.

Sunday, April 20, 2014

သူယုတ်မာတို့ခေတ်

Unknown | 10:20 PM | Be the first to comment! Unknown | 10:20 PM | Be the first to comment!
Unknown | 10:20 PM | Best Blogger Tips
သူပေါ့ . . .
လက်ပတောင်းမှာသံဃာတွေမီးလောင်ဗုံးနဲ့အသတ်ခံရတုန်းကလည်း
မသိဟန်ဆောင်နေတယ်။
သူပေါ့ . .
ရခိုင်မှာတိုင်းရင်းသားတွေသေတာကိုလည်း
မသိဟန်ဆောင်နေတယ်။
သူ့ပေါ့ ..
သမိုင်းဝင်စေတီတော်သိမ်တော်ကိုဖျက်မှာကိုလည်း
မသိဟန်ဆောင်နေတယ်။
သူပေါ့ . . .
သမီးလေးကျေးရွာကို ဒိုဇာနဲ့ထိုးတော့လည်း
မသိဟန်ဆောင်နေတယ်။
သြော် .. သူလိုလူမျိုးကို သမ္မတရာထူးနဲ့များဂုဏ်ပြုရတယ်လို့
ခေတ်ကိုက ..
သူယုတ်မာတွေမင်းမူကြီးစိုးတဲ့ခေတ်ကို . . ။
█ ░ အလင်းရှင် ░ █
သူယုတ်မာတို့ခေတ်
✩ ✩ ✩ ✩ ✩ ✩ ✩ 

အဘဦးဝင်းတင်သို့ အမှတ်တရ

Unknown | 9:47 PM | Be the first to comment! Unknown | 9:47 PM | Be the first to comment!
Unknown | 9:47 PM | Best Blogger Tips
အာဏာရှင်တစ်လျှောက်၊ ခေတ်တိုင်းမောက်သည့်၊
အဘဦးဝင်းတင်၊ သတင်းသခင်လည်း၊ ခုတော့ကြွေပြီ .. သေခဲ့ပြီ။
သြော် . . အဘစကား၊
တရားများကို ၊ တပည့်သားတို့ ၊ မနာကြားရ၊ဆုံးရှုံးရပေါ့။
အဘရေသွားတော့ .. နတ်ပြည်လော့ . .
အဘရေ ပြန်တော့ . . ဗြာဟ္မပြည်လော့ . .
ကျန်သည့် ပြည်သူ၊ သားတို့မူကား၊ စစ်ခွေးဆိုးဘေး ၊ ဒုက္ခထွေးကို ၊
ရင်ဝယ်ကြိတ်စည်း၊ ခံရဦးပေါ့။
အဘရေ လာခဲ့ .. . သာတို့ဆီ
အဘရေ ပြန်ခဲ့ .. သားတို့ဆီ
အဘကိုရက်စက် ၊ စစ်ခွေးမက်တို့၊ အဘပြန်တိုက် ၊ သားပြန်လိုက်ပေါ့။
ရဟန်းရှင်လူ၊ တို့ပြည်သူကို ၊ စစ်ဖိနပ်နှင့်နင်း၊ သေနပ်ကျင်းဝယ်၊
ရက်စက်ချင်တိုင်း၊ ရက်စက်ကြသည့်၊ ထိုသည့်စစ်ခွေး၊ သူယုတ်ဘေးအား၊
အဘကူ၍ . . . .တိုက်ပါလော့ . .. ။
အဘကူ၍ . . . .ထိုးပါလော့ .. . ။
အဘကူ၍ . . . . ရိုက်ပါလော့ . .. ။
█ ░ အလင်းရှင် ░ █

အဘဦးဝင်းတင်၏နောက်ဆုံးခရီးစဉ်အတွက်အမှတ်တရ

Unknown | 9:08 PM | Be the first to comment! Unknown | 9:08 PM | Be the first to comment!
Unknown | 9:08 PM | Best Blogger Tips
အဘဦးဝင်းတင်၏နောက်ဆုံးခရီးစဉ်အတွက်အမှတ်တရ
☀ ✂•••× ☀ ✂•••× ☀ ✂•••×✂•••× ☀  ✂•••×✂•••× ☀ 
အနိစ္စ၊ဒုက္ခ အနတ္တဟု ၊ရှင်တော်ဘုရား၊ ဟော်ဖေါ်ကြားလည်း၊
စစ်ခွေးဘီလူး ၊ အာဏာရူးတို့ ၊ ရူးကြ မူးကြ၊ ယစ်မူးကြ၏။
မှတ်လောအမြဲ ၊ နားစိတ်စွဲလော ၊ သင်္ခါရဟူ ၊ ဓမ္မအယူကား၊
ဘယ်ဟာမမြဲ ၊ နိစ္စပဲတည့်။ ဆင်းမြင်းဗိုလ်ပါ ၊ ဘီလျှံနာလည်း၊
သေရွာမပါ ၊ သေသို့မလိုက် ၊ နောက်ချန်ထိုက်၏ ၊ ကိုယ့်ပြုသည့်
ကံ၊ ကုသလံတို့၊ သေလည်းလိုက်မြဲ ၊ နေလိုက်မြဲ၏ ။ 
ထို့ကြောင့် ညီမောင် ၊သတိဆောင်လော့ ၊ ဤခန္ဓာကို၊ အပုတ်ယိုကား၊
နေ့စဉ်ရက်စက် ၊ ပုတ်အက်ယိုစီး ၊ ရွံစရားကြီးတည်း။ ထိုသည့်ခန္ဓာ၊
ပုတ်သဏ္ဍာန်အား၊ ကမ်းဘက်ယူကူး၊ ငှက်ပြောဘူးသို့ ၊ ကမ်းသို့ရောက်လျှင်၊
ရေစပ်တွင်ပင်၊ ထားပစ်အလား ၊ မှတ်ကာသားလော့၊ နိဗ္ဗာန်ကမ်းနား၊
အရောက်သွားဖို့ ၊ တို့ပုတ်ခန္ဓာ၊ ဤမသာအား ၊ အသုံးချလော့။ 
ကြည့်စမ်းအမောင် ၊ သတိဆောင်လော့၊ ရှေးရှေ့ဘုရားတကာ၊ နိစ္စပါဟု၊
တွင်တွင်ဟောကြား၊ အမှာထားလည်း ၊ တဏှာအရူး၊ စစ်ဘီလူးတို့၊ 
ပြည်သူဘဏ္ဍာ၊ သယံဇာအား ၊ မောင်ပိုင်ဝမ်ပေါင်၊ အတ္တကောင်တို့၊
ခိုးစား၊၀ှက်စား၊သတ်၍စားသည်၊ သန်းခြောက်ဆယ်၏ ဒုက္ခတည်း။
မှတ်ချက်။
အဘဦးဝင်တင်၏သက်မဲ့ဝိဉာဉ်အားဤကဗျာဖြစ့်ဂုဏ်ပြုလိုက်ပါသည်
များလူသံဝေဃရစေသော်ဝ်  .. .Shareခြင်းမိတ္တုရစေသော ၀် . . ။
ဤသို့ကဗျာလက်တမ်းရေးစပ်နိုင်ရန် မဃဒေ၀လင်္ကာကျမ်းအားအာဂုံ
ဆောင်ရန်ဆူပူကျိန်းမောင်းခဲ့သာဆရာသခင် အသျှင်ဣန္ဒ၀ံသအားဦးတင်
သပါ၏။

ကြည့်စမ်းအမောင် ၊ သတိဆောင်လော့၊ ရှေးဘုရားတကာ၊ နိစ္စပါဟု၊
တွင်တွင်ဟောကြား၊ အမှာထားလည်း ၊ တဏှာအရူး၊ စစ်ဘီလူးတို့၊
ပြည်သူဘဏ္ဍာ၊ သယံဇာအား ၊ မောင်ပိုင်ဝမ်ပေါင်၊ အတ္တကောင်တို့၊
ခိုးစား၊၀ှက်စား၊သတ်၍စားသည်၊ သန်းခြောက်ဆယ်၏ ဒုက္ခတည်း။
မှတ်ချက်။
အဘဦးဝင်တင်၏သက်မဲ့ဝိဉာဉ်အားဤကဗျာဖြစ့်ဂုဏ်ပြုလိုက်ပါသည်
များလူသံဝေဃရစေသော်ဝ် .. .Shareခြင်းမိတ္တုရစေသော ၀် . . ။
ဤသို့ကဗျာလက်တမ်းရေးစပ်နိုင်ရန် မဃဒေ၀လင်္ကာကျမ်းအားအာဂုံ
ဆောင်ရန်ဆူပူကျိန်းမောင်းခဲ့သာဆရာသခင် အသျှင်ဣန္ဒ၀ံသအားဦးတင်
သပါ၏။
█ ░ အလင်းရှင် ░ █

ဆုတောင်းမှားခဲ့လေသား ကွယ် . .

Unknown | 8:11 PM | Be the first to comment! Unknown | 8:11 PM | Be the first to comment!
Unknown | 8:11 PM | Best Blogger Tips
Photo: ဆုတောင်းမှားခဲ့လေသား ကွယ် . . 
✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩ ✩
ကဲ  ..  မြန်မာပြည်ရဲ့ သလဒသိန်းစိန်ရဲ့မွေးနေ့စကားကိုဖတ်ကြည့်ကြပါဦး
သြော်  ..  ကံဆိုးလှတဲ့ တို့ပြည်သူတွေရဲ့ဘ၀ဟာ ဒီမသာအာဏာရူးတွေ
အမြန်ဆုံးမာလကဈာန်ကြွမှ သက်သာပေတော့မည်။
သမီးလေးကျေးရွာကိုဒိုဇာနဲ့ထိုးပြီးသွားတော့ သူတို့လက်ကရဲနေကြပြီ
လယ်တီသိမ်နဲ့စေတီတော်ကိုလည်းထိုးတော့မယ့်သတင်းတွေကြားနေရတယ်။
ဒါ့ကြောင့် ဒီမသာကောင်အာဏာရူးတွေအမြန်ဆုံး မရဏလမ်းရောက်ဖို့
ပြည်သူတွေဆုသာတောင်းကြပေတော့။

တန်(၇၀)ခန့်ကြသောကြေးထုတ်စခန်း

Unknown | 6:08 AM | Be the first to comment! Unknown | 6:08 AM | Be the first to comment!
Unknown | 6:08 AM | Best Blogger Tips
မသိရင်မေး ၊ မစင်ရင်ဆေး
ငါဒီသတင်းကိုရဖို့ ငွေတစ်သိန်းခွဲလောက်ကုန်တယ်။
အိပ်ရေးနှစ်ရက်ပျက်တယ်။
(၁)လက်ပတောင်းတောင်မှာ အနှစ်နှစ်ဆယ်ကျော်ပြီ
တစ်ရက်ကို ကြေးတန်ချိန် (၇၀) တိတိ တရုတ်နိုင်ငံကို
တင်ပို့ပေးရတယ်။
ဒီသတင်းလေးရဖို့ ငါမုံရွာကိုသွားရတယ် ကြေးနီမိုင်းက
ဒကာလေးတစ်ယောက်ကို (အကြောင်ရိုက်ပြီး)စုံစမ်းရတယ်။
အဲဒီဒကာလေးက သူ့ကိုကြေးနီမိုင်းမှာမွေးခဲ့တာဖြစ်ကြောင်း
အစချီကာ ဒီသတင်းmessage ကိုရခဲ့တာပါ။
ကြေးစင်တောင်က လက်ပတောင်းတောင်လို ကြေးမထွက်ဘူး
လက်ပတောင်းတောင်က တောင်မကြီးမှာကိုကြေးထွက်တယ်။
ကြေးစင်တောင်ကြတော့ တောင်ရဲ့အောက်ခြေမှာသာကြေးရှိတာ
ဒါ့ကြောင့်တရုတ်က စစ်ခွေးသန်းရွှေကိုလက်ပောတင်းတောင်ကို
တောင်းပြီးနေ့စဉ်ကြေးထုတ်နေတာပါ။ ဒီနေ့အထိတစ်ရက်မှနားရက်
ပိတ်ရက်မထားဘဲ ဗမာပြည်ရဲ့ကြေးတွေကိုတရုတ်နိုင်ငံကိုထုတ်ယူနေပါတယ်။
ငါ့ကိုတောင်သူတို့စခန်းကိုလိုက်ဖို့ခေါ်သေးတယ်။
ကဲ .. ဒီထက်တိကျတဲ့သတင်းတောင် ဒီလောက်တိကျမှမဟုတ်ဘူး

သိရင်ဖြေပါ . .

Unknown | 5:20 AM | Be the first to comment! Unknown | 5:20 AM | Be the first to comment!
Unknown | 5:20 AM | Best Blogger Tips
Photo: သိရင်ဖြေပါ . . 
☀ ✂•••× ☀ ✂•••× ☀ ✂•••×✂•••× ☀ 
ဒီကနေ့ နိုင်ငံအ၀ှမ်းမှာရှိတဲ့ အသိပညာကာရကဂြိုဟ်အားကောင်းကြသော
ရဟန်းရှင်လူတွေသည် တရုတ်ဝမ်ပေါင်စစ်ခွေးတို့လက်ချက်နဲ့ မိုင်းစာမိဒိုဇာမိ
တော့မယ် လယ်တီသိမ်၊စေတီတော်အတွက် ကန့်ကွက်နေကြချိန်မှာ . .
ဒီဓာတ်ပုံပါဘုန်းကြီးနဲ့လူတွေကတော့ မကန့်ကွက်ကြလေဘူး  .. ။
ဘာ့ကြောင့်လည်း  .. .
လယ်တီသိမ်က မွတ်ဆလင်ဗလီဖြစ်နေလို့လား ?
သြော်  .. .
အလင်းရျှင်လည်း ပြည်သူတွေသိအောင် တင်ပြရတာမောလှပါပြီလကွယ်။

အလင်းရှင်ဟူသည်ကား

Unknown | 5:18 AM | Be the first to comment! Unknown | 5:18 AM | Be the first to comment!
Unknown | 5:18 AM | Best Blogger Tips
အလင်းရှင် ဟူသည်ကား ..
လူလော .. ရဟန်းလော ..
မွတ်ဆလင်လော .. ခရစ်ယာန်လော ..
စစ်ခွေးလော . . မွတ်ခွေးလော .. .
ခရိုနီသားပေါက်လော ..
စသည့်ဖြင့် လောများကိုသိလိုပါရင် .. .
www.alinshin.co.vu
ကိုကလစ်ခေါက်ပြီးကြည့်လိုက်ပါ .. .
ဥုံ ဖွတ် .. ဟတ်ချလောင်း
ဆိုပြီး .. . .
ရင်ဘတ်ဖြူဖြူစင်စင်လေး တစ်မျက်နှာကိုမြင်လိုက်ရပါလိမ့်မည်။
အဲဒီအခါ . .
သာဓုလေးခေါ်တဲ့အနေနဲ့ ကလစ်လေးတစ်ချက်သာခေါက်လိုက် .
မင်းတို့အတွက် (အဟောသိကံ) မဖြစ်ဘူးကွ။
နောင်သံသာရာအဆက်ဆက် ပညာပါရမီရမယ် ..
မိစ္ဆာစစ်ခွေးတွေနဲ့ ရေစက်မဆုံဖြစ်တော့ဘူးပေါ့။
ကဲ .. ကဲ ..
ပြောနေကြာတာတယ် .. wwww.alinshin.co.vu ကိုကလစ်သာခေါက်လိုက်
အလင်းရှင်
အလင်းနှင့်သတင်း
www.alinshin.co.vu

Twitter Bird Gadget