.

Thursday, March 20, 2014

ဂိုဏ်းသင့်တက်တယ်

Unknown | 10:53 PM | Be the first to comment! Unknown | 10:53 PM | Be the first to comment!
Unknown | 10:53 PM | Best Blogger Tips
Photo: ဂိုဏ်းသင့်တက်တယ်
✂•••× ✂•••×
ဖေ့ဘွတ်ပေါ်မှာ မြေမကောင်းရင်ခြေမပြောလက်မမကောင်းရင်လက်မပြော .. ။
ဥပမာ လက်ပတောင်းတောင်ဦးအာဝုဓ မကောင်းရင်သူ့ဘွဲ့နာမည်ထည့်ပြော
ရုံနဲ့လုံလောက်တယ်။သံဃာလို့အနောက်ကဖြစ်စေအရှေ့ကဖြစ်စေထည့်မပြောနဲ့။
တော်နေကြာ ထောက်ချင်တဲ့သူက(သံဃာ)ဆိုတာဗုဒ္ဓမြတ်စွာတစ်သာသနာလုံး
ကရဟန်းတွေကိုပြောတာလားဆိုပြီးမင်းကို တွယ်လိမ့်မယ်။
ဒါ့ကြောင့် ပုဂ္ဂလကိုသာသုံးသံဃဆိုတဲ့အများကိန်းကိုထည့်မသုံးနဲ့ . .။
ငါ့တောင်တစ်ခါက (မဟန) မကောင်းကြောင်းကိုတဲ့ရေးလိုကတာကို(မဟန)
ကိုပြောရမလား(၃ပါး)နှင့်အထက်ဆိုရင် သံဃာမြောက်တယ်။ အလင်းရှင်သံဃာကိုဆော်ကားနေတာလားဆိုပြီး comment ရေးကြတယ်။
ငါကအခုလိုပြန်ပြောတယ် . ..
♥ပိဋကတ်သုံးပုံမှာ သံဃာရတနာလို့သာပါတယ် (မဟန)ရတနာမပါဘူး။
♥မဟနဆိုတာ ပိဋကတ်သုံးပုံထဲမှာမပါဘူး။ ပိဋကတ်သုံးပုံထဲမှာ ဗုဒ္ဓဓမ္မသံဃ
♥ပဲပါတယ်။ ငါပြောတာက သံဃကိုမပြောဘူး ငါ့ရဲ့ ပို့ပေါင်း တစ်ကျော်မှာ
♥သံဃာဆိုတဲ့ စကားနဲ့အပြစ်တင်တာတစ်လုံးတစ်ပါဒမှမပါဘူး။ ငါပြောတာက
♥(မဟန)အဖွဲ့ကိုပြောတာ သံဃအဖွဲ့ကိုပြောတာမဟုတ်ဘူး။ (မဟန)ဆိုတာ
♥သံဃာထုငါးသိန်းရဲ့စစ်မှန်တဲ့ထောက်ခံမှုနဲ့ဖွဲ့ထားတာမဟုတ်ဘူး။ နေ၀င်း
♥ရဲ့ အလိုကျဖွဲ့ထားတာ . . . .}
အဲလိုစသည်ဖြင့်ပြန်ရေးတော့မှ comment သမားတွေထွက်ပြေးသွားကြတယ်။
အခြားသံယောင်လိုက်တဲ့ comment သမားတွေက ငါ့ကိုတောင်းးပန်ကြတယ်။
ဒါ့ကြောင့် သံဃဆိုတဲ့အများကိန်းကိုမသုံးကြနဲ့ . .ဂိုဏ်းသင့်တက်တယ်။
ဂိုဏ်းနဲ့ရှင်လာရင် ဘုရားတောင် ပါလေယျတောကိုပြေးရသေးတယ်။
အေး .. ငါက စကားလုံးလှအောင် (ပြေး) ဆိုတဲ့စကားကိုသုံးတာကို အချို့
ကိုယ်တော်တွေက ဒီလိုမသုံးပါနဲ့ဆိုပြီး ငါ့ကို comment ရေးတယ်။
ငါကပြန်ပြောရတယ် . .
♥(စကားလုံးအတ္ထဗေဒစနစ်ကို အဲလောက်အထိမချုပ်ကိုင်ပါနဲ့ )လို့ မော်ဒန်ဆန်
ဆန်ပြန်ပြောလိုက်တော့မှ အဲဒီကိုယ်တော် စကားရှဲသွားတယ်။
ခက်တယ်။ ဒါ့ကြောင့် စာရေးကြတဲ့ တို့သူငှာတွေ ကုသိုလ်စိတ်နဲ့ကိုယ်ကရေး
ပေမယ့် ဖတ်တဲ့သူက အကုသိုလ်စိတ်နဲ့ဖတ်ရင် ရှင်းရလင်းရတာမသက်သာ
လှတဲ့အပြင် ကိုယ့်ကိုလည်း စာမရေးတက်ကောင်းရယ်လားလို့ ပျက်ရယ်ပြု
ခြင်းကိုခံရပါတယ်။
ကဲ .. ဒီလောက်ဆို အလင်းရှင်ရဲ့စေတနာကို သိလောက်ပါပြီနော်။
█ ░ အလင်းရှင် ░ █
ဖေ့ဘွတ်ပေါ်မှာ မြေမကောင်းရင်ခြေမပြောလက်မမကောင်းရင်လက်မပြော .. ။
ဥပမာ လက်ပတောင်းတောင်ဦးအာဝုဓ မကောင်းရင်သူ့ဘွဲ့နာမည်ထည့်ပြော
ရုံနဲ့လုံလောက်တယ်။သံဃာလို့အနောက်ကဖြစ်စေအရှေ့ကဖြစ်စေထည့်မပြောနဲ့။
တော်နေကြာ ထောက်ချင်တဲ့သူက(သံဃာ)ဆိုတာဗုဒ္ဓမြတ်စွာတစ်သာသနာလုံး
ကရဟန်းတွေကိုပြောတာလားဆိုပြီးမင်းကို တွယ်လိမ့်မယ်။
ဒါ့ကြောင့် ပုဂ္ဂလကိုသာသုံးသံဃဆိုတဲ့အများကိန်းကိုထည့်မသုံးနဲ့ . .။
ငါ့တောင်တစ်ခါက (မဟန) မကောင်းကြောင်းကိုတဲ့ရေးလိုကတာကို(မဟန)
ကိုပြောရမလား(၃ပါး)နှင့်အထက်ဆိုရင် သံဃာမြောက်တယ်။ အလင်းရှင်သံဃာကိုဆော်ကားနေတာလားဆိုပြီး comment ရေးကြတယ်။
ငါကအခုလိုပြန်ပြောတယ် . ..
♥ပိဋကတ်သုံးပုံမှာ သံဃာရတနာလို့သာပါတယ် (မဟန)ရတနာမပါဘူး။
♥မဟနဆိုတာ ပိဋကတ်သုံးပုံထဲမှာမပါဘူး။ ပိဋကတ်သုံးပုံထဲမှာ ဗုဒ္ဓဓမ္မသံဃ
♥ပဲပါတယ်။ ငါပြောတာက သံဃကိုမပြောဘူး ငါ့ရဲ့ ပို့ပေါင်း တစ်ကျော်မှာ
♥သံဃာဆိုတဲ့ စကားနဲ့အပြစ်တင်တာတစ်လုံးတစ်ပါဒမှမပါဘူး။ ငါပြောတာက
♥(မဟန)အဖွဲ့ကိုပြောတာ သံဃအဖွဲ့ကိုပြောတာမဟုတ်ဘူး။ (မဟန)ဆိုတာ
♥သံဃာထုငါးသိန်းရဲ့စစ်မှန်တဲ့ထောက်ခံမှုနဲ့ဖွဲ့ထားတာမဟုတ်ဘူး။ နေ၀င်း
♥ရဲ့ အလိုကျဖွဲ့ထားတာ . . . .}
အဲလိုစသည်ဖြင့်ပြန်ရေးတော့မှ comment သမားတွေထွက်ပြေးသွားကြတယ်။
အခြားသံယောင်လိုက်တဲ့ comment သမားတွေက ငါ့ကိုတောင်းးပန်ကြတယ်။
ဒါ့ကြောင့် သံဃဆိုတဲ့အများကိန်းကိုမသုံးကြနဲ့ . .ဂိုဏ်းသင့်တက်တယ်။
ဂိုဏ်းနဲ့ရှင်လာရင် ဘုရားတောင် ပါလေယျတောကိုပြေးရသေးတယ်။
အေး .. ငါက စကားလုံးလှအောင် (ပြေး) ဆိုတဲ့စကားကိုသုံးတာကို အချို့
ကိုယ်တော်တွေက ဒီလိုမသုံးပါနဲ့ဆိုပြီး ငါ့ကို comment ရေးတယ်။
ငါကပြန်ပြောရတယ် . .
♥(စကားလုံးအတ္ထဗေဒစနစ်ကို အဲလောက်အထိမချုပ်ကိုင်ပါနဲ့ )လို့ မော်ဒန်ဆန်
ဆန်ပြန်ပြောလိုက်တော့မှ အဲဒီကိုယ်တော် စကားရှဲသွားတယ်။
ခက်တယ်။ ဒါ့ကြောင့် စာရေးကြတဲ့ တို့သူငှာတွေ ကုသိုလ်စိတ်နဲ့ကိုယ်ကရေး
ပေမယ့် ဖတ်တဲ့သူက အကုသိုလ်စိတ်နဲ့ဖတ်ရင် ရှင်းရလင်းရတာမသက်သာ
လှတဲ့အပြင် ကိုယ့်ကိုလည်း စာမရေးတက်ကောင်းရယ်လားလို့ ပျက်ရယ်ပြု
ခြင်းကိုခံရပါတယ်။
ကဲ .. ဒီလောက်ဆို အလင်းရှင်ရဲ့စေတနာကို သိလောက်ပါပြီနော်။
█ ░ အလင်းရှင် ░ █

မုန်းလို့မဟုတ်ဘူး စိတ်နာတာ

Unknown | 10:52 PM | Be the first to comment! Unknown | 10:52 PM | Be the first to comment!
Unknown | 10:52 PM | Best Blogger Tips
မုန်းလို့မဟုတ်ဘူး စိတ်နာတာ
☀ ✂•••× ☀ ✂•••× ☀ ✂•••×✂•••× ☀ 
ဒီစာရင်းကတော့ မင်းတို့ငါတို့ပြည်သူတွေဖာသည်ဘ၀ကိန်းကိုရောက်
စေမယ့် ကျွေးစာရင်းပဲ။ စစ်ခွေးတွေ ကမ္ဘာပတ်ပြီး တို့ပြည်သူတွေကို
ဖာခံစားရအောင် ယူထားတဲ့ငွေတွေလေ  . .
အသည်းနာတယ်။ ဒါတွေသိလေ ဒီစစ်ခွေးတွေကို ၀ါးစိမ်းနဲ့မသေမရှင်
ရိုက်သတ်ချင်တယ်။ 
ဒါ့ကြောင့် ငါ့ရဲ့ ဖရင့်တွေထဲမှာ စစ်ခွေးနဲ့ခရိုနီလောဘီအယောင်ဆောင်
သခင်တွေ  . . မျိုးချစ်တွေဆိုရင် ဘလော့ပစ်တာပါ။ မုန်းလို့မဟုတ်ဘူး
ပြည်သူအတွက်စိတ်နာလွန်းလို့  .. ။
█ ░ အလင်းရှင် ░ █
ဒီစာရင်းကတော့ မင်းတို့ငါတို့ပြည်သူတွေဖာသည်ဘ၀ကိန်းကိုရောက်
စေမယ့် ကျွေးစာရင်းပဲ။ စစ်ခွေးတွေ ကမ္ဘာပတ်ပြီး တို့ပြည်သူတွေကို
ဖာခံစားရအောင် ယူထားတဲ့ငွေတွေလေ . .
အသည်းနာတယ်။ ဒါတွေသိလေ ဒီစစ်ခွေးတွေကို ၀ါးစိမ်းနဲ့မသေမရှင်
ရိုက်သတ်ချင်တယ်။
ဒါ့ကြောင့် ငါ့ရဲ့ ဖရင့်တွေထဲမှာ စစ်ခွေးနဲ့ခရိုနီလောဘီအယောင်ဆောင်
သခင်တွေ . . မျိုးချစ်တွေဆိုရင် ဘလော့ပစ်တာပါ။ မုန်းလို့မဟုတ်ဘူး
ပြည်သူအတွက်စိတ်နာလွန်းလို့ .. ။
█ ░ အလင်းရှင် ░ █

Unknown | 10:26 PM | Be the first to comment! Unknown | 10:26 PM | Be the first to comment!
Unknown | 10:26 PM | Best Blogger Tips

အသည်းကွဲသေဆုံး ၀န်ထမ်းများနှင့် မသက်ဆိုင်ဟု ရဲစခန်းမှူး ငြင်းဆို

21 March 2014 10:03(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)

မူးယစ်ရမ်းကား၍ အချုပ်ခန်းတွင်း ထိန်းသိမ်းခံထားရသူ ရိုက်နှက်ခံဒဏ်ရာများနှင့် အသည်းကွဲသေဆုံး တာဝန်ကျဝန်ထမ်းများနှင့် မသက်ဆိုင်ဟု ရဲစခန်းမှူး ငြင်းဆို
ရန်ကုန်၊ မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်ရှိ မြို့မရဲစခန်း အချုပ်ခန်းအတွင်း မတ် ၉ ရက်က အချုပ်သား
တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပြီး ယင်းသို့ သေဆုံးမှုမှာ ရဲစခန်း တာဝန်ကျ ၀န်ထမ်းများနှင့် မသက်ဆိုင်
ကြောင်း မြို့မ ရဲစခန်းမှ ဒုရဲမှူး ဦးသက်စိုးက မတ် ၁၃ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

သေဆုံးသွားသူ အချုပ်သား ဦးဖိုးဇော် (အသက် ၄၁ နှစ်)မှာ မတ် ၈ ရက် ညနေပိုင်း ၅း၃၀ အချိန်ခန့်က ၎င်း၏ နေအိမ်၌ အရက်မူးယစ်ကာ မိသားစုများအား ဆဲဆိုခဲ့သောကြောင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်စံပယ်က ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဇော်မင်းထိုက်အား ထိန်းသိမ်းပေးပါရန်အတွက် ညနေ ၆နာရီခန့်က သွားရောက် တိုင်ကြားခဲ့သည်။ ဦးဇော်မင်းထိုက်က ဦးဖိုးဇော်(သေဆုံးသူ)အား ညနေ ၆ နာရီ ကျော်ခန့်တွင် ခရမ်းမြို့နယ် မြို့မရဲစခန်းသို့ သွားရောက် အပ်နှံခဲ့သည်။

ယင်းသို့ အပ်နှံခဲ့ပြီး မတ် ၉ ရက် နံနက် ၉ နာရီကျော်ခန့်တွင် ကိုဖိုးဇော် သေဆုံးသွားပြီဖြစ်ကြောင်း ခရမ်းမြို့နယ် ရဲစခန်း တာဝန်ရှိသူများက မိမိထံ ဆက်သွယ်ခဲ့သည်ဟု ဦးဇော်မင်းထိုက်က ပြောသည်။

““ကျွန်တော်ကိုယ်တိုင် သူ့ကို မတ် ၈ ရက် ညနေ ၆ နာရီလောက်က စခန်းကို လိုက်ပို့ခဲ့တာ။ သူ့ဆီမှာ ဘာဒဏ်ရာမှ မရှိဘူး။ သူသေ တယ်ဆိုတာ မတ် ၉ ရက် မနက် ၉ နာရီခွဲ လောက်မှ စခန်းက ဖုန်းဆက်လို့ သိရတာပါ””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းသို့ ဦးဖိုးဇော် သေဆုံးမှုနှင့် ပတ်သက်၍လည်း ရဲစခန်း တာဝန်ရှိသူများနှင့် ဦးဇော်မင်းထိုက်တို့ကလည်း ကာယကံရှင်၏ မိသားစုဝင်များအား ဆက်သွယ်ခဲ့ခြင်းလည်း မရှိပေ။

““ကျွန်မယောက်ျား ကိုဖိုးဇော်က အရင်ကလည်း အရက်သောက်လို့ မူးလာရင် မိသားစုကို ဆူပူကြိမ်းမောင်း တာတွေ လုပ်တယ်။ အဲဒီနေ့က အိမ်မှာရွာက မောင်တွေ ရောက်နေတော့ ပြဿနာတစ်စုံ တစ်ရာ မဖြစ်အောင် မတ် ၈ ရက် ညနေ ၅နာရီခွဲလောက်မှာ အမှတ် (၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်ကို အပ်လိုက် တယ်။ နောက်နေ့ နံနက် ၉ နာရီခွဲ အချိန်လောက် ရောက်တော့မှ ကျွန်မ ယောက်ျား သေပြီလို့ ရဲစခန်းနားက ဆိုင်ကယ် အငှားလိုက်တဲ့ မောင်လေးက လာပြောတယ်။ မိသားစုတွေ ဆေးရုံကို လိုက်သွားတဲ့ အချိန်မှာ ရင်ခွဲပြီးသွားပြီ။ ရင်ခွဲရုံကို ကျွန်မ အမျိုးတွေ တစ်ယောက်မှ ၀င်ခွင့် မရခဲ့ဘူး”” ဟု သေဆုံးသူ ကိုဖိုးဇော်၏ ဇနီးဖြစ်သူ ဒေါ်စံပယ်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

မြန်မာသံတော်ဆင့်မှ ရရှိသည့် ဓာတ်ပုံမှတ်တမ်းများအရ သေဆုံးသူ ကိုဖိုးဇော်၏ မျက်နှာနှင့်
 ကျောပြင်တို့တွင် ညိုမည်းစွဲနေသည့် ဒဏ်ရာများ ရှိနေပြီး နှာခေါင်းတွင်လည်း သွေးများ ထွက်နေသည်ကို တွေ့ရှိခဲ့ရသည်။

ကိုဖိုးဇော် သေဆုံးမှုနှင့် ပတ်သက်၍ ခရမ်းမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစောသူရိန်အား
မြန်မာသံတော်ဆင့်မှ သွားရောက် မေးမြန်းခဲ့ရာ၌ ““ရဲစခန်းက လာပို့တဲ့ အချိန်မှာ ကိုဖိုးဇော်က
သေနေပြီ။ သေမှရောက်လာတာ။ အထောက်အထားတွေ အကုန်ရှိတယ်။ အဓိက အကြောင်းရင်းက အသည်းမှာ ထိခိုက် ဒဏ်ရာရတာ၊ အသည်းကွဲသွားတာပါ။ ပြင်းထန်တဲ့ ကန်ချက်ကြောင့်ပါ။ ဒီကိစ္စက လူသေမှု မဟုတ်ပါဘူး။ လူသတ်မှုပါ”” ဟု ပြောသည်။

ကိုဖိုးဇော် သေဆုံးမှုနှင့် မိသားစုဝင်များအား အကြောင်းမကြားခဲ့မှုများနှင့် ပတ်သက်ပြီး ခရမ်းမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ဦးသက်စိုးက ““အချုပ်ထဲမှာ သေသွားတာ မဟုတ်ဘူး။ ဆေးရုံမှာ သေတာ။ သူ့ကျန်းမာရေးကို စစ်ဖို့ မတ် ၉ ရက် ၈း၁၅ လောက်က ဆေးရုံတင်ခဲ့တာပါ။ အခု သေမှုသေခင်း ဖွင့်ထားတယ်။ သူသေတာကို မိသားစုကို အကြောင်းကြားဖို့ မလိုဘူးလေ။ လုပ်ထုံးလုပ်နည်း အတိုင်းပဲ လုပ်တာ။ အရင်ကလည်း ဒီလိုပဲ လုပ်ခဲ့တာ””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

““ဒီလို ပြည်သူတွေရဲ့အသက်၊ အိုးအိမ်ကို ကာကွယ်ပေးပါတယ် ဆိုတဲ့ ရဲဝန်ထမ်းတွေရဲ့ ဥပဒေမဲ့ လုပ်ရပ် တွေကို ဖော်ထုတ်နိုင်အောင် ရှေ့နေတွေနဲ့ ညှိနှိုင်းပြီး ဥပဒေအရ လုပ်ဆောင်သွားမယ်”” ဟု ခရမ်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ဦးမြင့်လှိုင်က ပြောသည်။

ဥပဒေပညာရှင်တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးဝင်းရွှေ က ““ရဲစခန်းမှာ ရောက်သွားပြီ ဆိုရင် သူ့ရဲ့ကိစ္စအ၀၀ကို သက်ဆိုင်ရာ အချုပ်ခန်း တာဝန်ရှိတဲ့ လူတွေက တာဝန်ယူရမှာပါ။ ဘာပဲဖြစ်ဖြစ် အချုပ်သား တစ်ယောက် ရိုက်နှက်လို့ သေတယ်ဆိုရင် အချုပ်ခန်းစောင့် ၀န်ထမ်းမှာ တာဝန်ရှိတယ်။ ဆရာဝန်ရဲ့ ဆေးစာ ကလည်း ငြင်းလို့ မရဘူးလေ။ ရိုက်နှက်လို့ သေသွားခဲ့ရင် ၃၀၂ လူသတ်မှုနဲ့ အရေးယူလို့ရတယ်””ဟု မြန်မာသံတော်ဆင့်သို့ မှတ်ချက်ပြု ပြောကြားသည်။

ကျော်စိုးဦး
Myanmartandawsint Newspaper


█ ░ အလင်းရှင် ░ █



မလေးရှား လေယာဉ်ပျောက်ဆုံးမှုအတွက် အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး ဖြစ်နိုင်ခြေ

Unknown | 1:23 PM | Be the first to comment! Unknown | 1:23 PM | Be the first to comment!
Unknown | 1:23 PM | Best Blogger Tips
ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး၊ စုစုပေါင်း လူ ၂၃၉ ဦးကို တင်ဆောင်သွားသော မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်ကြီး ပျောက်ဆုံးနေသည်မှာ ဆယ်ရက်ကျော် ကြာမြင့်လာပြီးသည့် နောက်တွင် စုံစမ်းသိရှိရသော အချက်အလက်များပေါ် မူတည်၍ ဖြစ်နိုင်ခြေ ရှိသည့် သီအိုရီများ အများအပြား ပေါ်ပေါက်လာခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ မူလ အယူအဆ ဖြစ်သည့် စက်ချို့ယွင်းမှု တစ်ခုခုကြောင့် သမုဒ္ဒရာ အတွင်းသို့ ပျက်ကျသွားခြင်း သို့မဟုတ် လေထဲတွင် ပေါက်ကွဲသွားခြင်း ဖြစ်မည်ဟူသော အယူအဆမှာ မှေးမှိန်သွားပြီး အသေးစိတ် ကြိုတင် ကြံစည်ထားသည့် ပြန်ပေးဆွဲမှု၊ အကြမ်းဖက်မှု၊ လေယာဉ်ခိုးယူမှုကြီး တစ်ခုဖြစ်မည်ဟူသော သီအိုရီများမှာ ပိုမို အားကောင်းလာခဲ့သည်။

ထိုသီအိုရီများအရ လေယာဉ် ပြန်ပေးဆွဲမှု သို့မဟုတ် အကြမ်းဖက်မှု သို့မဟုတ် ခိုးယူမှုကို ကျူးလွန်သူများသည် လေယာဉ် အကြောင်းကို ကောင်းစွာသိသူ၊ ကျွမ်းကျင်သူ ဖြစ်မည်ဟု ကောက်ချက် ချရမည် ဖြစ်သဖြင့် တာဝန်ရှိသူများက MH 370 လေယာဉ်ကို တာဝန်ယူ မောင်းနှင်သွားသည့် လေယာဉ်မှူး နှစ်ဦး၏ နောက်ကြောင်း ရာဇဝင်နှင့် ၎င်းတို့၏ အိမ်များကို စုံစမ်းရှာဖွေခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည်များ၏ နောက်ကြောင်းကိုလည်း စုံစမ်း စစ်ဆေးခဲ့ကြသည်။

ထိုကဲ့သို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိ အချိန်အထိ လေယာဉ်မှူး နှစ်ဦးနှင့် ခရီးသည်များ၏ နောက်ကြောင်း ရာဇဝင်နှင့် ပတ်သက်ပြီး တိကျခိုင်မာသော မသင်္ကာစရာ အချက်အလက် တစ်ခုတလေမျှ ရှာဖွေ တွေ့ရှိရသေးခြင်း မရှိသဖြင့် လေယာဉ် ပျောက်ဆုံးမှုကို စုံစမ်းစစ်ဆေးသူများနှင့် လေ့လာ သုံးသပ်သူများ အတွေးလွန်နေပြီလားဟု စဉ်းစားစရာ ဖြစ်လာခဲ့သည်။

ထိုအချိန်တွင် လုပ်ငန်းအတွေ့ အကြုံအနှစ် ၂၀ ရှိ လေယာဉ်မှူးဟောင်း တစ်ဦးဖြစ်သည့် ခရစ္စဂွတ်ဖဲလိုးဆိုသူက မလေးရှား လေယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး သူ့လုပ်ငန်း အတွေ့အကြုံပေါ် အခြေခံထားသည့် ကိုယ်ပိုင်သီအိုရီ တစ်ရပ်ကို တင်ပြလာခဲ့ကာ သူ၏သီအိုရီမှာ လက်ရှိ စုံစမ်းသိရှိထားရသမျှ အချက်အလက်များနှင့် ကိုက်ညီလျက် ရှိသလို ယုတ္တိအရှိဆုံး အယူအဆ တစ်ရပ်လည်း ဖြစ်နေသဖြင့် နိုင်ငံတကာ သတင်းမီဒီယာများက သူ၏သီအိုရီကို အရေးတယူ ဖော်ပြခဲ့ကြသည်။

လေယာဉ်မှူးဟောင်း ခရစ္စဂွတ် ဖဲလိုး၏သီအိုရီကို အကျဉ်းချုံးဖော်ပြရလျှင် -
မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ် သမုဒ္ဒရာကို ဖြတ်၍ပျံသန်းနေစဉ် တွဲဖက်လေယာဉ်မှူးက မလေးရှား လေကြောင်း ထိန်းချုပ်ရေးစခန်းသို့ နောက်ဆုံး နှုတ်ဆက်စကား ပြောကြားပြီး မကြာမီမှာပင် ချို့ယွင်းမှု တစ်ခုကြောင့် လေယာဉ်တက်သည့် အချိန်က လေယာဉ် ရှေ့ဘီးတာယာ လောင်ကျွမ်းပြီး ထွက်ပေါ်လာခြင်း ဖြစ်နိုင်ဖွယ်ရှိသော မီးခိုးများသည် လေယာဉ်မှူး အခန်းထဲသို့ စတင် ဝင်ရောက်လာခဲ့သည်။

ထို့ကြောင့် လေယာဉ်မှူးသည် ၎င်းလေ့ကျင့် သင်ကြားထားသည့်အတိုင်း လေယာဉ်ကို အနီးဆုံး လေဆိပ်တစ်ခုသို့ ဆင်းသက်နိုင်ရန်အတွက် လေယာဉ်ကို လမ်းကြောင်း ပြောင်းခဲ့သည်။

အသင့်လျော်ဆုံးနှင့် အနီးဆုံး လေဆိပ်မှာ ပူလောလန်ကာဝီ လေဆိပ် ဖြစ်ပြီး ထိုလေဆိပ်တွင် ပေ ၁၃၀၀၀ ရှည်လျားသော လေယာဉ် ပြေးလမ်းလည်း ရှိသည်။ လေယာဉ်မှူးသည် လေယာဉ်၏ ကွန်ပျူတာစနစ်တွင် လေယာဉ် ပျံသန်းမည့် လမ်းကြောင်းကို ပြောင်းလဲ ထည့်သွင်းလိုက်သဖြင့် အလိုအလျောက် မောင်းစက်သည် လေယာဉ်ကို အနောက်ဘက်သို့ ကွေ့စေပြီး လေယာဉ် ပြေးလမ်းရှိရာ လမ်းကြောင်းအတိုင်း ပျံသန်းစေခဲ့သည်။ (ရေဒါ အချက်အလက်များအရ လေယာဉ်သည် အမှန်တကယ် ထိုလမ်းကြောင်းအတိုင်း ပျံသန်းသွားခဲ့သည်)
ထို့နောက် လေယာဉ်မှူးနှင့် တွဲဖက် လေယာဉ်မှူးတို့သည် မီးခိုးနှင့် မီးတောက်များ ထွက်ပေါ်ရာနေရာနှင့် အကြောင်းအရင်းကို ရှာဖွေရန် ကြိုးစားရင်း အကြောင်းအရင်းကို ခွဲခွဲခြားခြား သိနိုင်ရန်အတွက် လျှပ်စစ်ဓာတ်ရှိသည့် ကိရိယာများကို ပိတ်ပစ်လိုက်ကြသည်။ ထိုကဲ့သို့ ပိတ်ပစ်သည့် အထဲတွင် မြေပြင်စခန်းသို့ သတင်းအချက်အလက်ပို့ ကိရိယာနှင့် စနစ်တို့လည်း ပါဝင်သည်။ (သို့သော် လေယာဉ်ကို ထိန်းကျောင်း ပျံသန်းနေသည့် အလိုအလျောက် မောင်းနှင်စက်ကိုတော့ ပိတ်မည် မဟုတ်ချေ)။ လေယာဉ်မှူး နှစ်ဦးသည် လေယာဉ်တွင် ပြဿနာ တစ်စုံတစ်ရာ ရှိနေကြောင်း မြေပြင်စခန်းသို့ သတင်းပို့ရန် ပထမဆုံး ကြိုးစားမည် မဟုတ်ချေ။ အဘယ်ကြောင့် ဆိုသော် လေထဲတွင် အရေးပေါ် အခြေအနေ ကြုံတွေ့ရပါ က လေယာဉ်မှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်မှာ (၁) ဆက်လက် ပျံသန်းနိုင်ရန် ကြိုးစားပါ၊ (၂) ပျံသန်းမည့် လမ်းကြောင်း သတ်မှတ်ပါ။ (၃) ဆက်သွယ်ပါ ဟူ၍ ဖြစ်သောကြောင့် ဆက်သွယ်ရန်မှာ နောက်ဆုံး အဆင့် ဖြစ်နေသောကြောင့် ဖြစ်သည်။ သို့ရာတွင် မီးခိုးများမှာ အချိန် အနည်းငယ်အတွင်း လေယာဉ်မှူး အခန်းထဲတွင် ပြည့်လာပြီး (လေယာဉ်ဘီးတာယာ မီးလောင်မှုက ထိုကဲ့သို့ အမှန်တကယ် ဖြစ်စေနိုင်သည်) လေယာဉ်မှူး နှစ်ဦးမှာ သတိလစ်သွားခဲ့သည် သို့မဟုတ် သေဆုံးသွားခဲ့သည်။

မီးခိုးများသည် လေယာဉ် နောက်ခန်းဆီထိ ရောက်ရှိသွားပြီး ခရီးသည်များနှင့် လေယာဉ် ဝန်ထမ်းများပါ မီးခိုးဒဏ်ကို ခံစားလိုက်ကြရသည် သို့မဟုတ် လေယာဉ်မှူး အခန်းတံခါးသည် သော့ပိတ်ထားသဖြင့် မည်သူမျှ လေယာဉ်မှူး အခန်းထဲသို့ ဝင်ရောက်ပြီး လေယာဉ်၏ အခြေအနေကို ကြည့်ရှုကာ လေယာဉ်ကို မြေပြင်ပေါ်သို့ ကောင်းကောင်းမွန်မွန် ဆင်းသက်နိုင်ရန်အတွက် ကြိုးစား အားထုတ်နိုင်ခြင်း မရှိတော့ချေ။ (တစ်စုံတစ်ဦးက လေယာဉ်မှူး အခန်းထဲသို့ ရောက်သွားခဲ့ပြီး လေယာဉ်မှူးများ သတိလစ်နေသည်ကို တွေ့လျှင်သော်မှ လေယာဉ်၏ လျှပ်စစ်စနစ် အများစုမှာ ပိတ်ထားပြီးသား သို့မဟုတ် ပျက်စီးနေပြီးသား ဖြစ်သဖြင့် လက်တွေ့တွင် လေယာဉ်ကို အောင်အောင်မြင်မြင် ဆင်းသက်နိုင်ရေး ကြိုးစားရန်မှာ လွယ်ကူသော အလုပ်မဟုတ်ချေ)

လေယာဉ်ကို ဆင်းသက်ရန်အတွက် အလိုအလျောက် မောင်းနှင်စက်ကို ညွှန်ကြားမည့်သူ တစ်ဦးတစ်ယောက်မျှ သတိရလာခြင်း မရှိသဖြင့် လေယာဉ်သည် ၎င်း၏ ကွန်ပျူတာစနစ်ထဲ ထည့်သွင်းထားသည့် လမ်းကြောင်းအတိုင်း ပူလောလန်ကာဝီကို အပေါ်မှ ဖြတ်ကာ အိန္ဒိယ သမုဒ္ဒရာဘက်သို့ ပျံသန်းသွားခဲ့သည်။ လေယာဉ် အင်ဂျင်၏ ပျံသန်းမှု သတင်းပို့စနစ်မှာမူ ဂြိုဟ်တုသို့ အချက်အလက်များ အလိုအလျောက် ဆက်လက် ပေးပို့နေခဲ့သည်။ အထက်ပါအတိုင်း ဖြစ်ပွားပြီး ၆ နာရီ သို့မဟုတ် ၇ နာရီခန့် ကြာမြင့်ပြီးသည့် နောက်တွင်မူ လေယာဉ်သည် ဆီကုန်သွားပြီး ပျက်ကျ သွားတော့သည်ဟူ၍ ဖြစ်သည်။

ခရစ္စဂွတ်ဖဲလိုး၏ သီအိုရီမှာ လေယာဉ်ပျံသန်းမည့် လမ်းကြောင်းကို တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲလိုက်ခြင်း၊ အဆက်အသွယ် ပြတ်တောက် သွားပြီးနောက် လေယာဉ်မှာ ၇ နာရီခန့် ဆက်လက် ပျံသန်းနေခဲ့သေးခြင်း စသည့် လက်ရှိ စုံစမ်းသိရှိထားရသည့် အချက်အလက်များနှင့် ကိုက်ညီလျက် ရှိသလို စိတ်ကူးယဉ်ဆန်သော ကြိုတင် ကြံစည်မှုများ၊ အဖြစ်အပျက်များလည်း မပါမဝင်သဖြင့် လတ်တလောတွင် နိုင်ငံတကာ သတင်းမီဒီယာများကရော၊ လေ့လာသုံးသပ်သူ များကပါ အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး သီအိုရီတစ်ခုအဖြစ် သတ်မှတ်လျက် ရှိကြသည်။

ကိုးကား - Business Insider၊ Time
The Voice Weekly

အလင်းရှင်

ကမ္ဘာမကြေသီချင်းကိုအရင်ထူပေးပါ

Unknown | 1:18 PM | Be the first to comment! Unknown | 1:18 PM | Be the first to comment!
Unknown | 1:18 PM | Best Blogger Tips
ကမ္ဘာမကြေသီချင်းကိုအရင်ထူပေးပါ
❝ ❞ ❝ ❞  ❝ ❞  ❝ ❞  
အိမ်  .. 
ငါ့အိမ်တော့  ..  ငါ့အိမ်ပဲ . . ။
ဒါပေမေယ့် ဒိုဇာနဲ့အထိုးခံလိုက်ရတယ် . . . ။

လယ် . . 
ငါ့လယ်တော့  . . ငါ့ရဲ့ဖိုးဖွားပိုင်လယ်မြေပါပဲ . . ။
ဒါပေမယ့် တရုတ်ကြီးကသိမ်းသွားတယ် . . ။

ဘယ်မှာလဲကွ  ..  မင်းတို့ဆိုနေတဲ့
နိုင်ငံတော်သီချင်းစာသားတွေက  . .  မုသားသီချင်းကြီးပါလား။
(ဒါတို့ပြည်  ..  ဒါတို့မြေ  .. တို့ပိုင်တဲ့ ပြည်)
ဟင်  . . 
တစ်လုံးမှလည်းမမှန်ပါလား ?
ကဲ  ..  ဒီလိုမှမှန်တာမဟုတ်လား ?
(ဒါတို့ပြည် . .  ဒါတို့မြေ  ..  တရုတ်ပိုင်တဲ့ ပြည်)
(ဒါတို့ပြည်  ..  ဒါတို့မြေ  ..  ဦးပိုင်ခရိုနီတို့ပြည်)
အေးကွာ . . ။
ပညာရေးစနစ်ထက် ဒီကမ္ဘာမကြေသီချင်းကို အရင်ပြင်ရမှာပါကွာ။
█ ░ အလင်းရှင် ░ █

 အိမ် ..
ငါ့အိမ်တော့ .. ငါ့အိမ်ပဲ . . ။
ဒါပေမေယ့် ဒိုဇာနဲ့အထိုးခံလိုက်ရတယ် . . . ။
လယ် . .
ငါ့လယ်တော့ . . ငါ့ရဲ့ဖိုးဖွားပိုင်လယ်မြေပါပဲ . . ။
ဒါပေမယ့် တရုတ်ကြီးကသိမ်းသွားတယ် . . ။
ဘယ်မှာလဲကွ .. မင်းတို့ဆိုနေတဲ့
နိုင်ငံတော်သီချင်းစာသားတွေက . . မုသားသီချင်းကြီးပါလား။
(ဒါတို့ပြည် .. ဒါတို့မြေ .. တို့ပိုင်တဲ့ ပြည်)
ဟင် . .
တစ်လုံးမှလည်းမမှန်ပါလား ?
ကဲ .. ဒီလိုမှမှန်တာမဟုတ်လား ?
(ဒါတို့ပြည် . . ဒါတို့မြေ .. တရုတ်ပိုင်တဲ့ ပြည်)
(ဒါတို့ပြည် .. ဒါတို့မြေ .. ဦးပိုင်ခရိုနီတို့ပြည်)
အေးကွာ . . ။
ပညာရေးစနစ်ထက် ဒီကမ္ဘာမကြေသီချင်းကို အရင်ပြင်ရမှာပါကွာ။
█ ░ အလင်းရှင် ░ █

လယ်တီသိမ်တော့ မပျက်သေးဘူး လေယဉ်ပျံတော့ ပျက်ပြီ

Unknown | 1:06 PM | Be the first to comment! Unknown | 1:06 PM | Be the first to comment!
Unknown | 1:06 PM | Best Blogger Tips
◄ကင်ဘာရာ၊ မတ် ၂၀►
အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် MH 370 လေယာဉ် အပိုင်းအစများကို
ရှာဖွေနေသောသြဇီတော်ဝင်လေတပ်မှ P3လေယာဉ်သည် မိုးသည်းထန်
စွာရွာခြင်းနှင့် တိမ်ထူထပ်ခြင်းတို့ကြောင့် ဂြိုဟ်တုမှ ဖော်ပြသော အပျက်
အစီးများကို ရှာဖွေရန် အခက်အခဲ ရှိနေကြောင်း သိရသည်။

ရှာဖွေမှုများကိုမူ ဆက်လက်လုပ်ဆောင်နေမည် ဖြစ်သည်။

လွန်ခဲ့သော မိနစ် ၂ဝခန့်တွင် မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးက
လည်းဂြိုဟ်တုမှတဆင့် တွေ့ရှိရသော အပျက် အစီးများမှာ MH 370 မှ
ဟု ယုံကြည်ရကြောင်း ပြောကြားလိုက်သည်။

လေယာဉ်ပျက်ရှာဖွေရေးလုပ်ငန်းကို ယခုအခါ သြစတြေးလျ၊ နယူဇီလန်နှင့်
အမေရိကန်ရေတပ်များမှ ပူးပေါင်းလုပ်ဆောင်နေပြီ ဖြစ်ကြောင်း မလေးရှား
အာဏာပိုင်များက ပြောကြားသည်။
LYT
Popular Myanmar News Journal


အလင်းရှင်

Twitter Bird Gadget