.

Wednesday, February 27, 2013

ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ ဆန္ဒပြမှု မပြေလည်သေး

Unknown | 8:02 PM | Be the first to comment! Unknown | 8:02 PM | Be the first to comment!
Unknown | 8:02 PM | Best Blogger Tips

လင်းသန့်| February 27, 2013 |
------------------------------------------
ဂျော်ဒန်နိုင်ငံတွင် မြန်မာအလုပ်သမား ထောင်နှင့်ချီ ရှိသည့် အထည်ချုပ် စက်ရုံတရုံ၌ အလုပ်သမား ရပိုင်ခွင့်များအတွက် ဆန္ဒပြ တောင်းဆိုနေသည်မှာ ၁၄ ရက်ရှိပြီဖြစ်ပြီး ပြေလည်မှု တစုံတရာ မရရှိသေးကြောင်း သတင်းရရှိသည်။

“ကျနော်တို့ မြန်မာအလုပ်သမားတွေ တောင်းဆိုနေတာက မြန်မာလူမျိုးတွေနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေကိုပဲ ကျွေးဖို့၊ ဂျော်ဒန် အလုပ်သမား အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက လူမျိုးရေးခွဲခြား ဆက်ဆံနေတာတွေ ရပ်တန့်ပေးဖို့၊ လက်ရှိ လုပ်အားခ လစာ ၁၅၅ ဒီနာ (အမေရိကန် ဒေါ်လာ ၂၁၈ ဒေါ်လာခန့်) က အရမ်း နည်းလွန်းနေလို့ တလကို ၂၀၀ ဒီနာ ( အမေရိကန်ဒေါ်လာ ၂၈၂ ဒေါ်လာခန့်) အထိ တိုးပေးဖို့တွေလည်း ပါတယ်” ဟု ဂျော်ဒန်ရောက် ဆန္ဒပြ မြန်မာ အလုပ်သမား တဦးဖြစ်သူ ကိုကျော်ဇင်ဦးက ဧရာဝတီသို့ ပြောသည်။

ဂျော်ဒန်နိုင်ငံ Ramtha မြို့ ဟာဆမ်စက်မှုဇုံရှိ အထည်ချုပ် စက်ရုံတခုဖြစ်သော Centuary Miracle Apparel Mfg. Co.,Ltd ၌ မြန်မာ အလုပ်သမားများထဲတွင် အမျိုးသမီး အလုပ်သမ ၁၂၀၀ ကျော်ရှိပြီး အမျိုးသား အလုပ်သမား ၁၀၀ ကျော်ရှိကြောင်း၊ ယခုအထိ ဆန္ဒပြနေသည်မှာ ၁၄ ရက်ရှိနေပြီ ဖြစ်ကြောင်း၊ ဂျော်ဒန်နိုင်ငံတွင် မြန်မာသံရုံး မရှိ၍ အစ္စရေးနိုင်ငံရှိ မြန်မာ သံရုံးကို ဖုန်းဆက် အကူအညီ တောင်းခဲ့ကြောင်း သူက ဆက်ပြောသည်။

“အစ္စရေး သံရုံးက သူတို့အနေနဲ့ ဂျော်ဒန်ကို လူကိုယ်တိုင် လာဖို့ အခက်အခဲဖြစ်နေတော့ သူတို့က ဖုန်းနဲ့ပဲ လှမ်းဖြေရှင်း ပေးပါ့မယ်ဆိုတာ ပြောပါတယ်” ဟု ကိုကျော်ဇင်ဦးက ဆိုသည်။

အစ္စရေးနိုင်ငံရှိ မြန်မာသံရုံးသို့ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဆက်သွယ်၍ မရပေ။

အဆိုပါ မြန်မာ အလုပ်သမားများအား ဂျော်ဒန်သို့ ပို့ဆောင်ပေးခဲ့သည့် အလုပ်သမား အေဂျင့်များဖြစ်သော ကိုစိုင်း၊ မနန်း၊ မသူဇာ တို့အားဆက်သွယ်ကာ ၀င်ရောက် ညှိနှိုင်း ကူညီဖြေရှင်းပေးရန် ကမ်းလှမ်းခဲ့သော်လည်း ကိုစိုင်းဆိုသည့် အေးဂျင့်ကသာ လာရောက်ကူညီ ဖြေရှင်းပေးနေကြောင်း၊ သို့သော် ပြေလည်မှု တစုံတရာ ယခုအထိ မရသေးကြောင်း သိရသည်။

“ကိုစိုင်းက ပထမ ကျနော်တို့နဲ့ လာညှိနှိုင်းတယ်။ သူကလည်း ဖြေရှင်းပေးနိုင်တဲ့ အခြေအနေမရှိတော့ မပြေလည်သေးပါဘူး။ သူနဲ့ မပြေလည်နိုင်လို့ အလုပ်ရှင်နဲ့ တိုက်ရိုက်တွေ့ချင်တယ် ပြောခဲ့တယ်။ ကျနော်တို့မှာ ဘာသာစကား အခက်အခဲလည်း ရှိတယ်။ နောက် ဘာအလုပ်သမား အဖွဲ့အစည်းမှလည်း ဒီမှာ မရှိဘူး” ဟု ကိုကျော်ဇင်ဦးက ဆိုသည်။

ဂျော်ဒန်ရောက် မြန်မာ အလုပ်သမား ဆန္ဒပြမှုနှင့် ပတ်သက်၍ ယနေ့ထုတ် ကြေးမုံသတင်းစာ၌ ဂျော်ဒန်နိုင်ငံ အထည်ချုပ်စက်ရုံ၌ ကျွေးမွေးသည့် အစားအသောက် မပြေလည်၍ လူ ၃၀ စတင် ဆန္ဒပြခဲ့ရာ ကြီးထွားလာခဲ့ကြောင်း၊ အဆိုပါ အလုပ်သမားများ အားလုံးမှာ တရားမ၀င် အေဂျင်စီများ၏ စီစဉ်ဆောင်ရွက်မှုဖြင့် သွားရောက်သူများ ဖြစ်ကြောင်း၊ သို့သော် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနအနေဖြင့် အဆိုပါ အခက်အခဲများ ပြေလည်ရေး စီစဉ်နေကြောင်း ဖော်ပြထားသည်။

ယမန်နေ့က အလုပ်ရှင်နှင့် တိုက်ရိုက် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုမှုကြောင့် အလုပ်ရှင် ပါဝင်သည့် အစည်းအဝေးပွဲသို့ အလုပ်သမား ကိုယ်စားလှယ် ၂၁ ဦးကို ဖိတ်ခေါ် ဆွေးနွေးခဲ့သော်လည်း အလုပ်ရှင်ဘက်က မရိုးသားချက်များ ရှိသည့်အတွက် ဆွေးနွေးပွဲ ပျက်ပြယ်သွားခဲ့ကြောင်းလည်း သိရသည်။

ဂျော်ဒန်နိုင်ငံ အလုပ်သမား ဥပဒေအရ ဆန္ဒပြမည်ဆိုပါက ၁၄ ရက် ကြိုတင်ကာ အလုပ်ရှင်ထံ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ပြီး နို့တစ်စာအရ ၄၈ နာရီအတွင်း လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရန်နှင့် မ၀င်ရောက်ပါက ပထမ တရက်အတွက် ဂျော်ဒန် ဒီနာ ၅၀၊ နောက်ရက်များတွင် တရက်လျှင် ဂျော်ဒန်ငွေ ၅ ဒီနာအား အလုပ်သမားက ပေးဆောင်ရမည်ဖြစ်ပြီး ဆန္ဒပြသည့် ရက်များအတွက် လစာပေးမည် မဟုတ်ကြောင်း၊ အလုပ်သမားများအား အလုပ်ဆက်လုပ်ရန် ဆန္ဒမရှိပါက စက်ရုံမှ အပြန်လေယာဉ်လက်မှတ် ၀ယ်ပေးမည်ဖြစ်ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ဂျော်ဒန်နိုင်ငံရှိ အထည်ချုပ် စက်ရုံတွင် အလုပ်သမား ရပိုင်ခွင့်များအတွက် ဆန္ဒပြနေကြသော မြန်မာအလုပ်သမားများ
(ဓာတ်ပုံ – ကျော်ဇင်ဦး)
---------------------------------
Bright Aungaung

“လက်ဖက်ရည်ကြမ်းဝိုင်း”

Unknown | 7:54 PM | Be the first to comment! Unknown | 7:54 PM | Be the first to comment!
Unknown | 7:54 PM | Best Blogger Tips

“လက်ဖက်ရည်ကြမ်းဝိုင်း”
-----------------------------
လရောင်ဆမ်း၍
ရွာလမ်းမြေမာ၊ ၀င်းဝင်းဝါ၏။

အုန်းထန်းပေလက်၊ တမာရွက်တို့
ရွှေစက် ရွှေပြောက်၊ ရွှေရည်သောက်၏။

တရံတခါ ၊ လေအလာတွင်
ရွာလယ်ပေါင်းကူး ၊ တံတားဦးမှ
ဆိတ်ဖလူးနံ့ ၊ ရွာလုံးပျံ့၏။

သူကြီးအိမ်မြောက် ၊ ရွာသားဆောက်သည့်
ကွန်းထောက်ခိုရာ ၊ ကွပ်ပျစ်သာတွင်
ရွာမှသက်ကျား ၊ ရွယ်အိုများတို့
စကားဆိုမြည် ၊ ၀ိုင်းကြီးစည်၏။

ဝိုင်းလယ်ခေါင်ဗွေ ၊ ကရွတ်ခွေတွင်
မြေကရားအိုး ၊ နှုတ်သီးကျိုးနှင့်။

ညှိတက်ဟောင်းနွမ်း ၊ သံလင်ပန်းဝယ်
အကြမ်းပန်းကန် ၊ နှုတ်သီးလန်နှင့်။

ဆေးသားမပီ ၊ ယွန်းဗျပ်နီ၌
ရှမ်းပြည်မြေပဲ ၊ ထန်းလျက်ခဲနှင့်။

ဤနေရာသည်
ရွာ၏အရေး ၊ ရှေ့နောက်တွေးလျက်
ဆွေးနွေးကြရာ ၊ ဘုံရိပ်သာတည့်။

ဤနေရာသည်
သူငါတို့စမ်း ၊ ဟာသခန်းဖြင့်
ကျွမ်းဝင်ကြရာ ၊ ဘုံရိပ်သာတည့်။

ဤနေရာသည်
ပညာစောကြော၊ တုံ့လှယ်ပြော၍
နှီးနှောကြရာ ၊ ဘုံရိပ်သာတည့်။

လက်ဖက်ရည်ကြမ်း ၊ တလင်ပန်းဖြင့်
စိတ်ဝမ်းလက်ညီ ၊ ရွာသစ်တည်ကာ
ကျီသစ်ပုံသွင်း ၊ အားနှင့်ရင်း၍
ဖန်းဆင်းခဲ့ကြဘူးလေပြီ။
-------------------------
ဗန်းမော်ညိုနွဲ့
ပန်းချီ U Mya Hann
------------------------------
ရင်ခွင် သစ်
“လက်ဖက်ရည်ကြမ်းဝိုင်း”
-----------------------------
လရောင်ဆမ်း၍
ရွာလမ်းမြေမာ၊ ၀င်းဝင်းဝါ၏။

အုန်းထန်းပေလက်၊ တမာရွက်တို့
ရွှေစက် ရွှေပြောက်၊ ရွှေရည်သောက်၏။

တရံတခါ ၊ လေအလာတွင်
ရွာလယ်ပေါင်းကူး ၊ တံတားဦးမှ
ဆိတ်ဖလူးနံ့ ၊ ရွာလုံးပျံ့၏။

သူကြီးအိမ်မြောက် ၊ ရွာသားဆောက်သည့်
ကွန်းထောက်ခိုရာ ၊ ကွပ်ပျစ်သာတွင်
ရွာမှသက်ကျား ၊ ရွယ်အိုများတို့
စကားဆိုမြည် ၊ ၀ိုင်းကြီးစည်၏။

ဝိုင်းလယ်ခေါင်ဗွေ ၊ ကရွတ်ခွေတွင်
မြေကရားအိုး ၊ နှုတ်သီးကျိုးနှင့်။

ညှိတက်ဟောင်းနွမ်း ၊ သံလင်ပန်းဝယ်
အကြမ်းပန်းကန် ၊ နှုတ်သီးလန်နှင့်။

ဆေးသားမပီ ၊ ယွန်းဗျပ်နီ၌
ရှမ်းပြည်မြေပဲ ၊ ထန်းလျက်ခဲနှင့်။

ဤနေရာသည်
ရွာ၏အရေး ၊ ရှေ့နောက်တွေးလျက်
ဆွေးနွေးကြရာ ၊ ဘုံရိပ်သာတည့်။

ဤနေရာသည်
သူငါတို့စမ်း ၊ ဟာသခန်းဖြင့်
ကျွမ်းဝင်ကြရာ ၊ ဘုံရိပ်သာတည့်။

ဤနေရာသည်
ပညာစောကြော၊ တုံ့လှယ်ပြော၍
နှီးနှောကြရာ ၊ ဘုံရိပ်သာတည့်။

လက်ဖက်ရည်ကြမ်း ၊ တလင်ပန်းဖြင့်
စိတ်ဝမ်းလက်ညီ ၊ ရွာသစ်တည်ကာ
ကျီသစ်ပုံသွင်း ၊ အားနှင့်ရင်း၍
ဖန်းဆင်းခဲ့ကြဘူးလေပြီ။
-------------------------
ဗန်းမော်ညိုနွဲ့
ပန်းချီ U Mya Hann
------------------------------
ရင်ခွင် သစ်
ကိုသောင်း ပုလဲမြေ
မှကူးယူဖေါ်ပြပါသည် www.alinshin.com

လူ့အခွင့်အရေးကအစိုးရတွေပဲရတာ . . . တဲ့။

Unknown | 7:28 PM | Be the first to comment! Unknown | 7:28 PM | Be the first to comment!
Unknown | 7:28 PM | Best Blogger Tips
"...လွန်ခဲ့တဲ့ အနှစ် ၂၀ က ဒီမိုကရေစီလို့ ပြောတဲ့သူတွေကို ထောင်ချခဲ့တဲ့ အစိုးရဟာ ဒီနေ့ သူတို့ကိုယ်တိုင် ဒီမိုကရေစီလို့ ပြောပြီး လျှောက်လည်နေတယ် (ကမ္ဘာပတ်နေတယ်)...."

- မွန်းအောင် —
------------------------
Ko Myoe

‎"...လွန်ခဲ့တဲ့ အနှစ် ၂၀ က ဒီမိုကရေစီလို့ ပြောတဲ့သူတွေကို ထောင်ချခဲ့တဲ့ အစိုးရဟာ ဒီနေ့ သူတို့ကိုယ်တိုင် ဒီမိုကရေစီလို့ ပြောပြီး လျှောက်လည်နေတယ် (ကမ္ဘာပတ်နေတယ်)...."

- မွန်းအောင် —
------------------------
Ko Myoe
ကိုသောင်း ပုလဲမြေ
မှကူးယူဖေါ်ပြပါသည် www.alinshin.com

အခုတော့ လယ်မရပဲ ကျည်ဆံပဲ ရနေပါလား ဦးသိန်းစိန်...

Unknown | 7:11 PM | Be the first to comment! Unknown | 7:11 PM | Be the first to comment!
Unknown | 7:11 PM | Best Blogger Tips

သိမ်းထားတဲ့လယ်တွေ ပြန်ပေးမယ်ဆို... အခုတော့ လယ်မရပဲ ကျည်ဆံပဲ ရနေပါလား ဦးသိန်းစိန်...
ကျမကလည်း ပြည်သူတွေကို ချစ်ပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ခင်ဗျားချစ်တဲ့ ပြည်သူတွေကို ကြည့်ပါဦး သေနတ်နဲ့ အပစ်ခံရတယ်..
တရားဥပဒေစိုးမိုးရမယ်ဆိုတဲ့ ... တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဌနဲ့ အဖွဲ့ဝင်များ ဘာလုပ်မှာလဲ...ချိုမိုင်မိုင်တော့ မကနဲ့နော်....
ပြည်သူ့အသံ ...လွတ်တော်အသံဆိုတဲ့ လွှတ်တော်ကြိးရော... ဒီသေနတ်သံတွေ မကြားရဘူးလား.....ခင်ဗျားတို့ မနက် ညစားနေတဲ့ ထမင်းတွေက ဒီပြည်သူတွေ ဖင်ကြား ရွံ့ဝင်အောင် ရုန်းထားတာဆိုတာ မမေ့ကြပါနဲ့....

မျိုးချစ်မြန်မာ 
-------------------------------------------------------------------------
Soe Kyaw and 2 other friends shared အဂ္ဂမဟာ သီရိသုဓမ္မ ပုံပျက် ခင်စိန်'s photo.

Like ·

ကိုစိုင်းသိစေရန်.....

Unknown | 7:04 PM | Be the first to comment! Unknown | 7:04 PM | Be the first to comment!
Unknown | 7:04 PM | Best Blogger Tips

ကိုစိုင်းသိစေရန်.....

ဂျော်ဒန်နိုင်ငံဆိုတာဟာ မြန်မာသံရုံးလုံးဝမရှိပါဘူး

ဒီလိုနိုင်ငံမျိုးကို ကိုစိုင်း စပြီး ပို့စဉ်အခါတည်းက တစ်ခုခုဖြစ်လာခဲ့ရင်

ဘယ်လိုကူညီဆောင်ရွက်ပေးရမည်ဆိုတာကို ကိုစိုင်း မစဉ်းစားခဲ့ဘူးလား

ယခုလိုဖြစ်လာတဲ့အခါမှာအလုပ်သမားတွေဘက်ကနေတာဝန်ယူဖြေရှင်းပေးခြင်း

လုံးဝမရှိဘူးဆိုရင်တော့ ကိုစိုင်းမှာ လုံးဝတာဝန်ရှိသွားပါပြီ နောက်ထပ်စောင့်လို့

ယခုလိုပဲ တာဝန်မယူဘူးဆိုရင်တော့ အလုပ်သမားတွေရဲ့ မိဘဆွေမျိုးများမှ

လက်ပိုက်ကြည့်နေလို့လုံးဝမရတော့ပါ လှည်းတန်းမှာ ဖွင့်လစ်ထားသောရုံးခန်း

သို့လာရောက် ရှင်းလင်းရပါလိမ့်မည်ဟု အသိပေးလိုက်ပါသည်။

အလုပ်သမားများ၏ မိဘဆွေမျိုးများ
ဂျော်ဒန်ယောက်မြန်မာ cmj အလုပ်ဆန္ဒပြအလုပ်သမားများကိုnew sai ကုပ္မဏီတာဝန်ရှိသူကိုစိုင်းကတာဝန်ယူဖြေရှင်းပေးမည်ဆိုပြီး ၁၄ ရက်ကြာရှိနေပြီးဘာမှထူးခြားမှုမရှိသေးပါသူဌေးဘက်ကရက်တည်ပေးနေပြီးအချိနကိုကြာမြင့်စွာစွဲထားပါသည် သူချင်းများအားလုံးနီးစပ်ရာမီဒီယာများသို့သတင်းပို့ပေပြီးအကူအညီတောင်းခံပါသည် အထက်ပါပုံနှင့်တကွသူသည် New SAI မှတာဝန်ရှိသူကိုစိုင်းဖြစ်ပါသည်။
---------------------------------------------
Bright Aungaung

ဂျော်ဒန်နိုင်ငံဆိုတာဟာ မြန်မာသံရုံးလုံးဝမရှိပါဘူး

ဒီလိုနိုင်ငံမျိုးကို ကိုစိုင်း စပြီး ပို့စဉ်အခါတည်းက တစ်ခုခုဖြစ်လာခဲ့ရင်

ဘယ်လိုကူညီဆောင်ရွက်ပေးရမည်ဆိုတာကို ကိုစိုင်း မစဉ်းစားခဲ့ဘူးလား

ယခုလိုဖြစ်လာတဲ့အခါမှာအလုပ်သမားတွေဘက်ကနေတာဝန်ယူဖြေရှင်းပေးခြင်း

လုံးဝမရှိဘူးဆိုရင်တော့ ကိုစိုင်းမှာ လုံးဝတာဝန်ရှိသွားပါပြီ နောက်ထပ်စောင့်လို့

ယခုလိုပဲ တာဝန်မယူဘူးဆိုရင်တော့ အလုပ်သမားတွေရဲ့ မိဘဆွေမျိုးများမှ

လက်ပိုက်ကြည့်နေလို့လုံးဝမရတော့ပါ လှည်းတန်းမှာ ဖွင့်လစ်ထားသောရုံးခန်း

သို့လာရောက် ရှင်းလင်းရပါလိမ့်မည်ဟု အသိပေးလိုက်ပါသည်။

အလုပ်သမားများ၏ မိဘဆွေမျိုးများ
ဂျော်ဒန်ယောက်မြန်မာ cmj အလုပ်ဆန္ဒပြအလုပ်သမားများကိုnew sai ကုပ္မဏီတာဝန်ရှိသူကိုစိုင်းကတာဝန်ယူဖြေရှင်းပေးမည်ဆိုပြီး ၁၄ ရက်ကြာရှိနေပြီးဘာမှထူးခြားမှုမရှိသေးပါသူဌေးဘက်ကရက်တည်ပေးနေပြီးအချိနကိုကြာမြင့်စွာစွဲထားပါသည် သူချင်းများအားလုံးနီးစပ်ရာမီဒီယာများသို့သတင်းပို့ပေပြီးအကူအညီတောင်းခံပါသည် အထက်ပါပုံနှင့်တကွသူသည် New SAI မှတာဝန်ရှိသူကိုစိုင်းဖြစ်ပါသည်
---------------------------------------------
Bright Aungaung
ကိုသောင်း ပုလဲမြေ
မှကူးယူဖေါ်ပြပါသည် www.alinshin.com

နိုင်ငံရေးကို ပြက်ရယ်မပြုပါနဲ့

Unknown | 6:57 PM | Be the first to comment! Unknown | 6:57 PM | Be the first to comment!
Unknown | 6:57 PM | Best Blogger Tips

နိုင်ငံရေးကို ပြက်ရယ်မပြုပါနဲ့
--------------------------------------
"ဒီဆောင်းပါးကို ဆရာ လူထုစိန်ဝင်းက ၂၀၁၀ပြည့်နှစ်၊ အောက်တိုဘာလမှာ ရေးသားခဲ့ပါတယ်။ ဒါပေမဲ့
ဆင်ဆာ(ဖြုတ်)ထိခဲ့တာကြောင့်ဂျာနယ်စာမျက်နှာမှာ ဖော်ပြခွင့်မရခဲ့တဲ့
ဆောင်းပါးဖြစ်ပါတယ်။"

သမိုင်းဆိုတာ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံရဲ့ အသက်ဝိဥာဉ်ဖြစ်တယ်။ အသက်ကို စောင့် ရှောက်သလို၊ ဂရုတ စိုက်နဲ့ ထိန်းသိမ်းစောင့်ရှောက်ရတယ်။ အရိပ်တကြည့်ကြည့်နဲ့ တန်ဖိုး ထား အလေးအမြတ်ပြုရ
တယ်။

အရှိကိုအရှိအတိုင်းကြည့်

သမိုင်းကို မေ့မပစ်ရ၊ ဖျောက်မပစ်ရသလို ဖျက်လည်း မပစ်ရဘူး။ ကိုယ်ကြိုက်သလို ပြုပြင် တာလည်း မလုပ်ရဘူး။ အရှိကို အရှိအတိုင်း တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်ရတယ်။ သမိုင်းကို ပြန်လည်လေ့လာ သုံးသပ်တဲ့ အခါမှာ သူ့ခေတ်သူ့အခါက အခြေအနေအတိုင်း သုံးသပ်ရတယ်။ ကိုယ့်ခေတ်ကိုယ့်အခါက အမြင်နဲ့ သမိုင်းကို ဆုံးဖြတ်ရင် အမှန်ကို မရနိုင်ဘူး။ သမိုင်းကို ကိုယ့်အတ္တနောမတိနဲ့ မကြည့်ရပါဘူး။ ဆိုရှယ်လစ်စကား လူတိုင်း ပြော နေတဲ့ အချိန်က သမိုင်းဝတ္ထုရေးဆရာများက ရှေးဘုရင်များရဲ့ ပါးစပ်က လုပ်သားပြည်သူတို့၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးတို့ ဆိုတဲ့ စကားတွေ တွင်တွင်ကြီး ပြောခိုင်းကြတာတွေ ဖတ်ခဲ့ရတယ်။ ပုဂံခေတ် ပဒေသရာဇ်ရှင်ဘုရင်တစ်ပါးရဲ့ အမြင်တွေက၊ နှစ်ဆယ်ရာစု လူမှုတော်လှန် ရေးသမားတစ်ယောက်ရဲ့ အမြင်တွေဖြစ်ပြီး၊ ရှင်ဘုရင့်ပါးစပ်က ဆိုရှယ်လစ်စကားတွေ ထွက်နေတော့ ဖတ်ရ တာ ပေါ့ပျက်ပျကဖြစ်ပြီး ၀တ္ထုအနေနဲ့လည်း မကောင်း၊ သမိုင်းအနေနဲ့လည်း အသုံးမကျဖြစ်သွားတော့တယ်။

အကွဲတွေမီးမောင်းထိုးပြ

အသုံးမကျရုံဆို တော်သေးတယ်။ တစ်ချို့က မြန်မာ့သမိုင်းကို နောင်လာနောက်သားတွေ အထင်သေး အမြင်သေးဖြစ်ပြီး ယုံတမ်းစကားတွေအဖြစ် ပြက်ရယ်ပြုအောင် တမင်လုပ်သလို ဖြစ်နေတယ်။ အခုခေတ်မှာလည်း သမိုင်းကို ပြန်လည် ဖော်ထုတ်နေကြတယ်။ ရည်ရွယ်ချက် အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ တင်ပြကြတယ်။ အများအားဖြင့် စစ်မဖြစ်မီနဲ့ စစ်ပြီးခေတ် မြန်မာ့ နိုင်ငံရေးအကြောင်းတွေကို ဖော်ပြကြတယ်။ အဲဒီလိုဖော်ပြရာမှာ ကောင်းတဲ့ အပိုင်းကို မဖော် ပြကြဘဲ၊ မကောင်းတဲ့ အပိုင်းကိုချည့် ဆွဲထုတ်ဖော်ပြနေကြတယ်။ ဖက်ဆစ်ဆန့်ကျင်ရေး၊ နိုင်ငံလွတ်လပ်ရေး ဆောင်ရွက်ချက်တွေကိုတော့ ချန်ထားပြီး၊ ဖဆပလနဲ့ ကွန်မြူနစ်အကွဲ၊ ကွန်မြူနစ်ပါတီ အကွဲ၊ တည်မြဲသန့်ရှင်းအကွဲ၊ ဦးဗိုလ်သခင်အကွဲ စတဲ့ အကွဲအပြဲတွေကိုချည့် မီးမောင်းထိုးပြနေတယ်။

မြန်မာမျိုးချစ်ကြီးများရဲ့ဝံသာနု

ဖဆပလမတိုင်မီ ၀ိုင်အမ်ဘီအေ၊ ဂျီစီဘီအေခေတ်တွေ အကြောင်းဖော်ပြတော့လည်း ရှေးမြန် မာမျိုးချစ်ကြီးများရဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် ဆောင်ရွက်ခဲ့ကြတဲ့ ၀ံသာနုရက္ခိတ စိတ်ဓါတ်များကို လျစ်လျူရှုထားပြီး၊ အကွဲအပြဲတွေအကြောင်းချည့် တူးဆွရှာဖွေ ဖော်ထုတ် နေကြတယ်။ သင်ခန်းစာ ထုတ်ယူဖို့ဆိုပြီး သုံးသပ်ပြသူများကလည်း၊ သုံးသပ်တဲ့ခေတ်ရဲ့ အခြေအနေကို ထည့်မစဉ်းစားဘဲ၊ အခုနှစ်ဆယ့်တစ်ရာစု အမြင်နဲ့ ရှုမြင် သုံးသပ်တာမျိုးပဲ လုပ်လေ့ရှိကြတယ်။ ဘာကြောင့် ကွဲတာ ပြဲတာတွေကိုချည့် မီးမောင်းထိုးပြနေကြတာလဲလို့ မေးတော့၊ အကွဲအပြဲတွေကြောင့် တိုင်းပြည် ဘယ်လောက် ဒုက္ခရောက်ခဲ့ရတယ်ဆိုတာ သင် ခန်းစာ ယူကြစေချင်လို့၊ ညီညွတ်စေချင်လို့ ဆိုတဲ့ အဖြေပဲ ခပ်လွယ်လွယ်ပေးကြတယ်။

ခုတ်ရာတခြားရှရာတခြား

ဒီလိုဖော်ပြချက်တွေက လက်တွေ့မှာ ခုတ်ရာတခြား ရှရာတခြား ဖြစ်သွားတယ်ဆိုတာတော့ သူတို့သတိမထားမိကြဘူး။ သူတို့ဖော်ထုတ်တာတွေကို ဖတ်ပြီး၊ စာဖတ်သူများရဲ့ အမြင်မှာ နိုင်ငံရေးသမားမှန်သမျှ ဘယ် သူမှ မကောင်းဘူး၊ နိုင်ငံရေးဆိုတာလည်း ကလိမ်ကကျစ် လုပ် နေကြတာပဲ။ အချင်းချင်း အာဏာလုပြီး ခွက် စောင်းခုတ်နေကြတာပဲဆိုတဲ့ အမြင်တွေပဲ ပေါ် ထွက်လာစေတယ်။ ဒီနေ့ဂျာနယ်တွေမှာ ဖော်ပြနေတဲ့ သမိုင်း ကြောင်းစာတွေ၊ ကာတွန်းတွေ ကိုကြည့်ပြီး၊ ကလေးတွေကတောင် နိုင်ငံရေးသမားတွေကို ရယ်သွမ်းသွေးကြ၊ ပြက်ရယ်ပြုကြ လုပ်တာတွေ့ရတယ်။ ရင်နာစရာ သိပ်ကောင်းတယ်။ မြန်မာလူမျိုးမှန်သမျှ ဦးညွတ်အလေးပြု ကြတဲ့ “ရဲဘော်သုံးကျိပ်” ဆိုတာ အားလုံးနိုင်ငံရေးသမား သခင်တွေဘ၀က ဗိုလ်ဖြစ်လာကြ တယ်ဆိုတာ ကလေးတွေ မသိနိုင်ကြတော့ဘူး။ နိုင်ငံရေးသမားတွေ ဘယ်သူမှမကောင်း ဘူးဆိုတဲ့ စကားကို ဟိုးတစ်ချိန်တုန်းက ဂိုဏ်းအုပ်စုတစ်ခုက လူပုဂ္ဂိုလ်တစ်ချို့နဲ့ စာရေး ဆရာတစ်ချို့က ရည်ရွယ်ချက်ရှိရှိနဲ့ တမင်တကာ ကြွေးကြော်လွှင့်ထုတ်ခဲ့ကြတာ ဖြစ်တယ်။

မတူညီမှုများဖြင့်ပေါင်းစည်းမှု

ညီညွတ်ကြစေချင်လို့ဆိုတဲ့ စကားကလည်း မစဉ်းစားဘဲ ခပ်ပေါ့ပေါ့ပြောရင် အဓိပ္ပါယ်ကောက် လွဲပြီး တစ်လွဲဆံ ပင်ကောင်း ဖြစ်သွားစေနိုင်တာကြောင့် သတိထားပြောသင့်တယ်။ သဘာဝ တရားကြီးကိုက လူ့လောကကို အသွင်သဏ္ဍာန်အမျိုးမျိုး ကွဲပြားခြားနားမှုတွေနဲ့ ဖန်တီးပေး ထားတာ ဖြစ်တယ်။ မတူညီမှုများ၏ ပေါင်းစည်းမှု ကို အခြေခံထားတာဖြစ်တယ်။ ဒါကြောင့် လည်း လူ့လောကဟာ ဖွံ့ဖြိုးတိုးတက်ပြီး အရောင်စုံ အသွေးစုံတွေနဲ့ လှပသာယာတဲ့ နေရာ ကြီး ဖြစ်နေတာပါ။ တစ်ရောင်တည်းခြယ်တဲ့ လောကကြီးဆိုရင် ဘယ်ဒီလိုသာယာလှပနေ တော့မှာလဲ။ ကွဲပြားခြားနားခြင်းဆိုတာ သဘာဝဖြစ်လို့ မလိုလားအပ်တဲ့အရာ မဟုတ်ဘူး။ ကြောက်စရာမဟုတ် သလို စက်ဆုပ်စရာလည်းမဟုတ်ဘူး။ ကွဲပြားခြားနားခြင်းကြောင့် တိုက် ခိုက်ကြတာမဟုတ်ဘူး။ “မတူညီမှုများ ၏ ပေါင်းစည်းမှု” သဘောကို လူတွေက နားမလည် သဘောမပေါက်လို့ တိုက်ကြ ခိုက်ကြတာ ဖြစ်တယ်။

ရန်ဖြစ်တာမပြည့်ဝလို့

အယူအဆမတူတာ သဘောထား ကွဲပြားခြားနားတယ်ဆိုတာ သဘာဝပဲ။ အယူအဆမတူလို့ ရန်ဖြစ်တယ်ဆို တာက၊ မပြည့်ဝတဲ့သဘော၊ မရင့်ကျက်တဲ့ သဘောဖြစ်တယ်။ လူတိုင်း ကိုယ် ယုံချင်တာ လွတ်လပ်စွာယုံခွင့်ရှိတယ်။ အခိုင်အမာကိုင်စွဲထားခွင့် ရှိတယ်ဆိုတာကို နားလည် သဘောပေါက်ပြီး မငြိုမငြင် လက်ခံနိုင်ခြင်းဟာ စိတ်ယဉ်ကျေးမှု အထက်တန်းကျသူများရဲ့ အခြေခံလူ့ကျင့်ဝတ် တစ်ခုဖြစ်တယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရလည်း ဖြစ်တယ်။ ရေကိုသား လို့ အကြားမထင်ဆိုတဲ့ ညီညွတ်ရေးမျိုးဟာ စကားအဖြစ်သာ ပြောလို့တင့်တယ်တာ။ တ ကယ် လက်တွေ့တော့ မရှိနိုင်ဘူး။ တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့ ညီညွတ်ရေးစကားမျိုးနဲ့ တစ်သား တည်း ညီညွတ်ရေးဆိုတဲ့ စကားမျိုးဟာ၊ အဓိပ္ပါယ်ကောက် အယူလွဲရင် တစ်လွဲ ဆံပင်ကောင်းဖြစ်ပြီး အကြွင်းမဲ့ အာဏာရှင်စနစ်ကို ဦးတည်ရောက်ရှိသွားစေနိုင်တယ်။ သတိ ထား သုံးသင့်တယ်။

အစွဲတွေချွတ်ပစ်ရမယ်

လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ နှစ်ငါးဆယ်နီးပါး တစ်ပါတီ၊ တစ်ဖွဲ့တစ်စည်းရဲ့ အုပ်ချုပ်မှုကနေ ဒီမိုက ရေစီ အုပ်ချုပ်ရေးစနစ်ဆီ ကူးပြောင်းဖို့ တာစူနေတဲ့ အချိန် ကာလ ဖြစ်တယ်။ ဒီအချိန် ဒီကာလမှ လူတိုင်းရဲ့ ခေါင်းထဲမှာ ရိုက်သွင်းခံထားရတဲ့ (brain washed လုပ်ခံထားရတဲ့) နိုင်ငံရေးဆိုတာ၊ ကိုယ်နဲ့ မဆိုင်ဘူး၊ အုပ်ချုပ်သူ လူတစ်စုနဲ့ပဲ ဆိုင်တယ်၊ ၀င်မစွက်နဲ့ ၀င်မပါနဲ့၊ ကြောက်စရာ ကောင်းတယ်၊ စက်ဆုပ်စရာ ကောင်းတယ်၊ နိုင်ငံရေး သမားဆိုရင် ဘယ်သူမှ မကောင်းဘူးဆိုတဲ့ အစွဲအယူအဆတွေကို ချေးချွတ်ပစ်ဖို့ အများကြီး ကြိုးစားကြရမယ်။ တိုင်းသူပြည်သားအားလုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်၊ အားတက်သရော၊ တက်တက်ကြွကြွ ပါဝင်မလာသရွေ့ ဘယ်လိုဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးမှ မအောင်မြင်နိုင်ဘူး။

ကျေးဇူးမမေ့သင့်

ဒီလိုအခြေအနေမှာ သမိုင်းဖြစ်စဉ်တွေထဲက မကောင်းတဲ့ အစိတ်အပိုင်းတွေကို ဆွဲထုတ်ပြီး မီးမောင်းထိုးတင် ပြနေကြတာမျိုးတွေကို ဆင်ခြင်သင့်ကြတယ်လို့ သဘောရပါတယ်။ ရှေးက နိုင်ငံရေးသမားကြီးတွေနဲ့ နိုင်ငံရေး ပါတီကြီးတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် လွတ်လပ်တဲ့ မြန်မာနိုင်ငံရယ်လို့ ဖြစ်တည်လာရတာကို ကျေးဇူးမကန်းသင့်ဘူး။ နှစ်ပေါင်းတစ်ရာကျော် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများအတွင်း၊ ဖက်ဆစ်ဆန့်ကျင်ရေး တိုက်ပွဲများအတွင်း၊ အသက်စွန့်ခဲ့ကြရတဲ့ မျိုးချစ် အာဇာနည်သူရဲကောင်းများရဲ့ ကျေးဇူးကို လည်း မမေ့သင့်ကြပါဘူး။

လူထုစိန်ဝင်း
အောက်တိုဘာလ ၁၀ရက်၊ ၂၀၁၀ပြည့်နှစ်။

Ashin Kawwida shared ကိုသောင်း ပုလဲမြေ's photo.
မှကူးယူဖေါ်ပြပါသည် www.alinshin.com

ရခိုင်ပြည်နယ် မောင်တောမြို့ နယ်မှာ ကုလားလွှတ်တော်ကိုယ်စားလှယ် သုံးယောက်က

Unknown | 6:39 PM | Be the first to comment! Unknown | 6:39 PM | Be the first to comment!
Unknown | 6:39 PM | Best Blogger Tips

  • လွှတ်တော်မှ အမြန်ဆုံးအရေးယူသင့်နေသော ပြသနာများ

ရခိုင်ပြည်နယ် မောင်တောမြို့ နယ်မှာ ကုလားလွှတ်တော်ကိုယ်စားလှယ် သုံးယောက်က လွှတ်တော်အတွင်းမှာ သူတို့ တွေ လှုပ်ရှားဆောင်ရွက်နေတယ်ဆိုပြီး စာစောင်တွေ ဖြန့် ချီနေတာဖြစ်တယ် ။ ဒီစာစောင်တွေကို ကြံ့ ခိုင်ရေးနဲ့  ဖွံဖြိုးရေးပါတီကမို့ လို့  ဖြန့် ချီနေတာဖြစ်တယ် ။ သမ္မတ ဦးသိန်းစိန် ရဲ့  မိန့်ခွန်းတွေ- လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်း မိန့် ခွန်းတွေကို တ ကြိမ်မှ ဖြန့် ချီတာ မဟုတ်ဘူး။ ဒီစာစောင်တွေကို ဖြန့် ချီနေတော့ မောင်တေမြို့ နယ်မှာ ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်တယ် ။ဒါဟာ ဗြောင် တိုက်တွန်းပြီး မောင်တောမြို့ နယ်မှာ ဗုဒ္ဒဘာသာဝင်တွေကို မနေနိုင်အောင် ပြုလုပ်နေတာဖြစ်တယ် ။ လုခြုံရေးကလဲ မရှိ။ စစ်တပ်ကလဲ မရှိလို့ ပြောပါတယ်။ လုံထိမ်းတွေသာ ထားပေးလို့  လုံထိမ်းတွေကလဲ ကုလားတွေဆီက ရသလို ကြံဖန်ပြီး ငွေတွေ ကြံဖန်ယူနေကြတယ် ။ ညမထွက်ရ အမိန့် ထုတ်ထားလဲ ကုလားတွေက  ဆိုက်ကယ်နဲ့  သွားနေကြတာပါဘဲ ။ လုံထိမ်းတွေလောက်နဲ့  စိတ်မချရပါဘူး။ ဗိုလ်မှူးရွာဟာ ဘယ်နေ့ မှာ ဗုဒ္ဒဘာသာဝင်တွေ အသေဆိုးနဲ့  သေပြီး မီးလောင်တိုက်အသွင်းခံရမှာလဲ ဆိုတာ ကြောက်နေရပါတယ် ။ ကုလားရန်ကို  ကြောက်လို့  မောင်တောမြို့ နဲ့  နယ်စပ်က ဗုဒ္ဒဘာသာဝင်တွေ ညဆိုရင် အပြင်ကို ဘယ်သူမှ မထွက်ကြတော့သလို  ဘယ်သူမှလဲ ကင်းစောင့်ပြီး မနေကြရဲပါဘူး ။ လက်နက်ဆိုလို့  ဘယ်သူကမှ မကိုင်ဆောင်ရတဲ့ အတွက် ရခိုင်လူမျိုးတွေဟာ မိမိအိမ်မှာ စိုးရိမ်စိတ်ကြီးစွာနဲ့  နေနေပေးရပါတယ် လို့  ကျွန်တော့်ကို မောင်တောမြို့  ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီက ဒုဥက္ကဋ္ဌ ဦးမောင်အုန်းက ပြောပြါပါတယ်  ။ သတင်းစာမှာပါတဲ့  ဟာတွေကို ဖြန့် ချီပေမဲ့  ဒါဟာ သွေးရိုးသားရိုး နဲ့  ဖြန့်ချီတာ မဟုတ်ဘဲ ဗြောင် ကြိုးကိုင်သူများလို သွေးထိုးလှုံ့ ဆော်နေသူများသာ ဖြစ်ပါတယ် ။ လွှတ်တော်ကိုယ်စားလှယ် သုံးယောက်ကိုလဲဘဲ ကျွန်တော်တို့ ဟာ ယာယီနိုင်ငံသားရရှိထားသူရဲ့  သားဖြစ်သူက နိုင်ငံသားအဖြစ် မှတ်ပုံတင်လိမ်ညာပြီး လုပ်နေတာကို ဗဟိုရွေးကောက်ပွဲ ကော်မရှင် ဦးတင်အေးဆီကိုမဲဆန္ဒရှင်-၁%  ကျော်နဲ့  ကန့် ကွက်စာ တင်ပြီးပါပြီ ။ ဒါ့ကြောင့်မို့ လို့  လူဝင်မှုကြီးကြပ်ရေးဋ္ဌါနနဲ့  ပြည်သူ့ အင်အားဦးဋ္ဌါနက ဒီပြသနာကို ချက်ချင်း ဆောင်ရွက်ပေးပါလို့  တင်ပြပါတယ် ဆိုပြီး ပြောပါတယ်။ ကဲ- ဒီပြသနာကို အစိုးရမှ တာဝန်ရှိသူများက အမြန်ဆုံး ဖြေရှင်းပေးကြပါရန် တင်ပြလိုက်ပါတယ် ။

ခိုင်အောင်ကျော် ( နယူးယောက် )
    လွှတ်တော်မှ အမြန်ဆုံးအရေးယူသင့်နေသော ပြသနာများ

    Ashin Kawwida shared U Khaing Aung Kyaw's photo.
    မှကူးယူဖေါ်ပြပါသည် www.alinshin.com
    ·

့ရွှေည၀ါဆရာတော်၊ ဆရာတော် ဦးဝီရသူနှင့်မကွေးဆရာတော်ရှင်ပါမောက္ခတို့ယနေ့ညဒေသ

Unknown | 6:19 PM | Be the first to comment! Unknown | 6:19 PM | Be the first to comment!
Unknown | 6:19 PM | Best Blogger Tips

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က လယ်ယာမြေကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ရုန်းရင်း ဆန်ခတ်မှုများ
ဖြစ်ပေါ်ခဲ့သော ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တို
ကျေးရွာအုပ်စု၊ ပလောင်ကျေးရွာသို့ရွှေည၀ါဆရာတော်၊ ဆရာတော် ဦးဝီရသူနှင့်မကွေးဆရာတော်ရှင်ပါမောက္ခတို့ယနေ့ညဒေသ
စံတော်ချိန်၇း၂၀နာရီခန့်တွင်ရောက်ရှိလာပြီးကျေးရွာလူထုကို
တွေ့ဆုံအားပေးစကားမြွက်ကြားခဲ့ကြောင်းအဆိုပါနေရာသို့သွားရောက်
သတင်းယူနေသောThe Messenger အကြီးတန်းသတင်းသမား
တစ်ဦးကသတင်းပေးပို့သည်။

ဆရာတော်များသည်သက်ဆိုင်ရာဒေသအာဏာပိုင်များနှင့်လည်း
တွေ့ဆုံဆွေးနွေးခဲ့ပြီးရုန်းရင်းဆန်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူများ
ကိုအားပေးစကားမြွက်ကြားရန်နှင့်အလှူငွေများပေးအပ်ရန်
ဒေသစံတော်ချိန်ည ၈း၃၀ နာရီခန့်တွင်မအူပင်မြို့နယ်ဆေးရုံသို့
ဆက်လက်ကြွသွားကြကြောင်းသိရသည်။

သတင်း - Messenger News Journal.
ဓါတ်ပုံ - Naysoelin Lin.
------------------------------
Kyaw Swar Myint
ကိုသောင်း ပုလဲမြေ
မှကူးယူဖေါ်ပြပါသည် www.alinshin.com

"မအူပင်၊မလက်တို နောက်ဆုံး အခြေအနေ"

Unknown | 6:17 PM | Be the first to comment! Unknown | 6:17 PM | Be the first to comment!
Unknown | 6:17 PM | Best Blogger Tips

"မအူပင်၊မလက်တို ပဋိပက္ခကြောင့် ရဲတစ်ဦးသေဆုံး၊ရွာသား ၁၅ ဦးဒဏ်ရာရ"

ဖေဖော်ဝါရီ ၂၆ ရက်နေ့ညနေက ဧရာဝတီတိုင်းဒေသကြီး၊မအူပင်မြို့နယ် မလက်တိုအုပ်စုကျေးရွာတွင် ဒေသခံလယ်သမားများနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ဒေသခံ လယ်သမား ၁၅ ဦးကို မအူပင်ဆေးရုံမှာ တက်ရောက်ဆေးကုသခံနေရတယ်လို့ သိရှိရပါတယ်။

ဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးအပါအဝင် အခြားအဆင့်ရဲတပ်ဖွဲ့ဝင် ၂၅ ဦးကိုလည်း မအူပင်ဆေးရုံနဲ့ရန်ကုန်ဆေးရုံကြီးသို့ တင်ပိုပြီး ဆေးကုသမှု ခံယူစေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဒုတိုင်းတပ်ဖွဲ့မှုး ဒုရဲမှုးကြီး ဦးထွန်းမင်းက RFA ကိုအတည်ပြုပြောဆိုပါတယ်။

ဒဏ်ရာပြင်းထန်သဖြင့် မနေ့ညက ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို တင်ပို့ပြီး ဆေးကုသမှုခံယူနေရတဲ့ ဆားလင်းကြီးရဲစခန်းက ရဲတပ်သား ရဲကျော်သူဟာ ဦးခေါင်းကို ဓားခုတ်မိတဲ့ဒဏ်ရာကြောင့် ဒီကနေ့မနက်က သေဆုံးသွားပါတယ်။
----------------------------------------------
RFA Burmese

ကိုသောင်း ပုလဲမြေ မှကူးယူဖေါ်ပြပါသည် www.alinshin.com

"ညောင်သီးနှင့်လေးသံ"

Unknown | 6:11 PM | Be the first to comment! Unknown | 6:11 PM | Be the first to comment!
Unknown | 6:11 PM | Best Blogger Tips

"ညောင်သီးနှင့်လေးသံ"
+++++++++++++++

၁။ ထေရ၀ါဒ၊ ဗုဒ္ဓသာသနာ
တစ်ကမ္ဘာလုံး၊ အကောင်းဆုံးပါ
ပွင့်ရာဒေသ၊ ကွယ်ပခဲ့ရှာ
အာရှငါး၊ ထင်ရှားကျန်တော့တာ။

၂။ အသောကခေတ်၊ ပါကစ္စတန်
သာသနာထွန်းတောက်၊ ရောက်အာဖဂန်
အင်ဒိုနီးရှား၊ ပြန့်ပွားဧကန်
မျက်မှောက်ခေတ်၊ ထွန်းသစ်အစ္စလာမ်

၃။ ပြည်တွင်းဝင်ရောက် လူဖောက်သာသနာ
ဒေသခံများ၊ သတိထားပါ
မျိုးနွယ်ကိုထိန်း၊ မတိမ်းစေရာ
မြတ်ဗုဒ္ဓ၊ ဓမ္မဒို့မြန်မာ

၎။ ညောင်သီးလည်းစား၊ ထောင်နားလေးသံ
တဲရှင်မောင်းထုတ်၊ ကုလားအုတ်ဆန်
သားရေနားစား၊ မခြားတူပြန်
မျက်စိပွင့်၊ နားစွင့်အန္တရာယ်မှန်။

၅။ ဘယ်သူတရားပျက်၊ မပျက်မြန်မာ
ဗုဒ္ဓညွှန်ပြ၊ ဓမ္မဒေသနာ
သိ - ပယ် - ဆိုက် - ပွား၊ လေးပါးသစ္စာ။
နိဗ္ဗူနန်း၊ စံမြန်းတကယ့်ချမ်းသာ။

အငြိမ်းစားအထက်တန်းကျောင်းအုပ်ကြီး၊ ပညာတန်ဆောင်မဂ္ဂဇင်းအယ်ဒီတာ
ဦးကျော်စိုး(မောင်ကျေးဇူး) ရေးစပ်သည်။

Ashin Kawwida shared မျိုးချစ်ဇာနည်ဗုဒ္ဓသာသနာလက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ရေးလူငယ်များအဖွဲ့'s photo.
မှကူးယူဖေါ်ပြပါသည် www.alinshin.com

မအူပင်မလက်တိုလယ်ယာမြေလူသတ်ပွဲ

Unknown | 5:59 PM | Be the first to comment! Unknown | 5:59 PM | Be the first to comment!
Unknown | 5:59 PM | Best Blogger Tips

ဇာတ်လမ်းအစကတော့ ၂၀၀၆ခုနှစ်က၊မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူး
ကနေ စတင်ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်ပါ။ မအူပင်မြို့နယ်၊မလက်တိုကျေးရွာ
အုပ်စု၊ပလောင်ကျေးရွာအနီးရှိ မြေလွတ်မြေရိုင်းအများစုနဲ့ ပိုင်ရှင်ရှိ
လယ်မြေအချို့အပါဝင် လယ်မြေဧက(၅၅၀၀)ကို ရေဆိုးစွန့်ပစ်မြောင်း
ဖော်ဖို့ဆိုပြီး တရားမ၀င် သိမ်းယူခဲ့ပါတယ်။

ဒါပေမယ့် ရေဆိုးစွန့်မြောင်းစီမံကိန်းအတွက် အသုံးပြုတဲ့မြေက
အနည်းအကျဉ်းသာဖြစ်ပြီး၊ မြေအများစုကတော့ ဒေါက်တာဦးမြင့်စိန်ရဲ့
Orchard Company ပိုင် ဖြစ်သွားပါတယ်။

အဆိုပါမြေတွေမှာ ဘာလုပ်ငန်းမှ ကြီးကြီးမားမားလုပ်ကိုင်တာ
မတွေ့မြင်ရပေမယ့် ထူးဆန်းတဲ့ မွေးမြူရေးလုပ်ငန်းတစ်ခုကိုတော့ ကြားသိခဲ့ရပါတယ်။ အဲဒါကတော့ မြွေတွေနဲ့ကြွက်တွေ မွေးမြူတယ်
ဆိုတာပါပဲ။

သိမ်းယူထားခဲ့တဲ့ မြေအများစုဟာ မြေလွတ်မြေရိုင်းတွေအဖြစ်ပဲရှိနေပြီး ချုံနွယ်ပိတ်ပေါင်းတွေသာ ဖုံးလွှမ်းနေခဲ့ပါတယ်။ လယ်မြေအသိမ်းခံ
ခဲ့ရသူတွေအပါဝင်၊ ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ်ဆိုတာထက်၊ငတ်သထက် ငတ်လာကြတာမို့ မိမိတို့
ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ
ရွေးချယ်စရာမရှိတဲ့ လမ်းတစ်ခု ဖြစ်ခဲ့ရပါတယ်။

တရားဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိသူတွေ
ကိုယ်တိုင်က တရားလက်လွတ် လုပ်လာတဲ့အခါ၊ မိမိတို့အသက်ရှင်
ရပ်တည်ရေးအတွက် တခြားရွေးချယ်စရာလမ်းမရှိတော့တဲ့ အငတ်ဘေး
ဆိုက်နေသူတွေက တရားဥပဒေဆိုတာကို အလေးမထားနိုင်တော့တာ ဘယ်လိုအပြစ်ဆိုဝံ့ကြမလဲ။

ဒီတော့ ကုမ္မဏီပိုင်ဆိုတဲ့မြေလွတ်တွေထဲမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ၀င်ရောက်လုပ်ကိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ မြေလွတ်မြေရိုင်း နှစ်ဧက
လောက်အပေါ်မှာရှိနေတဲ့ ချုံနွယ်တွေကို ၀င်ရောက်ရှင်းလင်းကြပါတယ်။

ချုံနွယ်တွေ ၀င်ရောက်ရှင်းလင်းကြသူ ရွာသားတွေကို ရဲတပ်ဖွဲက လာရောက်တားမြစ်ပြီး၊ ပိုင်နက်ကျူးကျော်သူတွေအဖြစ် ကုမ္မဏီက
အမှုဖွင့် တရားစွဲဆိုထားကြောင်း အသိပေးပါတယ်။ ရွေးချယ်စရာ တခြား
နည်းလမ်း မရှိတော့တဲ့ ရွာသားတွေအတွက်ကတော့ သေမထူးနေမထူး
ဖြစ်နေရပြီမို့ နောက်ဆုတ်စရာလည်း မရှိတော့ပါဘူး။

တရားဥပဒေဆိုတာထက် မျှတမှုကိုပဲ မျှော်လင့်မိကြတယ်။ ဒါက အကြမ်းဖက်မှုဖြစ်စဉ်ရဲ့ အခြေခံဇာတ်ပျိုးပါ။

မနေ့ကနေ့လည် မှာတော့ အရေးပေါ်အခြေအနေ ပုဒ်မ(၁၄၄)
ထုတ်ပြန်ပါတယ်။ ရွာသားတွေကို ၀င်ရောက်ကျူးကျော်ထားတဲ့
လယ်မြေတွေကနေ နောက်ဆုတ်ကြဖို့ ရဲတပ်ဖွဲ့က အသံချဲ့စက်နဲ
ကြေညာပါတယ်။

ဒါပေမယ့် ဘယ်သူမှမဆုတ်ခွာကြတဲ့အပြင် ရွာထဲက ကျန်ရှိနေသူတွေပါ ထပ်မံရောက်ရှိလာကြပါတယ်။ အမျိုးသမီးတွေနဲ့ ခလေးငယ်တွေပါ ပါဝင်
လာကြပါတယ်။ စုစုပေါင်းရွာသူရွာသားတွေ(၅၀၀)ကျော် လောက်
ဖြစ်လာပြီး၊ တစ်ဖက်မှာ ရဲတပ်ဖွဲ့ဝင်တွေက(၂၀၀)ကျော်လောက် ရှိနေ
ပါတယ်။ နှစ်ဖက်စလုံးကလည်း ရွေ့ရွေ့နဲ့ ရှေ့ကို မျက်နှာချင်းဆိုင် ရွှေ့လာ
နေကြတာပါ။

ရဲတပ်ဖွဲ့က ရှေ့မတိုးကြဖို့ အသံချဲ့စက်နဲ့အော်တော့၊ရွာသားတွေကလည်း မင်းတို့ရှေ့မတိုးရင် ငါတို့လည်း မတိုးဘူးလို့ သံပြိုင်အော်ကြပါတယ်။
ဒါပေမယ့် ဘယ်သူမှ မရပ်ကြတော့ မျက်နှာချင်းဆိုင် ကျွံမိကြတာပါပဲ။

ရွာသူရွာသားတွေဖက်က စတင်ကျူးလွန်တယ်၊ကိုမောင်စိုးဆိုတဲ့လူက ဓားနဲ့စတင်တိုက်ခိုက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။

မျက်နှာချင်းဆိုင်တိုးမိကြတော့ ရှေ့ဆုံးက ရွာသားတွေက လမ်းဖယ်ေ
ပေးလိုက်ကြတယ်။ ရဲတပ်ဖွဲ့ဝင်(၃၀)လောက်က လူအုပ်ထဲ
ရောက်သွားတယ်။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တော့ နောက်ကအမျိုးသမီး
တွေက ရှေ့တိုးလာကြတယ်။

အဲဒီ့မှာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်က နှမသားချင်းမစာနာဘဲ (နင်တို့မိန်းမ
တွေဟာ ငါတို့ယောက်ျားတွေရဲ့အောက်မှာပဲရှိတယ်ဆိုပြီး)ရိုင်းပြစွာ
ပြောဆိုတော့ မမူမူဝင်းဆိုတဲ့အမျိုးသမီးက နင် မမိုက်ရိုင်းနဲ့ဆိုပြီး ၀င်ပြောပါတယ်။

အဲဒီမှာ ဆဲဆိုတဲ့ရဲတပ်ဖွဲ့ဝင်က သူ့ကို ပြန်ပြောရပါ့မလားဆိုပြီး
မမူမူဝင်းကို လက်ကကိုင်လာတဲ့ နံပါတ်တုတ်နဲ့ရိုက်ပါတယ်။ ဒါကိုမြင်တော့ လူငယ်တွေက သည်းညည်းခံပြီး မနေသာတော့ပဲ ၀င်ရောက်ရိုက်နှက် ထိုးခုတ်မှုတွေ စတင်ဖြစ်ပွားရတာပါပဲ။

ဒီလိုရုန်းရင်းဆန်ခတ်တွေဖြစ်ပြီဆိုတော့ သေနတ်ပါလာပါတယ်။
အချက်ပေါင်း(၁၅၀)လောက် ပစ်ခတ်ခဲ့ပါတယ်လို့ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။

မိုးပေါ်ထောင်ပြီးပစ်တာ ဟုတ်မဟုတ်ကတော့ ဆေးရုံမှာ ရောက်ရှိ
နေကြတဲ့ သေနတ်ဒဏ်ရာနဲ့ လယ်သမားတွေက သက်သေခံကြပါလိမ့်မယ်။

စတင်ဆဲဆိုခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်လို့ ယူဆရသူကတော့ ပြင်းထန်တဲ့
ဓားဒဏ်ရာကြောင့်ကွယ်လွန်သွားရှာပါပြီ။သူတို့လက်ချက်ဖြစ်တဲ့
အကြောင်းလည်း ရွာသားတွေက ၀န်ခံပါတယ်။

အခုဆိုရင် ရွာသူရွာသားတွေအများစုက ရွာထဲကို မပြန်ရဲကြပါဘူး။
ငတ်လို့ လယ်မြေတွေ ၀င်လုမိတာပါလို့လည်း ကျမကိုဝန်ခံကြရှာ ပါတယ်။

Kyaw Swar Myint
------------------------------------------------------------------------------
ပလောင်ကျေးရွာ အကြမ်းဖက်မှု ဖြစ်ရပ်မှန် ….
(8 photos)
-------------------------------
ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ် ဆိုတာထက်၊ ငတ်သထက် ငတ်လာကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာမရှိတဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်ခဲ့ရပါတယ်။

မနေ့ညနေက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဒီနေ့မနက်မှာ ကျမတို့တတွေ မအူပင်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးနဲ့ အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ နေရာအထိ သွားရောက်ခဲ့ပါတယ်။ သက်ဆိုင်သူတွေနဲ့တွေ့ဆုံမေးမြန်းပြီး တတ်နိုင်သမျှ ညှိနှိုင်းဖြေရှင်းပေးခဲ့ပါတယ်။ လုံးဝပြေလည်သွားပါပြီလို့တော့ မဆိုနိုင်ပါဘူး။ လောလောဆယ်မှာ မနေ့ကလို အကြမ်းဖက်မှုမျိုး ထပ်မံမဖြစ်ပေါ်အောင်တော့ နှစ်ဖက်စလုံးကို ညှိနှိုင်းပေးခဲ့ပါတယ်။ ကျမသိခဲ့ရသမျှ ဖြစ်စဉ်ကို တင်ပြပါ့မယ်။ဒါပေမယ့် ကျမပြောသမျှသာလျှင် ဧကန်ဖြစ်ရပ်မှန်လို့တော့ တစ်ထစ်ချ မယူဆစေလိုပါဘူး။ ဒီ့ထက်ပိုမို ပြည့်ပြည့်စုံစုံ မေးမြန်းစုံစမ်းခွင့်၊သိရှိခွင့်ရဦးမယ်ဆိုရင် ဒီ့ထက်ပိုမိုတဲ့ ဖြစ်ရပ်မှန်တွေ ပေါ်ပေါက်လာနိုင်ပါသေးတယ်။
ဇာတ်လမ်းအစကတော့ ၂၀၀၆ခုနှစ်က၊မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးကနေ စတင်ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်ပါ။ မအူပင်မြို့နယ်၊မလက်တိုကျေးရွာအုပ်စု၊ပလောင်ကျေးရွာအနီးရှိ မြေလွတ်မြေရိုင်းအများစုနဲ့ ပိုင်ရှင်ရှိလယ်မြေအချို့အပါဝင် လယ်မြေဧက(၅၅၀၀)ကို ရေဆိုးစွန့်ပစ်မြောင်းဖော်ဖို့ဆိုပြီး တရားမ၀င် သိမ်းယူခဲ့ပါတယ်။ ဒါပေမယ့် ရေဆိုးစွန့်မြောင်းစီမံကိန်းအတွက် အသုံးပြုတဲ့မြေက အနည်းအကျဉ်းသာဖြစ်ပြီး၊ မြေအများစုကတော့ ဒေါက်တာဦးမြင့်စိန်ရဲ့ Orchard Company ပိုင် ဖြစ်သွားပါတယ်။ အဆိုပါမြေတွေမှာ ဘာလုပ်ငန်းမှ ကြီးကြီးမားမား လုပ်ကိုင်တာမတွေ့မြင်ရပေမယ့် ထူးဆန်းတဲ့ မွေးမြူရေးလုပ်ငန်းတစ်ခုကိုတော့ ကြားသိခဲ့ရပါတယ်။ အဲဒါကတော့ မြွေတွေနဲ့ကြွက်တွေ မွေးမြူတယ်ဆိုတာပါပဲ။ သိမ်းယူထားခဲ့တဲ့ မြေအများစုဟာ မြေလွတ်မြေရိုင်းတွေအဖြစ်ပဲရှိနေပြီး ချုံနွယ်ပိတ်ပေါင်းတွေသာ ဖုံးလွှမ်းနေခဲ့ပါတယ်။ လယ်မြေအသိမ်းခံခဲ့ရသူတွေအပါဝင်၊ ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ်ဆိုတာထက်၊ငတ်သထက် ငတ်လာကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာမရှိတဲ့ လမ်းတစ်ခု ဖြစ်ခဲ့ရပါတယ်။ တရားဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိသူတွေကိုယ်တိုင်က တရားလက်လွတ် လုပ်လာတဲ့အခါ၊ မိမိတို့အသက်ရှင်ရပ်တည်ရေးအတွက် တခြားရွေးချယ်စရာလမ်းမရှိတော့တဲ့ အငတ်ဘေးဆိုက်နေသူတွေက တရားဥပဒေဆိုတာကို အလေးမထားနိုင်တော့တာ ဘယ်လိုအပြစ်ဆိုဝံ့ကြမလဲ။ ဒီတော့ ကုမ္မဏီပိုင်ဆိုတဲ့မြေလွတ်တွေထဲမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ၀င်ရောက်လုပ်ကိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ မြေလွတ်မြေရိုင်း နှစ်ဧကလောက်အပေါ်မှာရှိနေတဲ့ ချုံနွယ်တွေကို ၀င်ရောက်ရှင်းလင်းကြပါတယ်။ ချုံနွယ်တွေ ၀င်ရောက်ရှင်းလင်းကြသူ ရွာသားတွေကို ရဲတပ်ဖွဲက လာရောက်တားမြစ်ပြီး၊ ပိုင်နက်ကျူးကျော်သူတွေအဖြစ် ကုမ္မဏီက အမှုဖွင့် တရားစွဲဆိုထားကြောင်း အသိပေးပါတယ်။ ရွေးချယ်စရာ တခြားနည်းလမ်း မရှိတော့တဲ့ ရွာသားတွေအတွက်ကတော့ သေမထူးနေမထူး ဖြစ်နေရပြီမို့ နောက်ဆုတ်စရာလည်း မရှိတော့ပါဘူး။တရားဥပဒေဆိုတာထက် မျှတမှုကိုပဲ မျှော်လင့်မိကြတယ်။ ဒါက အကြမ်းဖက်မှုဖြစ်စဉ်ရဲ့ အခြေခံဇာတ်ပျိုးပါ။
မနေ့ကနေ့လည် မှာတော့ အရေးပေါ်အခြေအနေ ပုဒ်မ(၁၄၄)ထုတ်ပြန်ပါတယ်။ ရွာသားတွေကို ၀င်ရောက်ကျူးကျော်ထားတဲ့လယ်မြေတွေကနေ နောက်ဆုတ်ကြဖို့ ရဲတပ်ဖွဲ့က အသံချဲ့စက်နဲ့ကြေညာပါတယ်။ ဒါပေမယ့် ဘယ်သူမှမဆုတ်ခွာကြတဲ့အပြင် ရွာထဲက ကျန်ရှိနေသူတွေပါ ထပ်မံရောက်ရှိလာကြပါတယ်။ အမျိုးသမီးတွေနဲ့ ခလေးငယ်တွေပါ ပါဝင်လာကြပါတယ်။ စုစုပေါင်းရွာသူရွာသားတွေ(၅၀၀)ကျော် လောက်ဖြစ်လာပြီး၊ တစ်ဖက်မှာ ရဲတပ်ဖွဲ့ဝင်တွေက(၂၀၀)ကျော်လောက် ရှိနေပါတယ်။ နှစ်ဖက်စလုံးကလည်း ရွေ့ရွေ့နဲ့ ရှေ့ကို မျက်နှာချင်းဆိုင် ရွှေ့လာနေကြတာပါ။ ရဲတပ်ဖွဲ့က ရှေ့မတိုးကြဖို့ အသံချဲ့စက်နဲ့အော်တော့၊ရွာသားတွေကလည်း မင်းတို့ရှေ့မတိုးရင် ငါတို့လည်း မတိုးဘူးလို့ သံပြိုင်အော်ကြပါတယ်။ဒါပေမယ့် ဘယ်သူမှ မရပ်ကြတော့ မျက်နှာချင်းဆိုင် ကျွံမိကြတာပါပဲ။ရွာသူရွာသားတွေဖက်က စတင်ကျူးလွန်တယ်၊ကိုမောင်စိုးဆိုတဲ့လူက ဓားနဲ့စတင်တိုက်ခိုက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ မျက်နှာချင်းဆိုင်တိုးမိကြတော့ ရှေ့ဆုံးက ရွာသားတွေက လမ်းဖယ်ပေးလိုက်ကြတယ်။ ရဲတပ်ဖွဲ့ဝင်(၃၀)လောက်က လူအုပ်ထဲ ရောက်သွားတယ်။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တော့ နောက်ကအမျိုးသမီးတွေက ရှေ့တိုးလာကြတယ်။ အဲဒီ့မှာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်က နှမသားချင်းမစာနာဘဲ (နင်တို့မိန်းမတွေဟာ ငါတို့ယောက်ျားတွေရဲ့အောက်မှာပဲရှိတယ်ဆိုပြီး)ရိုင်းပြစွာပြောဆိုတော့ မမူမူဝင်းဆိုတဲ့အမျိုးသမီးက နင် မမိုက်ရိုင်းနဲ့ဆိုပြီး ၀င်ပြောပါတယ်။ အဲဒီမှာ ဆဲဆိုတဲ့ရဲတပ်ဖွဲ့ဝင်က သူ့ကို ပြန်ပြောရပါ့မလားဆိုပြီး မမူမူဝင်းကို လက်ကကိုင်လာတဲ့ နံပါတ်တုတ်နဲ့ရိုက်ပါတယ်။ ဒါကိုမြင်တော့ လူငယ်တွေက သည်းညည်းခံပြီး မနေသာတော့ပဲ ၀င်ရောက်ရိုက်နှက် ထိုးခုတ်မှုတွေ စတင်ဖြစ်ပွားရတာပါပဲ။ ဒီလိုရုန်းရင်းဆန်ခတ်တွေဖြစ်ပြီဆိုတော့ သေနတ်ပါလာပါတယ်။ အချက်ပေါင်း(၁၅၀)လောက် ပစ်ခတ်ခဲ့ပါတယ်လို့ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။ မိုးပေါ်ထောင်ပြီးပစ်တာ ဟုတ်မဟုတ်ကတော့ ဆေးရုံမှာ ရောက်ရှိနေကြတဲ့ သေနတ်ဒဏ်ရာနဲ့ လယ်သမားတွေက သက်သေခံကြပါလိမ့်မယ်။ စတင်ဆဲဆိုခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်လို့ ယူဆရသူကတော့ ပြင်းထန်တဲ့ဓားဒဏ်ရာကြောင့် ကွယ်လွန်သွားရှာပါပြီ။သူတို့လက်ချက်ဖြစ်တဲ့အကြောင်းလည်း ရွာသားတွေက ၀န်ခံပါတယ်။
အခုဆိုရင် ရွာသူရွာသားတွေအများစုက ရွာထဲကို မပြန်ရဲကြပါဘူး။ငတ်လို့ လယ်မြေတွေ ၀င်လုမိတာပါလို့လည်း ကျမကို ၀န်ခံကြရှာ ပါတယ်။ ကျမစကားကိုလည်း နားထောင်ပါ့မယ်တဲ့။ တစ်ခုပါပဲတဲ့။သူတို့ရွာထဲ ပြန်ဝင်ရင် မဖမ်းပါဘူး၊အရေးမယူပါဘူး ဆိုတာကိုတော့ အစ်မတာဝန်ယူပေးပါတဲ့။ ကျမ သူတို့ရဲ့ဆန္ဒအတိုင်း ညှိနှိုင်းကြည့်ပါသေးတယ်။တာဝန်ရှိသူတွေက(တိုင်ချက်ဖွင့်ထားတာမို့ ဥပဒေအရပဲ ဆောင်ရွက်ရမှာပါတဲ့)။ဒါ့ကြောင့် သူတို့ကို ရွာထဲပြန်လာဖို့တော့ ကျမ မတိုက်တွန်းခဲ့နိုင်ပါဘူး။
-------------------------------------------
Kyaw Swar Myint shared Su Su Nway's album.
ကိုသောင်း ပုလဲမြေ added 8 photos.
မှကူးယူဖေါ်ပြပါသည် www.alinshin.com·

Twitter Bird Gadget