.

Monday, March 10, 2014

ကိုယ့်လက်ပူမှ . . ပူုမှန်းသိသော တရုတ်အစိုးရ

Unknown | 7:09 PM | Be the first to comment! Unknown | 7:09 PM | Be the first to comment!
Unknown | 7:09 PM | Best Blogger Tips
ကိုယ့်လက်ပူမှ . . ပူုမှန်းသိသော တရုတ်အစိုးရ
☀ ✂•••× ☀ ✂•••× ☀ ✂•••×✂•••× ☀ 
ကွာလာလမ်ပူနဲ့တရုတ်နိုင်ငံ ဘေဂျင်းသွားလေယဉ်ပျက်ကြတာကို တရုတ်အစိုးရမှ 
မလေးရှားအစိုးရကို ̏ ပိုမိုအားစိုက်ရှာရန် ˝ ဆော်သြပြောဆိုလိုက်သည်။ဆိုတဲ့ သတင်းကိုကြားရလို့အလင်းရှင်ပြုံးမိပါသည်။ 
လက်ပံတောင်းတောင်မှ အလင်းရှင်တို့သံဃာတော်တွေကို တရုတ်လုပ်မီးလောင်ဗုံး
နဲ့ပစ်သတ်ခံရတုန်းက တရုတ်အစိုးရသည် (ဘာသံမှမထွက်) ရေမငုံပဲ ကြေးတွေငုံ
ကာနှုတ်ဆိတ်ခဲ့သည်။ ဗုံးထိသံဃာတော်တွေခမျာမှာတော့ အတိဒုက္ခရောက်ခဲ့ရတယ်။
ဟော . .  အခု ၀ဋ်လည်ပြီ . .သူတို့တရုတ်လူမျိုးတွေလေယဉ်ပျံပျက်ကြသေတော့မှ
မလေးအစိုးရကို ̏ ဘာသောညာသောနဲ့˝ (အသံထွက်)သည်။
သြော်  ..  လူ့အန္ဓတွေသည် ကိုယ့်လက်ပူမှ ပူမှန်းသိကြပါတော့သည်တကား . . ။
သဗ္ဗဒါနံဓမ္မဒါနံဇိနာတိ။တရားအလှူသည်အမြတ်ဆုံး၊ထိုအလှူကိုမင်းတို့အားပေးလှူပါတယ် 
█ ░ အလင်းရှင် ░ █

သက်တော်(၄၀)နှစ်ပြည့် ဒဿနများ(၀၀၀၈)

Unknown | 7:01 PM | Be the first to comment! Unknown | 7:01 PM | Be the first to comment!
Unknown | 7:01 PM | Best Blogger Tips
သက်တော်(၄၀)နှစ်ပြည့်
☀ ☀ ☀ ☀ ☀ ဒဿနများ(၀၀၀၈)
 ̏ သူပုတ်တိုင်း ကိုယ်မလှုပ်နဲ့˝
◄►✂•••× ✂•••× ◄►✂•••×✂•••×◄►
လူ့ဘ၀ဆိုတာ ထိတ်ပိတ်နောက်ပိတ် ပတ်လေးလည်ပိတ်လှောင်ထားတဲ့ ကန့်
ကွက်ဘောင်တစ်ခုထဲမှာနေရာတာမျိုးပါ။ သတ်မှတ်ချက် သက်တမ်းလေးအတွင်း
မှာ ဘူဇွာလုပ်နေတာပါ။ နာမ်ဇီဝိတပျောက်ရင် ဒီရုပ်ကြီးဘာမှသုံးမရတော့ဘူး။
သတ်မှတ်ချက်အချိန်တိုလေးအတွင်းမှာ စားဝတ်နေရေးအတွက် မလုပ်မဖြစ်လုပ်
ကြရတယ်။ အကြမ်းအားဖြင့်ပြောရရင် လောကဓံဆိုတာ အဲဒီကစတော့တာပဲ။
ဒီတော့က . .. 
ကိုယ်မုဆိုးဘ၀ရောက်လည်း မကြမ်းတမ်းမိစေနဲ့ . . 
သားကောင်ဘ၀ရောက်လို့လည်း မသိမ်ငယ်နေနဲ့၊။
အားလုံးဟာ  ..  အနတ္တချည်းပါပဲ။

လယ်တီသိမ်ဘာသတင်းများ ထူးခြားပါသတုန်း

Unknown | 10:02 AM | Be the first to comment! Unknown | 10:02 AM | Be the first to comment!
Unknown | 10:02 AM | Best Blogger Tips
Photo: လယ်တီသိမ်ဘာသတင်းများ ထူးခြားပါသတုန်း
ရင်ထိတ်စွာနဲ့ နားစွင့်နေပါတယ်။
ဘုရားရှင်တောင်ပရိနိဗ္ဗာန်ပြုရသေးသည်မို့
လယ်တီစေတီတော်နဲ့သိမ်တော်လည်း 
တရုတ်သတ်လို့ပရိနိဗ္ဗာန်ပြုရဦးတော့မယ်နဲ့တူတယ်။
◄►✂•••× ✂•••× ◄►✂•••×✂•••×◄►✂•••×✂•••×◄►
█ ░ အလင်းရှင် ░
လယ်တီသိမ်ဘာသတင်းများ ထူးခြားပါသတုန်း
ရင်ထိတ်စွာနဲ့ နားစွင့်နေပါတယ်။
ဘုရားရှင်တောင်ပရိနိဗ္ဗာန်ပြုရသေးသည်မို့
လယ်တီစေတီတော်နဲ့သိမ်တော်လည်း
တရုတ်သတ်လို့ပရိနိဗ္ဗာန်ပြုရဦးတော့မယ်နဲ့တူတယ်။
◄►✂•••× ✂•••× ◄►✂•••×✂•••×◄►✂•••×✂•••×◄►
█ ░ အလင်းရှင် ░

မုဆိုးဖြစ်လိုက် . . . သားကောင်ဖြစ်လိုက်

Unknown | 9:58 AM | Be the first to comment! Unknown | 9:58 AM | Be the first to comment!
Unknown | 9:58 AM | Best Blogger Tips
Photo: မုဆိုးဖြစ်လိုက် . . . သားကောင်ဖြစ်လိုက်
☀ ✂•••× ☀ ✂•••× ☀ ✂•••×✂•••× ☀ 
အနတ္တကိုမြင်လျှင် လူ့ဘ၀ဟာနေလို့ထိုင်လို့အတော်ကောင်းတယ်။ အနတ္တကိုမမြင်သရွေ့
တော့ ̏ ခက်ပြီ˝ ကြည့်စမ်း ၊ သတ္တလောကတစ်ခုလုံးဟာ ̏ ဘတစ်ပြန်ကျားတစ်ပြန်˝ ပဲမ
ဟုတ်လား ။ ရေမုဆိုးသားရဲကြီးတစ်ကောင်ဟာ ရံခါမှာ စပါးကြီးမြွေရဲ့သားကောင်ဖြစ်သွား
တယ်။ ဒါလေးတွေကို အမှုမဲ့အမှတ်မဲ့မတွေးနဲ့။ တို့တွေရဲ့ မျက်မှောက်ခေတ်လောကကို
ပြန်ကြည်ရင်လည်း ဒီအတိုင်းပဲလေ။
တစ်ချိန်က လက်ဖြောင့်တစ်ချက်တီးရင် မြန်မာပြည်ကြီးတုန်ဟီးသွားစေတဲ့ ဦးနေ၀င်းကြီး
ဟာ စစ်မုဆိုးကြီးပဲမဟုတ်လား? တကယ့်ရဲဘော်သုံးကျိပ်ဝင် စစ်မုဆိုးကြီးနော် ။ သူ့သမီး
စန္ဒာဝင်းဆိုတာ လျှမ်းလျှမ်းတောက်ပေါ့။ ဗိုလ်ချုပ်တွေကို ပါးရိုက်ပစ်လို့ရတယ်ဆိုပဲ။ သူ့
သား အေးနေ၀င်း၊ ဇွဲနေ၀င်း ၊တို့ကလည်းပဲ . . တကယ့် ကျားပေါက်ကြီးတွေပေါ့။ သူတို့
မထင်ရင်မထင်သလိုလုပ်ပစ်လိုက်တာမျိုးတွေကို နားနဲ့မဆန့်အောင်ကြားရပါတယ်။
ဟော  ..  သန်းရွှေက ကာချုပ်လည်းဖြစ်ရော သူတို့မိသားစုကို အင်းစိန်အကျဉ်းထောင်ထဲ ဆယ်နှစ်စုနှစ်တစ်ခုလောက်ထည့်ပစ်ခဲ့တယ်မဟုတ်လား။  စစ်မုဆိုးကြီးဦးနေ၀င်းလည်း
နောက်ဆုံးတော့ သားကောင်ဘ၀ရောက်ပြီးဒီစိတ်တွေဖိစီးပြီး သေပွဲဝင်ခဲ့ရတယ်လေ။
(န၀တ)တို့ (နအဖ)တို့စတဲ့တစ်လျှောက်မှာ ဘုန်းမီးနေလတောက်ပြီးမုဆိုးဖြစ်ခဲ့တဲ့ စစ်ဗိုလ်
ချုပ်ကြီးတွေဟာ နောက်ဆုံးတော့ ဖြုတ်ထုတ်သတ်စနစ်ရဲအောက်မှာ သားကောင်ဘဝ
ရောက်သွားတာပဲမဟုတ်လား? လှမ်းကြည့်ပါ။ နာမည်တွေပြောရရင် ဆုံးမှာတောင်မဟုတ်
ဘူး။ ဗိုလ်ချုပ်ဆိုတဲ့ မုဆိုးတွေ နောက်ဆုံးသူတို့ထက်ကြီးတဲ့ မုဆိုးကြီးသန်းရွှေရဲ့ လေးဒါဏ်
သင့်ခဲ့ရတဲ့ သားကောင်တွေဖြစ်သွားတာပဲလေ ။
ဒါ့ကြောင့် လူ့ဘ၀ကို ပုံသေမတွက်ကြပါနဲ့။ အခုအချိန်မှာကိုယ်ဟာ သားကောင်ဆိုသော်
လည်း နောက်တစ်ချိန်မှာ ကိုယ်ဟာမုဆိုးဖြစ်နိုင်သေးတယ်။ အဲဒီမုဆိုးဘ၀ကနေလည်း
သားကောင်အဖြစ်မျိုးကိုေ၇ာက်သွားနိုင်တာပဲ။ ဒီလိုဘ၀အဓိပ္ပါယ်တွေကိုသိလွန်းတဲ့ 
ထေရ်ကျော်မာန်လည်ဆရာတော်က . . .
 ̏  ဘ၀ဤကိုယ် ၊ မင်းဟုဆိုလည်း ၊ နေကိုပုံပြ ၊ လကိုပုံထား ၊ မောင်ရှု့စားလော့ ၊
နေကားထွက်ဝင် ၊ ပေါ်ချုပ်ထင်၏ ၊ လလျှင်ပြည့်ကွယ် ၊ ကြီး၍ ငယ်၏ ၊ ထို့နှယ်
မလွဲ ၊ အမြဲချမ်းသာ ၊ မရှိရဘူး ။ ˝
တို့ ဒီကဗျာလေးကို ကိုရင်ဘ၀အရွယ်ကတည်းက ကျက်မှတ်ထားတာကွဲ့။ ဒါ့ကြောင့်တို့ကို
စစ်ခွေးတွေ ထောင်ထဲထည့်လိုက်တော့ သိပ့်မဖြုံဘူး။ အချို့ကတော့ တုန်လှုပ်ကြတာပေါ့။
တို့ကတော့ ထောင်ဆိုတဲ့နေရာမှာ ပညာသင်စရာ ကျောင်းသင်တန်းတစ်ခုလိုပဲ တို့ဘ၀ကို
ဖြတ်ကျော်ခဲ့ဖူးတယ်။ 
သူများတွေပြောကြတယ်။ ̏  မိန်းမရတဲ့နေ့ ၊ ရှင်လိင်ပြန်တဲ့နေ့ ၊ ထောင်ကထွက်တဲ့နေ ˝ ဒီ
သုံးနေ့ဟာအပျှော်ဆုံးပဲတဲ့။ တို့တော့ ထောင်ကထွက်လာတာလည်း ဒီလိုပါပဲ။ ပျှော်တယ်
ကိုမရှိပါဘူး ။ ဘာလို့လည်းဆိုတော့ အနတ္တကိုသိနေတယ်လေ ။ အားလုံးဟာ ̏ပျက်သုံးကုန်
ပစ္စည်း˝ ဆိုတဲ့ စကားကို တို့ထောင်မကျခင်ကတည်းက ရေးထားတာကို။ ဒီတော့က ဘ၀မှ
ဘာမှ ထူးထူးခြားခြားတို့အတွက် ရင်မခုံဖြစ်ဘူး။ 
ဒီလိုမျိုးလေး စာလေးဖတ်လိုက် စာလေးရေးလိုက်ဘ၀လေးကိုတော့ စွဲလမ်းတယ်လို့တော့
ဝန်ခံပါတယ်။ တို့မှာချစ်စရာဆိုလို့  ..  တို့ဖတ်တဲ့ စာတွေနဲ့ တို့ရေးဖြစ်ခဲ့တဲ့ စကားလုံးတွေ
ပဲရှိတယ်။ ဒီလိုစိတ်နဲ့တို့ကစာရေးတာပါ။ အခုမင်းတို့ခေတ်ကျမှ ဖေ့ဘွတ်တွေပေါ်လာမှ
တို့စာရေးတာမဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက စာရေးခြင်းစာဖတ်ခြင်းကိုခုံမင်တယ်။
ထောင်မကျခင်ကတော့ ပင်တိုင်အပတ်စဉ်စာရေးဖြစ်ပါတယ်။ အခုတော့ ပိုလို့တောင်
ရေးဖြစ်သေးတယ်။ အားတာနဲ့ ကိုယ့် ဘလော့လေးမှာကိုယ်ေ၇းတင်လိုက်တာပါပဲ။
မင်းတို့ စိတ်ဝင်စားရင်ဝင်ကြည့်လေ  ..  တို့လိပ်စာပေးလိုက်မယ် . . ၀င်ရတာလွယ်ပါတယ်
www.alinshin.co.vu ပါပဲ။ တို့ဘလော့လေးက တို့ဘ၀လေးပဲကွဲ့၊ ရောက်ရင် ဘလော့ရဲ့
ထိပ်လေးမှာ Facebook  (like ) လေးတွေ့မယ်။ ကလစ်ခေါက်ခဲ့ဦးနော်။ အဲဒီထဲကမှ
ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ ဆိုတာရှိတယ်။ အဲဒီမှာ ပိဋကတ်သုံးပုံမြန်မာပြန်တွေရှိတယ်။ နောက် နာမည်
ကျော်ဆရာတော်ဘုရားကြီးတွေရဲ့ ကျမ်းစာတွေရှီတယ်။ မြန်မာလိုတွေဆိုတော့ဖတ်ရတာ
အဆင်ပြေတယ်လေ။ အဲ  ..  မင်းကွန်းဆရာတော်ဘုရားကြီးရေးတဲ့ မဟာဗုဒ္ဓ၀င်ကျမ်းကြီး
အတွဲလိုက်ရှိတယ် ။ ဒီလင့်မှာ http://www.alinshin.co.vu/2014/03/blog-post_8166.html ၀င်ဒေါင်းလိုက်ဦး ။ ဘ၀ဟာ အစုံအဆန်တွေနဲ့မို့ ဒီလိုစာတွေဖတ်နေရတာကို
ပါရမီအဖြစ် သဘောထားရင်း . .  
မုဆိုးဘ၀ရောက်လည်း . .  မကြမ်းတမ်းနဲ့  .. .
သားကောင်ဘ၀ဆိုလည်း . . . မသိမ်ငယ်နဲ့ . .  ။ 
အားလုံးဟာ အနတ္တတွေလို့ နှလုံးသွင်းနိုင်အောင်ကျိုးစားနော်  .. .။

Twitter Bird Gadget