေါ်သာကီဝင်မင်းသားဘုရားသာတော်များဟာ ဒီအစွန်းနှစ်ပါးကိုရှောင် 
ကျဉ်ရပါမယ်။ ဒါ ဗုဒ္ဓဘာသာဝင်တိုင်းသိတယ်၊ (၁)ကာမသုခလ္လိကာနုယောဂေါ 
ကာမဂုံအာရုံပဲ၊ ဒီကောင်က ဂမ္မောလို့ဘုရားကပြောတယ်။ worldly pleasure 
ရွာနေအိမ်နေသူတွေ ဖြစ်တဲ့ ပုထုဇ္ဇန်တို့ရဲ့ ကာမဂုဏ်ခံစားတဲ့အကျင့်ဆိုးတစ်ခုမို့။
 အဲဒီအကျင့်ကြီးက အနတ္တသံဟိတော ပစ္စုပ္ပန်မျက်မှောက်ရောနောင်သံသရာ အတွက်ဆိုတဲ့အကျိုးစီးပွားမဖြစ်ဘူးတဲ့။ (၂)အတ္တာကိလာမထနုရောဂေါ သူက 
လည်းကလည်း ကြမ်းတမ်းတယ်ပြင်းထန် တယ် အဲလိုအကျင့်ကြမ်းကြီးကိုလည်းပဲ 
ဘုရားရှင်မနှစ်သက်ဘူး။ ဒါ့ကြောင့် ဗုဒ္ဓမြတ်စွာက ဒီအကျင့်နှစ်ပါးကို နသေ၀ိတဗ္ဗာ 
မကျင့်နဲ့တဲ့။
ထိုခေတ်ထိုအခါကာလက အိန္ဒိယမှာ အရိယာဖြစ်ဖို့တွက် ဘ၀လွတ်မြောက်မှုကိုရ 
ဖို့အတွက် ဗုဒ္ဓမပွင့်ခင်မှာ အစွန်းယောက်ကျင့်စဉ်တွေဟာခေတ်စားနေတယ်။ ဗုဒ္ဓ ကသူလည်းဘုရားဖြစ်ရောဒီအစွန်းရောက်ကျင့်စဉ်တွေဟာလောကကိုမငြိမ်းချမ်း
နိုင်ဘူးဆိုတာသိမြင်တော်မူတယ်။ ဒါ့ကြောင့် ဘုရားဖြစ်တာနဲ့တစ်ပြိုင်နက် ကမ္ဘာ့ 
လူသားများကို “ ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေအနုပဂမ္မ မဇ္ဈိမ ပဋိပဒါ ” 
ဆို ပြီး အလင်းပေးခဲ့တယ် ..။
အခုတို့ဘာလို့ ဒီဓမ္မကိုဝေငှရသလဲဆိုတာ ဒီကနေ့မြန်မာနိုင်ငံမှာ ဗုဒ္ဓ၀ါဒကိုမကွဲ
ပြားဘဲ အတ္တ၀ါဒတွေလုပ်နေကြတယ်။ (၉၆၉) တဲ့ ။ ဒါအင်မတန်မွန်မြတ်တဲ့ ဂဏန်းအဖြစ် လောကီကိစ္စတွေမှာတောင် ရှေးသူတော်ကောင်းကြီးတွေက 
အင်းစမ္မအစီအရင်တွေမှာ “န၀”ဆိုတဲ့ (၉)ဂဏန်းကိုသုံးကြတယ်။ အဲဒီ
လောက်ကောင်းတဲ့ ဂဏန်းတော်ကို အစွန်းရောက်အတ္တတွေမှာသွားသုံးတော့ ဗုဒ္ဓဘာသာဟာနာမည်ပျက်တယ်။
ဗုဒ္ဓ၀ါဒဆိုတာ လက်နက်မဲ့ဝါဒလို့အထူးပြောစရာမလိုဘူး။ တနည်းအားဖြင့် ခံစစ်
ဝါဒပါ။ကိုယ့်အမျိုးကိုယ့်ဘာသာကိုယ့်သာသနာတော်အတွက် ဟောကြ ပြောကြ
တာဆိုတာ ဟောထိုက်ပြောထိုက်ပါတယ်။ ကိုယ့်အမျိုးဆိုင်မှာသာဈေး ၀ယ်ပါတို့ . 
 စတာတွေဟာ ဘာသာရေးအခန်းကဏ္ဍအနေနဲ့အသိပေးဆုံးမထိုက် သလို 
အိမ်ထောင်ရေးမှာလည်းပဲ သိင်္ဂါလောဝါဒသုတ်မှာဘုရားဟောခဲ့တာမို့လည်း
ဟောသင့်ပြောသင့်ပါတယ်။
ဒီထက်ပိုပိုသာသာပြောလာမယ်ဆိုရင် ဒါအစွန်းရောက်ပဲ။ မသိမသာရောက်သွား 
တာရှိသလို သိသိကြီးနဲ့လည်းရောက်သွားနိုင်ပါတယ်။ ဒါ “ ပမာဒ” ဖြစ်သွားတယ်။ ဒီတရားကိုနားကြားသူအတွက် “ အဒေါသ” တွေတိုးပွားရမယ့်အစား “ ဒေါသ” 
တရားတွေသာ တိုးပွားနေမယ်။ ဒါဆိုရင် ဒီသူအတွက် အပါယ်ခရီးပဲ။
ဗုဒ္ဓတရားဟာ အပါယ်ခရီးလမ်းကို မသွားဖို့တိုက်တွန်းတဲ့ဝါဒပါ။ ဒါကို ဟောကြား
 ရေးသားသူများက indifferent ဖြစ်သွားတာ။ ဒါကို နားကြားသူ ဖတ်ရှု့သူများ 
ဘက်က အထူးသတိထားရမယ်နော် .. ။ ရေးသူကတော့ ရေးမှာပဲ ။သူအာဘော် 
ကိုသူရေးနေတာ .. ။ ဟောသူကလည်း ဟောမှာပဲ သူ့အာဘော်ကိုသူဟောနေတာ . . ။ ဘာဖြစ်လို့လည်းဆိုတော့ ရေးသူရော ဟောကြားသူတွေဟာ ပုထုဇ္ဇန် တွေလေ .. ။ 
ဒီတော့ပုထုဇ္ဇန်ပီပီ “ ဥပါဒါနိယ” ဆိုတဲ့ အစွဲလေးတွေကတော့ပါနေ မှာပဲ။
သိပ့်အရေးကြီးတယ် ။ ဒ့ါကြောင့် ဗုဒ္ဓမြတ်စွာက သူဘုရားဖြစ်ဖြစ်ခြင်း ကမ္ဘာ့လူ 
သားတွေကို အသိပေးလိုက်တာ။ သိပ့်အရေးကြီးလို့နော် . . ။ တို့ကြားရတာလေး
တွေတစ်ခါတစ်ရံ နားထဲမှာ အလွန်ဆိုးဝါးတယ်။ ပလ္လင်ပေါ်မှာ အနတ္တတရားတွေ 
အစား အတ္တတရားတွေ ဟောနေကြတယ်။ နိုင်ငံရေးဘက်ကကြည့်ရင်လည်း
 ခေါင်းဆောင်တွေတော်တော်များများဟာ ဒါတွေကို မသိကြဘူး။
အဲဒီတော့ဘာတွေဖြစ်နေလည်း သိလား ? ။ ဗုဒ္ဓနဲ့ဗုဒ္ဓ၀ါဒတရားဟာ ၊ အတ္တနဲ့အတ္တ ၀ါဒတရားတွေဖြစ်နေတယ်။ ပုံပျက်သွားတယ်။ ဒါ့ကြောင့် အစွန်းမထွက်မိစေနဲ့ ။ 
အမျိုးကိုချစ်ပါ သို့သော် အစွန်းရောက်အချစ်မျိုးမဖြစ်စေနဲ့။ ဘာသာကိုချစ်ပါ သို့ သော်အစွန်းရောက်အချစ်မျိုးတော့မရောက်စေနဲ့။
ဘာဖြစ်လို့ဒီလိုပြောရသလဲဆိုတော့ ၊ ဗုဒ္ဓ၀ါဒဟာ “ဒေါသ” anger (or) defect ကို 
 ပယ်သတ် တဲ့တရားကွ။ မင်းတို့ရဲ့စိတ်ထဲမှာငါ့စာတွေဖတ်နေပြီးdefect တွေဖြစ်ဖြစ်နေ
မယ် ဆိုရင် ဗုဒ္ဓတရားမဟုတ်ဘူးကွ။ အပါယ်ရောက်ကြောင်းဒိဋ္ဌို့ရဲ့တရားအဖြစ်သို့ရောက်
သွားတယ်။ ဒါလေးမှတ်ထား။
ဒါ့ကြောင့် ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာတော်အတွက် ဟောကြပြော ကြတဲ့အမျိုးစောင့်တရားတွေမှာ defect တွေမပါဖို့လိုတယ်။ သူတို့ပါလာရင်မင်း တို့နားကြားကျင့်သုံးသူတွေအတွက် ငရဲနော် ..ငရဲ . . ။
အချိန်ရရင်ဆက်ပြောပါဦးမယ်။ ဤဓမ္မအလင်းကုသိုလ်ကို ကျေးဇူးကြီးမားလှသော 
ခမည်းတော်ကြီး ဆရာစံအားဝေငှပါသည်။ Share သူထပ်မျှရစေသောဝ် . . ။
█ ░ အလင်းရှင် ░ █
References
ဝိနည်းပိဋကတ်၊သုတ်မဟာဝဂ်ပါဠိတော်
မဟာခန္ဓက၊ ပဉ္စ၀ဂ္ဂိယကထာ။

အတွဲကောင်းဖို့လိုတယ် ..

Unknown | 12:59 AM | Be the first to comment! Unknown | 12:59 AM | Be the first to comment!
Unknown | 12:59 AM | Best Blogger Tips
Photo: အတွဲကောင်းဖို့လိုတယ်  .. 
☀ ✂•••× ☀ ✂•••× ☀ 
အမျိုးစောင့်ထောက်ခံပွဲတွေလုပ်နေတဲ့သူတွေကိုမေးချင်တယ်
လယ်တီသိမ်ကို တရုတ်စစ်ခွေးတွေဖျက်မှာကို ကန့်ကွက်ပွဲလေးမျာ
လုပ်ရင် အမျိုးတင်မကဘူး သာသနာကိုပါစောင့်တဲ့ပွဲလေးဖြစ်မယ်
ဆိုတာ အကြံပေးပါရစေ  .. ။ 
တစ်ချက်ခုတ်ရင် နှစ်ချက်ပြတ်တဲ့ သာသနာစောင့်ပွဲလေးကို
ခင်းကျင်းစီမံချင်တယ်။တို့က အိုမင်းမစွမ်းသာလို ဖြစ်နေတော့
ခေါင်းမဆောင်နိုင်ဘူး။ အခုလို စာလေးနဲ့ပဲရေးပြီးအကြံပေးနိုင်တာပါ။
ဒါ့ကြောင့် အမျိုးစောင့်ပွဲလေးနဲ့အတူ တစ်ပါတည်းလယ်တီသိမ်နဲ့
စေတီတော်ကိုပါဖျက်ဆီးမဲ့တရုတ်နဲ့စစ်ခွေးတွေကို ကန့်ကွက်ပွဲလေး
ယှဉ်တွဲလိုက်ရင် ငွေလည်းထပ်မကုန်ဘူး၊ တစ်ပွဲတည်းနှင့်နှစ်ပွဲ
ဖြစ်တယ်။ တို့ဆရာကြီးအီကြာကွေးပြောသလို အတွဲကောင်း
လေးပေါ့ကွာ။
မှတ်ချက်
(မဖတ်ဖူးသူများဖတ်စေချင်တယ်-ဆရာအီကြာကွေးရေးသားတဲ့
သေမင်းတောင်သေချင်တယ်နှင့်အခြားဝတ္ထုတိုများ) ထဲတွင်ပါတယ်။
ဒါ့ကြောင့်အမျိုးစောင့်ပွဲများမှာ သာသနာစောင့်ပွဲလေးပါတွဲလိုက်မယ်
ဆိုရင် အလွန်မတန်လျှော်ကန်ကောင်းမြတ်သော မင်္ဂလာပွဲလေး
တစ်ပွဲဖြစ်မယ်ဆိုတာ ဉာဏ်အမြော်အမြင်ရှိသူများလက်ခံမှာပါ။

Twitter Bird Gadget