.

Saturday, February 23, 2013

သမ္မထံလိပ်မူတိုင်ကြားသော တိုင်ကြားစာများအား လက်ခံဆောင်ရွက် ပေးမည်မဟုတ်ဟုတ်

Unknown | 6:15 PM | Be the first to comment! Unknown | 6:15 PM | Be the first to comment!
Unknown | 6:15 PM | Best Blogger Tips

by အလင်း ရှင် on Sunday, February 24, 2013 at 7:56am ·
သမ္မထံလိပ်မူတိုင်ကြားသော တိုင်ကြားစာများအား လက်ခံဆောင်ရွက် ပေးမည်မဟုတ်ဟုဆို တိုင်ကြား စာများသည် နိုင်ငံတော် သမ္မတထံသို့ တိုက်ရိုက်မူရင်း ပေးပို့၍ မိမိတို့ထံ မိတ္တူပို့၍ တိုင်ကြားပါက ယင်းတိုင်ကြား စာများအား လက်ခံဆောင်ရွက် ပေးမည် မဟုတ်ကြောင်း ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က နေပြည်တော်ရှိ အမျိုးသား လွှတ်တော် အဆောက်အဦး ၌ ပြုလုပ်ခဲ့သော ---
သစ်ထူးလွင်မှ ကူးယူဖေါ်ပြပါသည် www.alinshin.com

လူထုအသံ ထုတ်ဖော်မည့် သံချပ်ပြိုင်ပွဲ ပြုလုပ်မည်

Unknown | 6:12 PM | Be the first to comment! Unknown | 6:12 PM | Be the first to comment!
Unknown | 6:12 PM | Best Blogger Tips

လူထုအသံ ထုတ်ဖော်မည့် သံချပ်ပြိုင်ပွဲ ပြုလုပ်မည် ပြည်သူလူထုအသံကို ထုတ်ဖော် ပြသနိုင်မည့် ရိုးရာသင်္ကြန် သံချပ်ပြိုင်ပွဲကို ကျင်းပပြု လုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲ အတွက် လျှောက်လွှာများ ဖိတ်ခေါ် ထားကြောင်း ရွှေ FM ၏ ထုတ်ပြန် ကြေညာချက်အရ သိရသည်။ အဆိုပါ သံချပ်ပြိုင်ပွဲကို ရွှေ FM နှင့် Bo Bo အင်တာတိန်းမန့်တို့က ---by အလင်း ရှင် on Sunday, February 24, 2013 at 8:00am ·
သစ်ထူးလွင်မှ ကူးယူဖေါ်ပြပါသည် www.alinshin.com

မြန်မာနိုင်ငံတွင် စက်ရုပ်နှင့် မော်တော်ကား ထုတ်မည်

Unknown | 6:10 PM | Be the first to comment! Unknown | 6:10 PM | Be the first to comment!
Unknown | 6:10 PM | Best Blogger Tips

မြန်မာနိုင်ငံတွင် စက်ရုပ်နှင့် မော်တော်ကား ထုတ်မည် အဆင့်မီ မော်တော် ကားများကို စက်ရုပ်နှင့် ထုတ်လုပ်ရန် ရန်ကုန်တွင် မော်တော်ကား စက်ရုံကြီး တစ်ရုံကို တည်ဆောက်တော့မည် ဖြစ်ကြောင်း မြန်မာမော်တာ ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောသည်။ “အခု ဂျပန်နိုင်ငံကို သွားတော့ ဂျပန်က သဘောတူညီ ချက်တစ်ခု ရလာတာက ရိုဘော့တွေနဲ့ ကားထုတ်မယ့် ---
by အလင်း ရှင် on Sunday, February 24, 2013 at 8:06am ·
သစ်ထူးလွင်မှ ကူးယူဖေါ်ပြပါသည် www.alinshin.com

ကျောက်ဖြူမြို့နယ်က ကျောက်တောင်တွေ အကုန်လုံးနီးပါး မိုင်းခွဲကျောက်ထုတ်ခံနေရ

Unknown | 6:03 PM | Be the first to comment! Unknown | 6:03 PM | Be the first to comment!
Unknown | 6:03 PM | Best Blogger Tips

ကျောက်ဖြူမြို့နယ်က ကျောက်တောင်တွေ အကုန်လုံးနီးပါး မိုင်းခွဲကျောက်ထုတ်ခံနေရ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ အကောင်အထည် ဖေါ်နေတဲ့ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းမှာ လိုအပ်နေတဲ့ ကျောက်တွေ အတွက်  ကျောက်တောင်တွေကို တစ်ခုပြီး တစ်ခု မိုင်းခွဲ ထုတ်လုပ် နေရာမှာ ကျောက်ဖြူမြို့ အရှေ့မြောက်ဘက် ၅မိုင်ခွဲ အကွာမှာရှိတဲ့ မစရိုင်းချောင်းကျွန်းက သမိုင်းဝင် ကျောက်တောင်ကြီးလည်း ပါဝင်နေပါတယ်။ ---
by အလင်း ရှင် on Sunday, February 24, 2013 at 8:30am ·
သစ်ထူးလွင်မှ ကူးယူဖေါ်ပြပါသည် www.alinshin.com

အလွန်သိသင့်သောဖြစ်ရပ်မှန်မို့ တင်ပြလိုက်တာပါ။

Unknown | 5:19 PM | Be the first to comment! Unknown | 5:19 PM | Be the first to comment!
Unknown | 5:19 PM | Best Blogger Tips

လူ.အသက်ထက်ဘယ်အရာမှတန်ဖိုးမရှိ
သရ၀ဏ် (ပြည်)

၁၄.၂.၂၀၁၃ နေ.က နိုင်ငံခြားသားကမ္ဘာလှည်.ခရီးသည်များနှင်. သွားလာရင်း
အင်းလေးကန်အတွင်းရှိဖောင်တော်ဦးဘုရားသို.ရောက်ခဲ.ပါသည်
။ကျွန်တော်တို.ရောက်သွားချိန်တွင် ဘုရားရင်ပြင်တော်ရှေ.တွင်လူတို.
ရုံးစုရုံးစုနှင်. ဖြစ်နေကြပါသည် ။ ဘာဖြစ်သလဲဟုအကျိုးအကြောင်းမေးကြည်.ရာ
ဖြစ်တောင်.ဖြစ်ခဲ ဖောင်တော်ဦးဘုရားပေါ်၌ ဓါးထိုးမှုဖြစ်ပွားသည်ဟုသိရ၍
အလွန်အံ.သြသွားပါသည် ။ အေးချမ်းလှသောအင်းလေးဒေသတွင်
မဖြစ်စဖူးထူးကဲလှပါဘိသည် ဟုအောက်မေ.ကာဖြစ်စဉ်ကိုမေးတော. ပို၍ အံ.သြရပါသည်
။ဓါးနှင်.အထိုးခံရသူမှာ ဘုရားဖူးတစ်ဦးဖြစ်ပြီး ဓါးဖြင်.ထိုးသူမှာ
ဖောင်တော်ဦးဘုရားမှ ရွှေဆိုင်းကန်ထရိုက်ယူရောင်းသူဖြစ်သည်ဟုသိရ၍ဖြစ်သည်
။ ဘုရားဖူးက သူတို.ရောင်းသောရွှေဆိုင်းကိုမ၀ယ်ပဲ
သူ.မှာပါလာသောရွှေဆိုင်းဖြင်.ဘုရားကို ပူဇော်၍ဓါး
ဖြင်.ထိုးခြင်းဖြစ်ပါသတဲ.။ မြတ်စွာဘုရား
။လောကကြီး၌…..ဘာတွေဖြစ်ကုန်ပြီနည်းဟု ရင်ဘတ်ကိုဖိမိပါသည် ။
မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံတော်ပိုင် ပစ္စည်းများ ၊
လုပ်ငန်းများကို ပုဂ္ဂလိကပိုင်လွှဲပြောင်းပေးခြင်းများခေတ်စားလာသည်.နည်းတူ
မြန်မာနိုင်ငံတစ်ဝှမ်းရှိဘုရားများသည်လည်း ဘုရားဆိုင်ခန်းများ ၊
ဓါတ်ပုံလုပ်ငန်းများ ၊ ရွှေဆိုင်းရောင်းချခြင်းလုပ်ငန်းများ ၊
ကားရပ်နားခြင်းလုပ်ငန်းများ ၊ အုန်းပွဲ
ငှက်ပြောပွဲရောင်းချခြင်းလုပ်ငန်းများ ၊ စသော
ဝင်ငွေရရာရကြောင်းလုပ်ငန်းမှန်သမျှကို ကန်ထရိုက်ပေးခြင်း ၊
လေလံပစ်ခြင်းများကိုတွင်ကျယ်စွာလုပ်ဆောင်လာကြပါသည် ။ ထိုအထဲတွင် အင်းလေး
ဖောင်တော်ဦးဘုရားလဲ ပါဝင်ပါသည် ။ အခြားလုပ်ငန်းများကို
မည်သို.ကန်ထရိုက်ချထားပေးလဲမသိသော်လည်း ဖောင်တော်ဦးစေတီ
တွင်ရွှေဆိုင်းရောင်းချခွင်.ရထားသူကန်ထရိုက်ကတော. တော်တော်
စီးပွားရေးဆန်သည်ဟုပဲပြောမလား ၊ သဘောထားတင်းမာသည်ပဲပြောမလား
။စီးပွားရေးလာဘ်မြင်သည်ဟုပဲပြောမလား။ ဖောင်တော်ဦးဘုရားရှိ
ဗုဒ္စရုပ်ပွားတော် ငါးဆူကိုရွှေသင်္ကန်းဆက်ကပ်ပူဇော်လိုလျင်
မည်မျှအရည်အသွေးကောင်းသော ရွှေဆိုင်းများကိုဘုရားဖူးမှ
ယူဆောင်လာသည်ဖြစ်စေ ၊ မိမိတို.ရောင်းချသော ရွှေဆိုင်းမှတစ်ပါး
မည်သူ.ကိုမှ ကပ်လှူပူဇော်ခွင်.မပြုပါ ။ ထိုင်းနိုင်ငံမှ တိုးရစ်များသည်
သူတို.နှင်.အတူပါလာသော ရွှေဆိုင်းများကို ပူဇော်ခွင်.မရ၍ ရွှေများကို
အလှူခံမှန်ပုံးထဲတွင်ထည်.၍ ပြန်သွားရတာ ကျွန်တော်မကြာခနတွေ.ဖူးပါသည် ။
မြန်မာဘုရားဖူးများယူဆောင်လာသောရွှေဆိုင်းများကိုလည်း
မှန်ပုံးထဲတွင်ထည်.ကာ လှူခဲ.ရပါသည် ။
ထိုမှန်ပုံးထဲမှရွှေများကိုဘယ်နေရာမှာသုံးသလဲတော.ကျွန်တော်တို.လဲ
မတွေးတတ်ပါ ။
အင်းလေးဖောင်တော်ဦးဘုရားသို.ရောက်တိုင်းအောက်ပါကြေငြာချက်ကိုအသံချဲ.စက်ဖြင်.
ကြေငြာနေတာကိုလည်း အမြဲတမ်းလိုပင်ကြားရလေ.ရှိပါသည်
“ဘုရားဖူးဧည်.သည်များခင်ဗျား …….
လှေဆိပ်နှင်.ဘုရားပရ၀ုဏ်အတွင်း အတင်းအဓမ္မလိမ်လည်ရောင်းချနေသော
ရွှေဆိုင်းများအား ဘုရား၌ကပ်လှူပူဇော်ခွင်. ပြုမည်မဟုတ်ကြောင်း
ကြိုတင်အသိပေးကြေငြာအပ်ပါသည် “ဟူသတည်း ။သဘောကတော.
ငါ.ထံမှရွှေကိုသာဝယ်ကြကုန်လော. ဟူသည်.အဓိပါယ်ဖြစ်သည် ။
ထိုကြေငြာချက်ကိုတိုးရစ်များက ဘာတွေပြောနေတာလဲဟုမေးသောအခါ
ကိုယ်ပေါင်ကိုယ်လှန်ထောင်းရမှာ ရှက်စရာကောင်းလွန်းသဖြင်. ဘုရားဖူးတွေ
လှေပေါ်ကိုအတက်အဆင်းသတိထားကြပါလို.ကြေငြာနေတာပါ ဟုပြောရသည် ။
ထိုနေ.ကဖြစ်စဉ်မှာ ဘုရားဖူးတစ်ဦးက ကန်ထရိုက်ရောင်းသောရွှေကိုမ၀ယ်ပ
မိမိမှာပါသည်.ရွှေကို ဘုရားအားဇွတ်ကပ်ရန်ကြိုးစားရာမှ
ကန်ထရိုက်ကဓါးဖြင်.ထိုးခြင်း ကိုခံရခြင်းဖြစ်သည် ။

ဤဆောင်းပါးကား ကန်ထရိုက်များ၏
စီးပွားရေးလက်ဝါးကြီးအုပ်ပုံ
၊၀ိသမလောဘဇောတိုက်နေပုံတို.ကိုဖော်ပြလိုရင်းမဟုတ်
။လူတစ်ယောက်ဓါးထိုးခံရပြီးနောက်
မည်ကဲ.သို.အရေးယူဆောင်ရွက်ကြသည်ဟူသောနောက်ဆက်တွဲကိစ္စ ကို
ပြောလိုခြင်းဖြစ်သည် ။ ပုံမှန်အားဖြင်.ကျွန်တော်နားလည်သည်မှာ လူတစ်ယောက်
အရေးပေါ်ဒါဏ်ရာရ၍ သေကောင်ပေါင်းလဲဖြစ်သောအခါ
အနီးဆုံးဆေးရုံသို.ပို.ဆောင်ကြရစမြဲဖြစ်သည် ။ တစ်ကမ္ဘာလုံးမှာလဲ
ဤသို.ပင်ဆောင်ရွက်ကြသည် ။ သို.သော် ကျွန်တော်တို.နိုင်ငံကား
ရှာမှရှားသောနိုင်ငံပေတကား ။ ဓါးထိုးခံရသောလူနာသည် အနီးဆုံး
(အခင်းဖြစ်ရာနေရာတစ်ဝိုက်၌အကောင်းဆုံး ) ဆေးကုသမှုပေးနိုင်သော
ညောင်ရွှေပြည်သူ.ဆေးရုံကြီးသို. ချက်ခြင်းပို.ဆောင်ကုသမပေးကြပဲ ။
နမ်.ပန်ရွာ ရဲကင်းသို.စက်လှေဖြင်.သွားကြရသတဲ.
။လူမမာကဓါးဒဏ်ရာတန်းလမ်းနှင်. မလိုအပ်ပဲ စက်လှေ တဖုတ်ဖုတ်စီးကာ
ဆေးရုံရှိရာညောင်ရွှေမြို.နှင်.ခရီးဆန်.ကျင်ဘက်ဖြစ်သော
နမ်.ပန်သို.သွားရပါသတဲ.။အဘယ်.ကြောင်.ဆိုသော် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ ၊
နည်းဥပဒေများအရ ရဲအရေးပိုင်သော အမှုအခင်းတစ်ခုကြောင်.ဒဏ်ရာအနာတရဖြစ်လျင်
ရဲဆေးစာမပါပဲမည်သည်.ဆရာဝန်၊ဆေးရုံကမှ ကုသပေးခွင်. (အသက်ကယ်ခွင်.
)မရှိပါတဲ.ခင်ဗျာ ။ ဒါ.ကြောင်. နီးတာဝေးတာအပထား ၊ သေတာရှင်တာ အပထား
ရဲမလာလျင်ငုတ်တုတ်ထိုင်စောင်.ကြရမည်. လုပ်ထုံးလုပ်နည်းများပေတကား ။

ထိုဖြစ်ရပ်မျိုးနှင်.ခပ်ဆင်ဆင်တူသောဖြစ်ရပ်များစွာကိုလဲ
သိဖူးကြားဖူးပါသည် ။ မန္တလေးမြို.တွင်ဖြစ်သည် ဂေါဝိန်ဆိပ်နှင်. မလိခ
မော်တော်ဆိပ်အကြား ကမ်းနားလမ်းပေါ်ရှိ ညောင်ပင်ကြီးကို
လူနှစ်ယောက်စီးလာသော ဆိုင်ကယ်တစ်စီးအရှိန်လွန်ပြီးဝင်တိုက်မိရာ
နှစ်ယောက်စလုံးပြင်းထန်စွာဒဏ်ရာရသွားကြသည် ။ အင်းလေးဖောင်တော်ဦးဘုရားမှ
ဖြစ်စဉ်လိုပင် သွေးသံတရဲရဲနှင်.လူနာကို ဆေးရုံသို.
ပို.ခွင်.မရှိ၍လမ်းဘေးတွင်ဒီအတိုင်းထားရသည် ။ ရဲကိုအကြောင်းကြားရသည် ။
အတော်ကြာသောအခါရဲရောက်လာသည် ။ ရဲမှ ယဉ်ထိန်းရဲသို.ထပ်မံအကြောင်းကြားသည် ။
အတန်ကြာသောအခါ ယာဉ်ထိန်းရဲရောက်လာသည် ။
ယာဉ်မှုစစ်ကိုထပ်မံအကြောင်းကြားသည် ။ ယာဉ်မှုစစ်ရောက်လာသောအခါ လူနာသည်
ရရှိသောဒဏ်ရာဖြင်. သွေးထွက်လွန်ကာ သေသွားသည် ။
ဖြစ်ဖြစ်ခြင်းဆေးရုံသို.တင်ပို.နိုင်ပါက အခြားဒဏ်ရာ
ပြင်းထန်ပါကသေချင်သေမည်
။သို.သော်သွေးထွက်လွန်၍သေမည်.ဘေးကိုတော.တားဆီးနိုင်ပါလိမ်.မည် ။
နောက်ထပ်အဖြစ်အပျက်တစ်ခုမှ စစ်ကိုင်းတွင်ဖြစ်ပွားသည် ။
စစ်ကိုင်းမြို.အ၀င် အ၀ိုင်းပါတ်တွင် ထော်လာဂျီနှင်.ဆိုင်ကယ်
အရှိန်ပြင်းစွာတိုက်မိကြသည် ။ ဆိုင်ကယ်သမားကို စစ်ကိုင်းဆေးရုံပို.သည် ။
လက်မခံသဖြင်. မန္တလေးဆေးရုံသို.အမြန်သယ်ဆောင်သည် ။
မန္တလေးဆေးရုံရောက်သောအခါ(ကိုရီးယားရုပ်ရှင်ကားများထဲကလို) အရေးပေါ
်အခန်းအတွင်းသို.ချက်ချင်းမပို.ပဲ တွန်းလှည်းပေါ်တွင်ဒီအတိုင်းထားပြီး
ရဲစစ်ချက်ယူသည် ။ ထိုသို. စစ်ချက်ယူနေစဉ်အရေးပေါ်
်လူနာကိုဘာမှကုသမှုမပေး ။လူနာမှ မချိမဆန်.ငြီးတွားအော်ဟစ်နေရသည်
ပြည်မြို.တွင်ဖြစ်ခဲ.သောအဖြစ်အပျက်နှစ်ခုမှာရင်နာစရာကောင်းသည် ။
တက္ကသိုလ်ကျောင်းသူမိန်းကလေးတစ်ယောက်စီးလာသော ဆိုင်ကယ်နှင်. ကားတစ်စီး
ပြည်မြို. ဗိုလ်ချုပ်လမ်းနှင်. ကျောက်တော်ကြီး ဘုရားလမ်းထိပ်တွင်
တိုက်မိသည် ။ ထုံးစံအတိုင်းဆိုင်ကယ်သမားကောင်မလေးမှာပြင်းထန်စွာဒဏ်ရာရသည်
။ ထိုနေရာသည်ကားဖြင်.သွားလျင် ပုဂ္ဂလိကဆေးရုံတစ်ခုနှင်.ငါးမိနစ်သာဝေးသည် ။
ရဲစခန်းနှင်. (၂) မိနစ်သာဝေးသည် ။ သို.သော်
ကြိုးနီစနစ်အတိုင်းလုပ်ထုံးလုပ်နည်းများကြောင်. အရေးပေါ
်ဖြစ်နေသောကောင်မလေးကိုဘယ်သူမှ ထိကိုင်ခွင်.မရှိ ၊ အကူအညီပေး၍ မရ ။
ရဲမလာမချင်း ဒီအတိုင်းလူနာကိုငုတ်တုတ်ကြည်.နေရသည် ။
မျက်မြင်သက်သေတစ်ဦးကပြောပြရာတွင်
“ ရဲမလာသေးလို.ဆိုပြီးလမ်းဘေးမှာဒီအတိုင်းပစ်ထားတာဗျာ ၊ ခွေးတစ်ကောင်
ကားတိုက်ခံရလို.ပစ်ထားသလိုပါပဲ ၊ ကြည်.ရတာတော်တော်စိတ်မကောင်းဖြစ်စရာပါပဲ
၊ ရဲကိုစောင်.နေတုန်း အရေးပေါ
်အသက်ကယ်တဲ.နည်းလမ်းတစ်ခုကိုတော.သုံးသင်.ပါတယ် ။
မလာသေးတဲ.ရဲကိုစောင်.ရရင်လဲ ဒီလို လမ်းဘေးမှာ
လူ.ဂုဏ်သိက္ခာမရှိခွေးတစ်ကောင်လိုပစ်ထားတာတော.မဖြစ်သင်.ပါဘူး ၊
ကောင်မလေးဟာ အဲဒိနေရာမှာပဲ သွေးထွက်လွန်ပြီးဆုံးသွားပါတယ် “
ပြည်မြို.မှနောက်ထပ်အဖြစ်အပျက်တစ်မှာအမှုတစ်ခုကြောင်.
ရဲကလိုက်ဖမ်း၍ ကြောက်ကြောက်လန်.လန်.နှင်.ဆိုင်ကယ်မောင်းပြေးသော
ဆယ်တန်းကျောင်းသားလေးနှစ်ယောက် အမှုဖြစ်သည် ။ ကျောင်းသားနှစ်ယောက်က
ရှေ.မှ ပြေးသည် ၊ ရဲ တစ်ဦးကဆိုင်ကယ်နှင်.နောက်မှလိုက်သည် ။ မီလာသောအခါ
ရဲကလှမ်းဆွဲလိုက်ရာ ကျောင်းသားလေးနှစ်ယောက်၏ဆိုင်ကယ်မှာ
အရှိန်နှင်.တိမ်းမှောက်သွားသည် ။ ထိုကျောင်းသားလေးတွေ
သွေးအလိမ်းလိမ်းဖြစ်နေစဉ်မှာ ရဲကလက်ထိပ်ခတ်သည် ။ ဘေးနားကလူတွေက
လက်ထိပ်မခတ်ဖို.၀ိုင်းပြောသဖြင်.လက်ထိပ်ဖြုတ်စဉ် လူနာကျောင်းသားလေးမှာ
အသက်ပျောက်သွားသည် ။
ထိုသို.ရင်နာစရာကိစ္စများမြန်မာပြည်တစ်နံတစ်လျားမှာ
နေ.စဉ်ဖြစ်ပျက်နေသည် ။ မြန်မာနိုင်ငံတွင် HIV အေအိုင်ဒီအက်(စ်)
ရောဂါဖြင်. ကွယ်လွန်သူထက် မတော်တဆယာဉ်တိုက်မှု ၊
ဆိုင်ကယ်တိုက်မှုကြောင်.သေသော သူကအရေအတွက်ပိုများနေသည်
။မန္တလေးတစ်မြို.ထဲမှာပင် ၂၀၀၈ ခုနှစ်တစ်နှစ်ထဲတွင် ယာဉ်မတော်တဆမှု ၅၁ မှု
ဖြစ်ပွား၍ ၂၅ ဦးသေကာ ၇၁ ဦး ဒဏ်ရာရခဲ.သည်
ဟုတရားဝင်ကိန်းဂဏန်းများကဆိုသည် ။ ၂၀၀၅ မှ ၂၀၀၈
လေးနှစ်အတွင်းမှာပင်မန္တလေး၌ ယာဉ်တိုက်မှုကြောင်. သေဆုံးသူပေါင်း ၆၁
ဦးရှိပြီး ၊ ဒဏ်ရာရသူ (၄၀၉ ဦး )ရှိသည် ။
တစ်နိုင်ငံလုံးဆိုပါကသေဆုံးသူအေ၇အတွက်မှာနည်းမည်မဟုတ်ချေ။
သေသေချာချာစနစ်တကျ မှတ်တမ်းတင်မထား၍ သေသူများ၏ မည်သည်.ရာခိုင်နှုန်းသည်
ဒဏ်ရာကြောင်. ၊ မည်သည်.ရာခိုင်နှုန်းသည် အချိန်မီမကုသ၍ သွေးထွက်လွန်
မှုကြောင်.သေဆုံးသည်ဟု တိတိကျကျမပြောနိုင်သော်လည်း
ဖြစ်ပွားခဲ.သောဖြစ်စဉ်များနှင်. လုပ်ထုံးလုပ်နည်းများအရ
အချိန်မီဆေးရုံသို.မပို.ဆောင်နိုင်သဖြင်.သေဆုံးရခြင်းမှာအများစုဖြစ်ကြောင်းထင်ရှားသည်

ထိုသို.ဘာ.ကြောင်.ဖြစ်နေရသလဲ ဆိုတာသုံးသပ်ကြည်.သောအခါ
ရဲအရေးပိုင်သော ( Police Case ) ဖြင်.အရေးပေါ်ဒဏ်ရာရသောလူနာများကို
ရဲ၏ခွင်.ပြုချက်မပါပဲ ဆေးရုံဆေးခန်းများမှ ကုသမပေးရဟူသော
ကန်.သတ်ချက်ကြောင်.ဖြစ်ကြောင်းလေ.လာတွေ.ရှိရသည် ။
ဤကန်.သတ်ချက်၏မူလရည်ရွယ်ချက်မှာ ရာဇ၀တ်မှုခင်းတစ်ခုဖြစ်ရာတွင်
ရရှိသောဒဏ်ရာ ကိုရဲကမစစ်ဆေးရသေးပဲ ဆရာဝန်ကကုသလိုက်လျင် မူရင်းဒဏ်ရာ
ပျောက်သွား ၊ ပုံပျက်သွားပြီး တရားခံကိုဖော်ထုတ်ဖမ်းဆီးရာ၌
အနှောက်အယှက်ဖြစ်မှာစိုး၍ ရဲကကြည်.ရှုမှတ်တမ်းတင်ပြီးမှ
ဆရာဝန်များဆက်လက်ကုသဖို. ကြံရွယ်ပြဌာန်းခဲ.ဟန်ရှိသည် ။ သို.သော်
တစ်ခုစဉ်းစားစရာကောင်းသည်မှာ ဆိုင်ကယ်မှောက်မှု ၊
ယာဉ်တိုက်မှုစသည်တို.သည် လူသတ်မှုမဟုတ် ၊ ပေါ.ဆ၌
လူသေစေမှုနှင်.သာအကျုံးဝင်သည်ဖြစ်ရာ
ရဲမလာရောက်ခင်ကုသခွင်.မပြုရဟူသောတားမြစ်ချက်မှာ
ကျိုးကြောင်းဆီလျော်မှုမရှိပဲ တန်ဖိုးရှိလှသောလူ.အသက်များကို အလဟသ
ဖြုန်းတီးနှုတ်ယူနေသလို ဖြစ်နေပါသည် ။
ယာဉ်တိုက်မှု ၊ ယာဉ်မှောက်မှုဖြစ်တိုင်း ယာဉ်မောင်း(သို.မဟုတ် )
ဆိုင်ကယ်မောင်းသူအား ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၄ (က) ဖြင်.
ရဲမှတရားလိုလုပ်ပြီးအမှုဖွင်.လေ.ရှိရာ
မူလဥပဒေပြဌာန်းချက်ကိုအောက်ပါအတိုင်းတွေ.ရှိရလေသည် ။

“ ပုဒ်မ ။ ၃၀၄ (က) ပေါ.လျော.ခြင်းဖြင်.လူသေစေမှု
မည်ဆိုမဆို ရာဇ၀တ်ပြစ်ဒဏ် ထိုက်သော လူသေမှုအဖြစ်ဖြင်.၎င်း ၊
လူသတ်မှုအဖြစ်ဖြင်.၎င်း ပြစ်ဒဏ်ချမှတ်ခြင်းမခံထိုက်သော အရမ်းပြုလုပ်မှုကို
(သို.တည်းမဟုတ် ) ပေါ.လျော.သောပြုလုပ်မှုကို ပြု၍
လူကိုသေစေလျင်ထိုသူကိုခုနစ်နှစ်အထိထောင်ဒဏ်တစ်မျိုးမျိုး
ချမှတ်ရမည်.အပြင်၊ ငွေဒဏ်လည်းချမှတ်နိုင်သည်
။သို.ရာတွင်အဆိုပါပြုလုပ်မှုကို သေစေတန်ရာသည်ဟုသိလျက်နှင်.
ပြုလျင်ထောင်ဒဏ်ကို တိုး၍ ဆယ်နှစ်အထိချမှတ်နိုင်သည် “
ဟူ၍ မြန်မာနိုင်ငံ ရာဇသတ်ကြီး တွင်ပြဌာန်းထားပေသည်
။သို.သော်ထိုမူလဥပဒေထဲတွင် ဒဏ်ရာရသူကိုရဲကစစ်ဆေးပြီးမှ
ဆက်လက်ဆေးကုသခွင်.ပြုရမည် ဟုမပါဝင်ချေ ။ ထိုကန်.သတ်ချက်သည် မူလဥပဒေ
တွင်မပါပဲ နည်းဥပဒေ ၊ အမိန်. ၊ များတွင်ထပ်ထည်.ထားဟန်တူပါသည် ။
ဥပဒေအထက်တွင် နည်းဥပဒေ ၊ ညွှန်ကြားချက် ၊နှုတ်မိန်.၊
ဥပဒေကဲ.သို.အာဏာတည်သောအမိန်.များကလွမ်းမိုးနေသောခေတ်တွင်ပေါ
်ပေါက်လာခြင်းဖြစ်သည် ။ အိမ်အဖီက အိမ်မကြီးကိုကျော်ပြီး
ဆောက်ထားသကဲ.သို.ဖြစ်နေပေ၏ ။

တစ်ခါတစ်ရံနိုင်ငံခြားသားတိုးရစ်အချို. အရေးပေါ်ကျန်းမာရေးချို.ယွင်းလာ၍
ပုဂ္ဂလိက ဆေးခန်း ၊ဆေးရုံများသို.ပို.သောအခါ ဆရာဝန်များက
ကုသပေးနိုင်ပါလျက် သူတို.ကိုအမှုပါတ်မှာကြောက်သဖြင်.
ဆေးရုံကြီးသို.ပဲပို.ပါ ဟု ဘောလီဘောပုတ်ကြသောကြောင်.
လမ်းခရီးတွင်အချိန်ကြန်.ကြာ ကာ အသက်ဆုံးရှုံးမှုများ ဖြစ်ခဲ.ဖူးပါသည်
။ဆရာဝန်၏လုပ်ပိုင်ခွင်.(အသက်ကယ်ခွင်.)အပေါ်ရဲ၏လုပ်ပိုင်ခွင်.က ၀င်ရောက်
ကြီးစိုးလွှမ်းမိုးနေသော ကိစ္စဖြစ်သည် ။
နိုင်ငံတစ်နိုင်ငံတွင် ဥပဒေတစ်ခုကိုပြဌာန်းသောအခါ
သူ.နိုင်ငံသားများ၏အသက် အိုးအိမ်
စည်းစိမ်များကိုကာကွယ်ဖို.ရည်ရွယ်ချက်ဖြင်. ရည်ရွယ်ပြဌာန်းထားသည်များပါ၏်
။ ထိုပြဌာန်းချက်တစ်ခုသည် လူတွေ၏အသက်ကို မကယ်နိုင်ရုံမျှမက
အသက်အန္တရာယ်ကိုခြိမ်းခြောက်လာပြီဆိုရင်တော.
အမြန်ဆုံးထိုဥပဒေ၊တားမြစ်ချက်များကို ဖျက်သိမ်းပစ်ရန်လိုအပ်လှသည်။ ( ဥပမာ
ဒဏ်ရာရသူကို ဆေးကုသမှုအမြန်ဆုံးခံယူစေပြီးမှ ရဲကစစ်ချက်ယူတော.ရော မရသလော
) ။
ကိုယ်ဝယ်ထားသောဖိနပ်တစ်ရံသည်ခြေထောက်နဲ.မတော်ပဲသေးနေသောအခါ
ပို၍အဆင်ပြေမည်.နောက်ထပ်ဖိနပ်တစ်ရံကိုရှာရပါမည် ။
ခြေထောက်နဲ.တော်သွားအောင်
ခြေဖနောင်.ကိုဓါးနဲ.လှီးပစ်မယ်ဆိုသောဥာဏ်ပညာမပါသည်. အရိုးစွဲ
တရားသေ၀ါဒအား ဖယ်ရှားပစ်ချိန်တန်ပါပြီ ။

ကျွန်တော်တို.သည် ဥပဒေများကိုပြဌာန်းရာ၌ ပိဋကတ်သုံးပုံလို ၊
သမ္မာကျမ်းစာလို ၊ ထိုင်ရှစ်ခိုးနေဖို.မဟုတ် ။ အများကောင်းကျိုးအတွက်
အသုံးချကြဖို.လိုရင်းဖြစ်သည် ။ လူ.အသက်ပေါင်းများစွာကိုသေစေခဲ.ပြီဖြစ်သော
နည်းဥပဒေအဟောင်းကြီးတစ်ခုကို လှေနံဓါးထစ်ဖက်တွယ်ကာ
လူ.အသက်များကိုဆက်လက်စတေးမလား ၊
ပို၍ကောင်းသောဥပဒေနှင်.လုပ်ပိုင်ခွင်.တစ်ခုကို ပြဌာန်းကြမလားဆိုတာ
တိုးတက်သောအမြင်ဖြင်.ရဲရဲဝံ.၀ံ. ဝေဖန်ကြဖို.အချိန်ကျပြီဟု
နှိုးဆော်လိုက်ရကြောင်းပါ ။
သရ၀ဏ်(ပြည်)
Khin Myint Oo and Chan Nyein Moe shared Ko Nyi's status update.မှကူးယူဖေါ်ပြပါသည် www.alinshin.com
 
နိုင်ငံရေး အကျဉ်းသားမိသားစုများ အကြောင်းကြားရန်

Unknown | 4:56 PM | Be the first to comment! Unknown | 4:56 PM | Be the first to comment!
Unknown | 4:56 PM | Best Blogger Tips

နိုင်ငံရေး အကျဉ်းသားမိသားစုများ အကြောင်းကြားရန်

အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက် သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်း ဦးဆောင်တဲ့ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေး ကော်မတီဆိုတာ ဖွဲ့စည်းဖို့ ကြေညာထားတာမကြာသေးပါဘူး။ 

မဲဆောက်မြို့ AAPP ရုံးက နိုင်ငံရေးအကျဉ်းသားများ နေရသည့် အခန်းငယ် ပုံစံ၊ ဓာတ်ပုံ- အိမ့်သံစဉ် (ဧရာဝတီ) ~ 
ဒါကြောင့်  နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုဝင်တွေ အနေနဲ့ ဆက်သွယ်အကြောင်းကြားဖို့ တယ်လီဖုန်း နံပတ်တွေနဲ့ အီးမေးလ် လိပ်စာကို ၈၈ မျိုးဆက်ကျောင်းသားများက ကြေညာထားပါတယ်။ 

""""
လက်ကျန်နိုင်ငံရေးအကျဉ်းသားများစာရင်း ပြန်လည်စိစစ်နိုင်ရန်အတွက် နိုင်ငံရေးနှင့်
ဆက်စပ်၍ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားမိသားစုများ အနေဖြင့် အောက်ဖော်ပြပါ
ဖုန်းနံပါတ်များသို့ မိသားစုဝင်များ ကိုယ်တိုင် တိုက်ရိုက်ဆက်သွယ်အကြောင်းကြားကြပါရန် အသိပေးအပ်ပါသည်။ 
ဆက်သွယ်ရန်ဖုန်းနံပါတ်များ 
(၁) ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ဝ၁-၅၆၅၉၁၉၊ ဝ၉-၇၃ဝ၈၁၇ဝ၁ 
(မှတ်ချက်။ ။ရုံးချိန်အတွင်းသာဆက်သွယ်ကြပါရန်) 
 (၂) ကိုရဲအောင်( နိုင်/ကျဉ်း) ဝ၉-၄၉၅၉ဝ၄၉၅၊ ဝ၉-၇၃၁ဝ၇၉၃၃ 
 (၃) ကိုညိုထွန်း (နိုင်/ချုပ်) ဝ၉-၅၁၁၆၄၄၃ 
(၄) ကိုဘိုကြည် (AAPP) ဝ၉-၄၂၅၃၀၈၈၄ဝ 
ဆက်သွယ်ရန် email လိပ်စာ ppreview88@gmail.com 

Posted in

မြန်မာ့ကံကြမ္မာကို ရင်နာနာနဲ့ အော်ဟစ်လို့

Unknown | 6:32 AM | Be the first to comment! Unknown | 6:32 AM | Be the first to comment!
Unknown | 6:32 AM | Best Blogger Tips

မြန်မာ့ကံကြမ္မာကို
ရင်နာနာနဲ့ အော်ဟစ်လို့
ကြွေးကြော်နေရတဲ့ ငါ့တို့ဘဝ
သုညက စနေရတယ်။
ကမ္ဘာတခွင်မှာ အာဏာရှင်တွေပြိုကျနေပေမယ့်
ချစ်အပ်သမျှ မြန်မာ့မင်းမြေမှာ
စစ်တပ်က စစ်ဖိနပ်နဲ့ နင်းချေလို့
အတွင်းကြေကြေနေ၇တာ အားလုံးအသိ။
တင်မိုး
မြန်မာ့ကံကြမ္မာကို
ရင်နာနာနဲ့ အော်ဟစ်လို့
ကြွေးကြော်နေရတဲ့ ငါ့တို့ဘဝ
သုညက စနေရတယ်။
ကမ္ဘာတခွင်မှာ အာဏာရှင်တွေပြိုကျနေပေမယ့်
ချစ်အပ်သမျှ မြန်မာ့မင်းမြေမှာ
စစ်တပ်က စစ်ဖိနပ်နဲ့ နင်းချေလို့
အတွင်းကြေကြေနေ၇တာ အားလုံးအသိ။
တင်မိုး

မှကူးယူဖေါ်ပြပါသည်  www.alinshin.com
 
နဲနဲတော့ ဝေပေးကြပါ။

Unknown | 6:02 AM | Be the first to comment! Unknown | 6:02 AM | Be the first to comment!
Unknown | 6:02 AM | Best Blogger Tips

နဲနဲတော့ ဝေပေးကြပါ။
======================

ဒါနဆိုတဲ့ သဘောသည် ပစ္စည်းဥစ္စာကိုလှူတာလောက် တခုတည်း 
မဟုတ်ပဲနဲ့ ဝေတာကော ယူရမယ်။ ကိုယ်က Billion-အထိ ချမ်းသာနေတယ်
ကိုယ့်အိမ်ရှေ့မှာ သူတောင်းစားတွေ့ရင် နဲနဲတော့ဝေပေးပါ။

ကိုယ်က ဘီလျံ (Billion)၊ မီလျံ(Million) လောက်ချမ်းသာနေမယ် 
ကျောင်းမနေနိုင်တဲ့ ကလေးတွေ၊ ဆေးမကုနိုင်တဲ့ ပုဂ္ဂိုလ်တွေ တွေ့ရင် 
ဆေးလေးတွေ၊ ပညာရေးလေးတွေ ဝေပေးပါ။

Sharing our positions with the poor people။Poverty ကမ္ဘာကြီးက 
အများကြီး poor-ဖြစ်နေကြတယ်၊ poverty-ဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေများ
နေကြတယ်။The possessor-တွေက ဘာလုပ်ကြမလဲ? ဝေနိုင်မှ
tension- မှုတွေ လျော့ပြီးတော့၊ the world fighting,conflicting-တွေလည်း
လျော့သွားမယ်။ 

ဒါနပါရမီဟာ အလွန်ကျယ်ပြန့် ပါတယ်။ နာနာ ပေးနိုင်ရင် အရာရာကို
အောင်မြင် တယ်။ ဒါနံ သဗ္ဗတ္ထ သာဓကံ-ဟောထားတာ ရှိပါတယ်။ 
Learning the beauty of giving- ပေးကမ်းစွန့်ကြဲခြင်းနဲ့ ပတ်သက်တဲ့ အလှအပ လေးတွေကို သင်ယူကြပါ။ 

We should pity on millions of people who are living under 
poverty-line- ဆင်းရဲ မွဲတေနေကြတဲ့ လူတွေကို များများကြီးကြည့်
ပြီးတော့ မီလျံနာတွေ၊ ဘီလျံနာတွေက ဝေငှနိုင်တဲ့ စိတ်ဓာတ်တွေ
မွေးကြပါ။ 

And suffering from diseases andignorance- အ၀ိဇ္ဇာကြောင့် 
ရလာတဲ့ mental disease၊ရောဂါအမျိုးမျိုးကြောင့် ရလာတဲ့ physical disease၊အဲဒီ disease- (၂)မျိုးကို ခံနေရတဲ့ ပုဂ္ဂိုလ်တွေကိုကြည့်ပြီးတော့ 
သနားပြီးတော့ များများကြီး ဝေတဲ့အလုပ်ဒါနပါရမီကို ဖြည့်ကြပါ။

( ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာဥာဏိဿရ 

Royal Hero Media

Layeike Phyu shared April Maung Maung's photo.
မှကူးယူဖေါ်ပြပါသည်  www.alinshin.com

ဒီလောက်မွှေလိုက်တဲ့ မြို့တော်ဝန် ဦးလှမြင့်ကို ဖြုက်ရမှာပါကွာ...

Unknown | 5:55 AM | Be the first to comment! Unknown | 5:55 AM | Be the first to comment!
Unknown | 5:55 AM | Best Blogger Tips
သာကေတမြို့နယ်၊ မာန်ပြေရပ်ကွက် ဗလီတည်ဆောက်ခြင်းကိစ္စနှင့် ပတ်သက်ပြီး လာဘ်စားခဲ့သည်ဟု ယူဆရသည့် ခရိုင်နှင့်မြို့နယ်စည်ပင် အရာရှိများကိုစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း စစ်ဆေးခံရ
သည့် စည်ပင်အရာရှိများ၏ ဆွေမျိုးအသိုင်းအ၀ိုင်းထံမှ သိရသည်။

ယခု ဆောက်လုပ်သော ဗလီကို ခရိုင်စည်ပင်မှ တိုက်ရိုက်ခွင့်ပြုခြင်းဖြစ်သောကြောင့် ရာထူးမှထုတ်ပယ်ရန် ၈၀ ရာနှုန်းသေချာနေပြီး မြို့နယ်စည်ပင်အရာရှိ
တချို့ကို ဌာနပြောင်းရွှေ့ရန် စီစဉ်လျှက်ရှိသည်ဟု သိရသည်။

(သတင်း- အင်တာနတ်သတင်းစဉ်)
----------------------------------------
Khine Myo Lynn shared အဘ ဇိုးအောင် ရင်'s status.
သာကေတမြို့နယ်၊ မာန်ပြေရပ်ကွက် ဗလီတည်ဆောက်ခြင်းကိစ္စနှင့် ပတ်သက်ပြီး လာဘ်စားခဲ့သည်ဟု ယူဆရသည့် ခရိုင်နှင့်မြို့နယ်စည်ပင် အရာရှိများကိုစုံစမ်းစစ်ဆေးမှုမျ
ား ပြုလုပ်နေပြီဖြစ်ကြောင်း စစ်ဆေးခံရ
သည့် စည်ပင်အရာရှိများ၏ ဆွေမျိုးအသိုင်းအ၀ိုင်းထံမှ သိရသည်။

ယခု ဆောက်လုပ်သော ဗလီကို ခရိုင်စည်ပင်မှ တိုက်ရိုက်ခွင့်ပြုခြင်းဖြစ်သောကြောင့် ရာထူးမှထုတ်ပယ်ရန် ၈၀ ရာနှုန်းသေချာနေပြီး မြို့နယ်စည်ပင်အရာရှိ
တချို့ကို ဌာနပြောင်းရွှေ့ရန် စီစဉ်လျှက်ရှိသည်ဟု သိရသည်။

(သတင်း- အင်တာနတ်သတင်းစဉ်)
----------------------------------------
Khine Myo Lynn shared အဘ ဇိုးအောင် ရင်'s status.
Skyheart Winko shared your photo.ကိုသောင်း ပုလဲမြေ shared a photo.
မှကူးယူဖေါ်ပြပါသည်  www.alinshin.com

မျှဝေနိုင်ကြပါစေ ။

Unknown | 5:53 AM | Be the first to comment! Unknown | 5:53 AM | Be the first to comment!
Unknown | 5:53 AM | Best Blogger Tips

ကိုယ်ကျိုးသာရှာနေသည့်၊ 
 ရှာခဲ့ကြသည့်
 မြန်မာ့တပ်မတော်က 
 စစ်ဗိုလ်ချုပ်တွေကို 
 ကျွန်တော်.......
 စက်ဆုပ်မိသည်။
 (မိုးဇေညိမ်းရေးပါသည်)
---------------------------------------------------
ဘာကြောင့်လဲဆိုတော့ တစ်ကိုယ်ကောင်းသိပ်ဆန်လွန်းကြ၍ ဖြစ်သည်။ ကိုယ်ကျိုးအတွက်သာ ကြည့်ကြသည်။ တပ်မတော်ကြီး ကောင်းရာကောင်းကျိုးဟု အမည်နာမတပ်၊ ဘန်းပြကာ ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုးကောင်းရာကောင်းကျိုး အတွက် ရှာကြံကြသည်။ ကိုယ်ကျိုးအတွက်သာ ကြည့်သော အဘများက ကိုယ်ကျိုးအတွက်သာ ကြည့်သော အစ်ကိုကြီးကို မွေးထုတ်ပေးကြသည်။ ကိုယ်ကျိုးအတွက်သာကြည့်သော အစ်ကိုကြီးများက ကိုယ်ကျိုးအတွက်သာကြည့်သော ညီလေးများဖြစ်အောင် ထုဆစ်ရိုက်သွင်းပေးလိုက်ကြသည်။ တို့ဗိုလ်ချုပ်တွေ ကိုယ်ကျိုးမရှာပါဘူးလို့ ငြင်းလိုပါသလား။ အငြိမ်းစားယူသွားပြီဖြစ်သော၊ ကွယ်လွန်အနိစ္စရောက်ကုန်ပြီဖြစ်သော၊ လက်ရှိအမှုထမ်းဆဲဖြစ်သော ဗိုလ်ချုပ်တွေနှင့် သူတို့မိသားစုတွေ ပိုင်ဆိုင်ထားကြသော စည်းစိမ်များသည် မိုးပေါ်ကကျလာခြင်းမဟုတ်ပါ။ ၁၉၈၈ ခုနှစ်မတိုင်မီက ဗိုလ်ချုပ်သန်းရွှေ၏ ပိုင်ဆိုင်မှုနှင့် ၂၀၁၃ ခုနှစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ပိုင်ဆိုင်မှုတို့ကို ယှဉ်ထိုးကြည့်နိုင်ပါသည်။ ကိုယ့်မိသားစုကောင်းစားရေးသာ ဖန်တီးခဲ့သော စစ်ဗိုလ်ချုပ်များကြောင့် မြန်မာ့လွတ်လပ်ရေးကို တိုက်ယူပေးခဲ့သော တပ်မတော်သည်လည်း ဇာတ်ပျက်သွားခဲ့ရသည်။

ကျွန်တော်နှင့်သိသော စစ်သားအိုကြီးတစ်ယောက်…..။

အသက် (၆၀) ပြည့်လို့ အငြိမ်းစားယူသည်။ စစ်သက်က (၄၂) နှစ်အတွင်း လက်မောင်းပေါ်မှာ အရစ်လေးတွေသာ တိုးခဲ့သည်။ လုပ်စားကိုင်စား ခွင်ကောင်းရတဲ့ဌာနတွေမှာ အချိန်တွေကုန်ခဲ့ပေမဲ့ ဆန္ဒကို သိက္ခာနဲ့မလဲခဲ့။ လစာ (၁၀၀၀) ၀န်းကျင်နဲ့လည်း မိသားစုဘ၀ကို ရပ်တည်နိုင်ခဲ့သည်။ လစာတွေတိုးတော့ သူပိုပြီး ပျော်သည်။ သူအငြိမ်းစားယူတော့ နိုင်ငံတော်က ပေးတဲ့မြေကွက်လေးတစ်ကွက်၊ ထိုမြေကွက်လေးပေါ်ရှိ အိမ်လေးတစ်လုံး၊ ပင်စင်လစာ နှင့် လုပ်သက်ဆုကြေးငွေ သိန်းလေးဆယ်ကျော်လောက် လက်ထဲကျန်ခဲ့သည်လို့ ကြားရတော့ ကျွန်တော်ဝမ်းသာမိသည်။ ဒီလိုဆိုတော့လည်း နိုင်ငံတော်က ၀န်ထမ်းတွေအပေါ် သိတတ်သားပဲပေါ့။ ထိုဝမ်းသာမှုက ကြာကြာမခံပါ။

နိုင်ငံတော်ကပေးသော မြေကွက်ပေါ်တွင် ဆောက်ထားသည့် ပျဉ်ထောင်အိမ်ခနော်နီ ခနော်နဲ့လေးအတွက် ကုန်ကျစရိတ်အဖြစ် ငွေသိန်းငါးဆယ်ကျော်၊ ခြောက်ဆယ်နီးပါးကို ဆောက်လုပ်ရေးကုမ္ပဏီထံသွင်းရမည်ဟု ဆိုသည်။ ယိုင်တိုင်တိုင်အိမ်စုတ်လေးကိုကြည့်ပြီး ဒီအိမ်လေးဆောက်တာ သိန်း(၆၀) တောင်ကုန်တယ်လား ဟု တွေးမိပြီး ကျွန်တော် မင်သက်သွားမိသည်။ သူနှင့်အတူ တပြိုင်တည်း အငြိမ်းစားယူသည့် အခြားသော စစ်သားအိုကြီး အယောက် (၁၀၀) ကျော်ထံသို့လည်း “ဘယ်နေ့ဘယ်ရက် နောက်ဆုံးထား၍ ထိုငွေများကို သွင်းရန်၊ မသွင်းနိုင်ပါက မြေနှင့်အိမ်ကို သိမ်းဆည်းမည်” ဟု ဆောက်လုပ်ရေးကုမ္ပဏီမှ စာပို့လာသည်။ လုပ်သက်ဆုကြေးငွေလေးကို တုံးလုံးစာ၊ အိုစာမင်းစာမသုံးရသည့်အပြင် နောက်ထပ် ငွေ (၁၀) သိန်းလောက် အိတ်စိုက်ရတော့မည်။ ထိုငွေ (၁၀) သိန်းကို ဘယ်ကသွားရှာရမည်နည်း။

“တပ်မတော်ကအကြီးအကဲဆိုတဲ့သူတွေကို အသနားခံကြည့်ပါလား” ဟု ကျွန်တော်အကြံပေးမိသည်။ ကျွန်တော်နှင့်သိသော၊ ရင်းနှီးသော အရာရှိတွေဆီ မေးကြည့်မိသည်။ ရလဒ်ကတော့ စစ်ထောက်ချုပ်ဆိုလား၊ စစ်ရေးချုပ်ဆိုလား … အဲဒီလူကြီးနှင့် သူ၏ ကိုယ်ကျိုးသာကြည့်သော လက်အောက်အရာရှိများက ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် စည်းဝါးရိုက်ထားသည်။ ဆောက်လုပ်ရေးကုမ္ပဏီတွေက တောင်းဆိုတဲ့အတိုင်းသာ လုပ်ပေးလိုက်ပါ၊ မိမိတို့အနေဖြင့် ဘာမှမတတ်နိုင်ဟု တာဝန်ရှိသူဟုဆိုသူများက ပြောကြပါသည်။ အငြိမ်းစား စစ်သားအိုကြီးတွေအတွက် ခနော်နီခနော်နဲ့ အိမ်လေးတွေဆောက်ပြီး မတန်တဆဈေးနဲ့တောင်းနေတာကို မသိကျိုးကျွံပြုဖို့အတွက် ဆောက်လုပ်ရေးကုမ္ပဏီတွေက ဘယ်လောက်တောင်ပေးထားပါလိမ့်လို့ ကျွန်တော်စဉ်းစားမိသည်။ စစ်ဗိုလ်ချုပ်များသည် ကိုယ်ကျိုးသာကြည့်၍ တပ်မတော်ကို သစ္စာရှိခဲ့ကြသော စစ်သားများအပေါ်တော့ ပြန်ကြည့်ဖို့ ပျက်ကွက်ခဲ့သည်။ ဆောက်လုပ်ရေးကုမ္ပဏီတွေနှင့်စည်းဝါးရိုက်ကာ လုပ်စားနေသည့် အရာရှိငယ်တစ်ယောက်က စူပါဆလွန်းကနေ တိုယိုတာဖင်ကောက်ပြောင်းစီးဖို့ ဈေးစုံစမ်းနေသည့်အချိန်တွင် ထိုစစ်သားအိုကြီးတွေခမျာတော့ နေစရာဘုံပျောက်မည့်အရေးအတွက် ခေါင်းမီးတောက်နေရသည်။

ဒယာ= သနားကြင်နာတတ်ခြင်း၊ ကိုယ်ချင်းစာတတ်ခြင်းဟူသည့် နာယကဂုဏ်ကိုပင် မသိပဲ နာယကတွေ လုပ်နေကြသည်။ ခေါင်းဆောင်ကောင်းတစ်ယောက်၏ အင်္ဂါရပ်တို့ တစိုးတစိမျှမရှိပဲ ခေါင်းဆောင်ဖြစ်နေသူတွေကို အကြီးအကဲဟု မသတ်မှတ်နိုင်ပါ။ ထို့ကြောင့် ကျွန်တော်သည် ကိုယ်ကျိုးသာရှာနေသည့်၊ ရှာခဲ့ကြသည့် မြန်မာ့တပ်မတော်က စစ်ဗိုလ်ချုပ်တွေကို မုန်းတီရွံရှာမိပါသည်။
--------------------------------------------------------------------------
Maha Mingyi shared Moe Zay Nyein's photo.
Wednesday

Unknown | 5:52 AM | Be the first to comment! Unknown | 5:52 AM | Be the first to comment!
Unknown | 5:52 AM | Best Blogger Tips

ကုမ္မဏီပိုင်ကားတစ်စီးအား နိုင်ငံတော်အကြီးအကဲများ၏ ဇနီးသည်များခရီးစဉ်တွင် အသုံးပြုသည်

Unknown | 5:51 AM | Be the first to comment! Unknown | 5:51 AM | Be the first to comment!
Unknown | 5:51 AM | Best Blogger Tips

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တရုတ်ဝမ်းပေါင် ကုမ္မဏီပိုင်ကားတစ်စီးအား နိုင်ငံတော်အကြီးအကဲများ၏ ဇနီးသည်များခရီးစဉ်တွင် အသုံးပြုသည်ဟု သတင်းများထွက်ပေါ်
=========================================
မုံရွာ၊ဖေဖော်ဝါရီ ၂၁
ယနေ့ နံနက်ပိုင်းက မုံရွာမြိုကနယ်အတွင်းရှိ တန်ခိုးကြီးဘုရားများအား လိုက်လံဖူးမျှော်လျက်ရှိသော နိုင်ငံတော်အကြီးအကဲများ၏ဇနီးသည်များခရီးစဉ်တွင် တရုတ်ဝမ်ပေါင်ကုမ္မဏီပိုင် မော်တော်ကားတစ်စီးအား အသုံးပြုသည်ဟု မုံရွာမြို့ခံပြည်သူများက ပြောကြားလျက်ရှိကြောင်းသိရသည်။
ဤသတင်းအား massage မှပေးပို့လာပါသည်။
--------------------------------------
Ko Zaw Nyi Nyi shared Monywa Times's photo.

David Lwin shared ကိုသောင်း ပုလဲမြေ's photo.
မှကူးယူဖေါ်ပြပါသည်  www.alinshin.com

Twitter Bird Gadget