.

ပင်ပန်းရကျိုးတော့နပ်သားပဲ . .

Unknown | 8:31 AM | Be the first to comment! Unknown | 8:31 AM | Be the first to comment!
Unknown | 8:31 AM | Best Blogger Tips
ပင်ပန်းရကျိုးတော့နပ်သားပဲ . .
◄►✂•••× ✂•••× ◄►
ထောင်ကထွက်ကတည်းက www.alinshin.co.vu လေးမှာစာရေးလာတာ
ဟိုတစ်လလောက်ကမှ အဲဒီဝက်ဆိုဒ်မှာ facebook လင့်နဲ့ Like လေးကို
ဘလော့ခရီးသည်ထံကသင်ယူပြီးထည့်လိုက်တာအဆင်ပြေသွားတယ်။ 
အခုအဲဒီမှာဝက်ဆိုဒ်လေးကို လူ(၂၀၀)ကျော် Like ထားတာတွေ့ရတယ်။
အင်တန်စိတ်ကြည်နူးမိတယ်  .. ကွယ်  .. ။
အင်း .. မသေခင် ကြည်နူးစရာကောင်းတဲ့အထဲမှာတို့အတွက်တော့ဒါလေးပါပဲ။
တို့ဆရာဘုန်းကြီးက သက်တော် (၉၅)မှာပျံလွန်တော်မူတယ်။ သူကဘာပြော
ခဲ့သလည်းဆိုတော့ .
☀ “သစ်ပင်လေးတွေစိုက်တယ်ဆိုတာ၊ ဖိုထိုးတယ်ဆိုတာ  ”
☀  “ရဟန်းကြီးရဲ့ သမာဓိထူထောင်တာကွ”
☀ “ဒါ့ကြောင့် သစ်ပင်တွေကို မင်းတို့မဆော့ကြပါနဲ့ မခုတ်ကြပါနဲ့ ” တဲ့။
အေးကွာ . .တို့တော့  . . 
ရန်ကုန်ရောက်ကတည်းက စိုက်စရာမြေလည်းမရှိလို မစိုက်ဖြစ်ဘူး ၊ 
တို့ဆရာသမားထံကဖိုထိုးတဲ့အဂ္ဂိယတ်ပညာလည်း ဆရာနည်းတကျသင်
ထားပေမယ့် ဖိုရုံဆောက်ဖို့နေရာလည်းမရှိဘူးကွ။ ဒီတော့စာပဲရေးတယ်။ 
စာရေးတာ တို့ရဲ့သမာဓိပဲ။ ဒီတော့ တို့သမာဓိလေးဖြစ်တဲ့ဝက်ဆိုဒ်လေးမှာ
 Like လေးတွေမြင်ရတော့ သမာဓိတက်တယ်ကွာ။
ကဲ . .. . တို့ ညီတော် ညီမတော်များလည်း အလင်းရှင်ရဲ့ သမာဓိလေးကို
ပံ့ပိုးတဲ့အနေနဲ့  ၀က်ဆိုဒ်လေးကိုအလည်လေးသွားကြပါဦးလား ..
တို့များက နည်းပညာကလည်းမတက်လေတော့ ၀က်ဆိုဒ်လေးကိုအရမ်းလှ
အောင်မဆင်တက်ဘူးကွယ်။ အဲဒီအတွကတော့ အားနာပါတယ်။
ဧည်သည်ကို အိမ်လည်ခေါ်ပြီး ဖျာစုတ်နဲ့ဧည့်ခံတဲ့အိမ်ရှင်ရယ်လို့တော့မထင်
ကြပါနဲ့ ကွယ်။ ဒီဝက်ဆိုဒ်လေးဖြစ်အောင် စာအုပ်ဝယ်ပြီးလုပ်ထားရတာပါ။ 
နည်းပညာကူညီပေးမယ့်သူမရှိပါဘူး။ သိတယ်မဟုတ်လား (ထောင်ထွက်)
ဆိုလူတွေကအဘက်မလုပ်ကြတော့ဘူးလေ  .. 
ကဲ  .. ကဲ . . စကားလည်းကောင်းသွားပါရဲ့  အလည်တော့လာခဲ့ကြပါဦးနော်။
█ ░ အလင်းရှင် ░ █
ထောင်ကထွက်ကတည်းက www.alinshin.co.vu လေးမှာစာရေးလာတာ
ဟိုတစ်လလောက်ကမှ အဲဒီဝက်ဆိုဒ်မှာ facebook လင့်နဲ့ Like လေးကို
ဘလော့ခရီးသည်ထံကသင်ယူပြီးထည့်လိုက်တာအဆင်ပြေသွားတယ်။
အခုအဲဒီမှာဝက်ဆိုဒ်လေးကို လူ(၂၀၀)ကျော် Like ထားတာတွေ့ရတယ်။
အင်တန်စိတ်ကြည်နူးမိတယ် .. ကွယ် .. ။
အင်း .. မသေခင် ကြည်နူးစရာကောင်းတဲ့အထဲမှာတို့အတွက်တော့ဒါလေးပါပဲ။
တို့ဆရာဘုန်းကြီးက သက်တော် (၉၅)မှာပျံလွန်တော်မူတယ်။ သူကဘာပြော
ခဲ့သလည်းဆိုတော့ .
“သစ်ပင်လေးတွေစိုက်တယ်ဆိုတာ၊ ဖိုထိုးတယ်ဆိုတာ ”
“ရဟန်းကြီးရဲ့ သမာဓိထူထောင်တာကွ”
“ဒါ့ကြောင့် သစ်ပင်တွေကို မင်းတို့မဆော့ကြပါနဲ့ မခုတ်ကြပါနဲ့ ” တဲ့။
အေးကွာ . .တို့တော့ . .
ရန်ကုန်ရောက်ကတည်းက စိုက်စရာမြေလည်းမရှိလို မစိုက်ဖြစ်ဘူး ၊
တို့ဆရာသမားထံကဖိုထိုးတဲ့အဂ္ဂိယတ်ပညာလည်း ဆရာနည်းတကျသင်
ထားပေမယ့် ဖိုရုံဆောက်ဖို့နေရာလည်းမရှိဘူးကွ။ ဒီတော့စာပဲရေးတယ်။
စာရေးတာ တို့ရဲ့သမာဓိပဲ။ ဒီတော့ တို့သမာဓိလေးဖြစ်တဲ့ဝက်ဆိုဒ်လေးမှာ
Like လေးတွေမြင်ရတော့ သမာဓိတက်တယ်ကွာ။
ကဲ . .. . တို့ ညီတော် ညီမတော်များလည်း အလင်းရှင်ရဲ့ သမာဓိလေးကို
ပံ့ပိုးတဲ့အနေနဲ့ ၀က်ဆိုဒ်လေးကိုအလည်လေးသွားကြပါဦးလား ..
တို့များက နည်းပညာကလည်းမတက်လေတော့ ၀က်ဆိုဒ်လေးကိုအရမ်းလှ
အောင်မဆင်တက်ဘူးကွယ်။ အဲဒီအတွကတော့ အားနာပါတယ်။
ဧည်သည်ကို အိမ်လည်ခေါ်ပြီး ဖျာစုတ်နဲ့ဧည့်ခံတဲ့အိမ်ရှင်ရယ်လို့တော့မထင်
ကြပါနဲ့ ကွယ်။ ဒီဝက်ဆိုဒ်လေးဖြစ်အောင် စာအုပ်ဝယ်ပြီးလုပ်ထားရတာပါ။
နည်းပညာကူညီပေးမယ့်သူမရှိပါဘူး။ သိတယ်မဟုတ်လား (ထောင်ထွက်)
ဆိုလူတွေကအဘက်မလုပ်ကြတော့ဘူးလေ ..
ကဲ .. ကဲ . . စကားလည်းကောင်းသွားပါရဲ့  အလည်တော့လာခဲ့ကြပါဦးနော်။
█ ░ အလင်းရှင် ░ █

စစ်တွေတွင်ရဲပစ်ခက်မှုကြောင့်ကလေးငယ်တစ်ဦးအပြင်းအထန်ဒဏ်ရာရ

Unknown | 8:04 AM | Be the first to comment! Unknown | 8:04 AM | Be the first to comment!
Unknown | 8:04 AM | Best Blogger Tips
ယနေ့ ညနေ ၄ နာရီကျော်အချိန်တွင် စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက် စစ်ကဲလမ်းဘေးရှိ နေအိမ်မှ အသက် ၁၀ နှစ်ခန့်အရွယ် ကလေးငယ်တစ်ဦး အနီးအနားတွင် လုံးခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်သောကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သိရသည်။

၎င်းရပ်ကွက်ရှိ ကမ္ဘာ့စားနပ်ရိက္ခာ ဆန်ဂိုဒေါင်အနီး လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်များကို မိမိအိမ်ပေါ်မှ ရပ်ကြည့်နေစဉ် သေနပ်ထိမှန်ခဲ့သည့်ဟု အဒေါ်ဖြစ်သူ တစ်ဦးက အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသည်။

ယင်းကလေးမှာ တင်ပါးတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ယခု စစ်တွေဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေကြောင်း ယင်းအဒေါ်က ဆက်ပြောသည်။

စစ်တွေမြို့တွင် ယခုရက်များအတွင်း ဖြစ်ပေါ်နေသော မငြိမ်မသက်မှုများကို ရဲတပ်ဖွဲ့က ပစ်ခတ်ထိန်းသိမ်းရာတွင် အကြောင်းမဲ့ ပထမဆုံးဒဏ်ရာရရှိသူတစ်ဦးဖြစ်သည်။

စစ်တွေမြို့တွင် ယခု ညမထွက်ရအမိန့်ကို ည ၆ နာရီ၊ မနက် ၆ နာရီဟု မြို့နယ်အုပ်ချုပ်ရေးမှူါ်းက ထုတ်ပြန်ထားသည်။

နောက်ဆက်တွဲသတင်းများကို ဆက်လက်ဖေါ်ပြပေးပါမည်
ယခုဓါတ်ပုံများမှာ အဆိုပါ ကလေးငယ်၏ဓာတ်ပုံပင်ဖြစ်ပါသည်

ဓာတ်ပုံ- Ko Moe
Share Arakan News

█ ░ အလင်းရှင် ░ █

Twitter Bird Gadget