.

Monday, April 15, 2013

လတ် လတ် ဆတ် ဆတ်

Unknown | 11:56 PM | Be the first to comment! Unknown | 11:56 PM | Be the first to comment!
Unknown | 11:56 PM | Best Blogger Tips

လတ် လတ်   ဆတ် ဆတ်
ကောင်မလေးရေ
ငါဟာ
ဧကရာဇ်ဘုရင်တစ်ပါးဖြစ်ဖို့
စစ်သူကြီးတစ်ယောက်လဲမဟုတ်ခဲ့ပြန်ဘူး။

လီရိုနာဒိုလို
ညစာစားပွဲပုံတူဆွဲတက်တဲ့
ပန်ချီဆရာတစ်ယောက်လဲမဟုတ်ခဲပြန်ဘူး။

ဒဂိုးလို
ဂန္ဓ၀င်ကဗျာတွေကိုရေးတက်တဲ့
အင်္လကာသမားတစ်ယောက်လဲမဟုတ်ခဲ့ပြန်ဘူး။

ဒါပေမယ့်
ကောင်မလေးရယ်
ငါဟာ
မင်းရဲ့အချစ်ရေတွေကို မကုန်ခန်းအောင်သောက်တဲ့
အရှင်လတ်လတ် ယောက်ျားအစစ်တစ်ယောက်။

ညအိပ်ယာဝင်တိုင်း
မင်းကို
မငြီးငွေ့အောင် ပုံပြင်ပြောတက်တဲ့
စကားပြေသမားတစ်ယောက်။

မင်းရဲ့ နံက်ခင်းအတွက်
ထုံမွှမ်းတက်တဲ့
အနမ်းငွေ့သမား တစ်ယောက်။

တကယ်ပါ . . .  ကောင်မလေးရယ်
ငါဟာ . . .  မင်းကိုချစ်တဲ့
အသစ်စက်စက် ယောက်ျားလေးတစ်ယောက်ပါ။
                                                       မောင်ဇရာ

လ ကိုက် ခံ ရ တဲ့ သူ

Unknown | 11:52 PM | Be the first to comment! Unknown | 11:52 PM | Be the first to comment!
Unknown | 11:52 PM | Best Blogger Tips

  ကိုက်  ခံ  တဲ့  သူ     
ကောင်မလေးရေ
ငါတို့ဟာ . . . .
လျှော့ရက်တွေကို လက်ဖြန့်တောင်းနေရတဲ့
ထောင်သားတွေလို
ဘယ်တော့လာခေါ်မှန်းမသိတဲ့
သေမင်းကို အယူခံဝင်နိုင်ဖို့
ကုသိုလ်ဆိုတာတွေကိုအယောင်ဆောင်ပြနေကြတယ်။
ဒီလိုနဲ့ . . . .
ကောင်မလေးရေ
ငါတို့ဟာ နေရဲ့မောင်းထုတ်ခြင်းတွေကို
အကြိမ်ကြိမ်ခံခဲ့ရသလို
လမင်းကလဲ
ဆန်းဆုတ်ခဲ့ကြတာပဲမဟုတ်လား။
ငါတို့ရဲ့
သက်တောင့်သက် နံနက်ခင်းတွေကို
ကိုယ်တိုင် မီးတင်ရှို့ခဲ့သလို
သန်ခေါင်ဆိုတာတွေဟာလဲ
ကြယ်စုန်းတို့ရဲ့ လွှင့်ထုတ်ခြင်းကိုခံခဲ့ရတယ်ပဲမဟုတ်လား။
ဒီလိုနဲ့ . . . . 
ကောင်မလေးရေ
ငါတို့ဟာ
လကိုက်ခံရတဲ့ သူတွေဖြစ်ကုန်ကြတယ်။
                                                       မောင်ဇရာ

ဟိတ်ကောင် . . . .

Unknown | 5:27 AM | Be the first to comment! Unknown | 5:27 AM | Be the first to comment!
Unknown | 5:27 AM | Best Blogger Tips
ဟိတ်ကောင် . . . .
မင်းကိုယ်မင်း . . . စစ်သားကောင်းတစ်ယောက်လို့ လက်မထောင်ရဲလား?
အေး . . . .
ငါကတော့ ပြည်သူအတွက် အဟာရတွေ စိုက်ပျိုးပေးခဲ့တယ်။
ဟိတ်ကောင် . . . .
မင်းပြည်သူအတွက် အသက်စွန့်ခဲ့ပြီးပြီလား
သန်းရွှေနဲ့စစ်အာဏာရူးများကိုကာကွယ်ဖို့အတွက် အသက်စွန့်နေရတာမျိုးကတော့
ငါစက်စုတ်ရွှံရှာမိတယ်။
ငါကတော့ ပြည်သူအတွက် ထောင်ထဲဝင်ခံခဲ့ဖူးတယ်။
ဟိတ်ကောင်
မင်း . . . လွှတ်တော်ထဲမှာ . . . အမှန်တရားတွေတင်ပြခဲ့ပြီးပြီလား?
အေး
ငါကတော့ ပြည်သူအတွက် ဘ၀သစ်တွေ စတေးခံခဲ့ရတယ်။
ဟိတ်ကောင်
မင်း . . . ပြည်သူအတွက် သမ္မတလုပ်ခဲ့ဖူးလား?
ငါကတော့ သန်းရွှေနဲ့ ခရိုနီတို့ရဲ့ဘ၀ကို ကာကွယ်ဖို့သမ္မတအဖြစ်စိတ်မ၀င်စားခဲ့ဘူး။

မြတ်စွာဘုရားရှင် ၀ါဆိုတော်မူရာ မြို့၊ ရွာ ဒေသများ"

Unknown | 5:16 AM | Be the first to comment! Unknown | 5:16 AM | Be the first to comment!
Unknown | 5:16 AM | Best Blogger Tips



မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊
ကဆုန်လပြည့်နေ့ သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင်အဖြစ်သို့ ဆိုက်ရောက်တော်မူသည်မှစ၍ အောက်ပါ မြို့ရွာဒေသများ၌ ၀ါကပ်တော်မူလေသည် -
(၁) ၀ါ - ဗာရာဏသီပြည်၊ ဣသိပတန မိဂဒါဝုန်တော၊
(၂)(၃)(၄) ၀ါ - ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၊
(၅) ၀ါ - ဝေသာလီပြည်၊ မဟာဝုန်တော၊ ကုဋာဂါရသာလာကျောင်း၊
(၆) ၀ါ - မကုဠတောင်၊ ချရားတော၊
(၇) ၀ါ - တာဝတိံသာနတ်ပြည်၊
(၈) ၀ါ - ဘဂ္ဂတိုင်း၊ သံသုမာရဂိရိပြည်၊ ဘဂ္ဂါသယ ဇနပုဒ်အနီး
ဘေသကဠာ မိဂဒါဝုန်တော၊
(၉) ၀ါ - ကောသမ္ဗီပြည်၊ ဃောသိတာရုံ၊ ကုက္ကုဋာရုံ၊ ပါဝါရိကာရုံကျောင်းများ၊
(၁၀) ၀ါ - ပါလိလေယျက တောအုပ်၊
(၁၁) ၀ါ - နာဠကပုဏ္ဏားရွာ၊ နာဠိကာရုံကျောင်း၊
(၁၂) ၀ါ - ဝေရဉ္ဖတိုင်း၊ နဠေရုတမာပင်ရင်း၊
(၁၃) ၀ါ - စာလိယတောင်၊
(၁၄) ၀ါ - သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၊
(၁၅) ၀ါ - ကပိလ၀တ်ပြည်၊ နိဂြောဓာရုံကျောင်း၊
(၁၆) ၀ါ - အာဠ၀ီပြည်အနီး မဟာဝုန်ကျောင်း၊
(၁၇) ၀ါ - ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်း၊
(၁၈) (၁၉) ၀ါ - စာလိယတောင်၊
(၂၀) ၀ါ - ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်း၊
(၂၁) ၀ါမှ (၃၉) ၀ါ - သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၊
(၄၀) ၀ါမှာ (၄၄) ၀ါ - သာဝတ္ထိပြည်၊ ပုဗ္ဗာရုံကျောင်း၊
(၄၅) ၀ါ - ဝေဠုဝရွာ။
[မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ
တရားတော်
အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။]

Twitter Bird Gadget