.

Sunday, February 24, 2013

ကျနော့အမြင်တစ်ခုပါ

Unknown | 8:05 PM | Be the first to comment! Unknown | 8:05 PM | Be the first to comment!
Unknown | 8:05 PM | Best Blogger Tips

ကျနော့အမြင်တစ်ခုပါ

ဒေါ်အောင်ဆန်းစုကြည်ကိုအမိန့် ပေးလို့လည်းမရဘူး၊
ဒေါ်အောင်ဆန်းစုကြည်ကို မက်လုံးတွေပေးပြီး စည်းရုံးလို့လည်းမရဘူး၊
ဒေါ်အောင်ဆန်းစုကြည်ကို စည်းစိမ် ဂုဏ်ပကာသနတွေ ရာထူးတွေနဲ့လည်း စည်းရုံးမရဘူး၊
ဒါကြောင့် ဘယ်သူမဆိုရေးကြတာတွေကို အလဟသမဖြစ်စေချင်ဘူး ဒေါ်အောင်ဆန်းစုကြည်က သူ့ အလုပ်သူ လုပ်နေတာဖြစ်တယ်။ သူ့ရဲ့ စည်းရုံးမှုပျက်ပြားအောင် လုပ်လို့ လဲမရဘူး။ 
ဒါကြောင့်သတင်းတွေထဲမှာ ဖေ့ဘုတ်နဲ့ အခြားမီဒီယာသတင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်က အောင်မြင် ကျော်ကြားလို့ ဒေါ်စုကို မကောင်းကြံရေးနေကြတာတွေ တွေ့နေရတယ်။ 
ဒေါ်စုကိုမလိုလားတဲ့ အစိုးရ ကြံ့ဖွတ်တွေက အထူးသဖြင့် ပြန်ကြားရေးက အမည်မျိုးစုံနဲ့ လူတွေက သူ တို့ရဲ့ ဖေ့ဘုတ်မှာဆိုရင် အကောင့်အမျိုးမျိုးနဲ့ ပြစ်တင် တိုက်ခိုက်နေကြတာတာဖြစ်တယ်။
အမေစု အမေစု နဲ့ စွတ်စွတ်အော်နေသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်ပုံကို လူမြင်သူမြင် မဖြစ်ဖြစ်အောင် ဖော်ပြ နေကြတဲ့သူတွေ က အများစုဖြစ်နေပါရောလားလို့  တွေးရခက်ကြီးဖြစ်နေပါတယ်။
ဥပမာ ဦးဇင်းဦးဝိသူရဆိုရင် ဗွီဒီယိုထဲမှာပြောတာတွေက တလွဲတချို့တွေထည့်ပြောတာ။ 
ဘာကြောင့် ဘာကိုဦးတည်ပြချင်တာလဲ၊  NLDက ကြိးမားတဲ့ အဖွဲ့ အစည်းဖြစ်တယ်။ လူမျိုးပေါင်းစုံရှိပါတယ်။ ဘာသာပေါင်းစုံရှိပါတယ်၊ ပြဿနာပေါင်းစုံလည်း ရှိသလို ဖြေရှင်းမှု ပေါင်းစုံလည်း ရှိပါတယ်။
ဦးဝိရသူရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေလည်းဆိုတာကလည်း စဉ်းစားစရာပါပဲ။ 
အမျိုးသားရေးကိစ္စ လုပ်ချင်ရင် အမျိုးသားရေးလုပ်စေ့ ချင်ပါတယ်။ ဘုရားသားတော်တွေဆိုတာက နိုင်ငံရေးမှာ ပါလာရင် သန့်ရှင်းစင်ကြယ်တာ ကောင်းပါတယ်။ မေတ္တာတရား အခြေခံပြီး အမုန်းတရား မဖက်တဲ့ တရားဓမ္မ ကို ဟောပြောတာကို သင့်တော်ပါတယ်။ 
ဦးဝိရသူအနေနဲ့ ဘာသာရေးကို အကြောင်းပြုပြီး ဘာသာရေး အဓိကရိုဏ်းဖြစ်မယ့်အသုံးအနှုန်းမျိုးကို မသုံး သင့်ဘူးလို့ ထင်ပါတယ်။ 
အမျိုး ဘာသာ၊  သာသနာ ချစ်စိတ်ကို လေးစားပါတယ်။ ပုထုဇဉ်အနေနဲ့ ရှိသင့်ရှိထိုက်တဲ့ မျိုးချစ်စိတ်၊ သာသနာကာကွယ်လိုစိတ်အဖြစ် နားလည်လက်ခံလို့ ရပါတယ်။ 
ဒါပေမယ့် ရိုးသားတဲ့အကြောင်းရင်းခံနဲ့ အမျိုး၊  ဘာသာ၊ သာသနာအကျိုး  စည်ပင်ပွားများဖို့ တခြားဟောပြောမှု မျိုး ဆိုရင်လက်ခံနိုင်စရာ ရှိပေမယ့် အခု အွန်လိုင်းမှာ ပျံ့နေတဲ့ ဟောပြောမှုတွေက မရိုးသားရာ သဲလွန်စတွေ မြင် နေရလို့ပါ။ 
25.2.2013
ကိုထွန်းဝေ

Maung Maung Wann was tagged in Tun Wai's photo. — with Essential Moe and 47 others.
မှကူးယူဖေါ်ပြပါသည် www.alinshin.com

Twitter Bird Gadget