.

Thursday, February 7, 2013

သံသာရာကြီးကကြောက်စရာကြီးနော်....

Unknown | 9:47 AM | Be the first to comment! Unknown | 9:47 AM | Be the first to comment!
Unknown | 9:47 AM | Best Blogger Tips
နေ့စဉ် မြေကြီးရွက်သယ်ဖို့သူ

ဤဇာတ်လမ်းသည် တကယ့်အဖြစ်အပျက် ဖြစ်သည်။
ကျောင်းကုန်းမြို့နယ် ဒေါင့်ကြီးကျေးရွာသည် စည်ကားသောရွာကြီးတရွာ ဖြစ်ပါသည်။
တိုက်နယ်ဆေးရုံ၊ အ-ထ-က ကျောင်း၊ စည်ကားစွာ ရောင်းဝယ်ဖောက်ကားနေသော ကုန်စုံဆိုင်၊ အထည်ဆိုင်၊ တိုက်တာပေါများပြီး
အိမ်ကြီးအိမ်ကောင်းများနှင့် စည်ကားစွာ ရှိပါသည်။ ဒေါင့်ကြီးရွာတွင် မောင်ကံညိမ်းသည် ဇနီးနှင့် သားသမီးသုံးယောက်နှင့်နေထိုင်သည်။
သူ၏အမ ဒေါ်သိန်းသည် လွန်ခဲ့သော ၆-နှစ်ခန့်လောက်က ကွယ်လွန်ခဲ့ပါသည်။
တနေ့ ညဘက် မောင်ကံညိမ်း အိပ်ပျော်နေစဉ် ထူးဆန်းသော အိပ်မက်ကို မက်သည်။
အိပ်မက်ထဲတွင် အမေဖြစ်သူ ဒေါ်သိန်း မောကြီးပန်းကြီး ရောက်လာပါသည်။ သူ့မျက်နှာမှာ ပင်ပန်းနေပုံရသည်။
ခေါင်းပေါင်း ပေါင်းထားပြီး မြေသယ်ခြင်းတခုလည်း ကိုင်ထားပါသည်။
သူမခေါင်းပေါင်းပေါင်းထားသော တဘက်က သူမ သေဆုံးစဉ်က မျက်နှာအုပ်ထည့်ထားသော တဘက်ဖြစ်ပါသည်။
သား ထပါဦး၊ သားကို ပြောစရာရှိတယ်။
အမေလေ အမေသေတဲ့အချိန်ကစပြီး အခုအချိန်အထိ မြေတွေရွက်သယ်နေတာ တခါမှ မနားရပါဘူးသားရယ်။ ပင်ပန်းလှပါပြီ။
အမေလေ သားတို့ ငယ်ငယ်ကတည်းက အမေတို့ခြေရင်းဘက်က ဆရာဦးမောင်မြတို့ မြေကို အမေ့မြေဆိုပြီး ငြင်းယူခဲ့ပါတယ်။
မြေအကျယ် တတောင်လောက်ရှိပါတယ်။
ဆရာက ပထမတော့ သူ့မြေကြီး၊ ဒီမအူပင်လေးနဲ့ အမှတ်အသားလုပ်ထားတယ်လို့ ပြောသေးတယ်။
နောက်တော့လည်း မသိန်း စိတ်ချမ်းသာမယ်ဆို ယူပါလို့ပြောခဲ့တယ်။
အမေ မြေယူထားတာ အခု အနှစ် ၃၅-နှစ်လောက်ရှိပြီ။
အဲဒါကြောင့် သားက ဆရာတို့မြေကို ဆရာတို့ ပြန်ယူပါလို့ပြောပြီး အမေ့ကို အလှူတခုလုပ်ပြီး အမျှအတန်းပေးဝေပါ သားရယ်။
အိပ်မက်ကိုလည်း မယုံမကြည်မရှိပါနဲ့။ အမေ မှာတဲ့အတိုင်း ဆက်ဆက်လုပ်ပေးပါ။ အမေ တောင်းပန်ပါတယ်။
အမေလေ သားကို အိပ်မက်ပေးချင်လို့ အိမ်တွင်းနတ်တွေတောင်းပန်ပြီး အိပ်မက် ပေးရတာပါ။
အမေ သွားတော့မယ်နော် သား-ဟုပြောပြီး ထွက်သွားပါသည်။
ထွက်သွားသောအမေ့ကို ငေးကြည့်ရင်း လန့်နိုးသွားသည်။
မောင်ကံညိမ်းလည်း အိပ်မက်အရ အမေပြောသော ဆရာတို့လင်မယားထံသွားပြီး ဆရာရယ်-မအူပင်ဘေးက မြေက ဆရာတို့မြေဆို။
ကျွန်တော်တို့ဘက် တတောက်လောက်ပါတယ် မဟုတ်လား။ ဆရာတို့ပြန်ယူပါ-ဟု ပြောပါသည်။
ဆရာက-ဆရာ မယူပါဘူး သားရယ်။
မဟုတ်တာ ဆရာရယ်၊ ပြန်ယူပါ။ ဆရာ မယူလည်း ကျွန်တော် ပြန်ပေးရမှာပဲ-ဟုပြောပြီး
ဆရာ့ခြံစည်းရိုးကိုဖျက်၍ သူတို့ဘက်ပါသည့် မအူပင်မှစ၍ မောင်ကံညိမ်းကိုယ်တိုင် အတင်းကာပေး လိုက်ပါသည်။
ထို့နောက် အိမ်တွင် ဘုန်းကြီးသုံးပါးပင့် သင်္ကန်းကပ်၊ ဆွမ်းဆက်ကပ်၍ အမေအား အမျှအတန်း ပေးဝေလိုက်ပါသည်။
ထိုနေ့ည၌ မောင်ကံညိမ်း အိပ်မက်တွင် အမေနှင့်တွေ့ရသည်။
အမေသည် ပထမအိပ်မက်ထဲတွင် တွေ့ရသည့် မြေသယ်ခြင်းတောင်းနှင့် မဟုတ်တော့။
မောမောပန်းပန်းလည်း မဟုတ်တော့။ ၀တ်ကောင်းစားလှနှင့် ရွှင်ပျသောမျက်နှာနှင့် ဖြစ်သည်။
သူ့သားဖြစ်သူ၏ လက်ကလေးကိုကိုင်ကာ ကျေးဇူးတင်လိုက်တာ သားရယ်၊ အခု အမေ မြေမသယ်ရတော့ဘူး။
လွတ်လွတ်လပ်လပ် သွားလို့လာလို့ရနေပြီ သား။
ဒါကြောင့် အမေ သွားတော့မယ်နော်-ဟု ပြောဆိုကာ နှုတ်ဆက်၍ ထွက်ခွါသွားပါတော့သတည်း။

(ကာယကံရှင်၏ ခွင့်ပြုချက်ဖြင့် တင်ပြပါသည်)
ကြည်ရွှင်အေး (ကျောင်းကုန်း)
(မြတ်မင်္ဂလာ ၂၀၁၀-ခု ဇူလိုင်လ)

Maung Thet Paing Soe shared Myanmar News Update's photo.

By:အလင်းရှင် http://aungminkhoung.blogspot.com

ကိုင်းကျွန်းမှီသာသနာ

Unknown | 9:28 AM | Be the first to comment! Unknown | 9:28 AM | Be the first to comment!
Unknown | 9:28 AM | Best Blogger Tips
"ကိုင်းကိုကျွန်းမှီ ကျွန်းကိုင်မှီ"
သာဂါရာ အနာဂါရာစ၊ ဥဘော အညောညနိဿိတာ။
အာရာဓယန္တု သရဋ္ဌံ၊ ဘုဇိဿံ ဥဿိတဒ္ဒဇံ။
(အာရာဓယန္တု သဒ္ဒမံ္မ၊ ယောဂက္ခေမံ အနုတ္တရံ)

သာဂါရာစ- အိမ်ရာတည်ထောင် လူတို့ဘောင်၌ ခေါင်ဆောင်ရွေ့သွား လူကြီးမင်းမျာသည်၎င်း၊
အနာဂါရာစ- အိမ်ရာမထောင် သာသနာ့ဘောင်၌ ခေါင်ဆောင်ရွေ့သွား ဆရာတော်ဘုရားများသည်၎င်း ၊
ဥဘော- ဆရာ ဒကာ / ဒကာ ဆရာဟု ကမ္ဘာကိုရှုနှိင်သည့် လူထုထိပ်ခေါင် ထိုခေါင်ဆောင်နှစ်ဦးတို့သည်၊
အညောညနိဿိတာ- ကိုင်းကိုကျွန်းမှီ ကျွန်းကိုင်မှီသို့ ပမည်မယွင်း အချင်းချင်း အာထားကြကုန်လျက်၊
ဘုဇိဿံ- နယ်ချဲ့အစိုးရ ဗြိတိရှ ကျွန်ဘ၀မှလွတ်မြောက်ခဲ့ပြီးသော၊
သရဋ္ဌံ- မိမွေ ဖနှစ် ချက်မြှုတ်ဖြစ်ဖြစ်ရ်ျ အသစ်တည်ဖန် ကိုယ်နိုင်ငံကို၊
ဥဿိတဒ္ဒဇံ- တို့ပြည တို့မြေ တို့အမွေဟု အခြေသိုက်မြိုက် စိုက်တလူလူ အောင်လံထူမြဲသာလျှင်၊
(ယောဂက္ခေမံ-ယောဂ၏ ကုန်ရာဖြစ်သော အနုတ္တရံ- အတုမရှိ မြတ်ခေါင်ထိသော၊
သဒ္ဒမ္မံ- ပိဋကသုံးသွယ်း နိကာယ်ငါးဖြာ အင်္ဂါကိုးတန် ဓမ္မက္ခန္ဒာပေါင်း ရှစ်သောင်းလေးထောင်ဟု ဆိုအပ်သောသူတော်တရား ဘုရားရှင်၏ အဆုံးအမများကို)
အာရာဓယန္တု- မြေပြင်ရေပြင် ဝေဟင်မလပ် တပ်ပေါင်းကွပ်လျှက်၊ အမြတ်ရတနာ သာသနာလည်း ရောင်ဝါထိန်ညီး လုံးစုံပြီးအောင် ချီမြှောက်နိုင်ကြပါစေတည်း။
(အနာဂါတ်သာသနာ)

ခရိုနီတွေဟာ အာဏာရ၀န်ကြီးတွေနဲ့ပေါင်းပြီး ဘယ်လောက်တောင် အချောင်နှိုက်ခွင့် ရနေသလဲ

Unknown | 9:18 AM | Be the first to comment! Unknown | 9:18 AM | Be the first to comment!
Unknown | 9:18 AM | Best Blogger Tips

ခရိုနီတွေဟာ အာဏာရ၀န်ကြီးတွေနဲ့ပေါင်းပြီး ဘယ်လောက်တောင် အချောင်နှိုက်ခွင့် ရနေသလဲ

Thar Lay's status

ရန်ကုန်မြို့လည်ခေါင်ဧရိယာတွေမှာ တစ်စတုရန်းပေလျှင် ဒေါ်လာ (၆၀၀၀) ဈေးပေါက်ပါသည်။

ထို့ကြောင့် 21,100 sq ft ရှိသော ကျောက်တံတား မြို့နယ် လ၀ကပိုင်အဆောက်အဦးသည် ဒေါ်လာ(၁၂၆)သန်း တန်ပါသည်။

မြန်မာငွေအားဖြင့် (၁၀၈,၈၇၆) သန်း တန်ပါတယ်။

ခရိုနီတွေဟာ အာဏာရ၀န်ကြီးတွေနဲ့ပေါင်းပြီး ဘယ်လောက်တောင် အချောင်နှိုက်ခွင့် ရနေသလဲဆိုတာ အောက်ပါ status ကို ကြည့်ပါ။

---------------------------------------------------------------
Mdy Boy posted in Shwe Myo Daw

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်ပိုင် ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်
အမိန့်ကြေငြာစာအမှတ် ၁၇/၂၀၁၂

၁၃၇၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်
( ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက် )

၁။ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်အစည်းအဝေးအမှတ် (၁/၂၀၁၁) ၏ သဘောတူအတည်ပြုချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်
အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနရှိရန်ကုန်တိုင်းဒေသကြီး၊ကျောက်တံတားမြို့နယ်၊ 
မဟာဗန္ဓုလလမ်း၊ အမှတ် (၄၁၆)၊ မြေ (၂၁,၁၀ဝ) စ/ပေရှိ
ပြည်သူ့အင်အားဦးစီးဌာနရုံး အဆောက်အဦဟောင်းအား
ဦးဇော်ဇော်(ဥက္ကဋ္ဌ၊ မက်စ်မြန်မာကုမ္ပဏီလီမိတက်) သို့ 
ကျပ် (၁၅,၀ဝ၀) သန်း ဖြင့် အပြီးအပြတ်ရောင်းချလိုက်သည်။
ခရိုနီတွေဟာ အာဏာရ၀န်ကြီးတွေနဲ့ပေါင်းပြီး ဘယ်လောက်တောင် အချောင်နှိုက်ခွင့် ရနေသလဲ
Thar Lay's status
ရန်ကုန်မြို့လည်ခေါင်ဧရိယာတွေမှာတစ်စတုရန်းပေ လျှင် ဒေါ်လာ (၆၀၀၀) ဈေးပေါက်ပါသည်။ ထို့ကြောင့် 21,100 sq ft ရှိသော ကျောက်တံတား မြို့နယ် လ၀ကပိုင်အဆောက်အဦးသည် ဒေါ်လာ(၁၂၆)သန်း တန်ပါသည်။ မြန်မာငွေအားဖြင့် (၁၀၈,၈၇၆) သန်း တန်ပါတယ်။ ခရိုနီတွေဟာ အာဏာရ၀န်ကြီးတွေ နဲ့ပေါင်းပြီး ဘယ်လောက်တောင် အချောင်နှိုက်ခွင့် ရနေသလဲဆိုတာ အောက်ပါ status ကို ကြည့်ပါ။
Mdy Boy posted in Shwe Myo Daw
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်ပိုင် ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင
အမိန့်ကြေငြာစာအမှတ် ၁၇/၂၀၁၂ ၁၃၇၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်
( ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက် ) ၁။ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်အစည်းအဝေးအမှတ် (၁/၂၀၁၁) ၏ သဘောတူအတည်ပြုချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်
အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနရှိရန်ကုန်တိုင်းဒေသကြီး၊ကျောက်တံတားမြို့နယ်၊
မဟာဗန္ဓုလလမ်း၊ အမှတ် (၄၁၆)၊ မြေ (၂၁,၁၀ဝ) စ/ပေရှိ
ပြည်သူ့အင်အားဦးစီးဌာနရုံး အဆောက်အဦဟောင်းအား
ဦးဇော်ဇော်(ဥက္ကဋ္ဌ၊ မက်စ်မြန်မာကုမ္ပဏီလီမိတက်) သို့
ကျပ် (၁၅,၀ဝ၀) သန်း ဖြင့် အပြီးအပြတ်ရောင်းချလိုက်သည်။
 
Shwe Zin and Min San shared Khaing Soelynn's photo. မှကူးယူတင်ပြသည်
By:အလင်းရှင် http://aungminkhoung.blogspot.com

အပင်းတွေထွက်

Unknown | 6:25 AM | Be the first to comment! Unknown | 6:25 AM | Be the first to comment!
Unknown | 6:25 AM | Best Blogger Tips

Like
Sae Tie Tee
photos
Feb 7, 2013 2:08 AM
ကာတွန့်ဆရာသည် အတော်ကို ဉာဏ်ပြေးလွန်းသည်၊ နက်နက်သည့်ဉာဏ် ခက်ခဲသည့်ဟန်ဖြစ် ဆွဲထားပုံမှာ ကျနော့အတွက် အတော်ကို ခံတွင်းမိန်လှပါည်။ မြန်မာနိုင်ငံဆိုတာ ထိုနိုင်ငံတွင်နေထိုင်ကြသော ပြည်သူလူထုတွေသာ ပိုင်ဆိုင်တာပါ။ ထိုမြန်မာ နိုင်ငံရဲ့သဃံဇာတတွေကို စစ်အာဏာရူးများဟာ လက်ဝေခံခရိုနီများနဲ့ ပူးပေါင်းကာ ပြည်သူကိုတော့ တိုင်းပြည်ကောင်းစား ရေးအတွက် သူတို့အသက်တွေစတေးနေပါတယ်ဆိုတဲ့ ပြယုဂ်ကိုပြကာ လိမ်စား၊ညာစား၊ခိုးစား၊တိုက်စား၊လုစားခဲ့ကြသည့် ပြည်သူပိုင်ပစ္စည်းတွေဟာ မသာထာရေစာတွေပါပဲ။
Sae Tie Tee
photos
Feb 7, 2013 2:02 AM

Twitter Bird Gadget