.

Tuesday, June 11, 2013

ဗုဒ္ဓ၏ တနေ့တာဘဝ

Unknown | 8:05 AM | Be the first to comment! Unknown | 8:05 AM | Be the first to comment!
Unknown | 8:05 AM | Best Blogger Tips

ဘုရားရှင်သည် သဗ္ဗညုတဥာဏ်ကို ရရှိသည့် သက်တော် (၃၅) နှစ်အရွယ်မှ သက်တော် (၈၀)
အရွယ်တိုင်အောင် (၄၅) ၀ါ ပတ်လုံး လောကအကျိုးကို သယ်ပိုးဆောင်ရွက်တော်မူခဲ့ပါသည်။ နေ့စဉ်ပင် မနေမနားကြိုးစားဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဘုရားရှင်နေ့စဉ် ပြုလုပ်နေကျ လုပ်ငန်းစဉ် ငါးရပ်ရှိပါသည်။
(၁) နံနက်ပိုင်း လုပ်ငန်းစဉ်

+++++++++++++++++
နေ့စဉ် ဆွမ်းဘုန်းမပေးမီ ဗုဒ္ဓပြုတော်မူသော လုပ်ငန်းကို “ ပုရေဘတ္တကိစ္စ”
လို့သုံးနှုန်းပါတယ်။ နံနက်ပိုင်းတွင် ဗုဒ္ဓသည် ဆွမ်းခံကြွလေ့ရှိသည်။ ရံခါ၌ ဆွမ်းခံမကြွဖြစ်သော် ကျောင်းစဉ် စစ်ဆေးလေ့ရှိသည်။ ဆွမ်းခံရာမှ ပြန်ရောက်လတ်သော် ခြေဆေးခုံ၌ ခြေဆေးနေစဉ်မှာပင် ဒုလ္လဘတရား ငါးပါး ကို ဟောကြားလေ့ရှိသည်။
(၂) နေ့လည်ပိုင်း လုပ်ငန်းစဉ်

++++++++++++++++++++++++++++
ဆွမ်းဘုန်းပေးပြီးနောက် ဗုဒ္ဓဆောင်ရွက်သော လုပ်ငန်းစဉ်ကို “ပစ္ဆာဘတ္တကိစ္စ” လို့သုံးနှုန်းပါတယ်။ ဆွမ်းဘုန်းပေးပြီးနောက် လိုအပ်လျှင် ခေတ္တမျှ တပါးတည်းနေထိုင်ကာ အနားယူသည်။ ထို့နောက် ရောက်ရှိလာသော လူ၊ ရှင်၊ ရဟန်း ပရိသတ်ကိုတရားရေအေး အမြိုက်ဆေးကို နေ့စဉ် တိုက်ကျွေးလေ့ ရှိသည်။
(၃) ဥာဉ့်ဦးယံ လုပ်ငန်းစဉ်

+++++++++++++++++++++++++
ဥာဉ့်ဦးယံ၌ ဗုဒ္ဓဆောင်ရွက်သော လုပ်ငန်းစဉ်ကို “ပုရိမယာမကိစ္စ” 
လို့သုံးနှုန်းပါတယ်။
လူဒါယကာ၊ ဒါယိကာမနှင့် ဘိက္ခုနီပရိသတ်တို့ ပြန်လည်ထွက်ခွါသွားပြီးနောက် ဥာဉ့်ဦးယံ အချိန်မှာ ရဟန်းတော်များကို  ဆုံးမသွန်သင်တော်မူသည်။ ရဟန်းတော်များမေး တဲ့  ပြဿနာများကို ဖြေကြားရှင်းလင်းတော်မူသည်။
(၄) သန်းခေါင်ယံ လုပ်ငန်းစဉ်

+++++++++++++++++++++++++++
ရဟန်းတော်များအား တရားဟောကြာပြီးနောက် သန်းခေါင်ယံတွင် ဗုဒ္ဓဆောင်ရွက်တော်မူတဲ့ လုပ်ငန်းစဉ်ကို “ မဇ္ဈိမယာမကိစ္စ” 
လို့သုံးနှုန်းပါတယ်။ ရဟန်းတော်များအား တရားဟောကြားပြီးနောက် သန်းခေါင်ယံတွင် ရောက်ရှိလာတဲ့ နတ်၊ ဗြဟ္မာတို့အား တရားဟောပြ ဆုံးမတော်မူပါ တယ်။ မေးလာသော ပြဿနာတို့ကို ဖြေကြားရှင်းလင်းတော်မူသည်။
(၅) မိုးသောက်ယံ လုပ်ငန်းစဉ်

+++++++++++++++++++++++++++++++++
နတ်၊ ဗြဟ္မာများအား တရားဟောကြားတော်မူပြီးနောက် ဘုရားရှင်သည် မိုးမသောက်မီ ကျန်သည့်အချိန်ကို သုံးပိုင်းပိုင်း၍ ပထမပိုင်းတွင် ခန္ဓာကိုယ်ကြံ့ခိုင်မျှတရေးအတွက် စင်္ကြန်ကြွတော်မူသည်။ ဒုတိယပိုင်းတွင် သတိနှင့် ယှဉ်လျက် တစ်ခဏတာမျှ ကျိန်းစက် အနားယူတော်မူသည်။ အနားယူပြီးနောက် အာရုံတက်ချိန်တွက် ကျိန်းစက်ရာမှ ထတော်မူကာ၊ မည်သူတို့အား ဆုံးမချေချွတ်ရအံ့နည်းဟု တစ်နေ့တာ လုပ်ငန်းကို စတင်ရန် မျှော်ခေါ်ဆင်ခြင်ကြည့်ရှူ့တော်မူသည်။ ဤ ဆောင်ရွက်ချက်ကိုပင် မိုးသောက်ယံ လုပ်ငန်းစဉ် “ပစ္ဆိမယာမကိစ္စ” ဟုခေါ်သည်။ ဗုဒ္ဓ၏ တနေ့တာဘ၀၊ တနေ့တာ လုပ်ငန်းများကို လေ့လာကြည့်ပါက မိမိအကျိုးအတွက် ဆောင်ရွက်ခြင်း၊ နားနေခြင်း မရှိ၊ လောကအကျိုးအတွက် မနေမနားဆောင်ရွက်ကြောင်း ထင်ရှားသည်။
ဤသို့ဆောင်ရွက်သည်မှာ တနေ့တရက်မျှသာ မဟုတ်ဘဲ (၄၅) ၀ါ ပတ်လုံး ဖြစ်လေသည်။
ဤသို့ဗုဒ္ဓကိုယ်တော်တိုင် ဦးဆောင်ကာ မနေမနား ကြိုးစားဆောင်ရွက်ခဲ့ခြင်းကြောင့်ပင် ထိုခေတ်
မဇ္ဈိမဒေသ နယ်နိမိတ်ကို ကျော်လွန်ကာ ဗုဒ္ဓသာသနာသည် စည်ပင်ထွန်းကားလာခဲ့ခြင်း ဖြစ်လေသည်။

မြန်မာစာ မြန်မာစကား သွားထဲမှာ ရိုးစူးသလိုပဲ

Unknown | 7:39 AM | Be the first to comment! Unknown | 7:39 AM | Be the first to comment!
Unknown | 7:39 AM | Best Blogger Tips
ဦးဇင်းပြောတဲ့ စကားလုံးမှာ အနက်ဒြပ်ကို ကုန်စင်အောင်မြင်ဖို့လိုပါတယ်။ ဒါကို ရှေးဆရာတော်ကြီးတွေက (ပါဌ်တစ်ချက်အနက်ဆယ်ထွေ)လို့ပြောပါတယ်။ စကားတစ်လုံးဟာ တစ်တရံ တစ်မျိုးပဲ အဓိပ္ပါယ်ကောက်ယူလို့ရပါတယ်။ ဦးဇင်းရဲ့ comment တွေကိုနားလည်အောင်ကျိုးစားပေးပါ။ ကျေးဇူးတင်ပါတယ်။ဦးဇင်းတင်ဖူးတဲ့ ပိုစ့်တွေကိုအချိန်ရရင်ဝင်ဖတ်ကြည်ပါ။ ဒါမှာ စကားလုံးတို့ရဲ့ အသံထွက်အမှန်ကို နားလည်ပါလိမ့်မယ်။ စာများများမဖတ်ဘဲ စကားလုံးတိုင်းရဲ့ အသံကို နားလည်ဖို့ခက်ပါတယ်။ အခုလို ဖေ့ဘုတ်သုံးဖြစ်တာကိုပဲ လူငယ်တွေအတွက် စကားအရည်အသွေးမြင့်တက်လာနိုင်ပါတယ်။
စာများများမဖတ်ဘဲ ဖေ့ဘုတ်များများသုံးတော့ သူများရဲ့အာဘော်ကိုနားမလည်ဘူးပေ
ါ့။ ဒီတော့ အခက်ဖြစ်ရတယ်လေ။ ရေးသားသူတိုင်းဟာ ငွေနဲ့အချိန်ပေးလိုက်ရတာပါ။ ဒါကို ကိုယ်က မသိဘဲ ရမ်းပြီး comment တွေပေးတော့ စာရေးသူကို ရက်စက်ရာကြတာပေါ့။
ပေးပါ။ ရေးသားသူရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကောက်ချက်ချနိုင်ရင်ပေါ့။
မြန်မာစာ မြန်မာစကား သွားထဲမှာ ရိုးစူးသလိုပဲ။
+++++++++++++++++++++++++++++++++
ဦးဇင်းပြောတဲ့ စကားလုံးမှာ အနက်ဒြပ်ကို ကုန်စင်အောင်မြင်ဖို့လိုပါတယ်။ ဒါကို ရှေးဆရာတော်ကြီးတွေက (ပါဌ်တစ်ချက်အနက်ဆယ်ထွေ)လို့ပြောပါတယ်။ စကားတစ်လုံးဟာ တစ်တရံ တစ်မျိုးပဲ အဓိပ္ပါယ်ကောက်ယူလို့ရပါတယ်။ ဦးဇင်းရဲ့ comment တွေကိုနားလည်အောင်ကျိုးစားပေးပါ။ ကျေးဇူးတင်ပါတယ်။ဦးဇင်းတင်ဖူးတဲ့ ပိုစ့်တွေကိုအချိန်ရရင်ဝင်ဖတ်ကြည်ပါ။ ဒါမှာ စကားလုံးတို့ရဲ့ အသံထွက်အမှန်ကို နားလည်ပါလိမ့်မယ်။ စာများများမဖတ်ဘဲ စကားလုံးတိုင်းရဲ့ အသံကို နားလည်ဖို့ခက်ပါတယ်။  အခုလို ဖေ့ဘုတ်သုံးဖြစ်တာကိုပဲ လူငယ်တွေအတွက် စကားအရည်အသွေးမြင့်တက်လာနိုင်ပါတယ်။
စာများများမဖတ်ဘဲ ဖေ့ဘုတ်များများသုံးတော့ သူများရဲ့အာဘော်ကိုနားမလည်ဘူးပေါ့။ ဒီတော့ အခက်ဖြစ်ရတယ်လေ။ ရေးသားသူတိုင်းဟာ ငွေနဲ့အချိန်ပေးလိုက်ရတာပါ။ ဒါကို ကိုယ်က မသိဘဲ ရမ်းပြီး comment တွေပေးတော့ စာရေးသူကို ရက်စက်ရာကြတာပေါ့။ 
ပေးပါ။ ရေးသားသူရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကောက်ချက်ချနိုင်ရင်ပေါ့။

ရင်ခုံချင်ရင် ဖွန်ကြောင်ရိုက်မယ်။

Unknown | 7:38 AM | Be the first to comment! Unknown | 7:38 AM | Be the first to comment!
Unknown | 7:38 AM | Best Blogger Tips
ဦးဇင်းဖေ့ဘုတ်မှာစာရေးနေတာ ထောင်မကျခင်ကတည်းကပါ။ အခုထောင်ကလွပ်ငြိမ်းချမ်းသာခွင့်ရကတည်းက စာပြန်ရေးနေတာပါ။ လူသားအားလုံးကိုရန်ဖြစ်ချင်ဇလို့မဟုတ်ပါဘူး။ ကုသိုလ်နဲ့အကုသိုလ်ကို ဦးဇင်းနားလည်မိသလောက် ဘာသာပြန်ပေးတာပါ။ ရန်ဖြစ်ချင်ရင် အပြင်မှာပဲ ဖိုက်မယ်။ ဘာဖြစ် လို့လည်းဆိုတော့ ဦးဇင်းက ထောင်ထဲမှာကတည်းက ခေါင်းငုတ်ခံလားတဲ့သူမဟုတ်ဘူး။ ပြောချင်တာကတော့ ကိုယ်နားလည်းထားတဲ့ ဗုဒ္ဓရဲ့စကားလုံးတွေကို ဝေမျှတာပါ။ ကြိုက်သူမကြိုက်သူအားလုံးရဲ့ comment တွေကို ရင်ခုံဖို့မဟုတ်ပါဘူး။ ရင်ခုံချင်ရင် သင်္ကန်းချွတ်ပြီး ဖွန်ကြောင်ရိုက်မယ်။
ရင်ခုံချင်ရင် ဖွန်ကြောင်ရိုက်မယ်။
+++++++++++++++++++++++
ဦးဇင်းဖေ့ဘုတ်မှာစာရေးနေတာ ထောင်မကျခင်ကတည်းကပါ။ အခုထောင်ကလွပ်ငြိမ်းချမ်းသာခွင့်ရကတည်းက စာပြန်ရေးနေတာပါ။ လူသားအားလုံးကိုရန်ဖြစ်ချင်ဇလို့မဟုတ်ပါဘူး။ ကုသိုလ်နဲ့အကုသိုလ်ကို ဦးဇင်းနားလည်မိသလောက် ဘာသာပြန်ပေးတာပါ။ ရန်ဖြစ်ချင်ရင် အပြင်မှာပဲ ဖိုက်မယ်။ ဘာဖြစ် လို့လည်းဆိုတော့ ဦးဇင်းက ထောင်ထဲမှာကတည်းက ခေါင်းငုတ်ခံလားတဲ့သူမဟုတ်ဘူး။ ပြောချင်တာကတော့ ကိုယ်နားလည်းထားတဲ့ ဗုဒ္ဓရဲ့စကားလုံးတွေကို ဝေမျှတာပါ။ ကြိုက်သူမကြိုက်သူအားလုံးရဲ့ comment တွေကို ရင်ခုံဖို့မဟုတ်ပါဘူး။ ရင်ခုံချင်ရင် သင်္ကန်းချွတ်ပြီး ဖွန်ကြောင်ရိုက်မယ်။

Twitter Bird Gadget