မြန်မာပြည်မှဗိုလ်လုပ်အာဏာကိုသေ ထိဆုပ်ကိုင်ချင်တဲ့ သန်းရွှေတောင် အာဏာမရူးနိုင်တော့ဘူး ။ သို့သော်လည်း စစ်တပ်တည်းဟူသော တပ်မတော်ထဲမှာ ပုခုံးပေါ်ကအပွင့်လေးနှစ်ပွင့်သုံးပွင့်လောက်ရှိတဲ့ ဗိုလ်တွေက မဖြစ်စလောက်အာဏာလေးနဲ့
ဘာ့ကြောင့်ရူးချင်နေကြတာတုန်း . . ..
အခုပုံပါအတိုင်း စစ်တပ်ကကားဟာ လူစည်ကားချိန်ရန်ကုန်မြို့မဂိုလ မ်းမထက်သူများကားတွေ
စည်းကမ်းရှိရှိရပ်ထားစဉ် ဘာ့ကြောင့် ကန်လန့်ဖြတ်ကြီးရပ်ထားရတာလည်း။
တပ်မတော်သာအမိ တပ်မတော်သာအဖဆိုတော့ ဒီလိုဗိုလ်ချုပ်တွေမဟုတ်တဲ့
ဗိုလ်ရှုတ်တွေကို တပ်မတော်တည်းဟူ သောအမိအဖတို့က မဆုံးမထားဘူးလား ဒါဆိုရင်
တပ်မတော်ရဲ့မိမဆုံးမဖမဆုံးမသားသ မီးတွေလား။ စစ်သင်တန်းမတပ်ရတဲ့ ပြည်သူတွေဟာ စည်းကမ်းရှိစွာ ကားများကို ရပ်ထားပါသော်လည်း စစ်စည်းကမ်းကောင်းတွေကိုသင်ထားပါတယ်ဆိုသော ဗိုလ်ရှုတ်များက . . . ကဲ . . . မြန်မာနိုင်ငံက ပြည်သူလူထုကြီးခင်ဗျာ။ မိမဆုံးမဖမဆုံးမစစ်ဗိုလ်များကို ဆုံးမကြပါစို့လား ခင်ဗျာ။




