.

Tuesday, March 19, 2013

ဆ န္ဒ အို အို

Unknown | 12:08 PM | Be the first to comment! Unknown | 12:08 PM | Be the first to comment!
Unknown | 12:08 PM | Best Blogger Tips

န္ဒ အို အို
မိုးလင်းတာနဲ့
ဆန္ဒကိုမျက်နှာသစ်ပြီး
လောကဓံနဲ့ နပန်းလုံးဖို့အတွက်
အရောင်မျိုးစုံကို
ချွေးနီနီနဲ့ ပြုံးပြခဲ့ရတယ်။

နေ၀င်ချိန်မှာ
ပဲ့ရွဲ့ဆန္ဒကို တို့ပတ်ရိုက်ပြီး
နောက်ကျနေတဲ့ အိမ်အပြန်ခြေလှမ်းကို
မနက်ဖန်ဆိုတဲ့ အရုံသစ်အတွက်
သက်ပြင်းသံ အိပ်မော့ကျခဲ့ရပြန်တယ်။
                                       မောင်ဇရာ

(2010) ကို ချစ် တယ်

Unknown | 12:01 PM | Be the first to comment! Unknown | 12:01 PM | Be the first to comment!
Unknown | 12:01 PM | Best Blogger Tips

(2010) ကို ချစ် တယ်
ကမ္ဘာ
လည်နေပုံတွေကငါဖြစ်ချင်တာတွေပေါ့။
အဒီထဲကမှ
နာရီကို“မလည်”စေချင်ဘူး။
အမေရယ် . . ၊အဖေရယ် . . .
စကားလုံးနဲ့
ကိုးကွယ်ယုံကြည်မှုတစ်ခုတည်းအပြင်
(Model) လှလှလေးနဲ့အတူ
(2010) ပေါ်မှာပဲ
“ရပ်” တည်ချင်တယ်။
                                        မောင်ဇရာ

လတစ်စင်း မောင်းသွင်းချင်သူ

Unknown | 11:46 AM | Be the first to comment! Unknown | 11:46 AM | Be the first to comment!
Unknown | 11:46 AM | Best Blogger Tips

တစ်စင်း မောင်းသွင်းချင်သူ
အဖေရေ . . .
ရာသီဆိုးတွေရောက်လာရင်
အဖေ့ခြေရာတွေအရောင်ပြောင်းတော့မယ်။

တစ်နေ့
အဖေ့အိမ်အိုလေးဟာ
ပြိုယဲ့မယ်ဆိုတာကို သိပါတယ်။

ဒါပေမယ့်လေ
သား “နေ” တစ်စင်းမောင်းမသွင်းခဲ့ပါဘူး။

အဖေရေ . . . . .
လေပြေလေညှင်းလေးတွေရောက်လာရင်
ရေခိုးရနံသင်းသင်းလေးတွေပါလာကြလိမ့်မယ်
အဖေ့လက်ရာဟောင်းလေးတွေကို ထုံမွှေ့ရင်းပေါ့။

တစ်နေ့ . . . .
အဖေ့အိမ်အိုလေးဟာ
ပြိုယဲ့မယ်ဆိုတာကိုသိပါတယ်။

ဒါ့ကြောင့်လေ
သား “လ” တစ်စင်းမောင်းသွင်းရင်းပေါ့။
                                        မောင်ဇရာ

Twitter Bird Gadget